12 September 2011

အသံတိတ်အလွမ်း...

Posted by blackroze at Monday, September 12, 2011
မှန်းဆလို့မရတဲ့
အနာဂတ်ရယ်
မှုံဝါးဝါးနိုင်လိုက်တာနော်
သရုပ်ဆောင်နေတဲ့
မင်းသမီးလည်း
ပင်ပန်းလှပါပြီ

တဘက်သတ်ရိုက်နေတဲ့
ဇာတ်ကားများဖြစ်နေပြီလား
ဟာတာတာ
လစ်ဟာဟာနဲ့ ...
ကဲ .....
ဒါရိုက်တာရေ
ဘယ်ရောက်နေလဲ
ဘာဆက်လုပ်မှာလဲ..


တဘက်သတ်အချစ်
ဖြစ်များဖြစ်နေပြီလား..
လူတွေပြောကြတယ်
ဖိတ်စာဆိုတာ
ဟိုဘက် ဒီဘက်
နှစ်မျက်နှာရှိတာနော်တဲ့
တခြမ်းဘဲရှိတဲ့ဖိတ်စာ
တခါမှမမြင်ဖူးဘူးဆိုဘဲ...

အရှိန်ပြင်းပြင်းနဲ့
ခွင်းလာတဲ့
မြှားတစ်စင်း
ရင်ကိုထုတ်ချင်းဖောက်သွားတယ်..

အလွမ်းတွေ
ပန်းလိုဖြာထွက်လာတယ်

နင်အဝေးမှာ
အဆင်ပြေရဲ့လား..
ငါဘာမှ မသိတော့ဘူး
ဒါပေမဲ့
ငါညတိုင်း
ဆုတောင်းပေးတယ်
နင်..အဆင်ပြေပါစေလို့..

အဝေးမှာနင်ပျော်ရဲ့လား
ငါမသိပါဘူး...
ဒါပေမဲ့
ငါ့ရင်ထဲမှာတော့
နင်ပျော်ပါစေဆိုတဲ့
ဆန္ဒတွေအပြည့်ပါ

နင့်အချစ်
ငါ့အချစ်
ထပ်တူကျခဲ့ဖူးတဲ့အချိန်တွေ

နင့်အပြုံး
ငါ့အပြုး
ဖလှယ်ခဲ့ဖူးတဲ့ညတွေ

ခပ်ဝေးဝေးမှာကျန်ခဲ့လေရဲ့

အနာဂတ်မှာ
ငါတို့နှစ်ယောက်လက်တွေ
တွဲခွင့်ရှိပါ့မလား
ငါတို့နှစ်ယောက်အပြုံးတွေ
ဖလှယ်ခွင့်ရှိပါ့မလား
ငါတို့နှစ်ယောက်အချစ်တွေ
တထပ်တည်းကျပါ့မလား...

ခုတော့ငါတယောက်ထဲရယ်..

ငါ့ရင်ထဲကစကား
နင်နားထောင်ချင်ဦးမယ်ဆိုရင်...

ငါနင့်ကိုအရမ်းသတိရတယ်နော်
ငါနင့်ကိုစောင့်နေတယ်နော်...
ငါနင့်ကိုအရမ်းချစ်တယ်နော်...... ....။။။။။

Blackroze

12.9.2011 AM 4:35

19 comments:

ဟန်ကြည် said...

မပိုင်တဲ့ အနာဂတ်ကို တွေးမပူစမ်းပါနဲ့ ပစ်ပစ်ရယ်...လတ်တလောအခြေအနေမှာ ကျန်းမာရေးကို ဂရုစိုက်ပြီး ကျန်းကျန်းမာမာနဲ့ လွမ်းနိုင်အောင် ကြိုးစားဖို့ နားမထောင်မှန်းသိပေမယ့် တိုက်တွန်းလိုက်ပါရစေဦးဗျား...

Anonymous said...

ပစ်းးးးး . . . ငါ့ အလွမ်းတွေ နင့်ဆီပါကူးကုန်နေပီး)) . . . အေး လွမ်းတာလည်းလွမ်းဟ ကျန်းမာရေးလည်း ဂရိုက်စု . . . ငါလွမ်းတယ်ဆိုတာ ကျားကိုးစီး စားမကုန်တဲ့ ကိုယ်ရှိတယ် . . . ဆင်ပိန် ကျွဲလောက်ကျန်ပါဦးမယ် . . နင့်ခမျာ အစတည်းက ပစ်ပြီး ပစ်လာတဲ့ ကိုယ်လေး အလွမ်းနဲ့ ရောချလိုက်ရင်တော့ . . အင်း ပစ်ပစ်ရယ် ကြည့်လဲ လုပ်ပါကွယ်း)း) . . .

ဗညားရှိန်

Anonymous said...

အသံတိတ်အလွမ်း ကိုထပ်တူလွမ်းသွားတယ်..မ
သူလည်းဆက်သွယ်ဖို့ ခက်ခဲတဲ့ အနေထားရောက်နေလို့ နေမှာပါ..
အဓိက က မ ကျန်းမာရေးကိုဂရုစိုက်ပါ..
မတို့ ပြန်ဆုံချိန်မှာ မ..ပျော်နေမဲ့ မျက်နှာလေးကို မွန်မြင်မိတယ်
မ ဆန္န တွေပြည့်ပါစေ..။။

ချစ်ခင်လျှက် မွန်

Anonymous said...

မ ..သွေးအားကောင်းအောင်မုံလာဥ အနီ ကိုအစိမ်းစားပေးနော်
သူအတိုင်းမစားချင်ရင်သုတ်စားပေးနော်
အမဲသား စားရင် အမဲသားအသည်း ဟင်းချက်စားးး ခဏလေးနဲ့ 
သွေးအားပြန်တက်တယ်..အိမ်ကအမေ ပြောပြလို့ 
အိပ်ချိန် မှန်မှန်အိပ်နော်
အစစ အရာရာ အဆင်ပြေပါစေ..။။

ကိုကိုမောင်(ပန်းရနံ့) said...

"ချစ်ခင်သူနှင့်၊ အတူတကွ၊ မပေါင်းရဘဲ၊ တမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ၀မ်းရေးတို့ထက်၊ လွမ်းရေးခက်၏။" (ဥမ်မာဒန်တီပျို့)

မိမဲလေးဆီလာရင်း သူကြီမင်းတောင် လွမ်းချင်လာသလိုလို။ အလွမ်းဓါတ်တွေ ကူးသွားပြီထင့်။ ဒါပေမဲ့ ဘယ်သူ့ကို လွမ်းရမှန်းမသိ။
(မှတ်ချက်။ ။ လွမ်းစရာလူ များတဲ့အတွက် ဘယ်သူ့ကို လွမ်းရမှန်း မသိသည် မဟုတ်။ လွမ်းစရာ တစ်ယောက်မှ မရှိလို့ ဘယ်သူ့ကို လွမ်းရမှန်း မသိခြင်းဖြစ်သည်။း)

ညီရဲ on 12 September 2011 at 11:17 said...

အသံတိတ် အလွမ်း ဆိုပေမယ့် သူသိနိုင် လောက်မှာပါ ဘလက်ရေ...

Cameron on 12 September 2011 at 11:22 said...

အသံတိတ်ကလေး လွမ်းသွားတယ်...ညီမရယ်

ချယ်ရီမြေ on 12 September 2011 at 14:05 said...

မှုံဝါးနေတဲ့အနာဂတ်တွေလဲ လင်းလက်တောက်ပပါစေ...
ပင်ပန်းနေတဲ့မင်းသမီးလဲ ခွန်အားတွေပြည့် လန်းဆန်းပါစေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Angelhlaing(May everybody be happy and healthy! on 12 September 2011 at 14:24 said...

မမရေ အတူတူလွမ်းမယ့် သူတွေရှိတယ်လို့...:):)
အလွမ်းတွေအတွက် ဆုလဒ် လှလှလေးနဲ့ မြန်မြန် ဆုံပါစေလို့ ဆန္ဒပြုရင်း..

ချော(အစိမ်းရောင်လွင်ပြင်) on 12 September 2011 at 15:13 said...

ညီမလေးရဲ့ အလွမ်းတွေက ဒီလောက်တောင် ကျယ်လောင်နေမှတော့ သူမသိဘဲ မကြားဘဲ မနေပါဘူး
ဒီလောက်တောင် ချစ်တတ် လွမ်းတတ်လွန်းသူက ဘယ်သူက သတိမရဘဲ မချစ်ဘဲနေမလဲနော်
မကြာခင်မှာ ပျော်ရွှင်ချမ်းမြေ့စွာ ပြန်ဆုံဆည်းကြပါစေ

တောက်ပကြယ်စင် on 12 September 2011 at 17:55 said...

အို သူဘယ်များရောက်နေပါလိမ့်။ ပစ်ပစ်က နင့်ကို အရမ်းလွမ်း၊ အရမ်းတမ်းတပူဆွေးနေတယ်နော်။ ကျန်းမာရေးထိခိုက်မှာတောင် စိုးရိမ်နေမိတယ်ကွာ။ အမြန်ပြန်လာခဲ့ပါတော့လား ပစ်ပစ်လေးဆီကို။

(ပစ်ပစ်ရေ ဘုန်းဘုန်းတောင် လွမ်းချင်သလိုလို ရှိလာပြီနော်။ ဘယ်သူ့ကို လွမ်းရမလဲတော့ မသိသေးဘူး။ အလွမ်းဓာတ်တွေ ကူးကုန်ပြီ ထင်ပါရဲ့)

ကျန်းမာပျော်ရွှင်ပါစေ ပစ်ပစ်ရေ။

ညိမ်းနိုင် on 12 September 2011 at 20:08 said...

လွမ်းစရာလေးတွေရှာကြံပြီးတောင်လွမ်းသွားရပါရဲ့....နက်နက်ရယ်....။
ကျမ်းမာရေးလည်း ဂရုစိုက်ရင်းလွမ်းဦးနက်နက်ရေ.....။

စံပယ်ချို on 12 September 2011 at 20:12 said...

ပစ်ရေ...
အရမ်းကြီးလွမ်းနေတာလား
အဆင်ပြေမှာပါ.....သူလဲ ပစ်လိုပဲ လွမ်းနေမှာပေါ့
အလွမ်းတွေဖြာမထွက်စေနဲ့
အလွမ်းတွေကိုမှာတမ်းလုပ်လိုက်ပါနော်.....
ချစ်တဲ့ jasmine

မောင်ဘုန်း on 12 September 2011 at 21:56 said...

အားရိုး ... လွမ်း လို့  ... စိတ်ပြေရာပြေကြောင်း စာလိုက်ဖတ်ပါ တယ် ..
အစ်မ ကဗျာ ဖတ်မိမှ ... ပိုစိုးကုန်ပြီ ...

ချစ်သူမောင် on 13 September 2011 at 03:31 said...

ဟ ဟကွန်မင့်မှားပေးမိပြီဗျာ

ချစ်သူမောင် on 13 September 2011 at 03:33 said...

လွမ်းဖျားလွမ်းနာနဲ့တူပါတယ်ဗျာ
ထွက်အံကျလာတဲ့စကားလုံးတိုင်းကတမ်းတနေတာ
ကဗျာရေးတဲ့ရင်ဘတ်ချင်းနားလည်ပါတယ်ဗျာ

ခင်မင်လျှက်
ချစ်သူမောင်

မြသွေးနီ on 13 September 2011 at 11:35 said...

ချစ်ခြင်း၊ လွမ်းခြင်းတွေကို သူသိပါစေ...။
ချစ်ခြင်း၊ လွမ်းခြင်းတွေ သူနဲ့ ထပ်တူကျခွင့်ရပါစေ....လို့ ဆုတောင်းပေးခဲ့မယ်နော်..။

မောင်သီဟ on 13 September 2011 at 18:13 said...

အလွမ်းဆိုတာ အရက်နာလိုပဲတဲ့
ကိုဗဒင်က သီချင်းလေးဆိုထားရဲ့

အလွမ်းတွေသာပန်းတွေလိုဝေခဲ့ရင် လွမ်းတတ်သူရင်ဟာလှပတဲ့ ပန်းခင်းကြီးပေါ့ဗျာ လွမ်းသောသူရော လွမ်းခံရတဲ့သူကော ချမ်းမြေ့ပါစေဗျာ

မဒမ်ကိုး on 14 September 2011 at 13:48 said...

ပစိပစ်ကလေးရယ် အမနေမကောင်းလို့ခုမှပဲလာနိုင်ပါတယ်
ဒါတောင်သိပ်နေမကောင်းသေးပါ
ငါ့၈ျယ်လီလေး လွမ်းနာကျနေပီထင်ပါ့
..ဘာမှဖိတ်စာတခြမ်းမရိုက်နဲ့ အကုန်သာရိုက်သွားး)နော်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei