08 January 2010

အချစ်ရူး....

Posted by blackroze at Friday, January 08, 2010
ဒီလောက်ထိတော့ ရူးမယ်လို့
မထင်မိတာအမှန်ပါ........

သူငယ်ချင်းတွေကပြောတယ်
နင့်ရဲ့အချစ်ပုံစံမျိုးကို
ဘယ်ဒဿနဆရာကမှ
အဓိပ္ပါယ်ဖွင့်ဆိုတတ်မှာ
မဟုတ်ဘူးတဲ့.............

ရင်ဘတ်ထဲက ခုန်နေတဲ့
နှလုံးသားကိုမှ အားမနာ
ပြောရက်လိုက်ကြတာ........

ထိရှခံစားလွယ်တဲ့ နှလုံးသားထဲကို
ချစ်ခြင်းတရားဆိုတာ
ဝင်မလာနိုင်အောင်
ဘယ်တံတိုင်းနဲ့ ကာရန်မလဲ.......

သံယောဇဉ်ငြိတွယ်
ချစ်မိလွယ်တတ်တဲ့စိတ်ကို
ဘယ်လိုဆင်ခြင်တုံတရားနဲ့
သော့ခတ်ထိန်းသိမ်းရမှာလဲ......

အချစ်မှာ
ဘာကြောင့်ချစ်လဲဆိုတဲ့
အကြောင်းပြချက်နဲ့
အတ္တသဘောဆောင်တဲ့
ရယူပိုင်ဆိုင်ခြင်းမျိုးမလို
ချစ်နေဖို့ဘဲလိုတယ်ဆိုတဲ့
ခံစားချက်ကို
နှလုံးသားမှိုင်းမိနေတယ်လို့
စွပ်စွဲကြပြန်တယ်.........

ဝေဖန်ပစ်ခတ်နေတဲ့
စကားလုံးမိုင်းတွေကနေ
လွတ်မြောက်ဖို့ အတွက်
ရှေ့ခရီးကို မမြင်မစမ်း
ဝိုးတ၀ါးနဲ့လှမ်းနေမိတဲ့
ခြေလှမ်းတိုင်းမှာ
ခွန်အားတွေပျောက်ဆုံးနေပါလား.......

မျက်စိဖွင့်ခြင်းနဲ့ မှိတ်ခြင်းကြားမှာ
လျှပ်တပြက်မက်မိတဲ့
အိမ်မက်တွေထဲက
ချစ်သူရဲ့အနမ်းတွေအကြောင်း
ပြောပြမိတော့
အိမ်မက်ထဲမှာရခဲ့တဲ့
ကြည်နူးမှု့လေးကိုမှ အားမနာ
ပေးလိုက်တဲ့ သြဘာက
ဟားဟားဟားဟား......တဲ့......

စိတ်စေရာ လွတ်လပ်တဲ့မြက်ခင်းမှာ
ချည်နှောင်ခြင်းမဲ့စွာနဲ့
ချစ်သူလက်ကိုဆွဲ
တွဲလျှောက်ချင်မိပါရဲ့လို့
ဖွင့်ဟမိပြန်တော့
တုံ့ပြန်မှု့စကားလုံးတွေက
မညှာတာရက်စက် လွန်းလှပါတယ်
''''''' အချစ်ရူး """"' တဲ့လေ.......။။။။။။။။

0 comments:

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei