03 October 2014

အောက်တိုဘာ ရင်ခုန်သံ

Posted by blackroze at Friday, October 03, 2014
ဒီအတောအတွင်းတော့ သိပ်ပြီးထူးထူးခြားခြားအပြောင်းအလဲတွေ မရှိပါဘူး  ။
ပုံမှန်လိုပါဘဲ ..နေ့စဉ်ဖြတ်သန်းမှု့ သိပ်ပြီးထူးထူး ခြားခြား မရှိခဲ့ပါဘူး ... အလုပ်သွားတယ်..
အလုပ်ပြန်တယ်..အိမ်အလုပ်လေးနည်းနည်းပါးပါး လုပ်တယ်...တခါတလေ သူငယ်ချင်းနဲ့ ဖုန်းပြောတယ် ။
ကျမ အနာဂတ်အတွက်ရည်မှန်းထားတဲ့ ကိစ္စတချို့ကို အကောင်အထည်ဖော်ဖို့ အတွက် မိသားစု
နဲ့ စကားပြောဖြစ်တယ်...။မိသားစု စကားဝိုင်းပေါ့ ..အဲတာကလွဲရင် ကျန်တာဘာမှ မလုပ်ဖြစ်ခဲ့ဘူး...

ဒါပေမဲ့  စိတ်...ကျမရဲ့ စိတ်ထဲမှာတော့ တော်တော် များများ ပြောင်းလဲသွားတယ်...
ဘာတွေပြောင်းလဲသွားတယ်ဆိုတာ ကိုယ်တိုင်အသိဆုံး ...။။
သည်းခံခြင်းတရားတွေ လျော့နည်းသွားတယ်...
လူတယောက်နဲ့တယောက် စကားပြောတဲ့ အခါ တယောက်ကိုတယောက် လေးစားမှု့နဲ့ ပြောတာ
အကောင်းဆုံးပါ  ... ဒါက ကျမအမြင်ကိုပြောတာပါ ။
ပြောရရင်တော့ လူဆိုတာ ကိုယ့်တန်ဖိုးကိုယ်ဖြတ်တာပါဘဲ..ကျမရဲ့ တန်ဖိုးကဘယ်လောက်ဘဲရှိတယ်ဆိုတာ..
ကျမလုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြောလိုက်မယ်...ကျမက ဘယ်လိုလူဆိုတာ ကျမလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို
ကြည့်ရင် တဝက်လောက်တော့ ခန့်မှန်းသိနိုင်မှာပါ...စိတ်ဓါတ်ပြည့်ဝသူလား  သူများအထင်ကြီးတာကို
ခံချင်သူလား... လူတယောက်ရဲ့ အပြောအဆို အပြူအမူ ကို ကြည့်လိုက်တာနဲ့ ဒီလူက ဘယ်လိုဆိုတာ
ခန့်မှန်းလို့ရပြီးသားပါ ....ကဲပါ...ခေါင်းစဉ်က လွဲတော့မယ်..ရေးရင်းနဲ့ ...နဂိုရေးမယ်လို့စဉ်းစားထားတဲ့စီ
ပြန်သွားရအောင် ။

ကျမနေတဲ့ ထိုင်ဝမ်ကျွန်းမှာ 5လပိုင်းလောက်မှာ ကောက်ညှင်းထုပ်ပွဲတော်ရှိတယ်.. တရုတ်လို့တော့
端午節  ( သွမ်းဝူကျယ် ) လို့ခေါ်တယ်..
ကောက်ညှင်းထုပ်နဲ့တရုတ်ဘုရားရှိခိုးတယ် ..မိသားစုတွေလည်း ကောက်ညှင်းထုပ်စားကြတယ်ပေါ့ ။
အဲဒီပွဲတော်ရက်ပြီးပြီဆိုတာနဲ့ ရာသီဥတုက စပူလာတော့တာပါဘဲ..ပြောရင် တော့ 4လပိုင်းကုန်လောက်ဆို ရာသီဥတုက ပူလိုက် အေးလိုက် နဲ့ မမှန်သေးဘူး.. အပူဘက်တော့
ပြောင်းလုပြောင်းခင်လေး..ဒါပေမဲ့လည်း လုံးလုံးကြီးမဟုတ်သေးဘူး..ကောက်ညှင်းထုပ်ပွဲတော်ရက်
ပြီးပြီဆိုတာနဲ့ တောက်လျှောက်ပူလာတော့တာပါဘဲ...အဲဒီပွဲတော်ရက်က ပြက္ခဒိန်အရ တခါတလေ..
5လပိုင်း တခါတလေ 6လပိုင်းထဲ ရောက်တတ်တယ်..ဒါပေမဲ့လတူချင်မှ တူမယ်..ကောက်ညှင်းထုပ်ပွဲ
မရောက် မချင်း အနွေးထည်တွေ စောင်အထူတွေ သိမ်းလို့မရသေးဘူး..
တခါတလေ ရုတ်ချည်းကြီး အေးရင်အေးလာတတ်သေးတာ
စောင်တွေ ထူထဲတဲ့ အကျီတွေကို ကောက်ညှင်းထုပ်ပွဲပြီးမှ သိမ်းကြတာ...

ဆောင်းဦးရောက်ပြီဆိုရင်လည်း 中秋節 (ကျုံး ချိုး ကျယ်) လို့ခေါ်တဲ့ လမုန့်ပွဲတော်ပြီးမှ ရာသီဥတုက တဖြည်းဖြည်းနဲ့စအေးလာတာ...စောင်တွေထုတ်လျော် အနွေးထည်တွေ ပြန်ထုတ် ပေါ့ ....
ကျမတို့အိမ်ကတော့ ကောက်ညှင်းထုပ်ပွဲတော်ပြီးပြီဆိုတာနဲ့ သိမ်းစရာရှိတာတွေသိမ်းပေါ့...
အထူတွေသိမ်းအပါးလေးတွေထုတ်ပေါ့ ...လမုန့်ပွဲပြီးပြီဆိုတာနဲ့ အပါးတွေပြန်သိမ်း အထူတွေပြန်ထုတ်ပေါ့  ။ရာသီဥတုအကူးအပြောင်းကလည်း အဲဒီပွဲတော်နှစ်ခုနဲ့ဆက်စပ်နေတာ ။
အဲတာလည်း ထူးခြားချက် တခုပေါ့  ...ဒီနှစ်မှာတော့ လမုန့်ပွဲက 9လပိုင်း ဆန်းကထဲကပြီးသွားပြီ။
အရင်နှစ်တွေက အတိုင်းဘဲ လမုန့်ပွဲလည်းပြီးတော့ မုန်တိုင်းလာတယ်..မိုး၇ွာတယ်..
မုန်တိုင်းလည်း ထွက် မိုးလည်းတိတ်ရော  ရာသီဥတုက အအေး ဘက်ကိုချက်ချင်းပြောင်းသွားတာဘဲ ။
တဖြည်းဖြည်းချင်း အေးလာတာပေါ့ ..အခုဆို ညဘက်တွေ ဆိုအနွေးထည် အပါးလေးနဲ့
သာသာယာယာ အေးအေးချမ်းချမ်းဘဲ ။ ကျမဒီနိုင်ငံေ၇ာက်ပြီး သတိထားမိတဲ့ ရာသီဥတု
ပြောင်းလဲပုံက ဒီပွဲတော်နှစ်ခုနဲ့ဆက်စပ်နေတယ်ဆိုတာ  လေးပေါ့ ... သဘာဝတရားကတခါတလေ
တော့လည်း သိပ်ထူးဆန်းတယ်နော်... ။

မြန်မာလိုဆိုတော့ ဒီလအချိန်အခါက သီတင်းကျွတ်ပေါ့ ... ရန်ကုန်မှာဆိုရင်တော့ လူကြီးတွေလိုက်ကန်တော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်.. ပျော်စရာင်္ကြီးပေါ့  ။
သီတင်းကျွတ်ကာလက တော့ပျော်စရာကြီးပါ ...ကျမ အမြဲတမ်း သတိရမိတဲ့ အထဲ သီတင်းကျွတ်
အခါသမယလည်း ပါတယ်..။သီတင်းကျွတ်ဆိုတော့ အပျို ကြီးတွေ လူပျိုကြီးတွေ ပုန်းရတဲ့
အချိန်ပေါ့လေ..ကျမလည်း ပုန်းရတဲ့အထဲ ပါ ..ပါတယ်...နောက်နှစ်ထဲတော့ ထူးခြားတာတွေရှိမယ်...ဘာလဲဆိုတာအတင်းလိုက်
မမေးကြေးးးးးးး ..... (လက်ညှိုးလေးတထောင်ထောင် ဖြင့်ပြောသွားသည် )

ကျမ ဒီအလုပ်ဝင်ပြီးတာ 5နှစ်ရှိပြီ..တခါမှ overtime တခါမှ မဆင်းခဲ့ ဖူးဘူး..ဒီနှစ်တော့ ..
ဒီလမှာစပြီး overtime ဆင်းပေးရတယ်.. ဒီလထဲမှာ ဝန်ထမ်းသုံးယောက်က တပြိုင်ထဲ
ကလေးမွေးလို့ပါ ..တယောက်နဲ့တယောက် ရက်ပိုင်းလောက်ဘဲ ခြားမယ်ထင်တယ် ...။မီးဖွားခွင့်
ယူလို့ပါ..အဲတော့ ကျန်တဲ့သူတွေ က သူတို့ အတွက် အစားဝင်ကူရတဲ့ သဘောမျိုး ပေါ့  ။

ကျမအခုရက်ပိုင်းစိတ်အနှောင့် ယှက်ဖြစ်ရဆုံးက...ကျမ အွန်လိုင်းကနေ မှာတဲ့ ပစ္စည်းတိုင်း မရဘူး ...။
ကျမအတွက် အကျီ 3ထည်မှာတယ်...ကျမအလိုချင်ဆုံး အကြိုက်ဆုံး အကျီက မရဘူး..သာမန်လျှံကာ
ကြည့်ပြီး မှာလိုက်တဲ့ အကျီ ဘဲရတယ်..ကျမ အတွက် အိတ်မှာတယ် ကျမသူငယ်ချင်းအတွက် အိတ်မှာ
တယ် ..သူ့အတွက်ရတယ်..ကျမအတွက် မရဘူး.. ဖိနပ်ဝယ်တယ်... ကျမအရမ်းကြိုက်တာတွေ့တယ်..
ကျမခြေထောက်နဲ့တော်တာ မရှိဘူး ...အလုပ်ထဲမှာလည်း ပြောလိုက်ရတဲ့ စကား..မြန်မာလိုရော
တရုတ်လိုရော ..ပြောနေရတာ..အကောင်းကိစ္စမဟုတ်ပါဘူး..ပြသနာရှင်းရတာပါ ......
ကျမလို မြန်မာ ပြည်ကလာတဲ့သူကျတော့ မြန်မာလိုပြောတာပေါ့  ..တရုတ်မကျတော့ တရုတ်လို
ပြောပြီး ရှင်းရတာပေါ့  ။ကျမသာ ရန်ကုန်မှာဆို ဘုရား မှာသွားသွားထိုင်မိမယ်ထင်တယ်..
ကျမစိတ်ညစ်လာရင် ဘုရားသွားတတ်လို့ပါ ။

ကျမ ဒီအတောအတွင်းအရမ်းသဘောကျ ပြီးနားထောင်မိတဲ့သီချင်းက ဝိုင်းဆုရဲ့သိသလိုမသိသလို...
နောက်တပုဒ်က ဟဲလေးရဲ့ ခိုနားရာ.. ။
ညဘက် အေးစိမ့်စိမ့်ရာသီဥတုမှာ ကော်ဖီနွေးနွေးလေး သောက်ပြီး စာတွေလိုက်ဖတ်ရတာကလည်း
အရသာတမျိုးဘဲ.. စာမဖတ်ချင်လည်း အမှတ်တရ ဓါတ်ပုံလေးတွေ ပြန်ကြည့် ..သီချင်းလေးနားထောင်
အဲလိုနဲ့ဘဲ ကျမလည်း အသက်တဖြည်းဖြည်းကြီးလာပြီး ...သီတင်းကျွတ်ဆို ရှောင်ရ တိမ်းရ
ပုန်းရတာတွေ ဘာတွေ ဖြစ်လာတာပေါ့လေ.... ။ ကျမ မြန်မာ ပြည်ကို အပြီးပြန်ချင်တယ်...
ဒါပေမဲ့လည်း ပြန်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက် မချရဲ ဘူးဖြစ်နေတယ်...သိပ်မကြာတော့တဲ့
ကာလတခုမှာ တော့ ဖြစ်လာမယ်ထင်ပါတယ်... ။
ကျမ မနက်စောစော ထရမယ်.. အခုတောင် အိပ်ဖို့နောက်ကျနေပြီ ...

လရိပ်tag ထားတာက အခုလိုမှ မရေးရင် တော်ရုံနဲ့ရေး ဖြစ်တော့မှာ မဟုတ်ဘူး..
ကျမ နောက်ရက်တွေဆို သိပ်မအားလောက်တော့လို့ပါ ။ overtime ကြောင့်  ...။။
မနက်စောစောထရမယ်ဆိုတော့ ညဘက်တွေ
ကွန်ပြူတာ မသုံးဖြစ်လောက်ဘူး...အဲတာကြောင့်မို့ပါ ။ေ၇းထားတာတော့ အစီအစဉ်မကျပါဘူး..
စိတ်ထဲရှိတာဘဲ ရေးလိုက်တဲ့ သဘော..စကားပြောသလိုရေးလိုက်တာပါ ။
ကျမရဲ့ အောက်တိုဘာ ရင်ခုန်သံက စည်းချက်တော့ သိပ်မညီဘူးပေါ့နော်..ဘာလို့လည်းဆိုတော့
အချစ်က ခရီးထွက်နေတော့ ရင်ခုန်သံစည်းချက် မမှန်ဘူးဖြစ်သွားတာပါ.... ။အဲတာလည်း
လိုက်မမေးကြေးးးးးးး.... မပြောပြဘူး....  ။
အားလုံးဘဲ အေးချမ်းတဲ့ အောက်တိုဘာ မှာ ပျော်ရွှင်စရာတွေ အများကြီးဆုံပါစေရှင်...။။။။။။

ပစ်ပစ်
Am 2:41
3.10.2014








10 comments:

Aunty Tint on 3 October 2014 at 07:47 said...

မထူးခြားဘူးဆိုတဲ့ အောက်တိုဘာရင်ခုံသံလေးကို စိတ်ဝင်တစ်စားဖတ်ပြီး မမေးကြေးဆိုတာလေးတွေ မေးချင်တယ် ပစ်ပစ်ရေ... :P
ထိုင်ဝမ်မှာ ၅-နှစ်တောင်ကြာသွားပြီပဲ ... ရန်ကုန်မှာလဲ သီတင်းကျွတ်ပွဲတော် မကြာခင်ရောက်တော့မယ်...

မဒမ်ကိုး on 3 October 2014 at 08:35 said...

ဒီကတော့ဆုံးဖြတ်ချက်ကိုမျက်စိမှိတ်ချပလိုက်တယ် နောင်ခါလာနောင်ခါဈေးကွယ်

Thu on 3 October 2014 at 11:02 said...

တရုတ်ပြည်ကပွဲတော်တွေအကြောင်း တရုတ်စာသင်တန်းမှာတော့ပြောပြလို့ကြားဖူးတယ်။
စိတ်ညစ်ရင် ဘုရားမရှိရင်လဲ တရုတ်ဘုံကျောင်းလို နေရာမျိုးကော ဆိတ်ငြိမ်မှုမရှိဘူးလားအမ။
အဲ့လိုနေရာမှာထိုင်ပေါ့။နောက်ဆုံးမတတ်နိုင်ရင်ဘလော့ဂ်မှာရေးတင်။စိတ်ပေါ့သွားတာပေါ့။

ဆွေလေးမွန် said...

ခေါင်းတစ်ငြိမ့်ငြိမ့် နှင့် ဖတ်သွား.. နောက်နှစ်ထူးခြားမယ်ဆိုတဲ့ အကြောင်း အလွန်စိတ်ဝင်စား :P :P

မိုးညချမ်း on 3 October 2014 at 19:52 said...

အဲ့ မမေးကြေးဆိုတာကိုပဲ သိချင်တာ ... :P

စံပယ်ချို on 4 October 2014 at 07:27 said...

မမေးကြေးဆိုတာတွေကိုပိုပြီးသိချင်လာတယ်----------မပြောရင် စိတ်ဆိုးမယ်...ဟီးဟီး

လရိပ်အိမ် on 5 October 2014 at 15:20 said...

မမေးပါဘူးကွယ် ၊ ဟိုအင်္ကျီဝတ်ပြထဲက အဖြေသိပြီးသား။ :P

ညီလင်းသစ် on 8 October 2014 at 18:50 said...

"မမေးကြေး" တို့...၊ "မပြောပြဘူး" တို့ ခြံရံပြီး စီကာပတ်ကုံး ရေးသွားတဲ့ အောက်တိုဘာရင်ခုန်သံကို နားထောင်သွားတယ် ညီမပစ်ပစ်ရေ...။း)

သက်ဝေ on 10 October 2014 at 08:45 said...

လိုက်မမေးနဲ့ဆိုတော့လည်း မမေးပဲ အသာ ခေါင်းကုတ်ပြီး ပြန်သွား၏... ခိခိ

သူကြီးမင်း (တုံးဖလား) on 12 October 2014 at 02:55 said...

မမေးကြေးဆိုတော့ ဘာမှ မမေးတော့ပါဘူး။ ကျန်းမာရေးသာ ဂရုစိုက်ပါ ၀က်မလေး။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei