08 January 2010

ကော်ဖီအချစ်……..

Posted by blackroze at Friday, January 08, 2010
ကော်ဖီကြိုက်တဲ့
ငါ့ဘ၀ထဲကို.....မင်းက
ကော်ဖီတခွက်လို
ခါးဆိမ့်ဆိမ့်
အရသာလေးပေးလို့
တိုးဝင်လာခဲ့တယ်.......

Cappuccino.......လား
Esspresso..........လား
Mocha.............လား
မြည်းစမ်းရင်းနဲ့ဘဲ
ငါ့....နှလုံးသားတခုလုံး
ကော်ဖီဆိပ်သင့်ခဲ့တယ်.......

တခါတရံမှာ...မင်းက
Starbucks...လေးလို
ရသ ပေါင်းစုံပေးလို့
ငါ့...ဘ၀တခုလုံးကို
အပိုင်သိမ်းလိုက်တယ်......

တခါတရံမှာတော့.... မင်းက
Nes.......လေးလိုပါဘဲ
ခါးသက်သက်ရနံလေးကို
ရလိုက်စဉ်ခဏမှာ
နှစ်သက်သွားမိသလို
မင်းစကားသံလေးကြားလိုက်တဲ့
တခဏလေးအတွင်းမှာ
ငါလေ.......မင်းရှေ့မှာ
ဒူးထောက်အရှုံးပေးရက်သား
ဖြစ်သွားတယ်........

တခါတရံနဲ့
ကြာဖန် များလာတော့လဲ
မင်းပေးခဲ့တဲ့
ကော်ဖီ အဆိပ်တွေက
ငါ့ရဲ့..ချစ်ခြင်းတရားမှာ
စီးဝင် နစ်မျောလို့........

ခုတော့...........ငါ့ရဲ့
........ရင်ခုန်သံတိုင်း
........အိမ်မက်တိုင်း
........ခါးသက်လို့နေတယ်
ကော်ဖီအချစ်လေးရယ်.........။။။။

1 comments:

Unknown on 21 January 2010 at 01:38 said...

ကော်ဖီကြိုက်တဲ့သူဆိုတော့ပိုပြီးခံစားလို့ရပါတယ်...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei