17 April 2011

ဆုံဆည်းပါရစေ....

Posted by blackroze at Sunday, April 17, 2011
နှစ်ဆန်းတစ်ရက်နေ့မှာ...ကုသိုလ်ကောင်းမှုအတူတူလုပ်ခဲ့ကြပါတယ်...
မနက်စောစောထပြီး(သူ့စီကတော့မနက်5နာရီပေါ့..ကျမစီမှာတော့မနက်9နာရီ)
ဆွမ်းချက်..သစ်သီးပွဲပြင်...သောက်တော်ရေလဲ...ဘုရားဆွမ်းတူတူကပ်ခဲ့တယ်..
ပရိတ်တူတူရွတ်ခဲ့ပါတယ်..ဘုရားစီမှာဆု....အတူတူတောင်းခဲ့တယ်.....
ဒီနေ့မှာတောင်းခဲ့တဲ့ဆုတွေအားလုံးပြည့်ချင်ပါတယ်...

သူ့ဘုရားစင်လေးပါ....




ကျမအိမ်ကဘုရားစင်လေးပါ...

4နာရီလောက်အချိန်ကွာနေတဲ့နေရာဒေသနှစ်ခုဖြစ်ပေမဲ့
ဘုရားတူတူရှိခိုးနိုင်ဖို့ကြိုးစားခဲ့ပါတယ်...
ဘုရားရှိခိုးပေမဲ့ဆုမတောင်းဖြစ်ခဲ့တာတော်တော်ကြာပါပြီ....
ဒီနေ့ဆုတောင်းခဲ့တယ်..
တောင်းတဲ့ဆုလည်းပြည့်ချင်ပါတယ်....

မင်္ဂလာရှိတဲ့နှစ်သစ်ကူးလေးမှာအားလုံးဘဲပျော်ရွှင်ချမ်းမြေ့ကြပါစေ....။။။။

17.4.2011 Pm 11:50

8 comments:

အရိပ်လေး said...

မမနက်..
ချစ်သော သူ ချစ်သော မိသားစု မောင်နှများနှင့်တူတူ
အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ပါစေကြောင်း
နှစ်သစ်မှာ ဆုမွန်ကောင်း တောင်းပေးလိုက်တယ်နော်
(အရိပ်လေးမြန်မာပြည် ပြန်တော့မယ်နော် နောက်ဆို တွေ့ဖြစ်တော့မယ် မထင်ဘူး မမကို အမြဲ သတိရနေပါ့မယ်)

တောက်ပကြယ်စင် on 18 April 2011 at 23:48 said...

ချစ်သောသူ...ချစ်သောသူများနှင့် ဆုတောင်းသည့်အတိုင်း ဆုံဆည်းနိုင်ပါစေ...နှစ်သစ်မှာ အေးချမ်းမှုအပေါင်းနှင့် ပြည့်စုံနိုင်ပါစေ...

သူကြီးမင်း (တုံးဖလား) on 21 April 2011 at 00:01 said...

အားကျလိုက်တာ။ စိတ်တူ ကိုယ်တူလေးတွေ။ တောင်းတဲ့ဆု ပြည့်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သဒ္ဓါလှိုင်း on 22 April 2011 at 00:47 said...

ချစ်သောသူနဲ့ နှလုံးသားချင်းနီးသလို.စိတ်ချင်းလည်းနီးလို့ အဆင်ပြေချောမွေ့မှုတွေ.. နားလည်မှုတွေနဲ့ အမြန်ဆုံးလက်တွဲ
ဆုံဆည်းနိုင်ပါစေ..။

ချစ်တဲ့
သဒ္ဓါ

ညလင်းအိမ် on 22 April 2011 at 09:36 said...

အားကျလိုက်တာဗျာ ....

အဲ့လိုမျိုး ဘယ်တော့များမှ ... :(

ကိုကိုမောင်(ပန်းရနံ့) said...

သူကြီးမင်းရဲ့ ဂျီမေးလ်ပါ။း))))

အလည်လာပြီး အားပေးတဲ့အတွက် ကျေးဇူးပါ။

kokomaung.uk@gmail.com

အထင်နဲ့အမြင်လွဲရင် စိတ်မဆိုးကြေးးးးးးး

ခင်မင်လျက်

မိုးစက်အိမ် on 8 May 2011 at 04:49 said...

ကဲလေးနာရီကွာနေတဲ့ ငါ့ညီမလေးရေ မဝေးတော့တဲ့အနာဂါတ်မှာ
အချိန်တူ နေရာတူ မှာ ယှဉ်တွဲလျက် ကုသိုလ်ပြုနိုင်ပါစေလို့ ဆုတောင်း
ပေးလိုက်ရပါတယ်ဗျာ . . .

KoSoe on 28 May 2011 at 01:29 said...

မရောက်ဖြစ်တာ တော်တော်ကြာခဲ့ပြီ
မရရအောင် ရှာပြီး လည်လည်လာသွားခဲ့ပါတယ် တင်ထားတာလေးကိုလည်း အားကျမိပါသဖြင့် အခုလို ...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei