01 July 2013

ကျမနှင့်မေးခွန်းများ...

Posted by blackroze at Monday, July 01, 2013 9 comments
လောကကြီးမှာအယုံကြည်ရဆုံးဆိုတဲ့အရာကတော့ .....ကျမ ကိုယ်တိုင်ပါဘဲ..


တန်ဖိုးအရှိဆုံးဆိုတဲ့အရာကတော့ ....ကျမ ကိုယ်တိုင် ဖန်တီးထားတာတွေပါဘဲ...

အခက်ခဲဆုံးအလုပ်ကတော့  ...... စိတ်တ္တဇ နမ်တွေကို ခန့်မှန်း ရတာပါဘဲ...
ဥပမာ.... အချစ်တို့ သံယောဇဉ်တို့  ယုံကြည်မှု့တို့ ...ပါဘဲ
သူတို့ကိုခန့်မှန်းရတာ  သိပ်ခက်ပါတယ်...တကယ်မလွယ်ဘူး...

အမုန်းဆုံးကတော့  ..ကျမမုန်းတာတွေတော်တော်များတယ်...ဒါကြောင့်မို့မရေးတော့ဘူး...

ဝမ်းနည်းရဆုံးအချိန်...  တခုဝမ်းနည်းစရာကြုံလိုက် ပြီးသွားလိုက်  နောက်တခုထပ်ကြုံ  လိုက်နဲ့ ဆိုတော့
repeat ဖြစ်ဖြစ်နေတဲ့ သဘောပါဘဲ..

အပျော်ဆုံးအချိန်....မရှိသေးဘူး...

အရမ်းနှစ်သက်တဲ့ အလုပ် ...သူတပါးကိုဆရာလုပ်ရတာပါ...
ကိုယ်ဆရာ လုပ်တာ တဘက်က လက်ခံသွားပြီ ဆိုရင် လွှတ်ပျော်တာဘဲ...

အရမ်းမုန်းတဲ့အလုပ် .... လိမ်ညာခြင်း  .... ဒါပေမဲ့ ကျမ အမြဲတမ်း လိမ်ညာခံရတယ်...


အရမ်းနှစ်သက်တဲ့စာရေးဆရာ.. အများကြီးပဲ...

အရမ်းနှစ်သက်တဲ့ ရုပ်ရှင်...အများကြီးပဲ...

အရမ်းကြိုက်တဲ့စားစရာ...ကြေးအိုးပေါ့  (မြန်မာပြန်လာလည်ရင် ကြေးအိုး ဒကာခံမဲ့သူများစာရင်း
ပေးနိုင်ပါသည်    :P)

အရမ်းမုန်းတဲ့စားစရာ...ပဲမြစ်

အရမ်းကြိုက်တဲ့သီချင်း...   "  အချစ်ဆိုသည်မှာ "

အရမ်းမုန်းတဲ့သူတယောက်နာမည်... တယောက်မကရှိတယ်..ဒါကြောင့်မရေးတော့ဘူး..

အရမ်းချစ်တဲ့သူများဘယ်နှစ်ယောက်ရှိသလဲ.... ကျမအမေနဲ့ ညီမ က ဇယားထိပ်မှာ draw ကျနေတယ်...
အဲတာဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်တဲ့  ကျမဘဝရဲ့ ချစ်ရဆုံးသူ နှစ်ယောက်ပါဘဲ

ဘောလုံးပွဲဝါသနာပါတဲ့သူတွေဆိုရင် အကြိုက်ဆုံးအသင်းပေါ့...ကျမကတော့ CHELSEA...



အခုနေခါ အလိုချင်ဆုံးအရာတခုကိုပြောပါဆိုရင်  ...အင်းးးးး ##@#@&&^%$###**(*(()  အဲဒါပါဘဲ
အတိတ်ကိုမေ့လိုက်ချင်တယ်..အတိတ်မှာပတ်သက်ခဲ့သူတွေအာလုံးကို မေ့သွားလိုက်ချင်တယ်..


အခုနေခါသနားဆုံးသူ......ကျမကိုယ်တိုင်ပါဘဲ ( ဟုတ်တယ်  ကိုယ့်ကိုကိုယ် သနားတယ်..)

မနက်ဖန်  ဆိုတာကို ဘယ်လိုထင်လည်း .... မပြီးဆုံးနိုင်သေးတဲ့ စစ်မြေပြင်တခုလို့ ထင်တယ်....

အခုနေခါ အစားချင်ဆုံး စားစရာ  ....ရခိုင်မုန့်တီ တပွဲနဲ့ ချိုနှစ်နေတဲ့ ဖာလူဒါတခွက်  ပေါ့

နောက်ဆုံးမေးခွန်းလေးတခု မေးချင်ပါတယ်..

 ****  အချစ်ဆိုတာကိုဘယ်လိုမြင်ပြီး လက်ခံလည်း...

*****  အိမ်ထောင်ရေးဆိုတာကိုရော ဘယ်လိုယူဆလက်ခံပါသလည်း...

အဆင်ပြေမယ်ဆိုရင် ကျမသိချင်တဲ့ မေးခွန်းလေးနှစ်ခုကိုဖြေပေးခဲ့ပါလို့တောင်းဆို ချင်ပါတယ်

ပစ်ပစ်
Pm 10:33



24 June 2013

ဆော ရီးပါဘဲ...

Posted by blackroze at Monday, June 24, 2013 6 comments
တခါတလေ  ခံစားချက်ဆိုတာများ
ခါးလွန်းလို့
ကျမလေ..
ချိုတယ်ဆိုတာ
 ဘာလိုမှန်းတောင်
မသိတော့ဘူး..

အမှန်တရားလား ???
ရှိတဲ့နေရာလေးတော့
ရှိပါတယ်..
မုသာဝါဒတွေက
ထစ်ခြုန်းလွန်းတော့လည်း
သူ့ခမျာ မိုးခေါင်သွားရှာလေရဲ့

တချို့ကပြောတယ်
နှင်းဆီဆိုတာ ဆူး နဲ့တဲ့
ဒါပေမဲ့ ပန်းခူးသမားနဲ့တွေ့တော့
အရိုးတံကနေ အဖြတ်ခံလိုက်ရတယ်လေ
ဒါဆိုဘယ်လည်း
ဆူးရဲ့ တန်ဘိုး...
နောက်ဆုံးတော့လည်း
ဆူးဆိုတာ အချိန်တန်ရင်
မြောင်းထဲ ရောက်သွားတယ်

သီအိုရီတွေ
ပုံသေနည်းတွေ ကို
စာသင်ခန်းထဲမှာဘဲ
ခေါက်ထားလိုက်တော့
ဘဝဆိုတာကြီးထဲမှာတော့
မျက်နှာဖုံးကာင်းကောင်းနဲ့
လိမ်တတ်တယ်ဆိုရင်
နေသာစားသာ ပါတယ်လေ...

ကိုယ်လျှောက်နေတဲ့လမ်း
ပန်းမခင်းဘူးဆိုတာ
သေချာနေမှတော့
တွေ့သမျှအရာ
နင်းခြေပြစ်လိုက်ဖို့
နှမြောနေစရာ မလိုတော့ပါဘူးလေ..

ယုံကြည့်မှု့တွေက ခဏခဏ
ရိုက်ချိုးခံလိုက်ရလေတော့
တခါတခါ ပြန်စဥ်းစားမိတယ်
ချစ်နေတာ အပြစ်ရယ်
များလားကွယ်...

လမ်းခွဲပြီဆိုရင် တော့
အဆင်ပြေပါစေလို့
ဆုတောင်းပေးလိမ့်မယ်လို့
မမျှော်လင့်ထားနဲ့  ...
အဝေးဆုံးရောက်အောင်
ကန်ထုတ်လိုက်ဖို့
ဆုံးဖြတ်လိုက်ပြီလို့သာ
နားလည်ထားလိုက်ပါ ...

စကားလုံးတွေက
ကြယ်တွေလိုတဖြုတ်ဖြုတ်
........             .......
ကြွေခဲ့ဖူးတဲ့ တချိန်ကိုတော့
လွမ်းမောမိပါရဲ့
ဒါပေမဲ့...
ညနက်ပြီဆိုမှတော့
လအရောင်လည်းမလိုချင်တော့ပါဘူး..
အဲဒီတော့
တကယ်လို့များ
သိပ်နက်ရှိုင်းသွားပြီဆိုရင်တော့
ဆောရီးပါဘဲလို့
ပြောလိုက်ပါရစေ....။။။


ပစ်ပစ်
Am 3:51 (24.6.2013 )






 

19 April 2013

မိုးညတမ်းချင်း

Posted by blackroze at Friday, April 19, 2013 8 comments



ဒီနေ့ရန်ကုန်မှာ မိုးရွာတယ်တဲ့....

ကျမနေတဲ့   နေရာမှာလည်း မိုးရွာလေရဲ့ ..
ကျမအလုပ်ကပြန်တော့ ည11 နာရီပတ်ဝန်းကျင် ..မိုးဖွဲဖွဲလေးကြားထဲ ထီးဆောင်းပြီးပြန်ခဲ့ရတယ်... အိမ်ေ၇ာက်တော့  မိုးတောင် နဲနဲလေး သည်းလာသလိုလို .. နောက်ဖေး ဝရံလေးမှာ ရပ်နေရင်းနဲ့မိုးသံကိုနားစွင့်နေရင်း  ကျနေတဲ့မိုးရေစက်တွေကိုကြည့်နေမိတယ်...
နောက်တော့ ကျမရဲ့ စိတ်တွေ ရန်ကုန်ဆိုတဲ့  ကျမသိပ်တမ်းတ  သိပ်လွမ်းမောရတဲ့ ..မီးတွေအမြဲတမ်းပျက်တတ်တဲ့...  နေအရမ်းပူပြီး  ဖုန်ထူတဲ့ ...  ကုန်ဈေးနှုံးတွေကြီးတဲ့..  အင်တာနက်ကွန်နက်ရှင် လိပ်လိုနှေးတဲ့  ကျမသိပ်ချစ်ရတဲ့ မြို့လေးစီကို ပြန်ရောက်သွားတယ်.. ။

ကျမရန်ကုန်မှာနေတုန်းက  ညဘက် မိုးရွာပြီဆိုရင်  ဝရန်တာကနေ လမ်းမပေါ်ကျလာတဲ့ မိုးရေ စက်တွေကို ထိုင်ကြည့်နေကြ.. တခါတလေ မီးပျက်တာနဲ့ဆုံနေရင်   ဘုရားခန်းထဲမှာဘဲဖယောင်းတိုင် ဆီမီးလေး ပူဇော်ပြီး  ဝရန်တာမှာ ကျမတယောက်ထဲ ထိုင်နေကြ ... အဲလိုညတွေကို အရမ်းပြန်သတိရမိတယ်..။  အခုလည်း မိုးတွေ ရွာနေပါတယ်... ဝရန်တာမှာလည်း ကျမရပ်နေပါတယ်..
မီးတွေလည်း မှိတ်ထားပါတယ်... ကျမ ဝရန်တာမှာ ရပ်ပြီးမိုးရေစက်တွေကိုလည်းကြည့်နေပါတယ်..
ဒါပေမဲ့  စိတ်ထဲက  ခံစားချက်... အရင်တုန်းက    မိုးရေစက်တွေကို ကြည့်နေတုန်းက ခံစားချက်နဲ့
အခု မိုးရေစက်တွေကို  ရပ်ကြည့်နေတဲ့ခံစားချက် ...မတူတော့ပါဘူး... ကျမကို ကျမသိနေပါတယ်...
တချိန်တုန်းက ကျမ စိတ်ထဲ မိုးရေစက်တွေကို  သဘောကျတဲ့စိတ်နဲ့  ရေတပေါက်ချင်းကျနေတာကို  အေးငြိမ်းတဲ့စိတ်နဲ့  ကျမကြည့်ခဲ့တာပါ...
အခု ကျမ မိုးရေကျနေတာကို ကြည့်သာကြည့်နေရတယ်...ပြောရမယ်ဆိုရင်တော့  အဓိပ္ပါယ် မဲ့စွာနဲ့
ကြည့်နေမိတာပါ .... ကျမဘာလို့အဲလိုပြောင်းလဲသွားရတာလည်း  ကျမကိုယ် ကျမမသိပါဘူး.. ။။

ကျမစိတ်ထဲမတော့  ရန်ကုန်က ကျမတို့အိမ်လေးစီကိုပြန်ရောက်သွားတယ်...
ဝရံတာလေးစီကိုပြန်ရောက်သွားတယ်...ညဘက် တိုဖူးသုပ်လို့  လိုက်အော်ရောင်းတဲ့  အသုပ်သည်လေးရဲ့ အသံကိုပြန်ကြားမိသလိုလို ... မုန့်ဖက်ထုပ်လို့ အော်လိုက်သံလည်းကြားလိုက်မိပါရဲ့ ...ကျမ ရန်ကုန်ကို
သိပ်လွမ်းတယ်... ။။

တခါတလေ  ညဘက်စာအုပ်ဆိုင် သွားရင်  မိုးရေထဲလမ်းလျှောက်ခဲ့ရတာကို လွမ်းတယ်... လမ်းမပေါ်တင်နေတဲ့ ရေအိုင်လေးထဲခြေထောက်ရှပ်တိုက်လျှောက်လိုက်တိုင်း   အေးခနဲဖြစ်သွားတဲ့  အထိအတွေ့...ခြေဖမိုးပေါ် ရေစက်လေးတွေ တဖွဲဖွဲ  စင်နေတဲ့  အရသာ... ဖိနပ်တခုလုံးစိုစိပြီး  ခြေဖဝါးတခုလုံး  အေးစက်နေတဲ့  ခံစားချက်...   အိုးးးး   ကျမ အဲတာတွေ အရမ်းသတိရမိတာဘဲ...။။

ညနေဘက်ကျူရှင် သွားတဲ့အချိန် မိုးရွာရင်  သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်  အာပူလျှာပူ ဆိုင်ထဲ
ဝင်စားခဲ့တာ...  မိုးရေ အေးအေးထဲ  ငရုတ်ကောင်းနဲ့ပူစပ်ပူလောင် ဖြစ်အောင် ချက်ထားတဲ့ ရခိုင် မုနု့်တီ
တပွဲရဲ့  အရသာက အခုနေခါ ပြန်စဉ်းစားမိလိုက်ရင်တော့  သရေတောင်ပြန်မျိုချမိပါရဲ့ ...။။

ကျမအရမ်းခင်တဲ့သူငယ်ချင်း တယောက်ရှိပါတယ်  ..သူကနယ်ကပါ ..ရန်ကုန်မှာ ....အဆောင်နေပါတယ်...ကျမသူ့အဆောင် သွားလည်တိုင်း မိုးရွာတာနဲ့ဆုံရင်  ကျမတို့ ယမ်ယမ် ချဉ်စပ်တယောက်တထုပ်ပြုတ်ပြီး  အဆောင်နားက ပုဂံလမ်းထိပ်က  ကွမ်းယာတို့ဇီးထုပ်တို့ရောင်းတဲ့
မုန့်ဆိုင်လေးကနေ အချဉ်ထုပ်တွေဝယ်ပြီး  ခေါက်ဆွဲပြုတ်နဲ့ ဇီးထုပ်  စားလို့မလိုက်ဖက်ပေမဲ့  အဲဒီနှစ်မျိုးကိုဘဲ  စားခဲ့တာပါ... ညဘက်မိုးရွာရင်  အဆောင်ခေါင်မိုးပေါ် မိုးထားတဲ့ သွပ်ပြားကိုရေကျသံ
တဗြောင်းဗြောင်းကို  နားထောင်ရင်  အိပ်ပျော်သွားတဲ့ ညတွေ... အဲဒီတုန်းကတော့ ရေသံ ဗြောင်းဗြောင်းဆိုတာကို ဘဲနားထောင်နေရင်းအိပ်ပျော်သွားတာပါ ....ကျမသူငယ်ချင်းကပြောတယ်..အဲလိုညဘက် မိုးရွာလို့ ခေါင်မိုးပေါ် မိုးရေ တဗြောင်းဗြောင်းကျရင်  နယ်က သူ့အိမ်ကို အရမ်းလွမ်းတာဘဲတဲ့...အဲဒီတုန်းကတော့ သူပြောလို့ နားထောင်ပေးလိုက်တာဘဲ ရှိတာပေါ့...သူ့ခံစားချက်ကို  နားမလည်ခဲ့ပါဘူး... အခုတော့ ကျမနားလည်သွားပါပြီ ....။။

ကျမ ကဘဲ အတိတ်ကိုဖက်တွယ်လွန်းတာလားတော့  မသိပါဘူး..ကျမစီမှာ သတိရမိတဲ့
အတိတ်ပုံရိပ်တွေ  ခံစားချက်တွေ  တော်တော်များပါတယ်...ပြန်မရတော့နိုင်ဘူးဆိုတာသိနေပေမဲ့
ပြန်သတိရခွင့်တော့  ရှိတယ်လို့ ထင်ပါတယ်...ညတွေက  လူတွေကို တခါတလေ မှာပြုစားတတ်တယ်
ထင်ပါရဲ့နော်....။။

အခုလည်း မိုးတွေရွာနေတယ်...တချိန်တုန်းက မိုးညလေးတွေကို ကျမပြန်သတိရနေမိတယ်.. ။။

ပစ်ပစ်
Am 3:05
19.4.2013

ပုံကတော့ Google  ကပါ...



31 March 2013

ငယ်ငယ်တုန်းက..

Posted by blackroze at Sunday, March 31, 2013 9 comments
ကျမအခုတလော ရင်ဘတ်ကြီးထဲနေလို့မကောင်းဘူး...
ခံစားချက်တွေ များတယ်....
သတိရမိတာတွေများတယ်..
စိတ်မကောင်းဖြစ်မိတာတွေများတယ်..

မတ်လ 30ရက်နေ့ညက နိုင်ငံခြားကနေပြန်လာတဲ့ ကိုစိုးသူကြီးက free show လုပ်ပါတယ်...
ကျမတို့လိုအဝေးရောက်နေတဲ့ သူတွေကတော့ ဟိုနေရာလေးကနေဝင်ကြည့် ဒီနေရာလေးကနေဝင်ကြည့်ပေါ့ .... မြန်မာက ပရိတ်သတ်ကတော့ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်လို့ရတာပေါ့ ...။

ကိုစိုးသူကြီး သီချင်းပြန်လာဆိုတော့  ကျမငယ်ငယ်တုန်းက ငါးတန်းကျောင်းသူဘဝလေးကို
ပြန်အမှတ်ရမိတယ်... ကျမ ငါးတန်းလောက်က ခရစ်ယာန် သူငယ်ချင်းမလေးတယောက်ရှိတယ်....
သူကစိုးသူအရမ်းကြိုက်တယ်...ဘယ်လောက်တောင် ကြိုက်လည်းဆိုရင်   သူ့အကိုတောင် တော်ချင်တာတဲ့ ..အဲလောက်ထိအောင်ပါ... အဲဒီတုန်းကတော့  VCD တွေ တောင်မရှိသေးတဲ့ ခေတ်ဆိုတော့ MTV ခေတ်ပေါ့  Video Tape ခွေ ဘဲရှိတာလေ...
ထွက်သမျှ ခွေငှားကြည့်တယ်... စိုးသူပုံမှန်သမျှဝယ်တယ်....ကွန်ပါဘူးထဲထည့်ထားတယ်...စာကြည့်စားပွဲမှာစိုးသူပုံကပ်ထားတယ်...
သူကစာတော်ပါတယ်...စိုးသူကဆရာဝန်မို့လို့ သူလည်းဆရာဝန်ဖြစ်ချင်လို့ပါတဲ့... ..။။

တခါတလေ  အတန်းထဲမှာ  ဘယ်သူကဘယ်မင်းသားကြိုက်တယ်ဆိုပြီး  ငြင်းကြခုန်ကြတဲ့ အခါတိုင်း
သူက စိုးသူရဲ့ အမာခံပရိတ်သတ်ပါ...
(  ကျမကရန်အောင်နဲ့မေသန်းနုရဲ့"" မောင် ""ဇာတ်လမ်းကိုကြည့်ပြီး  ရန်အောင် ဘက် နည်းနည်းပါဘူးတယ်လေ...  : LOL  :P ) 

ကျမလည်း ငယ်တုန်းက စိုးသူသီချင်းတွေကြိုက်တယ်... ကျမကြိုက်တဲ့ သူတွေထဲ ကိုစိုးသူကြီးလည်းပါ ပါတယ်...ကိုစိုးသူကြီးရဲ့ ဆယ်ကျော်သက်  ဆိုတဲ့တိတ်ခွေတောင်မုန့်မစားဘဲ မုန့်ဘိုးစုပြီးဝယ်သိမ်းဖူးတယ်.. ကျမတို့ငယ်တုန်းက လည်းမင်းသားမင်းသမီးဆိုတာ  လက်ချိုးရေ  လို့ရပါတယ်....မင်းသားထဲမှာဆိုရင် ရန်အောင်  ရဲအောင်  ကျော်ရဲအောင် စိုးသူ  လွင်မိုး  ကျော်သက်  ရဲကိုကို  တို့လောက်ဘဲနာမည်ကြီးတာ  .. မင်းသမီးဆိုလည်း မေသန်းနု စိုးမြတ်သူဇာ  မို့မို့မြင့်အောင်
မေသဉ္ဇာဦး  လင်းဇာနည်ဇော်  တို့ နာမည်ကြီးနေချိန်ပေါ့  ..မင်းသား မင်းသမီးတွေကလည်း အခုခေတ်လိုတော့  ဘယ်သူဘယ်ဝါမှန်းတောင်  မသိအောင်ကိုမများလှပါဘူး... ။။

အဲဒီလူနည်းနည်းလေးထဲကကိုဘဲ  သူ့မင်းသား ငါ့မင်းသားနဲ့ ငြင်းခုန်ခဲ့ဖူးတယ်ဆိုပါတော့...
နောက်တော့လည်း တဖြည်းဖြည်း  အတန်းတွေလည်းကြီး  သူငယ်ချင်းတွေလည်းကွဲ  နဲ့
10တန်းအောင်ပြီးတော့ တော်တော်များများ နဲ့လည်း  အဆက်သွယ် ပြတ်ကုန်တယ်ဆိုပါတော့...
အဲဒီခရစ်ယာန်သူငယ်ချင်းမလေးနဲ့လည်း  ကျမအဆက်သွယ်ပြတ်သွားပါတယ်...။။

ကိုစိုးသူကြီးလည်း  အမေရိကားရောက်ပြီး  အနုပညာနဲ့အဆက်သွယ်ပြတ်သွားတယ်ဆိုပါတော့..
ဒီလိုနဲ့  အခု မြန်မာမှာ သီချင်း show ပွဲပြန်လုပ်တယ်လို့ကြားတော့...ကျမပြန်ကြည့်ချင်မိတယ်...
ကိုယ်ငယ်ငယ်က သဘောကျနှစ်သက်ဖူးတဲ့ အဆိုတော်ကိုးးးး
ဒါပေမဲ့  ကျမအဲဒီအခွင့်အရေးနဲ့ဘာမှမသက်ဆိုင်သူတယောက်ဖြစ်ခဲ့ပါတယ်...
သီချင်း show ပွဲ တခုကြည့်ဖို့အတွက်နဲ့ ပဲ ကျမ ပြန်လို့ မဖြစ်လို့ပါ....။။

အဲဒီနေ့ည က အလုပ်က ပြန်လာတော့  facebook ထဲမှာ ဟိုနေရာက တက်လာတဲ့ဟာလေး ကြည့်လိုက်
ဒီနေရာကတက်လာတဲ့ ဟာလေး ကြည့်လိုက်နဲ့  ...ငယ်ဘဝ  ငယ်က ကျောင်းသူဘဝလေးကို
အရမ်း ပြန်အမှတ်ရမိတယ်.... ငါးတန်းကျောင်းသူဘဝလေး  စာသင်ခန်းထဲက အဖြူစိမ်းဝတ်ခဲ့တဲ့ဘဝလေး
သူငယ်ချင်းတွေနဲ့ သစ်ရွက်လှုပ်တာတောင် ရယ်မောခဲ့ဖူးတဲ့  ဘဝတုန်းက ခံစားချက်လေးတွေ
အမှတ်တရလေးတွေ  ..ပြောခဲ့တဲ့ စကားလေးတွေ ပြန်သတိရမိတယ်... ။။

Facebook ထဲမှာ တက်လာသမျှ ပုံလေးတွေကြည့်ရတာ
ကိုစိုးသူကတော့ အရင်ကပုံစံလေးလိုပါဘဲ... ဘာမှမပြောင်းလဲပါဘူး...
တကယ်တမ်းမှာတော့  အချိန်အားဖြင့် တွက်ကြည့်ရင်  ဆယ်စုနှစ် နှစ်ခုနီးပါးလောက် ကိုရှိနေပါပြီ...ဒါပေမဲ့  ကျမ စိတ်ထဲမှာတော့  အဲဒီပုံလေးတွေကြည့်နေရင်းနဲ့ 
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျောင်းစာသင်ခန်းလေးထဲကို ပြန်ရောက်သွားသလိုပါဘဲ ....။။။

ကျမငယ်ငယ်တုန်းက  သူငယ်ချင်းတွေ ..ငယ်ငယ်တုန်းက အဖြစ်လေးတွေ ..အမှတ်တရလေးတွေ
အားလုံးကို တခုချင်းပြန်မြင်နေရတယ်... စကားသံလေးတွေပြန်ကြားနေရတယ်...အတိတ်ဆိုတာ
ပျောက်ပျယ်သွားတဲ့ အရာမှမဟုတ်တာလေ... အချိန်အခါမရွေး  ပြန်လည်လတ်ဆတ် လာတတ်တယ်လေ.. ကျမအတွက် မတ်လ 30ရက်နေ့ ညကတော့ အတိတ်ကစာသင်ခန်းထဲ
ပြန်ရောက်သွားတဲ့ ညပါဘဲ...  ..ကျမသူငယ်ချင်းတွေကိုပြန်သတိရမိတယ်...
ငယ်ငယ်တုန်းက ကိုစိုးသူကြီးကို အရမ်းကြိုက်တဲ့   ခရစ်ယာန် သူငယ်ချင်းမလေးကို သတိရမိတယ်..။။

သူသာ မြန်မာမှာရှိတယ်ဆိုရင်... အဲဒီ ညက  show ပွဲကို သေချာပေါက် ရအောင်သွားကြည့်မယ်ထင်ပါတယ်.....။။

စင်ပေါ်မှာ သီချင်းဆိုနေတဲ့ စိုးသူကို  တမေ့တမော ငေးပြီး သူလည်းအတတ်ကိုများပြန်သတိရနေမလား မသိဘူး...နော်... ။။

ငယ်ငယ်တုန်းက သူငယ်ချင်း အချင်းချင်း သဘောကျတဲ့  မင်းသား ချင်း ပြိုင်ငြင်းကြရင် သူနဲ့ကျမ က စိုးသူဘက်ကနေ  တဘက်တည်းနေ နေကြမို့... ကျမကိုများ သူသတိရနေမလား  မသိဘူးနော်...။။

ဒါမှမဟုတ်  ကျမလိုဘဲ  ကွန်ပြူတာရှေ့ကနေ  စာလေးလိုက်ဖတ်ရင်း  ပုံလေးလိုက်
ကြည့်ရင်းနဲ့ ငယ်ငယ်တုန်းက  ကျောင်းစာသင်ခန်းလေးထဲ ကျမသူငယ်ချင်းလေးအလည်
ပြန်ရောက်နေသလား ...။။

သူ့ထက် အသံကောင်းသူတွေ  သူ့ထက် သရုပ်ဆောင် ကောင်းသူတွေ သူ့ထက်ရုပ်ချောသူတွေ
သရုပ်ဆောင်လောကမှာ  ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်...ဒါပေမဲ့ ကျမနဲ့ သူငယ်ချင်းလေး
တယောက်ကတော့  ငယ်ငယ်တုန်းက သူ့ကို ဘဲ နှစ်သက်အားပေးခဲ့ဖူးတယ်..

အခုကျမနားထောင် မိတဲ့ သီချင်းလေး တပုဒ်ပါ တင်ပေးလိုက်ပါတယ်...။။

ပစ်ပစ်
PM 9:49
31.3.3013







21 March 2013

ကျမရဲ့ခုတလော

Posted by blackroze at Thursday, March 21, 2013 18 comments
ဒီပိုစ့်လေးရဲ့ အစကတော့ မကြီးသက်ဝေ တို့ မနော်တို့  မမကွန်တို့စီကနေ မြစ်ဖျားခံလာတာပါ...
မကြီးမိုးငွေ့ ရေးထားတာလေးဖတ်ပြီး ... .ပစ်ပစ်လည်းရေးမယ်ဆိုပြီးရေးဖြစ်သွားတာပါ...

ကျမရဲ့ခုတလောကတော့  စိတ်လှုပ်ရှားစရာ သိပ်ကောင်းတယ်လို့ ထင်တာပါဘဲ...
ရင်ခုန်လို့စိတ်လှုပ်ရှားတယ်ဆိုတာထက်...ဒေါသတွေ သည်းမခံနိုင်မှု့တွေ  နဲ့လှုပ်ရှားတာလို့ပြောပါရစေ..။

ခုတလော
========

***တွေးနေမိတာက - 
----------------------
ကျမစီမှာ ရေရာတဲ့အတွေးဆိုတာ မရှိဘူး...ကျမအကုန်လျောက်တွေးတယ်.. စီးပွားရေး.. လူမှု့ရေး
အချစ်ရေး  အိမ်ထောင်ရေး .. မိတ်ဆွေ..အပေါင်းအသင်း အစုံပါဘဲ...


 ***ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
----------------------------------------------------
 အရာရာ ကိုရင့်ကျက်စွာနဲ့ သိုသိုသိပ်သိပ် ခံစားတတ်ဖို့ ကြိုးစားရဦးမယ်ဆိုတာပါ...


***ကျန်းမာရေး -
---------------------
အိုကေပါတယ်...


*** ဖတ်ဖြစ်တဲ့စာအုပ်တွေက -
------------------------------------
အစုံပါဘဲ  ..သတင်းတွေလည်းဖတ်ဖြစ်ပါတယ်...အတင်းတွေလည်း လိုက်ဖတ်ဖြစ်ပါတယ်..Facebook မှာ
ဆိုပါတော့...။ ဖတ်ချင်လို့ down ထားပြီးကာမှ မဖတ်ရသေးတာတွေလည်းတပုံကြီးပါဘဲ...

***ရောက်ဖြစ်နေတာက -
--------------------------------
ရောက်ချင်တာကတော့  မြန်မာ ပြည်ကြီးပေါ့ရှင်...
ဒါပေမဲ့ နေ့တိုင်းရောက်နေဖြစ်တာကတော့  အလုပ်ပါဘဲ....။


***နားထောင်ဖြစ်နေတာက -
------------------------------------
ကွန်ပြူတာရှေ့မှာဆိုရင်တော့  ကိုင်ဇာ  ရဲ့ ဟိုးအရင်တုန်းက သီချင်းဟောင်းတွေပြန်
နားထောင်မိတယ်...
အိပ်ခန်းထဲမှာဆိုရင်တော့  ကျမဖုန်းမှာ download ချပြီးသိမ်းထားတဲ့
5ပုဒ်တည်းသော သီချင်း ကိုဘဲအပြန်အလှန် နားထောင်မိတယ်...


***ရွတ်နေဖြစ်တဲ့ကဗျာက -
------------------------ ----------
ကျမအခုတလော  ကဗျာတွေနဲ့ဝေးနေတယ်...


***ဖြစ်ချင်နေတာက -
-------------------------------
ကျမရဲ့ မျက်စိအကြည့်တချက်မှာတင်  အရာရာကို ပြောင်းလဲပြစ်နိုင်တဲ့
စုန်းမ တယောက်လိုဖြစ်ချင်တယ်...  :P

*** စားဖြစ်နေတတ်တာက -
--------------------------------------
ထမင်းနဲ့ဟင်းပါဘဲ....တခါတလေ အလုပ်ပိတ်ရက်လေး စားချင်တာလေး လုပ်စားပေါ့
သိပ်ထွေထွေထူးထူး မရှိလှပါဘူး... ခေါက်ဆွဲခြောက်ကတော့ ညတိုင်းနီးပါး ပါဘဲ...။

*** သနားနေမိတာက -
---------------------------------
Myself

*** လွမ်းနေမိတာက -
----------------------------------
ပြောပြဖို့ လိုမယ်တောင် မထင်ပါဘူးကွယ်...   :)))


***မေ့လျော့ပစ်နေရတာက -
-----------------------------------------
အချိန် ရယ်..နေ့ရက်တွေရယ်...
နောက်ပြီး မျက်စိထဲကန့်လန့်ဝင်ဝင်လာတတ်တဲ့ လူတချို့ရယ်...ဆိုပါတော့...

*** ခါးသက်နေမိတာက -
-----------------------------------
အခုတလော  ကျမအတွက် အရာရာဟာ ကော်ဖီတခွက်လိုဘဲ
အရမ်း  ခါးတယ်...

*** တမ်းတနေမိတာက -
----------------------------------
နံပါတ်တစ်ကတော့ ဘာဆိုတာပြောစရာမလိုပါဘူးနော်... :))

နံပါတ်နှစ်ကတော့  ကျမရဲ့ငယ်ဘဝလေးဆိုပါတော့ ...း(

***ကြိတ်ပြီးချီးကျူးနေမိတာက -
---------------------------------------------
ကျမရဲ့ ချစ်လှစွာသော ညီမငယ်လေး ကိုပါ...
သူခံနိုင်ရည်သိပ်ကောင်းတယ်...
စိတ်ဓါတ်လည်း ပြင်းတယ်...
အရာရာလည်း ပြတ်သားတယ်...

***ကြိတ်ပြီးအထင်သေးနေမိတာက -
-------------------------------------------------
ဘယ်သူကိုမှ အထင်မသေးပါဘူး ..လူတိုင်းတန်ဖိုးကိုယ်စီရှိတယ်လို့ လက်ခံထားပါတယ်...


*** ဆန္ဒမရှိတဲ့နေရာ -
---------------------------
ကျမနေ့တိုင်းအိတ်တလုံးလွယ်ပြီး သွားနေရတဲ့ ကျမရဲ့ အလုပ်....

*** ဆန္ဒရှိနေတဲ့ကိစ္စ -
---------------------------------
ဒီဆန္ဒကို  အကောင်အထည်ဖော်နိုင်ဖို့ အတွက်  ကျမအချိန်ဆိုတာကို
နည်းနည်းမေ့ထားပြီး  ပိုက်ဆံရှာနေတယ်..

***မုန်းတီးနေမိတာက -
---------------------------------
ကိုယ်တိုင်ဖန်တီးခွင့်ခက်ခဲနေတဲ့  အရာတချို့ကို


*** ချစ်နေတာက -
-----------------------------
အများကြီးဘဲ...   :P  LOL


*** စိတ်ပျက်နေမိတာက -
-----------------------------------
တခါတလေ ကမောက်ကမ နိုင်တဲ့ ကံတရား

*** စွဲလန်းနေမိတာက -
-----------------------------
ခုတလော  အနေအထားနဲ့ အကိုက်ညီဆုံးဖြစ်အောင်ပြောရမယ်ဆိုရင်တော့
ညတိုင်းmilo တခွက်နဲ့ Facebook စာမျက်နှာ ပါဘဲ...

*** လိုအပ်နေတာက -
---------------------------
နွေးထွေးတဲ့ အားပေးသံလေးတခု....
 
*** ရောက်နေတဲ့နေရာက -
-----------------------------------------
ခရီးတခုရဲ့ အလည်မှာလို့  ခံစားမိတယ်...

*** နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
--------------------------------------------------
ငါ့စိတ်ဓါတ်တွေကို  ပြောင်းလဲသင့်နေပြီလားဆိုတာပါဘဲ.. ။။

 ကျမရဲ့ခုတလောကတော့  သိပ်ပြီးတောက်တောက်ပပ  မရှိလှပါဘူး..
နဲနဲ များ မှိုင်းနေသလားလို့နော်...
မကြီးမိုးငွေ့စီကနေတဆင့် ကျမရေးတယ်..
ကျမစီကနေတဆင့်လည်း  ရေးကြပါလို့  ပြန်တက်ဂ်ပါရစေ..
အားလုံးကိုကျေးဇူးတင်ပါတယ်...

ပစ်ပစ် 
Am 2:43
21.3.2013



14 March 2013

ကျမရဲ့ည

Posted by blackroze at Thursday, March 14, 2013 12 comments
ကဲ..အားလုံးမင်္ဂလာပါလို့ ပြန်နှုတ်ဆက်မယ်နော်...
ကျမလည်း ဆားချက်တာကလွဲရင် ကျန်တာလည်း ဟုတ်တိပတ်တိ ဘာမှမရေးဖြစ်တာကြာပေါ့
ခေါင်းထဲမယ်တော့ စဉ်းစားထားတာတွေအများကြီးနော်..  ဒါပေမဲ့ထုံးစံအတိုင်းပေါ့နော်.. 
ကျမရဲ့ထုံးစံအတိုင်းဆိုတာ ဘာလဲ ခင်တဲ့သူတွေသိကြပါတယ်....

အခုတလော စိတ်ညစ်ညူး စရာတွေများလို့လား မသိပါဘူး  ဟာသကားတွေပိုကြည့်ဖြစ်တယ်...
ရယ်လိုက်ရရင် စိတ်ထဲပေါ့သွားတယ်ထင်လို့ပါ    ..
ဟာသဇာတ်လမ်းကြည့်လည်း ကြည့်တချက်ပါဘဲ...ဇတ်လမ်းလည်းပြီးလူလည်းဒုံရင်းကဒုံရင်းပါဘဲ...
ကျမအခုတလော  ဖိစီးမှု့တွေသိပ်များတယ်..
အလိုမကျတာတွေလည်းအရမ်းများတယ်... အဓိက  ကတော့စိတ်ဆိုတာကြောင့်ပါဘဲ...
အခုတော့ တတ်နိုင်သလောက် relax ဖြစ်အောင်ထား  ထားပါတယ်...

မကျေနပ်တာတွေ  ကျေနပ်တာတွေကို စဉ်းစားနေဖို့ထက်   ကိုယ့်ဘဝကို ပျော်ရွှင်အောင်ဖြတ်သန်းနိုင်ဖို့
ကြိုးစားတာက အသင့်တော်ဆုံးဖြစ်မယ်လို့ ဘဲခံယူထားလိုက်ပါတယ်...
ကျမ ဒီနေ့အလုပ်ပိတ်တယ်...  မားမား ဒမ် ပို့လာပေးတဲံမုန့်ဟင်းခါချက်တယ်... စားကောင်းတယ်
ကျမကိုယ့်ဘာကို တခါမှ မုန့်ဟင်းခါးမချက်ဖူးဘူး...အရင်ကချက်ရင်လည်း  ဘေးနားမှာ ညီမ ရှိတယ်..
သူကဟိုဟာထည့်လိုက်လေ  ဒါကိုဒီလောက်ဘဲထည့်ပြောပြပေးနေကြ  ..ကွကို   တယောက်တည်းချက်တာတော့  ဒီနေ့ပထမဦးဆုံးပါဘဲ... စားလိုက်တဲ့သူတွေကတော့ အားလုံးအိုကေ
တယ်ပြောကြပါတယ်... အဟီးးး

ကျမ ဒီအတောအတွင်း  ညညအိပ်မပျော်တာအရမ်းများတယ်..ဘယ်သူ့ကြောင့်လည်းလို့မေးရင် ဘယ်သူ့ကြောင့်မှ  မဟုတ်ပါဘူး..ကျမကြောင့်ပါဘဲ..မလိုလားအပ်တဲ့ အတွေးတွေ  ..ကို ဦးနှောက်ထဲ
ထည့်နေမိတယ်  ထင်တာပါဘဲ...တခါလေ   နှစ်နှစ်ခြိုက် ခြိုက် ကို ကျမအိပ်ပြစ်လိုက်ချင်တယ်...
ဒါပေမဲ့  ကျမအိပ်သာအိပ်နေရတယ်  ကျမစိတ်ထဲ  အိပ်ရေးမဝသလိုဘဲ...
အဲလိုမျိုးတော်တော်များများဖြစ်ဖူးကြမယ်ထင်ပါရဲ့  ...

ကျမရဲ့အဖော်ကတော့  မည်းတူး  ညစ်ပတ်ပတ်လေး ဖြစ်နေတဲ့ ကျမရဲ့ အရုပ်သေးသေးလေးပါဘဲ
အဲဒီအရုပ်လေးကိုဘဲ ရင်ဘတ်ပေါ်တင်ထားရင်း ကျမအိပ်ဖို့ကြိုးစားခဲ့ရတဲ့ညတွေ မနည်းပါဘူး...


တခါတလေ လည်း စိတ်တိုင်းမကျမှု့တွေ  အလိုမကျမှု့တွေနဲ့ မျက်ရည်ကျမိတဲ့ညတွေရှိသလို...
တခါတလေ တော့လည်း  ငိုင်တွေတွေနဲ့  ပြီးဆုံးသွားတဲ့  ညတွေရှိခဲ့ပါရဲ့ ...

သူများတွေ ခရီးသွားပိုစ့်တွေကိုဖတ်ရတိုင်း  ခွင့်အလွယ်တကူ  ယူခွင့်မရတတ်တဲ့  ဒီအလုပ်ကြီးကနေ
ထွက်ပြေးချင်မိတယ်...
စိတ်တိုင်းမကျတာတွေကိုလည်း   ပြည့်စုံလာအောင် ဖာထေးချင်စိတ်လည်းမရှိတော့တာ  အမှန်ဘဲ...

ဒီနေ့လည်း  ကျမနေတဲ့နေရာမှာ  ရာသီဥတု တော်တော်အေးတယ်..လက်တွေအေးစက်စက်နဲ့
Keyboard ကိုကိုင်နေရတာ..စိတ်ထဲမျိုးဘဲ... ကော်ဖီတခွက်လောက် ထဖျော်ချင်ပေမဲ့
ကျမ နဲ့ အိပ်စက်ခြင်း ဝေးကွာသွားလိမ့်မယ်ဆိုတဲ့အသိနဲ့ ကော်ဖီ ကို ဥပေက္ခာ ပြုလိုက်ပါတယ်...

တခုလိုချင်ရင် တခုကိုပေးနေရတာဘာလို့ ပါလိမ့် ဆိုတဲ့  အူကြောင်ကြောင်အတွေးတွေလည်း
တွေးမိတယ်...

အခုတော့ အိပ်ချင်သလိုလို  နဲ့ ကျမရဲ့ ညစ်ပတ်ပတ်  ဖြစ်နေတဲ့ အရုပ်လေးကို ပေါင်ပေါ်တင်ပြီး
ကွန်ပြူတာရှေ့မှာ  ငိုင်တိုင်တိုင်နဲ့ထိုင်နေမိတယ်  ထင်တာဘဲ...
ကျမရှေ့က  စားပွဲမှာတော့  ဖုန်းရယ်  ကျမညီမရဲ့ အိမ်သော့တွဲရယ်..  ခေါင်းစည်းကြိုးလေးတကွင်းရယ်
အစာကြေဆေးဘူး.. Hand cream နောက်ပြီး memorie stick ...  အစရှိတဲ့ပစ္စည်းတွေက ဖရိုဖရဲ..

လူကလည်း ရင်တုန်သလိုလို  ရင်ထဲတလှပ်လှပ်  ဖြစ်နေသလို  ...ညာဘက် လက်တဘက်ကိုက်နေသလိုလို  နဲ့   လိုလို  လိုလို  စတဲ့ ခံစားချက်ပေါင်းစုံကို  ကိုယ့်ဘာသာ ဝေခွဲရင်းနဲ့
ညတညကို ကျမဖြတ်သန်းနေတယ်...

ဒီလောက်ဆို ကျမရဲ့အခြေအနေကို  ခန့်မှန်းမိကြမယ်ထင်ပါရဲ့
တခါတလေ  လွတ်လပ်စွာပျံသန်းခွင့်ဆိုတာကို ကျမသိပ်တောင့်တမိတယ်...သိလား...

ဒါနဲ့ စကားမစပ်...သကြားလုံးရဲ့  ဟမ်းစတားလေးတွေကိုစောနလေးတင်
သွားကြည့်လာတာ  အသည်းယားလိုက်တာနော်...  ပိစိညောက်တောက်လေးတွေ... 

ပစ်ပစ် 
Pm 11:22
14.3.2013

06 March 2013

သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး

Posted by blackroze at Wednesday, March 06, 2013 14 comments
ကြိုးတချောင်း
သူချည်နှောင်တတ်တယ်...
အစမထွက်လာအောင်
အနားတွေသတ်လိုက်ပါလို့
စချည်ဖို့ပြင်တယ်...

ဟိုတဘက်
ဒီတဘက်
ဝေ့ဝိုက်ကာနဲ့
လွန်းထိုးယှက်သွယ်
သူချည်နှောင်တယ်...

ဒီအနားသတ်အစလေး
ပြေထွက်မသွားအောင်
ထပ်ခါထပ်ခါ
ရစ်နှောင်ထားပါလို့
ရယ်သံအဖျားလေးနှစ်ခုနဲ့
ချိတ်ထားလိုက်တယ်...

အသည်းလေးနှစ်ခု
ဒီကြိုးဖျားထိပ်  
ထပ်ခါ  ချိတ်ပါလို့
မျှော်လင့်ချက်ဖဲပြားလေး
ချည်လိုက်ပြန်တယ်...

ဘာကြောင့်
ဘာအတွက်
နှိုင်းဆစရာမလိုတဲ့
အချစ်နှစ်ခု
ဒီကြိုးလေးထဲ
ထည့်သွင်းပါလို့
ယုံကြည်မှု့တံဆိပ်နဲ့
ချိပ်ပိတ်လိုက်တယ်....

အချစ်ကြိုးအစလေး
သူတဘက်
ကိုယ်တဘက်
ကိုင်ထားပါလို့
တယောက်မျက်နှာ
တယောက်ကြည့်
ဆုံမှတ်တခုမှာ
စချည်နှောင်မဲ့
သူနဲ့ကိုယ်နဲ့ ချည်တဲ့ကြိုး.....။။။။။


ပစ်ပစ်
Am 00:52
11.2.2013

( ဘာမှတော့မဟုတ်ပါဘူး..ဆားချက်လိုက်တာပါ  :P  )

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei