10 January 2010

ကျွန်မရဲ့ angel ......

Posted by blackroze at Sunday, January 10, 2010
ဒီနေ့ ကျွန်မအလုပ်အသစ်ကို ပထမဆုံးစသွားရတဲ့နေ့ပေါ့ အလုပ်ကလဲခုမှစတက်ရတဲ့ အသစ်စက်စက်လေး သူငယ်ချင်း အပေါင်းအသင်း ကလဲ အသစ်တွေဘဲဆိုတော့ နဲနဲတော့စိတ်အားငယ်မိသား .. ပထမဆုံး ကျွန်မရဲ့ အလုပ်ခေါ်စာနဲ့ cvform,ဘွဲ့လက်မှတ်, ဆေးစစ်ထားတဲ့ ထောက်ခံချက်စာရွက်တွေနဲ့ ကျွန်မအလုပ်ဝင်ရမဲ့ section က စာရေးမကို အရင်ဆုံးသွားတွေ့ရတယ်...သူကမှ တဆင့် ကျွန်မ တို့section က GM နဲ့သွားတွေ့ရတယ်..
GM နဲ့ နဲနဲပါးပါးစကားပြောမေးမြန်းပြီတော့(interview ပေါ့ရှင်) ကျွန်မ ကို senior မမ တစ်ယောက်နဲ့ မိတ်ဆက်ပေးတယ် ..အင်းးး အဲဒီမှာစတွေ့တယ်ဘဲပြောရမှာပေါ့နော်..
အသားနည်းနည်းညိုညို မျက်နှာဝိုင်းဝိုင်း မျက်မှန်တပ်ထားတဲ့ မျက်လုံးတစ်စုံနဲ့ ကျွန်မကို မျက်လုံးကလေးဝင့်ပြီးကြည့်လိုက်
ကတည်းကနဲနဲတော့ သဘောပေါက်လိုက်ပါတယ်လေ..ငါတော့သွားပြီလို့..ဒီမမနဲ့သာတွဲလုပ်ရရင်တော့ ...
တော်တော်အဆင်ပြေအောင် ကြိုးစားနေရမယ်ဆိုပြီးတော့ပါ ..သူကကျွန်မ ဆရာပါ ကျွန်မနားမလည်တဲ့ စက်အကြောင်း.... ကျွန်မ မသိသေးတဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သူသင်ပေးရမှာပါ .....
ဒါပေမဲ့ ကျွန်မလေ...သူနဲ့တွဲလုပ်ခဲ့ရတဲ့နေ့တွေမှာ အရမ်းကို စိတ်ပင်ပန်းခဲ့ရတယ် ....သူရဲ့ဇီဇာကြောင်မှု့တွေ ကျွန်မကိုညှာတာမှု့ကင်းမဲ့တဲ့လေသံမာမာနဲ့ ဟောက်စားလုပ်ခဲ့တာတွေ ..မျက်မှန်အောက်က အေးစက်စက် မျက်ဝန်းတွေကို
ရင်ဆိုင်ခဲ့ရတိုင်း ကျွန်မအရမ်းကို စိတ်အားငယ်ခဲ့ရတယ် အရမ်းဝမ်းနည်းခဲ့ရတဲ့ နေ့တွေဆိုတာ တော်တော်များခဲ့ပါတယ် ...
အဲဒီအချိန်မှာဘဲ ကျွန်မကိုအလုပ်ထဲက ကောင်မလေးတစ်ယောက်က သူ့ကိုယ်သူ လာမိတ်ဆက်ခဲ့တယ်လေ ...
သူ့ရဲ့ ၀န်ထမ်းကဒ်ပြားလေး ပြပြီး သူ့နာမည်ကဘယ်သူ ...သူကဘယ်နေမှာနေတယ်..ထမင်းစားရင်သူနဲ့တူတူလာစားဖို့
ပြောခဲ့တယ် ..ကျွန်မစိတ်ထဲမှာလေ အရမ်းအံသြပြီး အရမ်းလဲသူ့ကိုခင်သွားပါတယ် ..ကျွန်မရဲ့ senior အပျိုကြီးမမနဲ့ အဆင်မပြေ ဖြစ်တိုင်း ကျွန်မရဲ့ သူငယ်ချင်းလေးက အမြဲဘဲလာအားပေးခဲ့ပါတယ်.. ''' ငါတို့တွေလဲအလုပ်ဝင်စကအဲလိုဘဲ
senior မမတွေက ဒီအတိုင်းဘဲ ..နင်စိတ်ဓါတ်မကျနဲ့ ငါရှိတယ် ..နင်သိချင်တာရှိရင် ငါကိုလာမေး..
ဘာမှ စိတ်ညစ်မနေနဲ့ ဆိုပြီး ''' ... ကျွန်မ ကိုတွေ့တိုင်းအားပေးခဲ့တယ်လေ..သူ့ရဲ့ အားပေးစကားတွေနဲ့တွေ့တိုင်းပြုံးပြ
တတ်တဲ့ သူ့အပြုံးတွေနဲ့ ကျွန်မ အလုပ်အသစ်မှာ ရင်ဆိုင်ဖို့အားမွေးခဲ့ရတယ်ပေါ့နော် .....
ကျွန်မသူ့ကိုအရမ်းကျေးဇူးတင်ပါတယ် ..ကျွန်မကို ပတ်ဝန်းကျင်အသစ်မှာနေသားတကျ ဖြစ်အောင် သူအများကြီး ကူညီခဲ့ပါတယ် သူဟာ ကျွန်မ တန်ဖိုးထားခင်မင်ရမဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ ...ကျွန်မ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ angel လေးပါဘဲ ...လူတစ်ယောက် ရေငတ်နေတဲ့ အချိန်မှာလာတိုက်တဲ့ ရေတစ်ခွက်ရဲ့ တန်ဖိုးဟာ ဘာနဲ့မှလဲလို့ မရပါဘူး ..အကူအညီလိုနေတဲ့ သူကိုတွေ့ရင် ကိုယ်တတ်နိုင်တာဆို ကူညီဖို့ဝန်မလေးပါနဲ့ .. ကိုယ့်ရဲ့ အပြုံးတစ်ချက် စကားလေးတစ်ခွန်းဟာ ..သူ့အတွက် အကျိုးရှိမယ်ဆိုရင် ...ပြုံးပြလိုက်ဖို့ဝန်မလေးပါနဲ့နော် ....
အားပေးစကားလေးတစ်ခွန်းလောက် ပြောဖို့အတွက်ဝန်မလေးပါနဲ့နော်....


( ကျွန်မရဲ့ သူငယ်ချင်းလေး 家盈....သို့ အမှတ်တရ )
( 10.1.2010 sunday 02:10 am )

0 comments:

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei