29 November 2010

Posted by blackroze at Monday, November 29, 2010

ည...
မှောင်မဲရမယ်..
အေးစက်ရမယ်..
တိတ်ဆိတ်ရမယ်..တဲ့...
ဒါမှ...ညဆိုတာပီပြင်တာတဲ့လေ.....

ငါ့အတွက်တော့
ည..ဆိုတာ...
သတ်မှတ်ချက်တွေ
အကန့်အသတ်တွေ...
ပညတ်ချက်တွေ..
မလိုပါဘူး...

မှောင်မဲတဲ့...ည
ဖြစ်နေပါစေ...
လရောင်လေးလဲ
မတမ်းတမိပါဘူး....

အေးစက်တဲ့ညဖြစ်နေပါစေ...
နွေးထွေးစေဖို့...
ရင်ခွင်တစ်စုံကိုလည်း
မမျှော်လင့်ခဲ့ပါဘူး....

တိတ်ဆိတ်တဲ့...ည
ဖြစ်နေပါစေ...
သီချင်းသံတွေကိုလည်း
အိမ်မက်မမက်ချင်ပါဘူး...

ငါ့အတွက်တော့...
ည..ဆိုတာ....
ရင်ထဲကစကားလုံးတွေ
ခံစားချက်တွေ...
ဝေဒနာတွေ...
နာကျင်မှု့တွေ...
ဖွင့်ဟမိသမျှ
သိမ်းဆည်းပေးတဲ့...
စာမျက်နှာတစ်ခု
ဖြစ်ဖို့ဘဲလိုတယ်....

ခံစားရတာတွေများလို့
ရင်ဘတ်ကြီးထဲမှာတောင်
ကဗျာတွေ.....
ဗလာဖြစ်နေလေရဲ့........

( 29.11.2010 AM 4:30)


ပုံကိုတော့google ကနေယူသုံးတာပါ

7 comments:

Maung Myo on 29 November 2010 at 10:23 said...

ည ဆိုတာ မာယာများတယ်
ခြေကင်းလက်ကင်းပေါတယ်

ကျနော်ကတော့ ညကိုကြိုက်တယ်ဗျ အိပ်လို့ရလို့ဗျ .။

လင်းခေတ်ဒီနို on 29 November 2010 at 12:30 said...

ခံစားရတာတွေများလို့
ရင်ဘတ်ကြီးထဲမှာတောင်
ကဗျာတွေ.....
ဗလာဖြစ်နေလေရဲ့........

ဝိုးးး ကဗျာတွေ လွတ်ကောင်းနေတယ်ပါလား မပိုင်း)

မေပယ်လ် on 29 November 2010 at 13:38 said...

ရင်ဘတ်ကြီးထဲမှာတောင်
ကဗျာတွေ.....
ဗလာဖြစ်နေလေရဲ့........
အဲဒါကိုက မမကိုယ်တိုင် ကဗျာဖြစ်နေတာလေ..
တစ်ခုခုတော့ မမှားလိုက်ပါနဲ့လေ...အဆင်ပြေသွားမှာပါ

သော်ဇင်စိုး on 29 November 2010 at 20:32 said...

ကြာလာတော့လည်း ဒီလိုပဲဖြစ်သွားပါတယ်ဗျာ.. ထုသားပေသားကျသွားတယ်လို့ပဲပြောရမလား.. မသိဘူး..
အမ ကဗျာထဲကအတိုင်းပဲ.. ရင်ဘတ်ကြီးမှာတောင် ကဗျာတွေ ဗလာဖြစ်ကုန်လို့နဲ့ တူပါတယ်..

ညိမ်းနိုင် on 29 November 2010 at 21:56 said...

“ ည ဆိုလျှောက်လို့သာလည်ချင်....”။ဇော်ဝင်းထွဋ် ပြန်ဆိုထာတဲ့သီချင်းလေ...။
ကျွန်တော်တော့ ည ဆိုလျှောက်သွားချင်စိတ်ပေါက်ပေါက်နေတယ်...ခုတလော။
ထိုင်နေရရင် စိတ်ထဲ သရိုးသရီ ဖြစ်ဖြစ်လာရော....။ခံစားမှုတွေပြောပါတယ်..:)
ခုတော့ လျှောက်မသွားဖြစ်အောင် ဘလော့လည်နေတယ်...။ကဗျာလေးကြိုက်
တယ်ဗျိုး...။

မြစ်ကျိုးအင်း on 30 November 2010 at 02:36 said...

မြို့ပြရဲ့ အားလပ်ချိန်က ည ဖြစ်တယ်။
ညမှာပဲ ခံစားချက်တွေ ဖွင့်ထုတ်နေမိတော့
အဲဒီညကို ငြိုငြင်ရမလား။
နေ့ထက် ညမှာ ပိုပျော်တာတော့ အမှန်ပဲ။
ကျန်းမာရေး ထိခိုက်လောက်အောင် ညတွေကို အသုံးမချဖို့
ကိုယ့်ကိုကိုယ်လည်း သတိထားနေရတယ်။

ညလင်းအိမ် on 30 January 2011 at 15:31 said...

ကောင်းလိုက်တဲ့ ခံစားချက်တွေ ...

ဘလက်ရေ ညဆိုတာ မောင်မျိုးပြောသလိုပဲပေါ့ .. အိပ်လို့ရတယ် ... :P

ကျွန်တော်တော့ ညကို ကြိုက်တယ် .. ဒါကြောင့် နာမည်မှာပါ ”ည” ပါနေတာလေ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei