08 January 2010

တိတ်တခိုးအလွမ်း.....

Posted by blackroze at Friday, January 08, 2010
လေပြေလေညှင်းလေးရေ.....
ငါ့ရင်ထဲက အချစ်တွေကို
သူ့စီကိုတိုက်ခတ်
သယ်ဆောင်သွားပေးပါ
သူ့ရင်ထဲကများ လိုအပ်နေမလားလို့ပါ....

မိုးစက်လေးရေ.....
ငါ့ရင်ထဲက အကြင်နာတွေကို
သယ်ဆောင်ပြီး
မိုးစက် မိုးပေါက်တွေအဖြစ်နဲ့
သူ့အပေါ်ရွာသွန်းပေးပါ
သူ့နှလုံးသားလေးများ
ခြောက်သွေ့နေမလားလို့ပါ....

နေခြည်လေးရေ......
ငါ့ရင်ထဲက မေတ္တာတရားကို
ိုသယ်ဆောင်ပြီး
သူ့ကိုလွမ်းခြုံပေးပါကွာ
အေးစက်နေတဲ့ သူ့ခံစားမှု့တွေကို
ပြန်လည်နွေးထွေးစေချင်လို့ပါ...

စမ်းချောင်းလေးရေ....
ငါ့ရင်ထဲကအလွမ်းတွေကို
သယ်ဆောင်စီးဆင်း သွားပါနော်..
မျှော်လင့်ဝေးဝေး ခပ်ဆွေးဆွေးမို့
မ၀ံမရဲ....တိတ်တခိုးအလွမ်းတွေအကြောင်း
သူ့ကို ပြောပြပေးပါ........။။။။။။

0 comments:

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei