15 May 2012

အခုဖြစ်နေတဲ့ဆန္ဒ

Posted by blackroze at Tuesday, May 15, 2012
မနက်ဖန်.....  ကျမဘဝရဲ့ တဆစ်ချိုးလို့ပြောလို့ရတဲ့နေ့ကလေးတနေ့ပါ
ဒီနေ့......ကျမဘဝမှာကြေကွဲရဆုံးနေ့လေးတနေ့ပါ..
မနေ့က...ဆိုတာ.. ကျမဘဝရဲ့  ပြီးဆုံးသွားတဲ့နေ့ကလေးတွေပါ
               ဘယ်တော့မှပြန်မရနိုင်တော့တဲ့  နေ့တွေပါ

အဲလိုမနေ့ကပေါင်းများစွာကို   ကျမဖြတ်ကျော်ခဲ့ပြီးပြီ
ဒီနေ့လိုရက်ပေါင်းများစွာမှာလည်း   ကြေကွဲခံစားခဲ့ပါတယ်
မနက်ဖန်လို ဘဝတဆစ်ချိုး လို့ပြောလို့ရတဲ့နေ့တွေကိုရင်ဆိုင်ခဲ့ဖူးပေါင်းလည်းများပါပြီ

ဒါပေမဲ့  ကျမအခုချိန်တိုင်အောင်ပါဘဲ  မရင့်ကျက်သေးပါဘူး...
ခံစားလွယ်နေတုန်းပါဘဲ...မတည်ငြိမ်သေးပါဘူး....
စိတ်သွားရာနောက်ကို ခံစားချက်တွေကလိုက်နေတုန်းဘဲ..

ကျမတည်ငြိမ်ရင့်ကျက်တဲ့သူတယောက်ဖြစ်ချင်လိုက်တာလေ...
ကျမအရာရာ ကိုပြတ်သားချင်လိုက်တာလေ...

အလုပ်ထဲမှာတော့ ကျမသူငယ်ချင်းတွေက  ကျမကို ပြောကြတယ်..
နင်မျက်ရည်  အရမ်းခိုင်တယ်တဲ့  ....တခုခုဆိုအရမ်းသွေးအေးတယ်တဲ့...
အရာရာကို နင့်မျက်နှာမှာ  မပေါ်အောင် ဖုံးထားနိုင်တယ်တဲ့....
နင်ခံနိုင်ရည်အရမ်းရှိတာဘဲတဲ့...

သူတို့တွေအားလုံးထင်နေတာမှားတယ်...

အလုပ်ကနေပြန်လာတာနဲ့
အိမ်ပြန်ရောက်တာနဲ့တပြိုင်နက် ကျမဟာသူတို့ထင်နေသလို ခံနိုင်ရည်ရှိတဲ့
ခပ် ထက်ထက်မိန်းမတယောက်မဟုတ်တော့ဘဲ...
နဲနဲလေးမှ ခံနိုင်ရည်မရှိတဲ့..အင်မတန်ပျော့ညံတဲ့...ဘာမှကိုမစဉ်းစားတတ်တဲ့
တခုခုဆိုမျက်ရည်ကျဖို့အရင်ဆုံးစဉ်းစားတတ်တဲ့   အင်မတန်မှကို $ သုံးမကျတဲ့
မိန်းမတယောက်ဆိုတာသူတို့တွေမသိကြဘူး....

ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အရူးမတယောက်လိုဘဲဆိုတာ  ကျမသူငယ်ချင်းတွေမသိကြဘူး...
အခုကျမဘာဆိုတာ  ကျမပြောပြလို့အားလုံးသိကြပြီမှတ်လား..
ကျမကိုနစ်နာအောင် တခုခုပြောခဲ့ကြစမ်းပါ....
ကျမကိုမြင်တဲ့အတိုင်း  ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခဲ့စမ်းပါ...
ကျမလူတွေရဲ့ဝေဖန်မှု့ကိုသိချင်လို့ပါ..
စိတ်ထဲရှိသလိုသာရေးခဲ့ကြပါ..



Pigpig
15.5.2012   AM 4:23  (tuesday )

12 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ပြောပြနေရသေးတယ်။ သိနေတာဖြင့် ကြာလှရောပေါ့။း)

ဒါနဲ့..
မနက်ဖန် ဘ၀တစ်ဆစ်ချိုး ဆိုတော့ မဟုတ်မှ လွှဲရော။ ဖိတ်စာတွေ ဝေတော့မယ်ထင်တယ်။း)

ချစ်စံအိမ် on 15 May 2012 at 05:45 said...

ပစ် ရေ ကြုံသမျှဟာရင့်ကျင့်မှုပေါ့ဟာ..
ငိုစရာရှိရင်ငိုလိုက် ပျော်စရာရှိလည်း ပျော်လိုက်ပေါ့
ဒါလောကဓံတဲ့.. ဝေဖန်ရရင်တော့ ကိုကိုမောင်ပြောသလို
ဖိတ်စာများဝေနေပြီလား ဟီး

လင်းခေတ်ဒီနို on 15 May 2012 at 11:19 said...

ဒကာမကြီး . . အရာအားလုံးဟာ အနိစ္စ ဒုက္ခ အနတ္တ ပါကွယ်း)))

ရွာဦးကျောင်း ဆှာတော်
ဗညိန်ရှား

လွင်ပြင်လှိုင်းငယ် on 15 May 2012 at 12:13 said...

ဒီနေ့ရဲ့ မနက်ဖြန်မှာ ကြည်နူးစရာတွေပြည့်နေတဲ့
မေတ္တာလက်ဆောင်တစ်ထုပ်ရောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Candy on 15 May 2012 at 12:27 said...

မမပစ်ပစ် ငိုချင်ရင် ၀မ်းနည်းရင် အားရအောင် အကြာကြီး မောလို့ မျက်ရည်မထွက်တော့တဲ့ထိ ငိုပစ်လိုက်..

ပြီးရင် အားလုံးကို မေ့ပစ်လိုက်ပါ :)

စံပယ်ချို on 15 May 2012 at 14:38 said...

ပစ်ပစ်တစ်ယောက်ထဲမဟုတ်ပါဘူး
ပစ်ပစ်လိုလူတွေအများကြီးပါပဲ မကြီးဂျက်လဲ ခံစာမှုလွယ်တယ် သို့ပေမယ့် ပြတ်သားတယ်-ငိုစရာရှိခဲ့ရင်ငိုလိုက်နော်
သူငယ်ချင်းတွေကိုရင်ဖွင့်သင့်တဲ့လူကို ရင်ဖွင့်ချလိုက်
ရင်ဘတ်ကြီးထဲ အားလုံးသိမ်းမထားနဲ့ မသိမ်းသင့်တဲ့အရာသိမ်းထားမိရင်
ကိုယ့်ကိုပဲ ထိခိုက်တတ်တယ်ပစ်ပစ်ရေ----ဖြစ်ပြီးပျက်တတ်တာပဲ
ဘယ်အရာမှ မမြဲဘူးနော် အချစ်ဆိုတာလဲ တစ်ယောက်ထဲပြီးတဲ့အရာ မဟုတ်ဘူး လူမသေသရွှေ့အချစ်ဆိုတာလဲမသေပါဘူး----

ညီရဲ on 15 May 2012 at 19:47 said...

ဖတ်ပြီး စိတ်မကောင်း ဖြစ်မိလို့ ဘာမှ ပြောစရာ စကားကို မရှိတော့ပါဘူး သူငယ်ချင်းရယ်... ကျန်းမာရေးကိုဘဲ ဂရုစိုက်ပါ...

Anonymous said...

ပိုင်ရှင်စိတ်ကျေနပ်အောင်..
စကားလုံးတွေကို..ပျစ်ပျစ်နှစ်နှစ်ဖြစ်ဖို့
အရင်ဆုံး မကျည်းရည်စိမ်ပါမယ်။
နစ်နာသွားအောင် ... ခဲ(ဂဲ)ဆွဲပြီး
ဝေဖန်ရမယ်ဆိုရင်တော့....
အပြစ်မတင်ရက်ပါ ။ :D
မမြဲခြင်းသဘာဝတရားတွေအပေါ်..စိတ်ပင်ပန်းခံပြီး
မစဉ်းစားပါနဲ့ဒကာမကြီးရယ်...

(မင်္ဂလာဦးဆွမ်းကျွေးရင်
အာရုဏ်ဆွမ်းလေးဘုန်းပေးချင်ပါသေးတယ် :))

ကိုယ်စိတ်နှစ်ပါး၊ချမ်းမြေ့မျှတပါစေ....။

နေ၀သန် on 16 May 2012 at 08:48 said...

ဘာကို ဝေဖန်ရမလဲ မသိပါဘူးကွယ်... အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...

ခင်မင်လျက်
နေ၀သန်

San San Htun on 16 May 2012 at 10:13 said...

ပစ်ပစ်ရေ ကျန်းမာရေး ဂရုစိုက်ပါနော်...

နွေလ on 18 May 2012 at 13:40 said...

စိတ်မညစ်ပါနဲ့ အစ်မရေ ...
အစ်မ ပေါ်လီယာနာကို သိတယ်မလား
ဝမ်းသာတမ်း ကစားတဲ့ ကောင်မလေးလေ
အစ်မက ပျော့ညံသူလို့ မတွေးနဲ့လေ
မိန်းမဆန်သူပေါ့

Anonymous said...

ထပ်တူခံစားမိပါတယ်...

မွန်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei