31 March 2013

ငယ်ငယ်တုန်းက..

Posted by blackroze at Sunday, March 31, 2013
ကျမအခုတလော ရင်ဘတ်ကြီးထဲနေလို့မကောင်းဘူး...
ခံစားချက်တွေ များတယ်....
သတိရမိတာတွေများတယ်..
စိတ်မကောင်းဖြစ်မိတာတွေများတယ်..

မတ်လ 30ရက်နေ့ညက နိုင်ငံခြားကနေပြန်လာတဲ့ ကိုစိုးသူကြီးက free show လုပ်ပါတယ်...
ကျမတို့လိုအဝေးရောက်နေတဲ့ သူတွေကတော့ ဟိုနေရာလေးကနေဝင်ကြည့် ဒီနေရာလေးကနေဝင်ကြည့်ပေါ့ .... မြန်မာက ပရိတ်သတ်ကတော့ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်လို့ရတာပေါ့ ...။

ကိုစိုးသူကြီး သီချင်းပြန်လာဆိုတော့  ကျမငယ်ငယ်တုန်းက ငါးတန်းကျောင်းသူဘဝလေးကို
ပြန်အမှတ်ရမိတယ်... ကျမ ငါးတန်းလောက်က ခရစ်ယာန် သူငယ်ချင်းမလေးတယောက်ရှိတယ်....
သူကစိုးသူအရမ်းကြိုက်တယ်...ဘယ်လောက်တောင် ကြိုက်လည်းဆိုရင်   သူ့အကိုတောင် တော်ချင်တာတဲ့ ..အဲလောက်ထိအောင်ပါ... အဲဒီတုန်းကတော့  VCD တွေ တောင်မရှိသေးတဲ့ ခေတ်ဆိုတော့ MTV ခေတ်ပေါ့  Video Tape ခွေ ဘဲရှိတာလေ...
ထွက်သမျှ ခွေငှားကြည့်တယ်... စိုးသူပုံမှန်သမျှဝယ်တယ်....ကွန်ပါဘူးထဲထည့်ထားတယ်...စာကြည့်စားပွဲမှာစိုးသူပုံကပ်ထားတယ်...
သူကစာတော်ပါတယ်...စိုးသူကဆရာဝန်မို့လို့ သူလည်းဆရာဝန်ဖြစ်ချင်လို့ပါတဲ့... ..။။

တခါတလေ  အတန်းထဲမှာ  ဘယ်သူကဘယ်မင်းသားကြိုက်တယ်ဆိုပြီး  ငြင်းကြခုန်ကြတဲ့ အခါတိုင်း
သူက စိုးသူရဲ့ အမာခံပရိတ်သတ်ပါ...
(  ကျမကရန်အောင်နဲ့မေသန်းနုရဲ့"" မောင် ""ဇာတ်လမ်းကိုကြည့်ပြီး  ရန်အောင် ဘက် နည်းနည်းပါဘူးတယ်လေ...  : LOL  :P ) 

ကျမလည်း ငယ်တုန်းက စိုးသူသီချင်းတွေကြိုက်တယ်... ကျမကြိုက်တဲ့ သူတွေထဲ ကိုစိုးသူကြီးလည်းပါ ပါတယ်...ကိုစိုးသူကြီးရဲ့ ဆယ်ကျော်သက်  ဆိုတဲ့တိတ်ခွေတောင်မုန့်မစားဘဲ မုန့်ဘိုးစုပြီးဝယ်သိမ်းဖူးတယ်.. ကျမတို့ငယ်တုန်းက လည်းမင်းသားမင်းသမီးဆိုတာ  လက်ချိုးရေ  လို့ရပါတယ်....မင်းသားထဲမှာဆိုရင် ရန်အောင်  ရဲအောင်  ကျော်ရဲအောင် စိုးသူ  လွင်မိုး  ကျော်သက်  ရဲကိုကို  တို့လောက်ဘဲနာမည်ကြီးတာ  .. မင်းသမီးဆိုလည်း မေသန်းနု စိုးမြတ်သူဇာ  မို့မို့မြင့်အောင်
မေသဉ္ဇာဦး  လင်းဇာနည်ဇော်  တို့ နာမည်ကြီးနေချိန်ပေါ့  ..မင်းသား မင်းသမီးတွေကလည်း အခုခေတ်လိုတော့  ဘယ်သူဘယ်ဝါမှန်းတောင်  မသိအောင်ကိုမများလှပါဘူး... ။။

အဲဒီလူနည်းနည်းလေးထဲကကိုဘဲ  သူ့မင်းသား ငါ့မင်းသားနဲ့ ငြင်းခုန်ခဲ့ဖူးတယ်ဆိုပါတော့...
နောက်တော့လည်း တဖြည်းဖြည်း  အတန်းတွေလည်းကြီး  သူငယ်ချင်းတွေလည်းကွဲ  နဲ့
10တန်းအောင်ပြီးတော့ တော်တော်များများ နဲ့လည်း  အဆက်သွယ် ပြတ်ကုန်တယ်ဆိုပါတော့...
အဲဒီခရစ်ယာန်သူငယ်ချင်းမလေးနဲ့လည်း  ကျမအဆက်သွယ်ပြတ်သွားပါတယ်...။။

ကိုစိုးသူကြီးလည်း  အမေရိကားရောက်ပြီး  အနုပညာနဲ့အဆက်သွယ်ပြတ်သွားတယ်ဆိုပါတော့..
ဒီလိုနဲ့  အခု မြန်မာမှာ သီချင်း show ပွဲပြန်လုပ်တယ်လို့ကြားတော့...ကျမပြန်ကြည့်ချင်မိတယ်...
ကိုယ်ငယ်ငယ်က သဘောကျနှစ်သက်ဖူးတဲ့ အဆိုတော်ကိုးးးး
ဒါပေမဲ့  ကျမအဲဒီအခွင့်အရေးနဲ့ဘာမှမသက်ဆိုင်သူတယောက်ဖြစ်ခဲ့ပါတယ်...
သီချင်း show ပွဲ တခုကြည့်ဖို့အတွက်နဲ့ ပဲ ကျမ ပြန်လို့ မဖြစ်လို့ပါ....။။

အဲဒီနေ့ည က အလုပ်က ပြန်လာတော့  facebook ထဲမှာ ဟိုနေရာက တက်လာတဲ့ဟာလေး ကြည့်လိုက်
ဒီနေရာကတက်လာတဲ့ ဟာလေး ကြည့်လိုက်နဲ့  ...ငယ်ဘဝ  ငယ်က ကျောင်းသူဘဝလေးကို
အရမ်း ပြန်အမှတ်ရမိတယ်.... ငါးတန်းကျောင်းသူဘဝလေး  စာသင်ခန်းထဲက အဖြူစိမ်းဝတ်ခဲ့တဲ့ဘဝလေး
သူငယ်ချင်းတွေနဲ့ သစ်ရွက်လှုပ်တာတောင် ရယ်မောခဲ့ဖူးတဲ့  ဘဝတုန်းက ခံစားချက်လေးတွေ
အမှတ်တရလေးတွေ  ..ပြောခဲ့တဲ့ စကားလေးတွေ ပြန်သတိရမိတယ်... ။။

Facebook ထဲမှာ တက်လာသမျှ ပုံလေးတွေကြည့်ရတာ
ကိုစိုးသူကတော့ အရင်ကပုံစံလေးလိုပါဘဲ... ဘာမှမပြောင်းလဲပါဘူး...
တကယ်တမ်းမှာတော့  အချိန်အားဖြင့် တွက်ကြည့်ရင်  ဆယ်စုနှစ် နှစ်ခုနီးပါးလောက် ကိုရှိနေပါပြီ...ဒါပေမဲ့  ကျမ စိတ်ထဲမှာတော့  အဲဒီပုံလေးတွေကြည့်နေရင်းနဲ့ 
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျောင်းစာသင်ခန်းလေးထဲကို ပြန်ရောက်သွားသလိုပါဘဲ ....။။။

ကျမငယ်ငယ်တုန်းက  သူငယ်ချင်းတွေ ..ငယ်ငယ်တုန်းက အဖြစ်လေးတွေ ..အမှတ်တရလေးတွေ
အားလုံးကို တခုချင်းပြန်မြင်နေရတယ်... စကားသံလေးတွေပြန်ကြားနေရတယ်...အတိတ်ဆိုတာ
ပျောက်ပျယ်သွားတဲ့ အရာမှမဟုတ်တာလေ... အချိန်အခါမရွေး  ပြန်လည်လတ်ဆတ် လာတတ်တယ်လေ.. ကျမအတွက် မတ်လ 30ရက်နေ့ ညကတော့ အတိတ်ကစာသင်ခန်းထဲ
ပြန်ရောက်သွားတဲ့ ညပါဘဲ...  ..ကျမသူငယ်ချင်းတွေကိုပြန်သတိရမိတယ်...
ငယ်ငယ်တုန်းက ကိုစိုးသူကြီးကို အရမ်းကြိုက်တဲ့   ခရစ်ယာန် သူငယ်ချင်းမလေးကို သတိရမိတယ်..။။

သူသာ မြန်မာမှာရှိတယ်ဆိုရင်... အဲဒီ ညက  show ပွဲကို သေချာပေါက် ရအောင်သွားကြည့်မယ်ထင်ပါတယ်.....။။

စင်ပေါ်မှာ သီချင်းဆိုနေတဲ့ စိုးသူကို  တမေ့တမော ငေးပြီး သူလည်းအတတ်ကိုများပြန်သတိရနေမလား မသိဘူး...နော်... ။။

ငယ်ငယ်တုန်းက သူငယ်ချင်း အချင်းချင်း သဘောကျတဲ့  မင်းသား ချင်း ပြိုင်ငြင်းကြရင် သူနဲ့ကျမ က စိုးသူဘက်ကနေ  တဘက်တည်းနေ နေကြမို့... ကျမကိုများ သူသတိရနေမလား  မသိဘူးနော်...။။

ဒါမှမဟုတ်  ကျမလိုဘဲ  ကွန်ပြူတာရှေ့ကနေ  စာလေးလိုက်ဖတ်ရင်း  ပုံလေးလိုက်
ကြည့်ရင်းနဲ့ ငယ်ငယ်တုန်းက  ကျောင်းစာသင်ခန်းလေးထဲ ကျမသူငယ်ချင်းလေးအလည်
ပြန်ရောက်နေသလား ...။။

သူ့ထက် အသံကောင်းသူတွေ  သူ့ထက် သရုပ်ဆောင် ကောင်းသူတွေ သူ့ထက်ရုပ်ချောသူတွေ
သရုပ်ဆောင်လောကမှာ  ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်...ဒါပေမဲ့ ကျမနဲ့ သူငယ်ချင်းလေး
တယောက်ကတော့  ငယ်ငယ်တုန်းက သူ့ကို ဘဲ နှစ်သက်အားပေးခဲ့ဖူးတယ်..

အခုကျမနားထောင် မိတဲ့ သီချင်းလေး တပုဒ်ပါ တင်ပေးလိုက်ပါတယ်...။။

ပစ်ပစ်
PM 9:49
31.3.3013







9 comments:

လရိပ်အိမ် on 1 April 2013 at 00:29 said...

တူတူပါဘဲကွယ်။ ကိုစိုးသူရဲ့ live show ကြည့်ချင်တာ အရမ်းဘဲ။
MLTR လဲကြည့်ချင်တယ်။ :)

TunTun on 1 April 2013 at 21:23 said...

I was watching via the MRTV site. But connection wasn't that good. I wish I was there too..

မိုးညချမ်း on 1 April 2013 at 21:36 said...

မမရဲ့ သူငယ်ချင်းမလေးလည်း မမကို သတိရနေမှာပါ ... ပိုစ့်လေးဖတ်ရင်း ညလေးတောင် ငယ်ဘ၀လေးကို လွမ်းသွားတယ် ... :)

Anonymous said...

အလွမ်းသံလေးတွေ ခံစားနားဆင် ဖတ်ရှု့သွားတယ်နော်...:)

Candy on 4 April 2013 at 00:56 said...

ကန်ဒီလည်း စိုးသူကို ကြိုက်ခဲ့ဖူးတယ်.. ဒါပေမယ့် သူ့သီချင်းတွေ ဘာတွေတော့ အဲ့လောက်နားမထောင်ဖူးဘူး :D

Anonymous said...

ခြောက်တန်းလောက်တုန်းက ကိုဏီတို့အတန်းထဲမှာလည်း စိုးသူအရမ်းကြိုက်တဲ့ ၀၀တုတ်တုတ် ကရင်မလေးတစ်ယောက်ရှိတယ်။ သူလည်း ခရစ်ယာန်ပဲ။ တစ်နေ့ သူ့ကို စချင်တဲ့ကောင်လေးတွေက စိုးသူဟာ...နှာခေါင်းကြီးတယ်..၊ ပင်လယ်ထဲ ပက်လက်ရေကူးရင် ငါးမန်းလာပြီဆို ပြေးကြရမှာ စတဲ့ လူရွှင်တော်တွေသုံးတဲ့ စကားသုံးပြီး သူ့ကိုနောက်တော့...
အိုး... ဘာပြောကောင်းမလဲ...
ရန်ဖြစ်လိုက်တာ ၀က်ဝက်ကို ကွဲရောပဲလေ...။
ခု ညီမရဲ့စာလေးကိုဖတ်မိပြီး ကိုဏီပြန်သတိရမိသွားတာ...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

နွေတေးရှင် (မင်းဧရာ) on 6 April 2013 at 18:50 said...

ငယ်ငယ်ကအကြောင်းး သိပ်သတိရစရာ မရှိလှပါဘူးအေ...
လွမ်း..တွေးစရာ..ငေးစရာလေးတွေကတော့ အများသား။

Unknown on 8 April 2013 at 23:08 said...

ကျနော်လဲ စိုးသူ သီချင်းတွေကြိုက်နှစ်သက်တယ်. အခု သီချင်းလေးလဲ နားထောင်ကောင်းတယ်။။။

San San Htun on 9 April 2013 at 11:02 said...

ဆယ်စုနှစ်ကြာခဲ့ပေမယ့် စိုးသူက အရင်အတိုင်းပဲ..ငယ်ငယ်တုန်းက စိုးသူအရမ်းကြိုက်တယ့် သူငယ်ချင်းမလေးက တူပုန်းတမ်းဆော့ရင် စိုးသူနှာခေါင်းထဲ ဝင်ပုန်းမလို့ တယ်..ပေါက်တီးပေါက်ကရ ကြံကြံဖန်ဖန်..တို့ များ ငယ်ငယ်တုန်းက စိုးသူ၊ တူးတူး သီချင်းတွေ ခေတ်စားတယ်...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei