12 January 2010

ခွဲခွာချိန်

Posted by blackroze at Tuesday, January 12, 2010
နွေရာသီရောက်လာတာကိုက စောလွန်းတယ်……
အဲဒီလောက်မွန်းကြပ်မယ်မှန်းသိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါမသင်ခဲ့ပါဘူး………..

သစ်ပင်တွေသွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို
အချစ်ရေ..တို့စိတ်နဲ့… တို့ကိုယ်ဘဲ
သစ်ရွက်တွေလိုဘဲ..အတူကြွေပစ်လိုက်ကြမယ်…
ဘာ..ဖြစ်..လို့…ခွဲ….ရ..မှာ…လဲ..ကွယ်…

မြက်ခင်းတွေ…အမြဲစိမ်းနေတာ…မြင်ရအောင်
ဘ၀ကို…ဘောလုံးကွင်းဘဲ ဖြစ်လိုက်စေချင်တော့တယ်…
အခုတော့……

နွေရာသီ ရောက်လာတာကိုက စောလွန်း…..
(မင်း…သွားမယ်ဆိုလဲ)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ်…………။။။။

(ဆရာမင်းခိုက်စိုးစံ ရဲ့ကဗျာလေးပါ)
(12.1.2010 1:15 am)

1 comments:

Unknown on 21 January 2010 at 01:35 said...

ကဗျာလေးဖတ်မိပြီးတခုခုကိုခံစားမိပါတယ်...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei