06 March 2013

သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး

Posted by blackroze at Wednesday, March 06, 2013
ကြိုးတချောင်း
သူချည်နှောင်တတ်တယ်...
အစမထွက်လာအောင်
အနားတွေသတ်လိုက်ပါလို့
စချည်ဖို့ပြင်တယ်...

ဟိုတဘက်
ဒီတဘက်
ဝေ့ဝိုက်ကာနဲ့
လွန်းထိုးယှက်သွယ်
သူချည်နှောင်တယ်...

ဒီအနားသတ်အစလေး
ပြေထွက်မသွားအောင်
ထပ်ခါထပ်ခါ
ရစ်နှောင်ထားပါလို့
ရယ်သံအဖျားလေးနှစ်ခုနဲ့
ချိတ်ထားလိုက်တယ်...

အသည်းလေးနှစ်ခု
ဒီကြိုးဖျားထိပ်  
ထပ်ခါ  ချိတ်ပါလို့
မျှော်လင့်ချက်ဖဲပြားလေး
ချည်လိုက်ပြန်တယ်...

ဘာကြောင့်
ဘာအတွက်
နှိုင်းဆစရာမလိုတဲ့
အချစ်နှစ်ခု
ဒီကြိုးလေးထဲ
ထည့်သွင်းပါလို့
ယုံကြည်မှု့တံဆိပ်နဲ့
ချိပ်ပိတ်လိုက်တယ်....

အချစ်ကြိုးအစလေး
သူတဘက်
ကိုယ်တဘက်
ကိုင်ထားပါလို့
တယောက်မျက်နှာ
တယောက်ကြည့်
ဆုံမှတ်တခုမှာ
စချည်နှောင်မဲ့
သူနဲ့ကိုယ်နဲ့ ချည်တဲ့ကြိုး.....။။။။။


ပစ်ပစ်
Am 00:52
11.2.2013

( ဘာမှတော့မဟုတ်ပါဘူး..ဆားချက်လိုက်တာပါ  :P  )

14 comments:

သူကြီးမင်း (တုံးဖလား) on 6 March 2013 at 02:57 said...

မျက်စိမှောက်သွားပြီး တိုင်နဲ့ကိုယ်နဲ့ ချည်တဲ့ကြိုးဆိုပြီး ဖတ်နေတာ။ ၀က်မလေးတစ်ယောက် ဘယ်တိုင်နဲ့များ သွားချည်မိပါလိမ့်လို့လေ။း)

ဝက်မလေးစဉ်းစားရေးထားတာ ကောင်းတယ်။ တကယ်ပြောတာ။
အဲဒီကြိုးလေးတွေက ချစ်စရာကောင်းသလို ကြောက်စရာလဲ ကောင်းတယ်နော်။
ဒါပေမဲ့ ချည်ကာစမှာတော့ ပြုံးတပျော်ပျော် ဖြစ်ကြမှာပေါ့။

ဆားချက်ပေမဲ့လဲ စားကောင်းပါတယ်။

ရွှေအိမ်စည် on 6 March 2013 at 12:05 said...

သူသူ လည်း ချည်တော့ ချည်ကြည့်ဖူးတာပဲ..။
အချည်မကောင်းလို့လား မသိဘူး..။
လျော့ရဲရဲနဲ့ ခုတော့ ကြိုးတောင် အစရှာမရအောင် ပျောက်သွားပြီ
ဟီးး :D

ညိမ်းနိုင် on 6 March 2013 at 15:42 said...

အိမ်း....သူက ကိုယ့်ချည်လိုက်.... ကိုယ်ကသူ့ချည်လိုက်.....နဲ့ ချည်ထားကြ
ပါတဲ့ကြိုးတွေ.....၊အရေးအကြောင်းဆို ဘယ်လိုမှရုန်းထွက်လို့မရတော့ဘူး
လေ......

မြသွေးနီ on 6 March 2013 at 18:42 said...

ခိုင်ရင်သံကြိုးထက် ခိုင်
ပျော့ရင် ပိုးကြိုးထက်ပျော့..
ချည်လွယ် ပြေလွယ်တဲ့ ကြိုး
ပြတ်ဖို့လွယ်သလောက် ဆက်ဖို့ခက်တဲ့ကြိုး

မိုးနတ်ကြယ်စင် on 6 March 2013 at 20:54 said...

သူနဲ့ကိုယ်နဲ့ ချည်တဲ့ကြိုး တဲ့လားးးးးးးးးး
စိတ်ဝင်စားစရာ ကဗျာလေးကို
စိတ်နှစ်ပြီး ခံစားသွားပါတယ် အမတော် :)
နေကောင်းကျန်းမာပါရဲ့လားနော်...
ချစ်တဲ့....မိုးနတ်

Aunty Tint on 6 March 2013 at 21:26 said...

ချိပ်ပိတ်တံဆိပ်နှိပ်ပြီးလို့ကတော့ နောက်ကြောင်းလှည့်မရတော့ဘူး ပစ်ပစ်ရေ။
ချည်နှောင်မိတဲ့ကြိုးတစ်ချောင်းခိုင်မြဲဘို့သာလိုပါတယ်...
ကဗျာလေးအားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အနှိုင်းမဲ့ on 7 March 2013 at 14:57 said...

ကြိုးတစ်ချောင်းဆိုပေမယ့် အဲဒီကြိုးမှာ အများကြီးပဲ...
ကျေးဇူးတင်ပါတယ်...ကဗျာကောင်းလေးတစ်ပုဒ်ဖတ်ခွင့်ရတဲ့အတွက် :)

မိုးညချမ်း on 7 March 2013 at 20:59 said...

သူနဲ့ ကိုယ်နဲ့ ချည်တဲ့ကြိုးလေး မြဲပါစေ မမရေ ... :)

Aunty Tint on 7 March 2013 at 22:56 said...

တီတင့်ရေးခဲ့တဲ့ ကွန်မန့်လေး ပျောက်သွားတယ် ပစ်ပစ်ရေး)

San San Htun on 9 March 2013 at 11:58 said...

သူနဲ့ ကိုယ်နဲ့  ဘယ်လိုများ ချည်နှောင်ထားပါလိမ့်..ကဗျာလေးက လှတယ်..း)

ချော(အစိမ်းရောင်လွင်ပြင်) on 9 March 2013 at 13:50 said...

အသည်းနှလုံး ၂ခုကို ချည်နှောင်ထားတဲ့ကြိုးတွေ
အမြဲတမ်းအတွက် ခိုင်မြဲပါစေလို့ ဆုတောင်းမိပါတယ် ပစ်ပစ်ရေ။

Candy on 10 March 2013 at 23:43 said...

Today News စီအိုင်အေ ပစ်ပစ် ဆားချက်နေသည် :P

Cameron on 15 March 2013 at 17:39 said...

ဆားချက်ပေမယ့် ကဗျားလေးက တခါပြန်ဖတ်ရလဲ ခံစားမှုအသစ်ကိုပြန်ရတယ် အရမ်းကြိုက်တယ် ရေးထားတဲ့ပုံကိုရော ခံစားတဲ့ပုံကိုရောပေါ့

နွေတေးရှင် (မင်းဧရာ) on 16 March 2013 at 23:29 said...

အဲဒီကြိုးပေါ့ဗျာ.....
တစ်ခါ တစ်ခါတော့ လူကိုရူးသွပ်သွားစေတာ

တစ်ခါတစ်ခါတော့လည်း ပြတ်ထွက်သွားအောင်ကို ခပ်တင်းတင်းချည်ပစ်လိုက်ချင်တား))။


Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei