23 September 2011

သို့....ဧရာဝတီ

Posted by blackroze at Friday, September 23, 2011
ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရေးအစီအစဉ်ကိုလုံးဝကန့်ကွက်ပါတယ်ရှင်

ကျမတို့ငယ်ငယ်ကျောင်းစတက်တုန်းကကျောင်းမှာသင်ရတယ်..
မြန်မာနိုင်ငံတွင်မြစ်ကြီးလေးစင်းရှိပါသည်
၎င်းတို့မှာ..ဧရာဝတီ ..ချင်းတွင်း..သံလွင်..စစ်တောင်းမြစ်တို့ဖြစ်ကြပါသည်..

မြစ်ကြီးလေးစင်းထဲမှာ..ဧရာဝတီဆိုတာ မြန်မာနိုင်ငံထဲမှာဘဲမြစ်ဖျားခံပြီးမြန်မာတနိုင်ငံလုံးကို
ဖြတ်သန်းပြီးစီးဆင်းသွားတာပါ...

ကျမတို့ရဲ့ကိုယ်ထဲကအသွေးအသားတွေထဲမှာမြန်မာဆိုတဲ့ သွေးတွေလှည့်ပတ်စီးဆင်းနေသလိုမျိုး
ဧရာဝတီကလည်း မြန်မာနိုင်ငံလုံးကိုဖြတ်သန်းစီးဆင်းသွားတာပါ...
ဧရာဝတီ မြစ်ကြီးကိုပိတ်ပြီးဆည်ဆောက်လိုက်တာဟာ...မြန်မာတွေရဲ့ကိုယ်ထဲမှာစီးဆင်းနေတဲ့
မြန်မာဆိုတဲ့ သွေးတွေကိုဖောက်ထုတ်ရောင်းစားပြစ်လိုက်တာနဲ့အတူတူပါဘဲ...

ဒီမြစ်ကြီးကိုအမှီပြုပြီး မိသားစုပေါင်းများစွာ..ရပ်တည်နေကြတာပါ...
ကမ္ဘာတလွှားမှာနိုင်ငံပေါင်းစုံက သူတို့နိုင်ငံရဲ့ယဉ်ကျေးမှု့အမွေအနှစ်တွေ....
သဘာဝအလှအပတရားတွေ..မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းနေကြချိန်မှာ..
ကျမတို့စီကတော့ ရှိပြီးသား...သဘာဝကပေးထားတဲ့ တန်ဘိုးရှိလှတဲ့
ဧရာဝတီ ကိုမှရောင်းစားဖို့လုပ်ရက်လေခြင်း...

လျှပ်စစ်ဓါတ်အားတွေကသုံးဖို့လားရောင်းဖို့လား...

သူတပါးလိုအပ်ချက်အတွက်..ဧရာဝတီကိုစတေးတော့မလို့လား

မြန်မာတွေရဲ့သွေးတွေကိုဖောက်ထုတ်ရောင်းစားပြစ်တော့မလို့လား

ရလာမဲ့ငွေကြေးတွေနဲ့ အပြစ်မဲ့တဲ့ ဧရာဝတီ ကိုမလဲလှယ်သင့်ပါဘူး...

လသာတဲ့ညလေးမှာ...ဧရာဝတီရဲ့ ရေစီးသံလေးနားထောင်ပါရစေ...

ဧရာဝတီကပေးတဲ့ ချစ်ခြင်းမုန်းတွေကိုခံစားပါရစေ..

ဧရာဝတီရဲ့ရင်ခွင်ထဲကနေ လေဆန်ရေဆန် ကိုဆန်တက်ပါရစေ..

ဧရာဝတီရဲ့ အငွေ့အသက်လေးကိုရှုရှိုက်ပါရစေ...

ဧရာဝတီ ဆိုတာကိုဖက်တွယ်ထားပါရစေ...

ဧရာဝတီကိုမဆုံးရှုံးပါရစေနဲ့ ....

ဧရာဝတီအတွက်မငိုကြွေးပါစေနဲ့...

မဖြစ်သင့်တဲ့စီမံကိန်းကြီးမို့ လက်မခံနိုင်ကြောင်းပါ...

ကျမတို့မြန်မာပြည်သူတွေချစ်တဲ့ ဧရာဝတီအတွက် ဤစာစုလေးဖြင့်
မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်လိုက်ပါသည် ....။။။။

Blackroze

23.9.2011 AM 1:57

17 comments:

ညီရဲ on 23 September 2011 at 02:13 said...

ဟုတ်တယ် သူငယ်ချင်း.. မြစ်ဆုံစီမံကိန်းကို ကန့် ကွက်တယ်။ လျှပ်စစ်က ရောင်းဖို့ အဓိကပဲ မကောင်းတတ်လို့ ဒေသခံတွေကို နဲနဲပေးသုံးမှာ...
ကန့် ကွက်ပါတယ်...

ကိုရင် on 23 September 2011 at 03:27 said...

ဧရာဝတီရယ် စီးဆင်းပါ..

ဟန်ကြည် said...

ပြည်သူပြည်သားတွေရဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေကြောင့် ချစ်သောဧရာဝတီ ဆက်လက်ရှင်သန်လိမ့်မယ်လို့ အကြွင်းမဲ့ယုံကြည်မိပါတယ်...

သူကြီးမင်း (တုံးဖလား) on 23 September 2011 at 07:27 said...

မိမဲလေးနဲ့အတူ ဒီစီမံကိန်းကို ကန့်ကွက်တယ်။

ခင်မင်လျှက်

အဖြူရောင်နတ်သမီး on 23 September 2011 at 08:38 said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်..။

Anonymous said...

ကျမတို့မြန်မာပြည်သူတွေချစ်တဲ့ ဧရာဝတီအတွက် ဤစာစုလေးဖြင့်
မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်လိုက်ပါသည် ...
မ..နဲ့ အတူ ကန့် ကွက်ပါတယ်..။။

မွန်

စံပယ်ချို on 23 September 2011 at 16:08 said...

သူငယ်ချင်းနဲ့အတူ ရွှေလက်တဲ့ပြီး
ကန့်ကွက်ပါတယ်.........

seesein said...

ကန့်ကွက်တယ် အပြင်းအထန်ကန့်ကွက်တယ် အမိဧရာဝတီ ထာဝရ စီးဆင်းစေဖို့


ခင်မင်တဲ့
seesein

Anonymous said...

မောင်ဘကြိုင်လည်းလုံးဝကန့်ကွက်တယ်
ကန့်ကွက်တယ်


မောင်ဘကြိုင်

မောင်ဘုန်း on 24 September 2011 at 00:14 said...

အတူတကွ ကန့် ကွက်ပါသည်....၊

စိတ်၏ဖြေရာ on 24 September 2011 at 00:31 said...

ဧရာဝတီပျက်စီးစေမဲ့မြစ်ဆုံရေကာတာတည်ဆောက်တာ
ကိုအပြင်းအထန်ကန့်ကွက်ပါတယ်။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

ချစ်သူမောင် on 24 September 2011 at 09:19 said...

ဘာပဲဖြစ်ဖြစ် ဘယ်လိုနေနေ စုမိတဲ့ အဖွဲ့လူနည်းနည်းလေးမှာလက်မရှောင်တတ်တဲ့သူငယ်ချင်းကျန်းမာပါစေထပ်တူထပ်မျှခံစားကြလို့ငါတိုတွေရဲ့ ဧရာမြစ်မင်း ဆည်ဖို့ခြင်းမှ ကင်းလွတ်နိုင်ပါစေ
တူတဲ့တောင်းဆုချွေကာပြုသည် "အမေထာဝရတည်ပါစေ"

မြတ်မွန် on 24 September 2011 at 16:31 said...

ရိုစ့်ရေ..ဆုတောင်းကြရင်ကောင်းမယ်။
ဆက်ပြီး မလုပ်ပါစေနဲ့လို့လေ။
ဒို့ ဧရာဝတီ တစ်ခုခု မဖြစ်ပါစေနဲ့တော့။

မြစ်ကျိုးအင်း on 24 September 2011 at 22:24 said...

ဧရာဝတီရဲ့ အဝေးမှာ ရောက်နေပေမယ့် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

မေသိမ့်သိမ့် ကျော် on 26 September 2011 at 13:26 said...

ဧရာဝတီ လွတ်လပ်စွာ စီးဆင်းပါစေ။

မေသိမ့်သိမ့် ကျော် on 26 September 2011 at 13:27 said...

ဧရာဝတီ လွတ်လပ်စွာ စီးဆင်းပါစေ။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei