07 September 2011

အဝေးရောက်ချစ်သူ

Posted by blackroze at Wednesday, September 07, 2011


Tom

+


Jerry



အရုပ်လေးတွေကချစ်စရာလေးတွေနော်..

Jerry pigpig အရုပ်တွေပေါ့ ..သိတယ်မှတ်လား ဟီးးဟီးး





ခပ်ဖွဖွလေး နမ်းခဲ့ဖူးတဲ့ပါးပြင်

ခုတော့

တမ်းတမ်းတတနဲ့

အရူးအမူး ဖြစ်နေပြီလား

ကိုယ့်ဖာသာ ကိုမသိတဲ့

အဖြေတွေအတွက်

တစ်နေ့ပြီး တစ်နေ့

ဆွေးမြေ့နေတဲ့ နှလုံးသား

အခါးတွေ ၀င်မလာစေချင်ဘူး

အတားအစီးတွေ ဖြတ်ကျော်ဖို့

တီးတိုးစကားတွေ နားမရောင်စေနဲ့ကွယ် ။


စိတ်ပူမိတယ်

တိတ်တဆိတ်လွမ်းနေရပြီး

လူမသိတဲ့ အပူတွေ

ရင်ဘတ်ထဲထိအောင် လောင်ကျွမ်း

အသည်းတွေလဲ မလန်းမဆန်းနဲ့

နွမ်းနေရပါပြီ ။


တာဝန်တွေများပြီး

စိတ်မအား လူမအားနဲ့

မောပန်းနေပြီလား ချစ်သူရယ်..................

စိတ်ပူမိတယ်

တူတူနေဖို့ အရေး

အတွေးထဲမှာပဲလား

လက်တွေဘ၀မှာတောင်

ချစ်သူကို တက်မက်ခွင့် မရတဲ့သူပါ

ချစ်သူဆီက သတင်းတွေ မလာ

နေ့ရက်ရှည်ကြာ

အမှတ်တရ မရှိတာလားကွယ်။

ထူးထူးခြားခြား ရင်ခုန်စွာနဲ့

ချစ်ရတဲ့သူမို့

ဦးဦးဖျားဖျား ပိုင်ဆိုင်ပါရစေလို့

တောင်းဆုခြွေနေလေရဲ့ ။ ။။။။။


သူငယ်ချင်းရေ...မကြိုက်လို့ပြန်ပြင်ချင်ရင်ပြင်ပါ

ကြိုက်ရင်လဲတင်ပေါ့...ရှင်မတင်ရင် ပြောနော်.....ကျုပ်တင်မယ်

ဒါပေမယ့်ရှင့်အတွက်ရေးတာပါ။။။။မကြိုက်မှာစိုးလို့...အားမနာပါနဲ့...

ချစ်တဲ့ jasmine


ဒီကဗျာလေးကတော့ ကျမရဲ့ သူငယ်ချင်းဖြစ်တဲ့ jas (jasmine ) ကနေ ကျမအတွက်ရည်ရွယ်ပြီး

ရေးပေးတဲ့ လက်ဆောင်ကဗျာလေးပါဘဲ.....ကျမအရမ်းကျေးဇူးတင်ပါတယ် Jas ရေ..

jas ရေးပေးတဲ့ကဗျာလေးကကောင်းလွန်းလို့ ဘာမှကိုပြင်စရာမလိုပါဘူးကွယ်

သူနဲ့တွေ့ခွင့်ရတဲ့အခါကျရင်လည်း ကျမသူ့ကိုပြောပြပါ့မယ် ဒီကဗျာလေးအကြောင်းကိုလေ..။

အခုလို သေချာမတွေ့ရတဲ့ ပုံလေးတွေနဲ့ဆိုတော့ ပိုစိတ်ဝင်စားဖို့ကောင်းတာပေါ့နော် ...

အားလုံးကိုခင်တဲ့ Blackroze


13 comments:

ညီရဲ on 7 September 2011 at 02:02 said...

လွမ်း... လွမ်းလှချည်လား သူငယ်ချင်းရေ...
သြော်... jas ရေးတာလား...
ကဗျာလေးက ကောင်းတယ်နော်...
ဘလက်ရေ... အလွမ်းတွေက သိသာနေပြီနော်...
သူငယ်ချင်းတွေ ချစ်နေလိုက်ကြတာများ... ပြောမပြောချင်တော့ဘူး... ဝမ်းသာပါတယ်ဗျာ...

ကိုကိုမောင်(ပန်းရနံ့) said...

ထွန်းထွန်းနဲ့တူတယ်။
ချစ်သုဝေနဲ့တူတယ်။
တစ်ဝက်တစ်ပျက်ဘဲ မြင်ရလို့လား မသိဘူး။

လွမ်း..လွမ်း...လွမ်း.. သူတို့ဘဲ လွမ်းကြ။း(((

ခင်မင်လျှက်

ဘိုဖြူ on 7 September 2011 at 05:11 said...
This comment has been removed by the author.
စံပယ်ချို on 7 September 2011 at 05:17 said...

အောင်မယ်လေးရှင် ဖြစ်ရလေ....

သူငယ်ချင်းရေ...မကြိုက်လို့ပြန်ပြင်ချင်ရင်ပြင်ပါ

ကြိုက်ရင်လဲတင်ပေါ့...ရှင်မတင်ရင် ပြောနော်.....ကျုပ်တင်မယ်

ဒါပေမယ့်ရှင့်အတွက်ရေးတာပါ။။။။မကြိုက်မှာစိုးလို့...အားမနာပါနဲ့...
ချစ်တဲ့ jasmine
ဒါကိုထဲ့တင်စရာလား သူငယ်ချင်းရေ.....
အပေါ်က ၃ ပုံ အားလုံးလှတယ်....

Anonymous said...

ကဗျာလေး ကကောင်းလိုက်တာ .. လာအားပေးသွားတယ် ..
မမ .. ကချစ်တတ်လိုက်တာ ..ပီးတော့လွမ်းတတ်လိုက်တာ..မွန်နဲ့ တူနေပီ .. :p

ချစ်ခင်လျှက် မွန်

mstint on 7 September 2011 at 09:59 said...

လွမ်းမောရက်များကုန်ဆုံးပြီး ပျော်ရွှင်ချိန်တွေ အမြန်ဆုံးရောက်လာပါစေလို့ တောင်းဆုလေးချွေခဲ့တယ် Blackroze ရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး on 7 September 2011 at 15:20 said...

ဘာကိစ္စတ၀က်ပဲပြရတာတုန်းတော်..
အကုန်ကြည့်မယ် ကဲ ပြလေရော့း)

ပိုင်ဆိုင်ကြရပါစေ ချစ်တဲ့သူချင်းပေါင်းဆုံကြရပါစေ ..
ချစ်တဲ့

မဒိုးကန်

ချော(အစိမ်းရောင်လွင်ပြင်) on 7 September 2011 at 15:32 said...

ညီမနှင်းဆီနက်ရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်နေတဲ့ ကဗျာလေးဘဲမဟုတ်ဘား
လွမ်းနေတဲ့သူကို ပိုလွမ်းအောင် လုပ်ပြန်ပြီထင်တယ်
အလွမ်းတွေ ဝေးပါစေ ညီမလေးရေ

Cameron on 7 September 2011 at 16:27 said...

ကဗျာဆရာမ jas ရဲ့လက်ရာကိုး....။
ကောင်းတယ်ကဗျာလေးက လွမ်းနေတတ်တဲ့ နှင်းဆီနက်အတွက် လိုက်ဖက်တယ်...။

ဖိုးကြယ် on 7 September 2011 at 22:38 said...

အဟမ်း အဟမ်း....အင်း အင်း...လွမ်းနေလိုက်တာများ တူများတွေတောင် လွမ်းချင်လာပြီ...အိုဘယ့်ချစ်သူ ထွက်ထွက်မပြေးပါနှင့်တော့....ကျွန်ပ်အားတဲ့တဲ့ ကိုဝင်တိုးလိုက်ပါတော့ :P

ခင်တဲ့(ဖိုးကြယ်)

တောက်ပကြယ်စင် on 7 September 2011 at 22:44 said...

လွမ်းနိုင်လွန်းပါရဲ့နော်။ လွမ်းဗျာ လွမ်း လွမ်း...

Jasmine ရဲ့ ကွန်မန့်ကို ဖတ်ပြီး ရယ်နေရသေးတယ်။ သူကြီးမင်းကလည်း ပြောတတ်ပါ့ဗျာ။ ဟုတ်တယ်။ တူတယ်ဗျ။ Jerry (ပစ်-ဂ် ပစ်-ဂ်)ရဲ့ မျက်ခုံးမွေးလေးက ထက်ထက်မိုးဦး မျက်ခုံးမွေးနဲ့ တူတယ်ဗျ။ မဒိုးကန်ပြောသလိုပဲ ပြမှာဖြင့် အကုန်ပြပါတော့လား ပစ်ပစ်ရေ။ အရုပ်လေးက အသက်ဝင်လိုက်တာ ပစ်ပစ်ရေ။ ကျန်းမာပျော်ရွှင်ပါစေ ပစ်ပစ်ရေ။

ဟန်ကြည် said...

ချစ်သူ့အလွမ်း...တမ်းတတေးချင်း
သီကျူးရင်းနှင့်...နေ့နှင့်ညပေါင်း
ထောင်သောင်းများစွာ...ကုန်လွန်ပါလည်း
အသည်းပြင်တွင်...ထင်ကျန်ပုံရိပ်
ချစ်အတိတ်လည်း...စွဲမြဲတည်တံ့ ခိုင်ခံ့စေ...

ချစ်သူကို တမ်းတမ်းတတနဲ့ လွမ်းနေတဲ့ ညီမငယ် ပစ်ပစ်အတွက်ပါ...

ပေါ့ဆိမ့် on 10 September 2011 at 01:30 said...

ချစ်လို့လွမ်းတယ် ဝေးလို့လွမ်းတယ်
လွမ်းလို့လွမ်းတယ်
ချစ်မှတော့ လွမ်းကြပြီပေါ့...
ချစ်သူနှစ်ဦး အမြန်ဆုံး ဆုံစည်းနိုင်ကြပါစေလို့ ...
ဆန္ဒပြုရင်း...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei