10 September 2011

နေမကောင်းဘူးရယ်..

Posted by blackroze at Saturday, September 10, 2011
နေလို့မကောင်းဘူးရယ်.. ရင်ထဲတလှပ်လှပ်နဲ့...အလုပ်ဘဲပင်ပန်းလို့လား
စိတ်ဘဲပင်ပန်းလို့လားတော့ မသိတော့ပါဘူးလေ...

ခုနေခါ..ငယ်ငယ်တုန်းကလိုဘဲ
နေမကောင်းဘူး...မြူစွမ်ချက်ပေး..ကြေးအိုးသောက်ချင်တယ်သွားဝယ်ပေး.. ရခိုင်မုန့်တီ
စားချင်တယ်ဝယ်ကျွေးနော်..အဲလိုပူဆာချင်လိုက်တာ...
နေမကောင်းဘူး..ကျောင်းမသွားချင်ဘူး ..ခွင့်တိုင်ပေး...ကျူရှင်လည်းမသွားဘူးနော်
အိမ်မှာဘဲနေမှာနော်...ညနေကျရင်တော့စာအုပ်ဆိုင်တော့ ပေးသွားရမယ်နော်...
ထုံချိုင်းသီချင်းခွေလည်းဝယ်ပေးနော်

ဟိုးးးးအရင်တုန်းကကျမနေမကောင်းဖြစ်တိုင်းပူဆာနေကြစကားတွေပေါ့...

အလုပ်မှာတနှစ်တခါဆေးစစ်ရတယ်....ဆေးစစ်တဲ့အခါတိုင်း ကျမအမြဲတမ်းသွေးအားနည်းးတယ်
ဒီနှစ်ဆေးစစ်တာလည်း ထုံးစံအတိုင်းပေါ့.. ..ဆရာဝန်မှတ်ချက်ကတော့ သက်ဆိုင်ရာဆရာဝန်နဲ့
ဆက်လက်ကုသပါတဲ့လေ...။။
ပြနေတာဘဲလေ...အမြဲတမ်းဒီလိုဘဲဖြစ်နေတာဘဲလေ...ဘာမှထူးခြားမလာတာလေ...
ဘယ်လိုဆက်လုပ်ရမှာလဲလို့..ဟုတ်တယ်မဟုတ်ဘူးလားနော်...

ကျမကိုယ့်ဘာသာကိုယ်အားပေးပါတယ်...ခါတိုင်းနှစ်တွေလည်း ဆေးစစ်တိုင်းဒီလိုပါဘဲ...
အခုလည်းဒီလိုပါဘဲ...စိတ်ပူစရာမလိုပါဘူးဆိုပြီးတော့ ကိုယ့်ဘာသာပြန်အားပေးနေကြပါ ...ဆေးတခါစစ်ပြီးတိုင်းကျမ တောင်တွေး မြောက်တွေးနဲ့ အတွေးပေါင်းစုံနှိပ်စက်သမျှ ခံနေကြပါ....
လောကကြီးမှာနေတတ်ရုံတင်မရဘူး သေတတ်ဖို့လည်းလိုပါသေးတယ်....
ကျမစိတ်ကိုတော်တော်လေး ပြင်ဆင်ရဦးမှာပါ ....
သူငယ်ချင်းကတော့ ရုပ်ရှင်သွားကြည့်မယ်တဲ့ စိတ်ပြေလက်ပျောက်ပေါ့တဲ့...
အဲတာနဲ့ရုပ်ရှင်သွားကြည့်ကြပါတယ် ....ကျမစိတ်ညစ်နေမှန်းသိလို့ ကျမသူငယ်ချင်းက
ကျမလုပ်ချင်တာမှန် သမျှ အဖော်လိုက်လုပ်ပေးရှာပါတယ်.....ရုပ်ရှင်ရုံရောက်တော့ နင်ကြိုက်တဲ့ကား
ရွေးတဲ့ ..အခုရုံတင်တဲ့
賽德克‧巴萊, (seediq bale) ကြည့်ဖြစ်ပါတယ်..နေကိုကိုးကွယ်ယုံကြည်တဲ့ဂျပန်တွေကို သက်တန့်တွေကိုကိုးကွယ်ယုံကြည်တဲ့ ထိုင်ဝမ်ဒေသခံတိုင်းရင်းသားတွေက
ဖိနှိပ်မှု့ကိုမခံနိုင်တော့ လို့ ပြန်တော်လှန်တဲ့ဇတ်လမ်းလေးပါ ...ဇာတ်လမ်းလေးကလည်းကောင်းတယ်...
တော်တော်လေးလည်းအကုန်အကျခံပြီးရိုက်ထားတဲ့ကားလေးပါ ......

အိမ်ပြန်ရောက်ကထဲက အိပ်ယာထဲခွေနေမိတာပါဘဲ .....ရန်ကုန်ကိုဖုန်းဆက်တာလည်း
အဆင်မပြေ...လိုင်းကျနေတာလား ဖုန်းပျက်နေတာလည်းမသိ.....စိတ်ဓါတ်ကဘဲကျနေလို့လားမသိ..
ဖုန်းခေါ်လို့မရတော့ နောက်ဖေးဝရံတာ သံမံတလင်းမှာ အကြာကြီးထိုင်နေမိတယ်...
ကျမဘယ်သူနဲ့မှလည်းစကားပြောချင်စိတ်မရှိဘူး......ကျမရင်ထဲမှာ မြိုသိပ်ထားတဲ့
ဆန္ဒတွေအရမ်းများနေတယ်လို့ ခံစားနေရတယ်...အရာရာလေထဲလွင့်နေသလိုပါဘဲလေ....။

အခုနေခါ ငယ်ငယ်တုန်းကလိုဘဲ ဖြစ်ချင်တဲ့ ဆန္ဒတွေပြောခွင့်ရမယ်ဆိုရင် ...

နေမကောင်းဘူးနော်
တလလောက်အလုပ်မသွားဘဲအိမ်မှာဘဲနေမှာနော် လို့ကျမပြောချင်လိုက်တာ

ဒါပေမဲ့
မနက်ဖန် နေ့ခင်း 2း00 ဆိုရင် ကျမအလုပ်သွားမှာပါ....း)

ကျမ စာတွေမရေးဖြစ်သေးရင်မေ့မသွားကြနဲ့နော်...


blackroze..
10.9.2011 AM 1:08



Youtube ကနေ download လုပ်ထားတာလေးပါ

11 comments:

ညီရဲ on 10 September 2011 at 01:48 said...

ငါ့ သူငယ်ချင်းလေး သနားပါတယ်...
ကဲ.. ကဲ.. နေမကောင်းရင်လဲ တစ်လလောက် အလုပ်မသွားပဲနေ...

သူကြီးမင်း (တုံးဖလား) on 10 September 2011 at 02:06 said...

နေမကောင်းတာတောင် ရုပ်ရှင်ကြည့်ဖြစ်အောင် သွားကြည့်လိုက်သေးတယ်။း((

ကျန်းမာရေးဂရုစိုက်ပါ။ နေမကောင်းရင် ဘာမှ လုပ်လို့ မရဘူး။ စိတ်ဓါတ်တွေလဲ ကျတတ်တယ်။

ကျန်းမာပျော်ရွှင်နိုင်ပါစေ။
ခင်မင်လျှက်

တောက်ပကြယ်စင် on 10 September 2011 at 02:10 said...

မေ့စရာလား မေ့စရာလား။ ပြောထားတယ်နော်။ ကျန်းမာရေး ထိခိုက်လောက်အောင်လည်း မလွမ်းပါနဲ့လို့။ လွမ်းတော့လွမ်းပေါ့ကွယ်။ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်ပေါ့ ပစ်ပစ်ရယ်။ ကိုယ့်ကိုယ်ကိုချစ်ရင် ကျန်းမာရေးကို ဂရုစိုက်ပါနော်။
ကျန်းမာပျော်ရွှင်ပါစေ ပစ်ပစ်ရေ။

ကိုရင် on 10 September 2011 at 05:54 said...

ဆိုတော့ကာ...အမြန်ဆုံး နေကောင်းပါစေပေါ့ဗျာ..

rose of sharon on 10 September 2011 at 08:20 said...

ွGet well soon sis, take care :)

Anonymous said...

မ ..နေကောင်းအောင်နေပါနော်

မွန်

စံပယ်ချို on 10 September 2011 at 13:37 said...

နားချင်စိတ်ရှိနေရင်နားလိုက်နော်
အိပ်ရေးဝအောင်အိပ်ပါ...စိတ်ညစ်စရာတွေကိုနဲနဲဘေးဖယ်ထားပေးပါ
စိတ်ညစ်စရာတွေကိုစိတ်ညစ်နေရင်သူတို့ကအကဲပါတယ်
မသိသလိုလေးနေပေးလိုက်တော့နဲနဲရှိန်တာပေါ့.....
အားရှိစေတဲ့အစာလေးတွေစားပေးနော်..သူငယ်ချင်းရေ
ဘာဖြစ်ဖြစ်စိတ်ကအရေးကြီးဆုံးပါပဲ...
ချစ်ခင်တဲ့ jas

ချော(အစိမ်းရောင်လွင်ပြင်) on 10 September 2011 at 17:50 said...

ညီမလေး
စိတ်ပျော်နေမှလည်း ကိုယ်ပါကျန်းမာမှာ
မိမိစိတ်ကို ကြံ့ခိုင်အောင် အရင်ကြိုးစားနော်
စိတ်ဓာတ်ကြံ့ခိုင်ပြီဆိုရင် အရာရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
လူတိုင်းဟာ စင်းလုံးချောမှ မဟုတ်ကြတာ
တစ်နေရာမဟုတ် တစ်နေရာ ချို့ယွင့်နေကြတာပါဘဲ။ ကျန်းမာရေး၊ လူမှုရေး၊ ငွေရေးကြေးရေး စသဖြင့် အမျိုးစုံလှတဲ့ အကြောင်းတရားတွေနဲ့ လုံးခြာလိုက်နေကြတာများပါတယ်။
ညီမလည်း စိတ်ဓာတ်ခိုင်မာစွာနဲ့ ကိုယ်ခန္ဓာရဲ့ကျန်းမာရေးကို ကုစားနိုင်ပါစေလို့...

SHWE ZIN U on 10 September 2011 at 21:19 said...

ညီမ ရေ

ဖတ်ပြီးတော့တောင်စိတ်မကောင်းဘူး မြန်မြန်နေကောင်းပါစေ နေမကောင်းရင်လည်း ပူစာနိုင်ပါစေ လို့ဆုတောင်းပါတယ်

ဟန်ကြည် said...

နေမကောင်းဘူးလား...ရေချိုးပြီးရင် ပန်ကာအောက်မှာ အအေးခံ...သိမ်ကြီးဈေးနဲ့နီးတယ်မို့လား...ဆေးဝယ်သောက်လိုက်ပေါ့ ပစ်ပစ်ရယ်...ဒါများအဆန်းလုပ်လို့ ;D

တစ်ခုအကြံပေးချင်တာက နေမကောင်းဖြစ်ချင်နေရင် ကိုယ့်ကိုယ်ကို လူမမာစိတ်မမွေးဘဲ အိပ်ရာထဲမှာ ခွေမနေဘဲ သွားစရာရှိတာကို သွားမြဲတိုင်းသွား၊ လုပ်စရာရှိတာကို လုပ်မြဲတိုင်း ဆက်လုပ်နေဖို့ပါ...ဖျားချင်ရုံလေးနဲ့ အိပ်ရာထဲမှာ ခွေနေမိရင် ပိုဖျားသွားတတ်လွန်းလို့...အခုလို ရုပ်ရှင်သွားကြည့်လိုက်တော့လည်း တစ်မျိုးတော့ ကောင်းပါတယ်...မကောင်းတာက အဲကွန်းလေခံပြီး အအေးပတ်မှာပေါ့...

ကိုင်း...မြန်မြန် နေကောင်းပါစေဗျား...

ချစ်သူမောင် on 13 September 2011 at 03:29 said...
This comment has been removed by the author.

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei