15 September 2011

ဘလော့ဂါ ဆိုတာ..

Posted by blackroze at Thursday, September 15, 2011
ဘလော့ဂါဆိုတာဘာလဲ ......တော်တော်များများကတော့ အဓိပ္ပါယ်အမျိုးမျိုးနဲ့ရေးပြီးကြပါပြီ....
ကျမအမြင်ကိုပြောရမယ်ဆိုရင် ...ဘလော့ဂါဆိုတာ အွန်လိုင်းပေါ်ကစာရေးသူတွေ လို့မြင်ပါတယ်...
တချို့ကအချစ်အကြောင်းရေးတယ်
တချို့ကနည်းပညာအကြောင်းရေးတယ်..
တချို့ကချက်နည်းပြုတ်နည်း..အစားအသောက်နဲ့ပတ်သက်တာလေးရေးတယ်..
တချို့ကျတော့ ကျန်းမာရေးဆိုင်ရာသုတွေရေးတယ်..
တချို့ကျတော့ ဗဟုသုတ ဆိုင်ရာလေးတွေပြန်မျှဝေပေးတယ်...
ကျမလိုဟိုမေ၇ာက် ဒီမေ၇ာက်စာတွေ ရေးတဲ့သူကတော့မရှိသလောက်ရှားမယ်ထင်တာဘဲ..အဟီးးး
ဘယ်လိုအနေအထားနဲ့ဘဲရေးရေးပါ...ကိုယ်သိတာကိုပြန်လည်မျှဝေပေးတဲ့
စာေ၇းသူတွေကိုဘလော့ဂါလို့ခေါ်ကြတာပါ...။

သေချာတာတခုကတော့ ဘလော့ဂါဆိုတာ လူသားတွေထဲကလူသားတွေပါဘဲ...

အသွေးအသားနဲ့ဖွဲစည်းတည်ဆောက်ထားကြတဲ့သူတွေကြီးပါဘဲ...

ကျမနေလည်းသိပ်မကောင်းလို့ ဒီလောက်ဘဲရေးလိုက်တယ်နော်....
တဂ်ထားတဲ့ jas နဲ့မောင်ဘုန်း ရေ..ကျမရေးပြီးပြီနော်...
(နောက်ထပ်ဘယ်သူတွေကျမကိုတဂ်ထားသေးလဲသေချာမသိတော့ပါဘူး)
ကိုရင်လည်းမကိုင်ပါနဲ့တော့နော်..နတ်ဆိုရင်ကြောက်လွန်းလို့ပါ...
အခုနေမကောင်းတကောင်း ဖြစ်နေတာတောင် နတ်ကိုင်နေတာများလားမသိ ....
အဲတာဆိုရင်တော့ ဒွတ်ခ ဘဲနော်...

( အခုတလောကျမတခုခုကိုအာရုံစိုက်ပြီးလုပ်နေရင်နောက်တခုကိုသတိမထားမိတတ်ဘူး...
တခါတလေ ကျမဘလော့မှာစာဖတ်ပြီးစိတ်ဝင်တစားနဲ့ကောမက်ရေးနေတာမျိုးတို့
စာတခုခုကိုအာရုံစိုက်ပြီးဖတ်နေတာမျိုးဆိုရင် တယောက်ယောက်က လှမ်းပြီး
စာ type လာရင် ကျမမသိတော့ဘူး..ချက်ချင်းပြန်မပြောရင် စိတ်မဆိုးဖို့ တောင်းပန်ပါတယ်...
ကျမကgtalk ဖွင့်တာမဟုတ်ပါဘူး...Gmail ကိုဘဲဖွင့်ထားလို့ပါ ....gtalk ဖွင့်ထားရင် စာ typeလိုက်ရင်
chat boxလေးကတက်လာတော့ချက်ချင်းသိနိုင်တာပေါ့...Mail ကျတော့mail ထဲမှာဘဲပေါ်နေတာ
ဆိုတော့ မေးလ် ထဲပြန်မကြည့်မိမချင်း သူများလှမ်းပြောနေလားဆိုတာ မသိတော့ဘူး..
အဲတာကြောင့်မို့လို့ပါ .။။။)

blackroze ( or) jerry pigpig
15.9.2011 AM 3:09

13 comments:

တောက်ပကြယ်စင် on 15 September 2011 at 03:57 said...

ပစ်ပစ်ရေ မောနင်းနော်။ ပစ်ပစ်ပြောတဲ့ ဘလော့ဂါရဲ့အဓိပ္ပာယ်လေးလည်း တစ်မျိုးချစ်စရာလေးပါ။ ပစ်ပစ်က တယ်သမာဓိအားကောင်းတာကိုး။ တစ်ခုခုကို အာရုံစိုက်ပြီး လုပ်နေရင် တစ်ခုခုကို သတိမထားမိတတ်ဘူးပေါ့။ ဟုတ်လား။ အဲဒါကောင်းတာပေါ့။ စာကျက်ရင် ရလွယ်တယ်။ သိလား။ ဘုန်းဘုန်းမှာလည်း အဲဒီလို သမာဓိအားကောင်းတဲ့ သူငယ်ချင်းတစ်ပါးရှိတယ်။ သူ စာကြည့်ပြီဟေ့ဆိုရင် ဘေးက ခေါ်လည်း သူမကြားတော့ဘူး။ ဂေဇက်ထွက်ရင်လည်း ဂုဏ်ထူးတွေ ရရတတ်တယ်။ ကျန်းမာပျော်ရွှင်ပါစေ ပစ်ပစ်ရေ။

blackroze said...

သမာဓိအားကောင်းလားမကောင်းလားတော့မသိပါဘူးဘုန်းဘုန်းရယ်..
အခင်မင်ပျက်သွားတဲ့သူတွေတော့များသားဘဲ..အဟီးးး
သူကလှမ်းခေါ်နေတာကိုယ်ကဘယ်လိုလုပ်သိမှာလဲလို့..
စာဖတ်နေတဲ့ဟာကို..
တမင်ပြန်မပြောတာမှမဟုတ်တာလေ...
ဂုဏ်ထူးကတော့ ဟဲဟဲ..ပစ်ပစ်နဲ့ရန်ဖြစ်ထားတယ်..
အမှတ် 100 တို့အဆင့် ၁ တို့ဂုဏ်ထူးတို့ ဆိုတာပစ်ပစ်နဲ့ရန်ဖြစ်နေကြ..
ဘယ်တော့မှမတည့်ဘူး...ဟီးးဟီးး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော်ဂါဆိုတာ အသွေးအသားနဲ့ဖွဲ့စည်းထားတယ်ဆိုတာ သိပ်မှန်တာပေါ့
ဂျီးတော်အခု နေမကောင်းဖြစ်ချင်နေပြီဆို
ဒါ အသွေးအသားရှိလို့ဖြစ်တာလေ။
သိပ်လည်းလွမ်းမနေနဲ့
နေကောင်းအောင်နေပြီး အားမွှေးထား
နေမကောင်းဖြစ်နေရင်
ပြန်ဆုံတဲ့အခါ မလှဘဲနေဦးမယ် ။

နေကောင်းကျန်းမာပါစေ ညီမလေး

ကိုကိုမောင်(ပန်းရနံ့) said...

တိုတိုလေးး((

လင်းခေတ်ဒီနို on 15 September 2011 at 07:49 said...

ပစ်ပစ် နေကောင်းသွားပြီလား . . ကျန်းမာရေး ဂရုစိုက်ဦး . . .

SHWE ZIN U on 15 September 2011 at 10:37 said...

ဘလောဂ်ဂါ ဆိုတာဖတ်သွားတယ်

မောင်ဘုန်း on 15 September 2011 at 12:37 said...

သူငယ်ချင်း ရေ ...ကျန်းမာရေ ဂရု စိုက်ပါ နော် ....
မြန်မြန် နေကောင်းပါစေလို့  ဆုတောင်းခဲ့ပါတယ် ....

မဒမ်ကိုး on 15 September 2011 at 13:43 said...

ဂျယ်လီပစ်ပစ်ကလေးရေ နည်းနည်းသက်သာသွားလို့ရောက်ခဲ့သကွယ် ..
နတ်ကိုင်တယ်ထင်ရင် နတ်တင်လိုက်ပါ ..မုန့်ကလေးဘာလေးနဲ့ပေါ့(များများတင်နော် )
တင်တဲ့နေပြော..လာစားမယ်း)

ချစ်တဲ့
အမ မဒိုးကန်

စံပယ်ချို on 15 September 2011 at 16:22 said...

ပစ်ရေ
ကောင်းတယ်သူငယ်ချင်းရဲ့ဖွင့်ဆိုချက်ကလဲ
ရိုးရှင်းလေးပဲ.....
ရေးပေးတာကို ကျေးဇူးတင်နေမှာပါရှင်
ကျန်းမာရေးကိုဂရုစိုက်ပါ
လူသာလျှင်ကျန်းမာဖို့ အရေးကြီးဆုံးပါပဲ။

သဒ္ဓါလှိုင်း on 15 September 2011 at 17:40 said...

ဘလော့ဂါအကြောင်းလေးဖတ်သွားတယ်။ ကျန်းမာရေးလည်း ဂရုစိုက်အုံးနော်။ နေကောင်းမှ ကိုယ်လုပ်ချင်တာလုပ်လို့ရမှာ.။
ချစ်တဲ့
သဒ္ဓါ

ဖိုးကြယ် on 15 September 2011 at 20:17 said...

အဲဒါ အဲဒါ ကျွန်ပ်တို့ ဘလော့ဂါပါ.... :P

ခင်တဲ့(ဖိုးကြယ်)

အဖြူရောင်နတ်သမီး said...

ခုမှရောက်တယ် ရို့စ်ရေ...
အလုပ်တွေပိနေလို့..

ညီရဲ on 16 September 2011 at 04:07 said...

သူငယ်ချင်းရေ ဘလော့ဂါ အကြောင်းလေး လာဖတ်သွားတယ်နော်...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei