08 January 2010

ထာဝရ ချစ်နေခွင့်…

Posted by blackroze at Friday, January 08, 2010
အချစ်ရေ.....
သိပ်လှတဲ့ မင်းမျက်ဝန်းရဲ့
ညှို့ငင်မှု့အောက်မှာ
အခါခါ ကျဆုံးလို့
ပေးဆပ်ခြင်းဆိုတာ
ငါ့ အချစ်တွေရဲ့
သင်္ကေတ တစ်ခုပါ.........

အချစ်ရေ.....
မင်းပါးပြင်ထက်က
သနပ်ခါးရနံလေးကို
တရှိုက်မက်မက်
နမ်းရှိုက်ခွင့်လေး ရချင်မိတာ
ငါ့ရင်ထဲက ဆန္ဒတစ်ခုပါ......

အချစ်ရေ......
ညပေါင်းများစွာမှာ
အိမ်မက် နတ်သမီးလေးအဖြစ်နဲ့
စိုးမိုးနေတဲ့ မင်းလေးက
ငါ့ဘ၀ရဲ့ angel လေးတစ်ပါးပါ.............

အချစ်ရေ.....
မင်းနှတ်ခမ်းဖျားလေးက
ထွက်ကျလာတဲ့
စကားလုံးလေးတွက
ငါ့ဘ၀ ရဲ့ သံစဉ်လေးတပုဒ်ပါ......

အချစ်ရေ....
လေပြေအနော့မှာဝေ့နေတဲ့
မင်းဆံနွယ်လေးတွေက
ငါ့ ဘ၀ရဲ့
ကဗျာလေးတစ်ပုဒ်ပါ......

အချစ်ရေ......
နူးညံတဲ့မင်းအပြုံးလေး တစ်ပွင့်က
ငါ့ဘ၀ရဲ့ ..
မျှော်လင့်ချက် ရောင်ခြည်လေးပါ

အချစ်ရေ....
ငါပိုင်ဆိုင် တဲ့
ငါ့ နှလုံးသားထဲက
ချစ်ခြင်းတရားတွေကို
မင်းခြေရင်းမှာ ပုံချလို့
ပေးဆပ်ခြင်းတွေ နဲ့
ထာဝရ ချစ်နေခွင့်လေးပေးပါ.....

0 comments:

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei