ကျမစီမှာ အမှတ်တရတွေအများကြီးပါဘဲလေ..
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ဆရာမဂျူးရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထုလေး ပြန်သွားဖတ်မိတယ်...
အလုပ်ကပြန်လာလို့ Facebook ထဲဝင်လိုက်တဲ့အချိန် မိုးသက်နဲ့ မိစံတို့က ဝတ္ထုစာအုပ်လင့်တွေ တင်ထားတယ် .... ကျမလည်းမနက်ဖန်အလုပ် 2ရက်ဆက်တိုက် နားရမယ်...နောက်ပြီး မိုးလေဝသ ကလည်း မိုးရွာမယ်လို့ကြေငြာထားတော့ စာအုပ်ဖတ်တာ အကောင်းဆုံးဘဲဆိုပြီး စာအုပ်တွေပို့ပေးလို့ မိစံစီကနေ တောင်းလိုက်မိတယ်...
ဆရာမ ဂျူး ရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထု ကို ကျမဖတ် ဖူးတာကြာပါပြီ ..။။အဲဒီတုန်းကတော့ ဝတ္ထုထဲက ဆရာမရဲ့ ဇာတ်ကောင် ဆရာဝန်မလေး စုစုထွေးရဲ့ ခံစားချက်တွေ ကို ဖတ်ခဲ့ရတာပေါ့.. အဲတုန်းကလည်းဖတ်၇င်းနဲ့ မျက်ရည်ကျမိတယ် ထင်တယ်...
ကျမမြန်မာပြည်မှာကျောင်းသူ ဘဝထဲကဆိုတော့ နဲနဲတော့ကြာပြီလေ..အခု ကျမ ဒီဝတ္ထုလေး ကို ပြန်ဖတ်မိတယ်...ဒီတခါ ဖတ်မိတဲ့အချိန်မှာ ဝတ္ထုထဲက ဆရာဝန် မလေးရဲ့ ခံစားချက်တွေ အပြင် ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေ ကိုပါ ကျမရောထွေးခံစားမိတယ်....။။
ကျမစာအုပ်ကိုသာဖတ်နေရတယ်...စိတ်ထဲမှာ စာအုပ်ထဲက ရေးထားတဲ့ စကားလုံးတွေအပြင် ကျမစိတ်ထဲ ခံစားမိတာတွေကိုပါ ..ကျမပြန်ဖတ်နေရ သလိုဘဲ....။ အရင်တခေါက်ဖတ် ခဲ့တုန်းကတော့
ဆရာဝန်မလေး ရဲ့ ခံစားချက်တွေကို ဖတ်ပြီး ကျမငိုခဲ့ရတယ်....။။အခုတခေါက်ဖတ်ရတဲ့အခါမှာ
ကျမရဲ့ ခံစားချက်တွေ... ကျမခံစားမိနေတာတွေ .... သိပ်မကြာသေးတဲ့ အချိန်ကာလတခုစီက ကျမရဲ့အမှတ်တရတွေ ..ကျမမျှော်လင့်တကြီးမက်ခဲ့ဖူးတဲ့ အိပ်မက် တွေ ....နောက်ဆုံးမှာ တစစီရိုက်ချိုး ပြစ်တာ ခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ..အဲတာတွေကိုခံစားမိပြီး ကျမငိုခဲ့ရတယ်..
ကျမအဲဒီဝတ္ထု ကိုဖတ်ရင်းနဲ့ ငိုခဲ့ရတယ်....အခုတခေါက် ငိုရတာက ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေကြောင့် ကျမရဲ့ ကိုယ်ပိုင် အမှတ်တရတွေကြောင့် ငိုခဲ့ရတာ....။။။
ဆက်မဖတ်ပါနဲ့တော့ လို့ မိစံကပြောတယ်.....။။
ဒါပေမဲ့ ကျမစဖတ်ကထဲက ပြီးအောင်ပြန်ဖတ်မယ်လို့ ဆုံးဖြတ်ထားပြီးသား...ငိုရင်းနဲ့ဘဲ..
ပြီးအောင်ဖတ်ခဲ့တယ်...ရွေးချယ်သွားတဲ့ သူတယောက်နဲ့ ရွေးချယ်ခံလိုက်ရတဲ့ သူတယောက်...။။
ကျမနားထဲပြန်ကြားယောင်မိတယ်...တိုင်းရင်းသားသံခပ်ဝဲဝဲ နဲ့ ပစ်ပစ်လို့ ခေါ်လိုက်တဲ့
ခေါ်သံတစ်ခု...။။ ပါးချိုင့်နှစ်ဘက် ပေါ်အောင် ပြုံးလိုက်တဲ့ အပြုံးတစ်ခု....မကျေနပ်တာ တခုခု ရှိနေရင် ပြုံးနေရင်းနဲ့ ခပ်စိုက်စိုက်ကြည့်တတ် တဲ့ အကြည့်တွေ ...အရာရာကိုမြိုသိပ်နိုင်တဲ့
လူတယောက် ....လူတဘက်သားကိုအားနာလွန်းလို့ အဲလောက်အားမနာပါနဲ့လို့ တောင်
တားယူရတဲ့ လူတယောက်..(သူကသူများကိုသာ အားနာတာပါ..ကျမကိုကျတော့ နဲနဲလေးမှတောင် အားမနာဘူးလေ...ရက်ရက်စက်စက်ကိုထား ခဲ့တာ )
ကျမအဲဒီ ပုံရိပ်တွေ..အဲဒီအပြုံးတွေ...အဲဒီအကြည့်တွေ ..အဲဒီခေါ်သံတွေကို
ပြန်ကြားယောင်မိနေတုန်းဘဲ ပြန်မြင်ယောင်နေမိတုန်းဘဲ ပြန်တမ်းတမိနေတုန်းဘဲ....
အဲဒီပုံရိပ်တွေ အကြည့်တွေ အပြုံးတွေ အသံတွေက ကျမကိုအကြိမ်ကြိမ် ဖြတ်ရိုက်နေသလိုပါဘဲ
အဲလိုခံစားချက်တွေကြောင့် ကျမပုံရက်သားလဲနေပြီ...ကျမ ခံနိုင်ရည်ရှိအောင်ဘယ်လောက်ဘဲ
တည်ဆောက်တည်ဆောက် တိုက်ဆိုင်မှု့ တခုတလေနဲ့ဆုံတာတောင် ခံနိုင်ရည်မရှိချင်ဘူး...
နေ့ရက်တွေ အချိန်တွေ ကို အားတင်းပြီး ကျမရအောင်ဖြတ်သန်းနေတယ်....
ဒါပေမဲ့ ကိုယ့်ကိုကိုယ် ဘဲသိတယ် ခံနိုင်ရည်ဆိုတာ တစက်လေးမှတောင် မကျန်တော့ဘူး..
မှုံဝါးဝါး မထင်ရှားတဲ့ အိပ်မက်တွေနဲ့ နိုးထလာတဲ့ ညတွေဆိုတာ မနည်းတော့ဘူး..
အိပ်မပျော်လို့ တယောက်ထဲ အမှောင်ထဲ ငုတ်တုတ် ထိုင်ရင်းမိုးလင်းခဲ့ရတဲ့ ညတွေဆိုတာ
မနည်းတော့ဘူး... အလုပ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ နေ့တွေ
အိမ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ ညတွေ ...ချည်နဲ့နဲ့ နဲ့ ပြန်တည်ဆောက်နေရတဲ့
ကျမရဲ့အနာဂတ်တွေ ..တစစီလိုက်ကောက်နေရတဲ့ ကျမရဲ့ မျှော်လင့်ချက်လေးတွေ
အဝေးကြီးကိုလွှင့်ပြစ်တာခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ...။။။
ကျမစီမှာ ဘာမှကိုမရှိတော့ဘူး
ဘာမှကိုမကျန်တော့ဘူး...အစိတ်စိတ်အပိုင်းပိုင်း ကျိုးပြက်သွားတဲ့ နှလုံးသားတစ်ခုဘဲကျန်တော့တယ်
ကယောင်ချောက်ချား ဖြစ်နေတဲ့ အတွေးတွေဘဲကျန်တော့တယ်..
ကျမအတွက်ဒီခံစားချက်တွေကတော့ တကယ်ကို အမှတ်တရပါဘဲ...တသက်လုံးအတွက်ပါဘဲလေ..
ဒါတွေဟာ ဝဋ်ကြွေးတွေဆိုရင် ဒီဝဋ်ကြွေးတွေအကုန်လုံးကို ဒီဘဝမှာဘဲ ကုန်အောင်ဆပ်ခဲ့ပါရစေလို့
ကျမဆုတောင်းတယ်......။။
သူသာကြားနိုင်မယ်ဆိုရင်
ကျမကိုဘာလို့အဲလောက်ရက်စက်ခဲ့ရတာလည်း
ဘာလို့အဲလောက် ခံစားရအောင် လုပ်ခဲ့ရတာလည်း
ဘာလို့ငိုရအောင်လုပ်ရက်ရတာလည်း
ကျမမေးလိုက်ချင်တယ် ..... ....... .... ..... ....။။။။
ပစ်ပစ်
18.6.2012 AM 4:08