December လရဲ့ ရက်တရက်မှာကျမကိုမွေးဖွားခဲ့ပါတယ်... နှင်းငွေ့တွေဝေနေတဲ့ ဆောင်းတညရဲ့ ညနက်နက်ထဲမှာ ကျမလောကကြီးထဲရောက်ရှိခဲ့ပါတယ် ..။။
ဆောင်းတွင်းမှာမွေးတဲ့ ကျမကို ကျမရဲ့အဖေက ဆောင်းမှာဘဲ ပွင့်တဲ့ ပန်းတမျိုးရဲ့ နာမည်ကိုပေးခဲ့ပါတယ် ...။ကျမငယ်ငယ်ကအဖေ့ကို မေးဖူးပါတယ် ။ဘာလို့ကျမကိုဒီလို နာမည်ပေးရတာလဲဆိုပြီးတော့ပါ ။ အဖေကပြောတယ် အဲဒီပန်းလိုမျိုး သမီးရဲ့ ဘဝကိုအမြင့်ဆုံးမှာ
ရှိစေချင်လို့ပေါ့တဲ့ ....ဒါပေမဲ့ အဖေကျမတို့မိသားစုကို ဒီဇင်ဘာလရဲ့ ရက်တရက်မှာထားသွားခဲ့တယ်..
ကျမအဖေဆုံးသွားတာ ဒီဇင်ဘာလ 28ရက်ပါ...သူများတွေခရစ်စမတ်နဲ့ New year ကြားမှာ..ပျော်စရာ
ရက်လေးတွေကို ဘယ်လိုဖြတ်သန်းမလဲလို့ စဉ်းစားနေကြချိန်မှာ...ကျမလူတွေမသိအောင် ငိုနေခဲ့ဖူးတယ်..
တကယ်တော့ ဒီဇင်ဘာဆိုတာ ကျမဘဝရဲ့တကယ်ကို အမှတ်တရတွေ ရှိခဲ့တဲ့လပါဘဲ...
အပျော်ဆုံးလို့ထင်ခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတယ်... အနာကျင်ဆုံးခံစားခဲ့ဖူးတဲ့ အချိန်တွေရှိခဲ့ဖူးတယ်..
အရာရာကို စွန့်လွှတ်ကျောခိုင်းလိုက်ဖို့ ကျမဒီဇင်ဘာလထဲမှာဆုံးဖြတ်ခဲ့ဖူးတယ်..
ကျမကိုမွေးခဲ့တာ ဒီဇင်ဘာလထဲမှာ...
ကျမအဖေကျမတို့ မိသားစုကိုထာဝ၇အပြီးအပိုင် ကျောခိုင်းသွားတာ ဒီဇင်ဘာလထဲမှာ
ကျမဘဝရဲ့ပထမဆုံး ငယ်ရည်းစားနဲ့ တွေ့ခဲ့တာဒီဇင်ဘာလထဲမှာ..
အဲဒီငယ်ချစ်နဲ့ ကွဲခဲ့တာလည်း ဒီဇင်ဘာလထဲမှာပါဘဲ ..း)
ဘဝတစ်ခုကို ဒီဇင်ဘာလထဲမှာ ကျမတည်ဆောက်ခဲ့ဖူးတယ်...
နောက်ဆုံးတော့ အရာရာဟာ..ကံတရားအတိုင်းဘဲလို့ သဘောထားပြီး...ကျမအရာအားလုံးကို
အရှုံးပေးခဲ့ရတယ်..
ကျမဘဝရဲ့ ဘယ်တော့မှမမေ့နိုင်တဲ့ခွဲစိတ်မှု့တခုကို ကျမဒီဇင်ဘာလရဲ့ 29ရက်နေ့မှာ အမှတ်မထင် ရင်ဆိုင်ခဲ့ဖူးပါတယ် မေ့ဆေးဆရာဝန်ရောက်မလာသေးလို့ ဆိုပြီး.. ကျမကိုမနာကျင်ရအောင် ဆိုပြီးဆေးတွေ တလုံးပြီးတလုံး လာထိုးပေးနေတုန်းက ကျမစဉ်းစားမိတယ်..
ငါဘာလို့သတိမလစ်သွားတာလဲ..
သတိသာလစ်သွားရင်..နာကျင်မှု့ဆိုတာကိုငါသိတော့မှာမဟုတ်ဘူး..အခုတော့နာနေတာကို
ခံစားပေးနေရတယ်..ဒါလည်း ဒီဇင်ဘာရဲ့ အမှတ်တရဘဲလားဆိုပြီးတော့ပါ..
ကျမမြန်မာပြည်ကိုကျောခိုင်းပြီး နိုင်ငံခြားကိုထွက်လာခဲ့တာ ဒီဇင်ဘာလထဲမှာပါ..မှတ်မှတ်ရရပါဘဲ အဲနေ့ကကျမရဲ့မွေးနေ့ ဒီဇင်ဘာလ 14ရက်ပါဘဲ..ကျမရဲ့မွေးနေ့တခုကို ကျမလေယာဉ်ပျံပေါ်မှာ
ဖြတ်သန်းခဲ့ဖူးပါတယ်.. ဆုတောင်းမဲ့သူမရှိ လက်ဆောင်ပေးမဲ့သူမရှိ....
Happy birthday ဆိုတဲ့ စကားသံတွေ နဲ့ဝေးတဲ့ China Airline ရဲ့ လေယာဉ်တစ်စီးပေါ်မှာပါ
ငါဘဝသစ်တခုကို စဖို့ အတွက် ငါဒီခရီးကိုထွက်လာတာ...ဘယ်လိုအခက်ခဲတွေတွေ့တွေ့
ငါရအောင် ရင်ဆိုင်မယ်..ဆိုတဲ့ စိတ်ထားလေးတခုဘဲကျမစီမှာပါလာတယ်..
ကျမကိုယ်ကျမ အဲဒီစိတ်ထားကို လက်ဆောင်အဖြစ်ပြန်ပေးခဲ့ပါတယ်..
ကျမအခုအလုပ်ကိုရဖို့အတွက်အချိန်တော်တော်ကြာစောင့်ခဲ့ရပါတယ်..ဒီအလုပ်ကို ရတော့လည်း..
ဒီဇင်ဘာလထဲမှာပါဘဲ..ဒီဇင်ဘာလ 11 ရက်နေ့ပါ..
အခုကျမရဲ့ချစ်သူပေါ့ သူ့နဲ့စချစ်ခဲ့တာလည်း ဒီဇင်ဘာလထဲမှာပါဘဲ..ကျမပြက္ခဒိန်အရတော့
ဒီဇင်ဘာလ 2ရက်နေ့ပါ သူ့ပြက္ခဒိန်အရတော့ ဒီဇင်ဘာလ1ရက်နေ့ပေါ့..သူနေတဲ့နေရာက
ကျမနေတဲ့နေရာထက် 4နာရီနီးပါး နောက်ကျပါတယ်..အဲတာကြောင့်သူကပြောရင် 1ရက်နေ့
ကျမကပြောရင်2ရက်နေ့ပါ..း)
ကဲ..ဒီဇင်ဘာဆိုတာ ကျမအတွက်ဘယ်လောက် အမှတ်တရတွေများသလဲနော်...။။
ကန်ဒီလေးက ကျမကို Tag ထားပါတယ်..ဒီဇင်ဘာပိတ်ရက်မှာဘာတွေလုပ်မလဲတဲ့..
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

နိုး ..သာမန်အနေအထားလောက်ပါဘဲ..အရမ်းကြီးfeeling မရှိပါဘူး...
♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

အဲတာလည်း No ပါ..
♥ နှင်းတွေ အေးခဲနေတဲ့
နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ
လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့
ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

အင်းးး ခရစ်စမတ်ကာလလေးတခုကိုတော့ နှင်းဖြူဖြူ တွေကျနေတဲ့ နေရာ လေးတခုမှာ တခါလောက် တော့ ဖြတ်သန်းဖူးချင်တယ် ကျမအခုနေတဲ့နေရာက ဆောင်းတွင်းဆိုအရမ်းအေးပေမဲ့
နှင်းမကျဘူး ..မိုးတွေတော့ရွာတယ် ..တနေကုန်အုံမှိုင်းပြီးအေးစက်နေတာဘဲ....
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။

ကျမအတွက် ခရစ်စမတ်ပိတ်ရက်ဆိုတာမရှိပါဘူး ကျမရောက်နေတဲ့နိုင်ငံက ခရစ်စမတ်ဦးစားပေး
နိုင်ငံမဟုတ်လို့ပါဘဲ..ခရစ်စမတ်လည်းခါတိုင်းပုံမှန်အလုပ်တက်ရက်တွေလိုပါဘဲ...25ရက်နေ့နဲ့ 1လပိုင်း 1ရက်နေ့ ကိုဘဲ Holiday လို့သတ်မှတ်တာပါ..အလုပ်ပိတ်ရက်ရှည်တွေ မရှိပါဘူး..
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

အဲတာလည်း No ပါဘဲ..အခုလက်ရှိသူငယ်ချင်းတွေထဲမှာ.. ခရစ်ယာန် မရှိလို့ပါ
ွှ ( အရင်တုန်းက ငယ်ငယ်တုန်းကပေါ့ သူငယ်ချင်းခရစ်ယာန်မလေးတယောက်ရှိပါတယ် သူ့ကို တော့ လက်ဆောင်ပေးလေ့ ရှိပါတယ် )
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

ခရစ်စမတ်အမှတ်တရ ကတော့ အထူးတလည်မရှိပါဘူး..မြန်မာပြည်မှာတုန်းကတော့ ခင်တဲ့
သူငယ်ချင်းတွေစုပြီးစားကြသောက်ကြ အဲတာမျိုးလောက်ဘဲရှိပါတယ်
♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

အင်းး....ရှိနေစေချင်တာကတော့ ချစ်သူပေါ့ ..အမေနဲ့ညီမကအခုအနားမှာရှိနေတာကိုးး
အဲဒီတော့ ချစ်သူကိုပါရှိစေချင်တယ်..
♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

No ပါ ..New year အမှတ်တရကတော့..
Final Year တက်နေတဲ့အချိန်ထင်တယ် သူငယ်ချင်းတွေစုပြီးညလုံးပေါက် Beer သောက်ဖူးတယ် အဲတာလေးတော့ အမှတ်တရ ရှိပါတယ်..အဲတုန်းကသူငယ်ချင်းတွေအကုန်လုံး အခုတော့ တယောက်တနေရာစီ ဖြစ်ကုန်ပြီ..နိုင်ငံခြားရောက်တဲ့သူနဲ့ အိမ်ထောင်ကျတဲ့သူနဲ့ အဲဒီတုန်းကလို
အားလုံးအတူတူ ပြန်ဆုံဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး...တယောက်မဟုတ်တယောက်ကတော့
လိုနေမှာအသေအချာပါဘဲ..အဲတာကြောင့်လည်း..အဲဒီနေ့ကလေးကို.. အမှတ်တရ အမြဲတမ်းရှိနေမိတယ် ...တကယ်ကို အမှတ်တရ ရှိနေခဲ့တာပါ..ပြန်စဉ်းစားလိုက်တိုင်း
အဲဒီအချိန်တုန်းကပြောခဲ့တဲ့စကားတွေ ...တယောက်နဲ့တယောက် စနောက်ခဲ့ကြတာတွေ..
အရာရာဟာ..လောလောလတ်လတ်ဖြစ်ခဲ့သလို တည်ရှိနေဆဲပါဘဲ...
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

နှစ်သစ်ကိုကုန်ဆုံးစေချင်တဲ့သီးသန့်နေရာမျိုးရှိပါတယ်...အဲဒီနေရာကတော့New year ညလေးတညမှာ.. အရမ်းအေးတဲ့ တောင်ပေါ်ဒေသလေးတခုပေါ့..အဲဒီနေရာလေးမှာ..
ချစ်သူရင်ခွင်ထဲမှာနေပြီး..သူဆိုပြမဲ့ သီချင်းကိုနားထောင်ချင်တယ်..
သူဖျော်တိုက်မဲ့ Coffee ကိုသောက်ချင်တယ်း)
လောလောဆယ် new year ကတော့ ဘာအလည်အပတ် အစီအစဉ်မှမရှိပါဘူး..
♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

အင်းးးး အရာရာကို အဆင်ပြေအောင်ရင်ဆိုင်သွားမယ်ဆိုပြီးတော့ဘဲတွေးထားပါတယ်
♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

NO ..
♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။

No ..
♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

ကျမခင်မင်ရတဲ့ ချစ်ခင်လေးစားရတဲ့ ဘလော့ဂါမိတ်ဆွေများအားလုံး...
Merry X'mass & Happy New Year ပါလို့..
Tag ထားတဲ့သူများ ကိုလည်းကျေးဇူးပါနော်..(ဘယ်သူတွေကjerry pigpig ကို tag ထားလဲဆိုတာ
သေချာမသိလို့ အခုလိုဘဲ ယောင်ဝါးဝါးချလိုက်တာပါ ဟီးးဟီးး)
ပစ်ပစ်
24.12.2011 AM3:53
ကျမခင်မင်ရတဲ့မိတ်ဆွေတယောက်ကို ဆက်ပြီးတော့ Tag ချင်ပါတယ်..(အတော်များများကတော့
အ တက်ဂ် ခံပြီးနေပါပြီး...တော်တော်များများလည်း တက်ဂ်ပိုစ့်ကို
ရေးပြီးနေကြပါပြီ..) ဘယ်သူမှမTag ရသေးတဲ့ သူငယ်ချင်းတယောက်ပါ
အရိပ်..(ညီသူအိမ် )ပါ အဆင်ပြေမယ်ဆိုရင် ဒီ Tag ပိုစ့်လေးနဲ့အတူ
ဘလော့ပြန်ရေးပါလို့ ပြောပါရစေ...ဘယ်လိုမှအဆင်မပြေလို့မရေးဖြစ်ဘူးဆိုရင်လည်း
ရပါတယ်..ကျမစိတ်မဆိုးပါဘူး..