14 March 2013

ကျမရဲ့ည

Posted by blackroze at Thursday, March 14, 2013
ကဲ..အားလုံးမင်္ဂလာပါလို့ ပြန်နှုတ်ဆက်မယ်နော်...
ကျမလည်း ဆားချက်တာကလွဲရင် ကျန်တာလည်း ဟုတ်တိပတ်တိ ဘာမှမရေးဖြစ်တာကြာပေါ့
ခေါင်းထဲမယ်တော့ စဉ်းစားထားတာတွေအများကြီးနော်..  ဒါပေမဲ့ထုံးစံအတိုင်းပေါ့နော်.. 
ကျမရဲ့ထုံးစံအတိုင်းဆိုတာ ဘာလဲ ခင်တဲ့သူတွေသိကြပါတယ်....

အခုတလော စိတ်ညစ်ညူး စရာတွေများလို့လား မသိပါဘူး  ဟာသကားတွေပိုကြည့်ဖြစ်တယ်...
ရယ်လိုက်ရရင် စိတ်ထဲပေါ့သွားတယ်ထင်လို့ပါ    ..
ဟာသဇာတ်လမ်းကြည့်လည်း ကြည့်တချက်ပါဘဲ...ဇတ်လမ်းလည်းပြီးလူလည်းဒုံရင်းကဒုံရင်းပါဘဲ...
ကျမအခုတလော  ဖိစီးမှု့တွေသိပ်များတယ်..
အလိုမကျတာတွေလည်းအရမ်းများတယ်... အဓိက  ကတော့စိတ်ဆိုတာကြောင့်ပါဘဲ...
အခုတော့ တတ်နိုင်သလောက် relax ဖြစ်အောင်ထား  ထားပါတယ်...

မကျေနပ်တာတွေ  ကျေနပ်တာတွေကို စဉ်းစားနေဖို့ထက်   ကိုယ့်ဘဝကို ပျော်ရွှင်အောင်ဖြတ်သန်းနိုင်ဖို့
ကြိုးစားတာက အသင့်တော်ဆုံးဖြစ်မယ်လို့ ဘဲခံယူထားလိုက်ပါတယ်...
ကျမ ဒီနေ့အလုပ်ပိတ်တယ်...  မားမား ဒမ် ပို့လာပေးတဲံမုန့်ဟင်းခါချက်တယ်... စားကောင်းတယ်
ကျမကိုယ့်ဘာကို တခါမှ မုန့်ဟင်းခါးမချက်ဖူးဘူး...အရင်ကချက်ရင်လည်း  ဘေးနားမှာ ညီမ ရှိတယ်..
သူကဟိုဟာထည့်လိုက်လေ  ဒါကိုဒီလောက်ဘဲထည့်ပြောပြပေးနေကြ  ..ကွကို   တယောက်တည်းချက်တာတော့  ဒီနေ့ပထမဦးဆုံးပါဘဲ... စားလိုက်တဲ့သူတွေကတော့ အားလုံးအိုကေ
တယ်ပြောကြပါတယ်... အဟီးးး

ကျမ ဒီအတောအတွင်း  ညညအိပ်မပျော်တာအရမ်းများတယ်..ဘယ်သူ့ကြောင့်လည်းလို့မေးရင် ဘယ်သူ့ကြောင့်မှ  မဟုတ်ပါဘူး..ကျမကြောင့်ပါဘဲ..မလိုလားအပ်တဲ့ အတွေးတွေ  ..ကို ဦးနှောက်ထဲ
ထည့်နေမိတယ်  ထင်တာပါဘဲ...တခါလေ   နှစ်နှစ်ခြိုက် ခြိုက် ကို ကျမအိပ်ပြစ်လိုက်ချင်တယ်...
ဒါပေမဲ့  ကျမအိပ်သာအိပ်နေရတယ်  ကျမစိတ်ထဲ  အိပ်ရေးမဝသလိုဘဲ...
အဲလိုမျိုးတော်တော်များများဖြစ်ဖူးကြမယ်ထင်ပါရဲ့  ...

ကျမရဲ့အဖော်ကတော့  မည်းတူး  ညစ်ပတ်ပတ်လေး ဖြစ်နေတဲ့ ကျမရဲ့ အရုပ်သေးသေးလေးပါဘဲ
အဲဒီအရုပ်လေးကိုဘဲ ရင်ဘတ်ပေါ်တင်ထားရင်း ကျမအိပ်ဖို့ကြိုးစားခဲ့ရတဲ့ညတွေ မနည်းပါဘူး...


တခါတလေ လည်း စိတ်တိုင်းမကျမှု့တွေ  အလိုမကျမှု့တွေနဲ့ မျက်ရည်ကျမိတဲ့ညတွေရှိသလို...
တခါတလေ တော့လည်း  ငိုင်တွေတွေနဲ့  ပြီးဆုံးသွားတဲ့  ညတွေရှိခဲ့ပါရဲ့ ...

သူများတွေ ခရီးသွားပိုစ့်တွေကိုဖတ်ရတိုင်း  ခွင့်အလွယ်တကူ  ယူခွင့်မရတတ်တဲ့  ဒီအလုပ်ကြီးကနေ
ထွက်ပြေးချင်မိတယ်...
စိတ်တိုင်းမကျတာတွေကိုလည်း   ပြည့်စုံလာအောင် ဖာထေးချင်စိတ်လည်းမရှိတော့တာ  အမှန်ဘဲ...

ဒီနေ့လည်း  ကျမနေတဲ့နေရာမှာ  ရာသီဥတု တော်တော်အေးတယ်..လက်တွေအေးစက်စက်နဲ့
Keyboard ကိုကိုင်နေရတာ..စိတ်ထဲမျိုးဘဲ... ကော်ဖီတခွက်လောက် ထဖျော်ချင်ပေမဲ့
ကျမ နဲ့ အိပ်စက်ခြင်း ဝေးကွာသွားလိမ့်မယ်ဆိုတဲ့အသိနဲ့ ကော်ဖီ ကို ဥပေက္ခာ ပြုလိုက်ပါတယ်...

တခုလိုချင်ရင် တခုကိုပေးနေရတာဘာလို့ ပါလိမ့် ဆိုတဲ့  အူကြောင်ကြောင်အတွေးတွေလည်း
တွေးမိတယ်...

အခုတော့ အိပ်ချင်သလိုလို  နဲ့ ကျမရဲ့ ညစ်ပတ်ပတ်  ဖြစ်နေတဲ့ အရုပ်လေးကို ပေါင်ပေါ်တင်ပြီး
ကွန်ပြူတာရှေ့မှာ  ငိုင်တိုင်တိုင်နဲ့ထိုင်နေမိတယ်  ထင်တာဘဲ...
ကျမရှေ့က  စားပွဲမှာတော့  ဖုန်းရယ်  ကျမညီမရဲ့ အိမ်သော့တွဲရယ်..  ခေါင်းစည်းကြိုးလေးတကွင်းရယ်
အစာကြေဆေးဘူး.. Hand cream နောက်ပြီး memorie stick ...  အစရှိတဲ့ပစ္စည်းတွေက ဖရိုဖရဲ..

လူကလည်း ရင်တုန်သလိုလို  ရင်ထဲတလှပ်လှပ်  ဖြစ်နေသလို  ...ညာဘက် လက်တဘက်ကိုက်နေသလိုလို  နဲ့   လိုလို  လိုလို  စတဲ့ ခံစားချက်ပေါင်းစုံကို  ကိုယ့်ဘာသာ ဝေခွဲရင်းနဲ့
ညတညကို ကျမဖြတ်သန်းနေတယ်...

ဒီလောက်ဆို ကျမရဲ့အခြေအနေကို  ခန့်မှန်းမိကြမယ်ထင်ပါရဲ့
တခါတလေ  လွတ်လပ်စွာပျံသန်းခွင့်ဆိုတာကို ကျမသိပ်တောင့်တမိတယ်...သိလား...

ဒါနဲ့ စကားမစပ်...သကြားလုံးရဲ့  ဟမ်းစတားလေးတွေကိုစောနလေးတင်
သွားကြည့်လာတာ  အသည်းယားလိုက်တာနော်...  ပိစိညောက်တောက်လေးတွေ... 

ပစ်ပစ် 
Pm 11:22
14.3.2013

12 comments:

Anonymous said...

သကြားလုံးလို အကောင်လေးတွေမွေးကြည့်ပါ
စိတ်ချမ်းသာလာပါလိမ့်မည် :D

Candy on 15 March 2013 at 00:49 said...

ဒီမှာလည်း မနက်ဖြန် မုန့်ဟင်းခါးချက်မယ် :D :D :D

Thu on 15 March 2013 at 11:14 said...

အရာအားလုံးအတွက်Fighting!!
ညာဘက်လက်ကတော့ အသူလဲကိုက်တယ်..Mouseအမြဲကိုင်နေရလို့လားမသိဘူး။လက်ကောက်ဝတ်နားတောင် ညိုလို့ :DDD

မိုးနတ်ကြယ်စင် on 15 March 2013 at 19:45 said...

အိုးးးးးးးး
တူလိုက်လေ မိုးနတ်လဲ အဲ့ညာဘက်လက်နဲနဲကိုက်ချင်တယ်
နောက်ပြီး အသူပြောသလို ထောက်မိတဲ့နေရာမှာလဲ
ညိုတောင်ညိုလို့...ဖြတ်မယ်ဖြတ်မယ်နဲ့
ဒီဘလော့နဲ့ အဖေ့ဘုတ်လဲ မဖြတ်နိုင်သေးပါဘူးးးးးး
ဇက်ကြောတွေလဲ တက်လိုက်တာ အရမ်းပဲ
နဲနဲတော့ နားမှဖြစ်မယ် :)))

ညိမ်းနိုင် on 15 March 2013 at 21:30 said...

ကဲပါကွယ်....စိတ်မညစ်ပါနဲ့.....ပျော်သလိုသာ ကိုယ့်ဘာသာကြံဖန်နေဟ...။
ကိုယ်တွေလည်း အဲ့လိုပဲနေရတာပဲရယ်.......

မောင်ဘုန်း on 16 March 2013 at 01:09 said...

ခံစားမှု တော့ တူတူဖြစ်နေပြီ ... အင်းလေ ... ဒီ အခြေနေကို ကျနော် တို့ ကိုယ်တိုင် ကျေကျေနပ်နပ်ရွေးချယ်ခဲ့တာ ဆိုတော့ ... ခံနိုင်ရည်ရှိအောင်ပဲ ကြိုးစားရတာပေါ့ ..... ။


ခင်မင်စွာဖြင့်

မောင်ဘုန်း

မိုးညချမ်း on 16 March 2013 at 01:53 said...

မမရေ ... ဂရုစိုက်နော် ... မုန့်ဟင်းခါးတော့ မစားရတာ နာတယ် ... စိတ်မညစ်နဲ့နော် ... ကြံဖန်သာ အားတင်းပါ ... :)

Aunty Tint on 16 March 2013 at 19:44 said...

ပစ်ပစ်တို့ဆီက ရာသီဥတုနဲ့ ရန်ကုန်က ရာသီဥတု နည်းနည်းရောမွှေလို့ရရင် ကောင်းမယ် :P
ကျန်းမာရေးဂရုစိုက်ပါ ပစ်ပစ်ရေ ... အခုတစ်လော လူငယ်တွေချည်း အမျိုးမျိုးဖြစ်နေတော့ တီတင့်တို့ နေကောင်းချင်ယောင်ဆောင်နေကြရတယ် ဟိဟိ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) on 16 March 2013 at 23:33 said...

ဘာမှ တွေးမနေနဲ့ဗျာ.....
အဲဒီလိုဖြစ်လာတဲ့အခါ ကျုပ်ကတော့ အရက်သောက်တယ်

အဲလိုမသောက်ဖြစ်တဲ့ ည အတွက်ဆို စာအုပ်ကောင်းကောင်းလေးတွေကို ဖတ်တယ် စိတ်က စာအုပ်ထဲမှာရောက်သွားပြီဆိုရင် အဲသည့် ည အတွက် ပြီးပြီ။

စာအုပ်ကောင်းကောင်းလေ ရှာဖတ် ငါ့နှမ ။

San San Htun on 17 March 2013 at 07:51 said...

ပစ်ပစ်ရေ..ဘဝတူတွေ ရှိတယ်..Aja Fighting...း)

Angelhlaing(May everybody be happy and healthy! on 19 March 2013 at 20:23 said...

အဲ့ဒီညတွေထဲက တစ်ခါတစ်လေတော့ ရုန်းထွက်ခဲ့ပါမမရယ် ..
ပင်ပန်းမှာစိုးလို့ .....:) လွမ်းမိုးသီချင်းလေး ထပ်နားထောင်သွားတယ်မမ ..
ပြန်မရနိုင်တော့တဲ့ ဘဝရဲ့ အချိန်တချို့ကို တမ်းတမိရင်း....

ညီလင်းသစ် on 19 March 2013 at 23:07 said...

တခါတလေတော့လည်း ဒီလိုပါပဲ ညီမရယ်...၊ မြင့်လိုက်၊ နိမ့်လိုက်၊ တက်လိုက်၊ ကျလိုက်နဲ့ ပဲပေါ့....၊ ဘာကိုပဲဖြစ်ဖြစ် အရမ်းကြီး စိတ်ဓါတ် ကျမသွားဖို့ အရေးကြီးတယ် မဟုတ်လား..၊ မကြာခင်မှာ အားလုံး ပြန်ပြီး အဆင်ပြေမှာပါ.....နော။း)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei