01 July 2013

ကျမနှင့်မေးခွန်းများ...

Posted by blackroze at Monday, July 01, 2013
လောကကြီးမှာအယုံကြည်ရဆုံးဆိုတဲ့အရာကတော့ .....ကျမ ကိုယ်တိုင်ပါဘဲ..


တန်ဖိုးအရှိဆုံးဆိုတဲ့အရာကတော့ ....ကျမ ကိုယ်တိုင် ဖန်တီးထားတာတွေပါဘဲ...

အခက်ခဲဆုံးအလုပ်ကတော့  ...... စိတ်တ္တဇ နမ်တွေကို ခန့်မှန်း ရတာပါဘဲ...
ဥပမာ.... အချစ်တို့ သံယောဇဉ်တို့  ယုံကြည်မှု့တို့ ...ပါဘဲ
သူတို့ကိုခန့်မှန်းရတာ  သိပ်ခက်ပါတယ်...တကယ်မလွယ်ဘူး...

အမုန်းဆုံးကတော့  ..ကျမမုန်းတာတွေတော်တော်များတယ်...ဒါကြောင့်မို့မရေးတော့ဘူး...

ဝမ်းနည်းရဆုံးအချိန်...  တခုဝမ်းနည်းစရာကြုံလိုက် ပြီးသွားလိုက်  နောက်တခုထပ်ကြုံ  လိုက်နဲ့ ဆိုတော့
repeat ဖြစ်ဖြစ်နေတဲ့ သဘောပါဘဲ..

အပျော်ဆုံးအချိန်....မရှိသေးဘူး...

အရမ်းနှစ်သက်တဲ့ အလုပ် ...သူတပါးကိုဆရာလုပ်ရတာပါ...
ကိုယ်ဆရာ လုပ်တာ တဘက်က လက်ခံသွားပြီ ဆိုရင် လွှတ်ပျော်တာဘဲ...

အရမ်းမုန်းတဲ့အလုပ် .... လိမ်ညာခြင်း  .... ဒါပေမဲ့ ကျမ အမြဲတမ်း လိမ်ညာခံရတယ်...


အရမ်းနှစ်သက်တဲ့စာရေးဆရာ.. အများကြီးပဲ...

အရမ်းနှစ်သက်တဲ့ ရုပ်ရှင်...အများကြီးပဲ...

အရမ်းကြိုက်တဲ့စားစရာ...ကြေးအိုးပေါ့  (မြန်မာပြန်လာလည်ရင် ကြေးအိုး ဒကာခံမဲ့သူများစာရင်း
ပေးနိုင်ပါသည်    :P)

အရမ်းမုန်းတဲ့စားစရာ...ပဲမြစ်

အရမ်းကြိုက်တဲ့သီချင်း...   "  အချစ်ဆိုသည်မှာ "

အရမ်းမုန်းတဲ့သူတယောက်နာမည်... တယောက်မကရှိတယ်..ဒါကြောင့်မရေးတော့ဘူး..

အရမ်းချစ်တဲ့သူများဘယ်နှစ်ယောက်ရှိသလဲ.... ကျမအမေနဲ့ ညီမ က ဇယားထိပ်မှာ draw ကျနေတယ်...
အဲတာဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်တဲ့  ကျမဘဝရဲ့ ချစ်ရဆုံးသူ နှစ်ယောက်ပါဘဲ

ဘောလုံးပွဲဝါသနာပါတဲ့သူတွေဆိုရင် အကြိုက်ဆုံးအသင်းပေါ့...ကျမကတော့ CHELSEA...



အခုနေခါ အလိုချင်ဆုံးအရာတခုကိုပြောပါဆိုရင်  ...အင်းးးးး ##@#@&&^%$###**(*(()  အဲဒါပါဘဲ
အတိတ်ကိုမေ့လိုက်ချင်တယ်..အတိတ်မှာပတ်သက်ခဲ့သူတွေအာလုံးကို မေ့သွားလိုက်ချင်တယ်..


အခုနေခါသနားဆုံးသူ......ကျမကိုယ်တိုင်ပါဘဲ ( ဟုတ်တယ်  ကိုယ့်ကိုကိုယ် သနားတယ်..)

မနက်ဖန်  ဆိုတာကို ဘယ်လိုထင်လည်း .... မပြီးဆုံးနိုင်သေးတဲ့ စစ်မြေပြင်တခုလို့ ထင်တယ်....

အခုနေခါ အစားချင်ဆုံး စားစရာ  ....ရခိုင်မုန့်တီ တပွဲနဲ့ ချိုနှစ်နေတဲ့ ဖာလူဒါတခွက်  ပေါ့

နောက်ဆုံးမေးခွန်းလေးတခု မေးချင်ပါတယ်..

 ****  အချစ်ဆိုတာကိုဘယ်လိုမြင်ပြီး လက်ခံလည်း...

*****  အိမ်ထောင်ရေးဆိုတာကိုရော ဘယ်လိုယူဆလက်ခံပါသလည်း...

အဆင်ပြေမယ်ဆိုရင် ကျမသိချင်တဲ့ မေးခွန်းလေးနှစ်ခုကိုဖြေပေးခဲ့ပါလို့တောင်းဆို ချင်ပါတယ်

ပစ်ပစ်
Pm 10:33



9 comments:

လရိပ်အိမ် on 2 July 2013 at 00:04 said...

အချစ်ကို ရှုပ်ထွေးပွေလီနေတဲ့ သံယောဇဉ် ကြိုး၁ကြိုးလို့ မြင်ပါတယ်။ {၁၅၀၀ (ဖုန်းကဒ်မဟုတ်) ကို ပြောတာပါ}
အိမ်ထောင်ရေးကိုတော့ မဖြေတော့ဘူးနော်။ ( မသိလို့ ထက် မရှိသေးတော့ မပြောတတ်ဘူး )

မောင်ဘုန်း on 3 July 2013 at 00:18 said...

ဟုတ်ကဲ့ .... သိသလောက်ဖြေကြည့်မယ် ...ဗျာ ...

၁ .. အချစ်ဆိုတာ ... ကျနော် စနေနေ့  ညနေတိုင်း သွားစားနေကျ ရိုတီ (ပလာတာ) နဲ့  တူပါတယ် ...။
တစ်ခုစားတော့လည်း မဝ ဘူး ....။ ၂ ခုစားပြန်တော့ မကုန်ဘူး...။
အချစ်ဆိုတာလည်း အဲ့လို ပဲ ... ။ ပြီးပြည့်စုံခြင်း မရှိပဲ တစ်ခုခု လိုနေ သလိုပဲပေါ့ ....။ (ဘာမှလည်းမဆိုင်းဘူး)

၂.... အိမ်ထောင်ရေး ဆိုတာကတော့ .... အင်း ........ ...(ဟူးးးးးးးးးးးးး)တွေးကြည့်တာနဲ့  မောရပြီ ...။ အချစ်က တစ်ခုခုပဲလို နေတာ ...။ အိမ်ထောင်ရေးဆိုတာကြီးကတော့ လိုအပ်ခြင်းတွေ တန်းစီ ထားသလိုပဲဗျာ .....။


Lorem Ipsum on 3 July 2013 at 10:48 said...

အချစ်မှာ အကြောင်းပြချက်တွေအများကြီးရှိနိုင်တယ် ဒါပေမယ့် အဲဒီအကြောင်းပြချက်တွေနဲ့မတိုက်ဆိုင်ရင်လည်း ချစ်ချင်ရင်ချစ်သွားတာပါပဲ ။ ကိုယ်ပိုင်ခံစားချက်အနေနဲ့ အချစ်ဟာ ငရုတ်သီးလိုပဲ ။ စားရင်စပ်မှန်းသိပေမယ့်ကြိုက်နေတာခက်တယ်လေး)

အိမ်ထောင်ရေးကတော့ မရှိသေးလို့မသိသေးဘူး ။ ငရုတ်သီးအများကြီးစားလိုက်မိသလို မဖြစ်စေဖို့ဆုတောင်းမိတာပါပဲ

သိသလောက်ရွီးလိုက်ပြီနော် ပစ်ပစ်

Anonymous said...

အချစ်.....
စွန့်လွှတ်ခြင်းများဖြင့်လည်း အနင့်နာ ခံနိုင်သော
ရယူခြင်းများဖြင့်လည်း သိမ်းပိုက်နိုင်သော
ဘာအကြောင်းကြောင့်မှ ချစ်တာမဟုတ်သော
ချစ်ခြင်းဖြင့် ချစ်သည်ဟုဆိုနိုင်ရင်.......

ထို အရာ ကိုပင် ကျနော် အချစ်ဟု တွင် စေ ချင်သည် ။

အိမ်ထောင် ရေး.....
မျဉ်းတစ်ပြေး ကာလ အချစ်ဆိုတာတွေ ပါးလျသွားကြပြီ
နွမ်းနယ်မှု့ ကိုယ်စီ နဲ့ တစ်ယောက်ကို တစ်ယောက် ပြန်မှီကြ
နွေးထွေးစွာ ဖေးမ ခြင်းတွေက ကိုယ်စီရဲ့ ချွေးစ ကိုသိပ်စေမယ် ။

မင်းဧရာ

ရင်လှိုင်းခတ်သံ said...

အချစ်ဆိုတာ ချစ်တဲ့ သူနှစ်ဦးသာ နားလည် နိုင်တဲ့ ဘာသာ စကား တစ်ခု ။ ကြားလူတွေ နားလည် ပေးနိုင်ဖို့ ခက်မယ်။
အိမ်ထောင်ရေးဆိုတာ ကတော့ နားလည်မှုတွေ ၊ ယုံကြည်မှုတွေ ၊ ကြင်နာမှုတွေ နဲ့ တစ်ယောက်နဲ့ တစ်ယောက် လက်တွေ မြဲမြဲ တွဲ ထားကြတာ ကို ခေါ်မယ်။

မြတ်ပန်းနွယ် (Myat Pan Nwe) on 4 July 2013 at 19:19 said...

အယုံကြည်ဆုံးအရာနှင့် တန်ဖိုးအရှိဆုံအရာတွေက ကိုယ့်ကိုယ်ကိုနှင့် ကိုယ်လုပ်ထားတဲ့အရာဆိုလို့ မိမိကိုကို တန်ဖိုးထားပြီး ယုံကြည်မှုမြင့်မားသူတစ်ယောက်ဆိုတာ သိသာစေပါတယ်။

အချစ်နဲ့ အိမ်ထောင်ရေးကတော့ မြတ် ဘယ်တော့မှ နားမလည်နိုင်မယ့် ဝေါဟာရလေး ၂ခုပါလို့ .. ။

Angelhlaing(May everybody be happy and healthy! on 6 July 2013 at 02:44 said...

ကိုယ်တိုင် အခြေမကျသလို နားမလည်နိုင်သော ရပ်ဝန်းတွေ ဖြစ်နေတယ်မမ ရယ်...

Naynayminthu.blogspot.com on 13 July 2013 at 10:07 said...

အချစ်ကိုသိချင်ရင်တော့ မခိုင်ကိုသာ မေးလိုက်ပါနော အိမ်ထောင်ရေးဆိုတာကတော့ ကျနော်ကတော့ ဦးယဉ်တစ် ပြုစုတယ်လို့ပဲသဘောထားတယ်...ဟီးး

စံပယ်ချို on 22 July 2013 at 08:31 said...

စိတ်မကောင်းဘူးအေ
ကိုယ်ကပဲမြစ်အရမ်းကြိုက်လို့----ဟီးဟီး

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei