04 February 2014

တန်ဖိုးနဲ့ တိုင်းတာမှု့

Posted by blackroze at Tuesday, February 04, 2014
မိန်းကလေးတွေ အသက်ကြီးလာရင် လူတွေက ပြောကြတယ်..အိုလာပြီပေါ့..
နေရာမပေးချင်ကြတော့ဘူး..အလုပ်လျှောက်တာက အစ အသက်ကန့်သတ်ထားတယ်..
အသက် 25 နှစ်အောက် ဆိုတာမျိုးပေါ့..အဲလိုတွေ တွေ့ရ တိုင်း ကျမ စိတ်ထဲ စပ်ဖျင်းဖျင်းဖြစ်မိတယ် ..
ကျမကိုယ်တိုင်က  အသက် 25 ကျော်နေတဲ့ အစိတ်အပိုင်း ဖြစ်နေတာလည်း ပါမှာပေါ့လေ...
ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ကြပါ...
လူတယောက် တန်ဘိုးကို သတ်မှတ်တဲ့နေရာ မှာအသက်အရွယ်  တစ်ခုကဘဲ  အရေး ကြီးသလား..
အရည်အချင်းဆိုတာကိုရော မထည့်တွက်ကြတော့ဘူးလား ...

အသက်18နှစ်မိန်းကလေး ကတော့ ဥပမာပေးရင်တော့ ..
အသစ်ဖွင့်ထားတဲ့ shopping mall လိုပေါ့ ..
လှပတယ်..သစ်လွင်တယ်.. ဆန်းသစ်တယ်.. လိုချင်တဲ့ ပစ္စည်းမှန်သမျှ ရနိုင်တယ်..
အရောင်အသွေး စုံစုံ လင်လင် နဲ့ တပ် မက်ချင်စရာ ကောင်းတယ်...
...
ဒါဆို အသက် 30 ကျော်လာတဲ့မိန်းမ တယောက်ကရော...
.... ....

တန်ဖိုး မရှိတော့ဘူးလား..  မသစ်လွင်တော့ဘူးလား ... တပ်မက်ချင်စရာ မကောင်းတော့ဘူးလား..
မေးစရာဖြစ်လာပါပြီ..

ကျမ အမြင်မှာတော့ မိန်းမ တယောက်ရဲ့  တန်ဖိုးဟာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး
သူရဲ့  ပင်ကိုယ်အရည်ချင်း စိတ်ဓါတ်နဲ့ ဘဲ ဆိုင်ပါတယ်..  ဥပမာတခုပြောရရင်
အိမ်တလုံးလိုပါဘဲ ..ဆောက်ကာစမှ တော့  သစ်လွင်လှပ မှု့  ရှိမှာပါ..
ဒါပေမဲ့အချိန် အတိုင်း အတာတခုမှာတော့  ဆောက်ကာစ လိုတော့ မလှပ နိုင်တော့ပါဘူး
ဒါက ဓမ္မတာပါဘဲ..
နုနယ်ပျို မြစ်မှု့ တွေဟာ အိုမင်းရင့်ရော်မှု့ တွေနဲ့ အဆုံးသတ်ကြတာပါဘဲ..

မိန်းကလေးတွေလည်း အဲလိုပါဘဲ  ငယ်ရွယ်စဉ်မှာတော့ နုပျိုမှု့ တွေနဲ့ လန်းဆန်းနေကြမှာပါ..
အသက်18 နှစ်မိန်းကလေးနဲ့ အသက် 30 မိန်းကလေး  ယှဉ်ကြည့်ရင် နုပျိုမှု့  မှာ 18 နှစ်က 
သာပါလိမ့်မယ်...ဒါဆိုရင် 18  နှစ်မှသာ လူရာဝင်တာလား  ..မှားပါတယ်..
အသက်30  မိန်းကလေးမှာ ရှိနေတဲ့ ရင့်ကျက်မှု့  လူ့ဘဝအတွေ့ ကြုံ  ..အတွေးအခေါ်... 
ဒါတွေဟာ 18နှစ်အရွယ် မိန်းကလေး မှာ မရှိနိုင်ပါဘူး... 
ငယ်ရွယ် နူပျိုမှု့ကို သဘောကျ နှစ်သက်ကြသလို
ရင့်ကျက်တည်ငြိမ် မှု့ ကိုလည်း အလေးထားသင့်ပါတယ်...

ငယ်ရွယ်တဲ့မိန်းကလေး မှ ထက်မြက်တာမျိုး မဟုတ်ပါဘူး.. လုပ်ရည်လုပ်ကိုင်ရှိတာမျိုး
မဟုတ်ပါဘူး..  ပင်ကိုယ်အရည်ချင်း ရှိတဲ့မိန်းကလေးတယောက်ဟာ အသက် 30 ..40  ဖြစ်နေပါစေ
သူ့ရဲ့  အရည်အချင်းတွေက  သူ့ရဲ့  အသက်အရွယ်ကြောင့် မကျဆုံး သွားနိုင်ပါဘူး....
သူဖြတ်သန်းလာတဲ့ အတွေ့ အကြုံ တွေကြောင့် သူဟာ ပိုပြီး ရင့်ကျက် တန်ဖိုးရှိလာတာပါ..
တချို့သော ဖြတ်သန်းမှု့  အတွေ့ အကြုံ ..ခံစားချက်တွေ ဟာ..ပိုက်ဆံနဲ့ တန်ဖိုးဖြတ်ပြီး
ဝယ်ယူလို့ မရနိုင်ပါဘူး.. ကိုယ်တိုင်စီးမျော ဖြတ်သန်းပြီး မှ ရရှိလာတာတွေပါ ..



ဒါပေမဲ့ တချို့ သော သူတွေက အသက်အရွယ်နဲ့ တိုင်းပြီး တန်ဖိုးဖြတ်တတ်ကြတယ်..
တချို့ သောနေရာတွေမှာ အသက်အရွယ်နဲ့ တိုင်း ပြီးတန်ဖိုးဖြတ်တတ်ကြတယ်...

မိန်းမတယောက်ဟာ အသက် 30 လို့ဆိုလိုက်တာနဲ့  အသက်ကြီးနေတဲ့ အသုံးမဝင်တော့တဲ့
ဘာမှဆွဲဆောင်မှု့ မရှိတော့တဲ့ ..သူတယောက် လို သတ်မှတ်လိုက်ကြတယ်..
အဲဒါ ကို မှားယွင်းတယ်လို့ ခံစားမိပါတယ်....   




 ကျမတို့ရဲ့   ရှေးဟောင်းမြို့တော် ပုဂံ ဆိုရင် နှစ်ပေါင်းရာချီ ထောင်ချီ နေပါပြီ

ဒါပေမဲ့ ခုချိန်တိုင်အောင်  ပုဂံဆိုတာ နဲ့  စိတ်ဝင်စားစရာ ..လေ့လာစရာတွေနဲ့  
ဆွဲဆောင်နေဆဲပါဘဲ.. ပုဂံ ဆိုတာနဲ့ လူတိုင်း စိတ်လှုပ်ရှား လာစမြဲပါဘဲ.. 
တကမ္ဘာ လုံးကို ဆွဲဆောင် ထားနိုင်ဆဲပါဘဲ.. 
 ဟောင်းနွမ်းမှု့  အတိတ် သမိုင်းတွေ နဲ့ ပုဂံ ဟာ စိတ်ဝင်စားစရာ ကောင်းနေဆဲပါ.. 
ဒါကြောင့် နုပျို သစ်လွင်နေမှ စွဲဆောင် မှု့ ရှိတာမဟုတ်ပါဘူး...
ရင့်ကျက် ဟောင်းနွမ်းမှု့ တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိနေတတ်ပါတယ်...
... ....

shopping mall ထဲမှာ  အရောင်အသွေး စုံစုံလင်လင် နဲ့  သစ်လွင်တောက်ပ မှု့တွေကို
ရင်ခုန်ခံစားနိုင်သလိုပါဘဲ..
ပုဂံ ရဲ့  တန်ဖိုးမဖြတ် နိုင်တဲ့ အလှတရားတွေ  ..
နေဝင်ချိန် ညနေခင်းလေးတွေ ဟာလည်း  ခံစားချက်အမျိုးမျိုးကို တိတ်တဆိတ်ပေး
နိုင်စွမ်းရှိပါတယ်လေ...

တချို့ သော အလုပ်ကြေငြာတွေမှာ အသက်25 အောက် ရုပ်ရည် ချောမောပြေပြစ်ရမယ်..
ဆိုတာ တွေ့ တိုင်း ကျမပြုံး မိတယ်.. အလုပ် တိုင်းကတော့ ရုပ်ရည် အသင့်တင့် ရှိသူမျိုး
စကားပြောကောင်းသူ မျိုး ကိုဦးစားပေးခန့်တတ်ကြပါတယ်...ဒါကလည်း  ဆက်သွယ်ရေး
ပိုင်းဆိုင်ရာ..customer တွေနဲ့ ဆက်ဆံတဲ့နေရာ မှာ အဆင်ပြေ အောင်လို့  ပါ
လူမြင်ကွင်းရှေ့ လှလှ ပပ လေး ဆို ပိုကောင်းတာပေါ့..အဲဒီသဘောနဲ့ ရုပ်ရည်ပြေပြစ်ရမယ်
စကားပြောကောင်းရမည်ဆိုတဲ့သတ်မှတ်ချက် တခု ပေါ်လာတာပါ...
ဒါပေမဲ့ အသက် 25  နှစ်အောက် ဆိုတဲ့  သတ်မှတ် ချက်ကို ကျမ မြင်တိုင်း ပြုံးမိနေဆဲပါ...


မိန်းကလေးတယောက်ရဲ့ တန်ဖိုးကို နုပျိုမှု့  အသက်ရွယ်တစ်ခုထဲ နဲ့  မတိုင်းတာဘဲ
ပင်ကိုယ်အရည်ချင်း..အတွေ့ အကြုံ ...ထက်မြက်မှု့ တွေနဲ့  လည်း တိုင်းတာနိုင်ကြပါစေလို့
ဆန္ဒပြု လိုက်ပါရစေ....

ပစ်ပစ်
Pm  9:30
4.2.2014

3 comments:

ရွှေယွန်းဝါ on 5 February 2014 at 09:04 said...

အသက်၂၅နှစ်ကျော်သွားတဲ့သူတွေရဲ့ခံစားချက်ကို ထိထိမိမိရေးနိုင်တယ်။ ဘဝရဲ့ နုပျိုမှုနဲ့ ဘဝတလျှောက်လုံးဖြတ်သန်းလာတဲ့အတွေ့အကြုံလေးကို အလုပ်ရှင်မဆိုထားနှင့် ၊ အရွယ်ရောက်ပြီးသောလူသားအားလုံးနားလည်သင့်တယ်လို့ မျှော်လင့်ပါတယ်။ ပုဂံနဲ့ shopping mallးကို နှိုင်းယှဉ်ရေးတာကိုလဲ သဘောကျတယ်။ တကယ်ကောင်းတဲ့ post လေးပါ ၊ အသက် ၃၀ကျော်သွားတာလဲပါမှာပေါ့လေ။ :P

San San Htun on 5 February 2014 at 10:46 said...

အပြည့်အဝ ထောက်ခံတယ်...ယူအက်စ်မှာတော့ အသက်၊ အမျိုးသား၊ အမျိုးသမီး၊ လူမျိုးခွဲခြားမှု မရှိဘဲ အရည်အချင်းအလိုက် အသိအမှတ်ပြုတာကို သဘောအကျဆုံး...

Anonymous said...

ယဉ်ပြသွားတာလေး သိပ်ကောင်းတယ် ပစ်ပစ်၊ ဆိုရိုးတောင်ရှိသေး ... အသက်တွေသာ ကြီးလာတယ်၊ ဦးဏှောက်တွေက မူလတန်းက မတတ်ဘူးဆိုတာမျိုးလို၊ လူတစ်ယောက်(အမျိုးသား၊အမျိုးသမီး)ရဲ့ တန်ဘိုးက အလှအပနဲ့ ပတ်သက်မှုမရှိလို့ ယူဆသူပါကွယ် ...

(ဒါနဲ့စကားမစပ် ... အေးကွ..နော်၊ ဘာဆိုင်တာမှတ်လို့ အသက် ၃၀ ဆိုရင်ပဲ လူရာမ၀င်စာရင်းသွင်းချင်ကြတာ..သိပ် ယုတ္တိမဲ့တယ်ကွာ..ခံပြင်းတယ် ;) :D )

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei