21 November 2017

ဖိနပ်စီးသောခြေထောက်များ

Posted by ခံစားမှု့ သံစဉ် at Tuesday, November 21, 2017 0 comments
ကျမ မနေ့က sogo သွားတယ်..ရထားစီးတယ်..sunday ဆိုတော့ ရထားက လူကျပ်တယ်ဆိုပါတော့ ။ကျမပေါ်ထိုင်ရင်း ကျမ လူတွေရဲ့ ခြေထောက်ကို သေချာလိုက်ကြည့်မိတယ် ။ ကြည့်တော့ဘာတွေ့လည်း ဖိနပ်တွေ့တာပေါ့ ။ အဲဒီမှာ ဖိနပ်တွေက အေ၇ာင်စုံ အသွေးစုံ..ပုံစံစုံ .. ။

သစ်လွင်နေတဲ့ ဖိနပ်စီးထားတဲ့ ခြေထောက်လည်းပါတယ် ။
အနည်းငယ် ဟောင်းနွမ်းစပြုနေတဲ့ ဖိနပ်စီးထားတဲ့ ခြေထောက်လည်းပါတယ် ။NIKE တို့ FILA တို့ ..Sketcher တို့ လည်းတွေ့သလို . Hang Ten တို့ all star တို့လည်းတွေ့တယ်..အမျိုးအမည် မသိတဲ့ ရိုးရိုး walking shoes လေးတွေလည်းတွေ့တယ် ။ခြေညှပ်ဖိနပ် ...ကြိုးသိုင်းဖိနပ် ..အစုံပါဘဲ ။
High Heel စီးထားပြီး ကတော့ ကတော့ ဖြစ်နေတာလည်းတွေ့တယ် ။
ရိုးရိုး ဖိနပ်အပါးလေးနဲ့ လှနေတဲ့ ခြေထောက်လေးတွေလည်းတွေ့တယ် ။


စိတ်ထဲတွေးမိတယ် ။ဖိနပ်ဘာကြောင့်စီးကြတာလည်း ???
ခရီးတခုကို သွားတဲ့ အခါ ခြေထောက်မနာအောင် ကာကွယ်ဖို့အတွက် စီးကြတာ ။အဲတာဆို ကျမတို့က ဒီဖိနပ်တရန်ကို ဘာတွေကြည့်ပြီး ရွေးဝယ်သင့်လည်း ။နာမည်ကြီးတံဆိပ်တွေက ခြေထောက်မနာဘူး။ပေးရတဲ့ ပိုက်ဆံနဲ့တန်တဲ့ အရည်သွေးရှိတယ် ။
နာမည်ကြီးတံဆိပ်ကို လူတိုင်းမဝယ်နိုင်ပါဘူး..ဒါဆို ရိုးရိုး တံဆိပ်တွေက ခြေထောက်နာသလား ။

NOOO ..
မနာပါဘူး...ကိုယ့်ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ဆို ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေနေတာပါဘဲ ။တကယ်တော့ ခရီးတခုသွားဖို့ အတွက် ကောင်းခြင်းမကောင်းခြင်း branded ဖြစ်ခြင်းမဖြစ်ခြင်း .. ဈေးကြီးခြင်း မကြီးခြင်းဆိုတာတွေထက် ... ကိုယ်ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ဖြစ်ဖို့က အရေးကြီးဆုံးပါဘဲ...လှပခြင်း တန်ဖိုးကြီးခြင်း ဆိုတာတွေထက်..စီးလိုက်အခါ ကိုယ့်ခြေထောက်လေးနဲ့ အဆင်ပြေ နေဖို့က အရေးကြီးဆုံးပါဘဲ ။ကိုယ်ဝယ်တဲ့ဖိနပ်ကို အဆင်ပြေပြေ နဲ့ စီးနိုင်ဖို့က အရေးကြီးဆုံးပါဘဲ .။ဖိနပ်ကလှပေမဲ့ စီးလို့ အဆင်မပြေ ဘူးဆိုရင်တော့အစထဲက မဝယ်တာအကောင်းဆုံးပါ ။
ကိုယ်လျှောက်ရမဲ့ ခရီးမှာ ကိုယ့်အတွက် ခြေထောက်မနာအောင် အကာအကွယ် ဖြစ်ချင်လို့ ဖိနပ်စီးတာလေ ။ဒီဖိနပ်စီးလို့ ခြေထောက်နာမယ်ဆိုရင် ဒီလိုဖိနပ်ကို ဆိုင်ကနေ အိမ်ကို သယ်မလာတာ အကောင်းဆုံးပါ ။ခရီးအရှည်ကြီးကို သွားနေကြတဲ့ ကျမတို့တွေ ကိုယ်နဲ့ အသင့်တော် ဆုံးဖိနပ်ကို ရွေးကြရအောင်လား ။။။။

ပစ်ပစ်
Am 2:35
21.11.2017





23 March 2017

အကြွေစေ့လေးနှစ်စေ့

Posted by blackroze at Thursday, March 23, 2017 2 comments
 
ကျမ နေတဲ့ နိုင်ငံမှာ ဘတ်စ်စကား တခါစီး 15ကျပ်ပါ .စီးရမဲ့ ခရီးကရှည်ရင်တော့ 30ပေါ့ ။အဲဒီတော့ ဘတ်စ်ကား စီးဖို့ အတွက် ကဒ်နဲ့ဘဲ စီးစီး အကြွေ 15 ကျပ် ထည့်ပြီးဘဲ စီးစီး ..အဆင်ပြေပါတယ် ။ဒါပေမဲ့ ကဒ်နဲ့က ပြသနာမရှိပေမဲ့ အကြွေ စေ့ထည့်ရင်တော့အတိအကျ ထည့်ပါ ။ပိုငွေ ပြန်မအမ်းပါဘူး.15 ကျပ်တန်ခရီးကို အကြွေမရှိလို့ 500တန်ထည့်လည်း NO ပါ ။ပြန်မအမ်းပါဘူး ။

ကျမ ရောက်စတုန်းက မလည်မဝယ်အချိန်မှာ ကားပေါ်ကို ကားခအကြွေမပါဘဲ ပါသွားခဲ့ဖူးတယ်... အမှန်က ပိုက်ဆံအိတ်ကျန်ခဲ့တာ ။အလုပ်သွားဖို့ ပြင်ရင်း ပိုက်ဆံအိတ်ကို ထုတ်လိုက်မိသလား သတိမထားမိလိုက်ဘူး..။ကားပေါ်က ဆင်းကာနီး ပိုက်ဆံ ထည့်ဖို့ အိတ်ကို နှိုက်တော့မှ ...

"" ဟာ ..သွားပြီ ...""" ဆိုပြီး ပိုက်ဆံအိတ်ပါမလာဘူးဆိုတာ သိတာပါ ။
အဲဒီတုန်းက ကျမစီးတဲ့ ကားက No.10 လိုင်းပါ ( အခုတော့ အဲဒီကားလိုင်းကို 10 မဟုတ်တော့ဘဲ 796ဆိုပြီးပြောင်းလိုက်ပါပြီ)
မှတ်တိုင်ကလည်း ရောက်တော့ မယ် ..မနက်စောကြီး (အဲတုန်းက အလုပ်ချိန်က မနက်8 နာရီ ညနေ 53း0 )လူကဇောချွေးတောင် ပြန်လာပါတယ် ။ နောက်ဆုံး ကားမောင်းတဲ့ ဒရိုင်ဘာ ကိုဘဲ ..ကျမ ပိုက်ဆံအိတ်မေ့ကျန်ခဲ့တယ်လို့ ပြောရပါတော့တယ် .. ကျမရဲ့ မပီမသတရုတ် စကားသံကိုနားထောင် ပြီး ကားမောင်းတဲ့ ဦးလေးကြီးက နင်ဘယ်ကလာတာလည်းဆိုပြီးမေးပါတယ်.. မြန်မာနိုင်ငံကလာတာ ပါ..ရောက်တာမကြာသေးပါဘူးလို့ ဖြေလိုက်တယ်... ကားဒရိုင်ဘာဦးလေးက ကျမဆင်းရမဲ့ မှတ်တိုင်လည်း ရောက် ရော ဆင်းသွားဖို့ လက်ဟန်ခြေဟန်နဲ့ ပြပါတယ် ။ကားခမပါပေမဲ့ အဲဒီမနက်က အဆင်ပြေသွားခဲ့ပါသည် ။

ဒါပေမဲ့ ကျမစိတ်ထဲ စွဲနေအောင် မှတ်သွားတာ တခုကတော့ ခရီးတခုသွားဖို့အတွက် မလိုတာတွေပါသွားတာထက် လိုတာတခု ကျန်ခဲ့လို့ မဖြစ်ဘူးဆိုတာပါဘဲ ။

အဲဒီအချိန်ကထဲက ကျမ လွယ်တဲ့ အိတ်ကလေးရဲ့ အတွင်းဘက် အိပ်ကပ်လေးမှာ အကြွေ 10တန်တစေ့နဲ့ 5ကျပ် တန်တစေ့ကို ပလတ်စတစ်အိတ်လေးနဲ့ ထည့်ပြီးသိမ်းထားလိုက်ပါတယ်..။

တကယ်လို့များ .. ပိုက်ဆံအိတ်မေ့ကျန်ခဲ့မယ်ဆိုရင် ကားခမပါလို့ပါဆိုပြီး တောင်းပန်စရာမလိုအောင်ပါ .။
နောက်တော့ အချိန်တွေကြာသွားတယ် .။
နှစ်တွေလည်းအတော်ကြာသွားတယ် ။
ကျမလွယ်တဲ့ အိတ်တွေလည်း ပြောင်းသွားသည်။
ကျမလည်း ပိုက်ဆံအကြွေအိတ်ကသပ်သပ်တအိတ် ရှိသမျှ ကဒ်တွေနဲ့ ပိုက်ဆံ အရွက်ထည့်တာက သပ်သပ်တအိတ် ထားတတ်သွားသည် ၊
ဟိုးးးလပိုင်းက အိမ်အပြောင်းအရွှေ့လုပ်တော့ ပြစ်ရမဲ့ ပစည်းတွေထုပ်ပိုးတော့ ကျမရဲ့ အိတ်အဟောင်းတွေထွက်လာသည် .မပြစ်ခင် အထဲမှာ ဘာရှိလည်းအရင်ကြည့်တော့ အဲဒီ အကြွေစေ့လေး
နှစ်စေ့ ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကလေးထွက်လာသည် ။
စိတ်ထဲရုတ်တရက် မမှတ်မိဘူး..နောက်တော့ မှ ..ပြန်သတိ၇သွားသည်။

ကျမနှစ်တွေကို ပြန်တွက်ကြည့်တော့ 8နှစ်နီးပါးတောင် ကြာခဲ့ပြီ။
တချိန်က 15 ကျပ်က ကျမစီမှာ ကျန်နေတုန်း ။
လိုအပ်ခဲ့ရင် ဆိုတဲ့ စိတ်နဲ့ တန်ဖိုးထား သိမ်းထားခဲ့မိလို့ အခုထိကျန်နေခဲ့သည် ။15 ကျပ်က တကယ်တမ်းမှာတော့ တန်ဖိုး မရှိလှပါဘူး..ဒါပေမဲ့လည်း လိုအပ်ခဲ့ရင် ဆိုပြီး ကျမထားခဲ့တဲ့ တန်ဖိုး တခုကြောင့် အခုချိန်ထိအောင် ကျမစီကျန်နေခဲ့တယ်လို့ ထင်မိပါသည် ။

ပစ်ပစ်
22.3.2017
Pm 11:50

(ကိုယ်က တန်ဖိုးထားရင် တဘက်ကလည်း အပြန်အလှန်အားဖြင့် ကိုယ့်စီမှာရှိနေတတ်တဲ့ သဘောပါဘဲ ။တချို့သော လူတွေက တန်ဖိုးမထားတတ်ဘူး .လိုအပ်ချိန်မှ ရှာမယ်ဆိုရင်တော့ ကိုယ့်အနားမှာ ဘာမှကိုရှိနေမှာ မဟုတ်ပါဘူး )

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei