18 February 2013

Facebook ဆိုသည်မှာ

Posted by blackroze at Monday, February 18, 2013

ကျမ Facebook သုံးဖြစ်တာ သိပ်မကြာသေးပါဘူး.. အစပိုင်းတုန်းကတော့  facebook အကောင့်ရှိပေမဲ့
သိပ်မသုံးဖြစ်ပါသည်... တခါတရံလောက်ဘဲ  ဝင်ဖြစ်တယ်ဆိုပါတော့ ...။

ဒါပေမဲ့  အခုနှစ်ပိုင်းအတွင်းမှာပေါ့ 2012  လောာက်ကနေစပြီးတော့  ဘလော့ဂါအများစုဟာ   facebook ကိုပိုသုံးလာကြတယ်
ကျမအပါအဝင်ပေါ့... သုံးတော့ဘာဖြစ်လည်း ..  ဘာမှတော့မဖြစ်ပါဘူး..နဲနဲ စသုံးလိုက်တာနဲ့ တခါတည်းစွဲသွားတယ်
 ...  တယောက်က facebook ထဲ ရောက်နေတတ်တာများတော့ တယောက်နောက် တယောက်လိုက်ရင်းနဲ့
တအုပ်လုံးရောက်လာတယ်ဆိုပါတော့...  facebook ကတခုခု ဆို respone မြန်တာလည်းပါတာပေါ့လေ...

အခုတော့ အကြောင်းရာတခုခု message ပေးချင်ရင်  facebook မှာ status တင်လိုက်ရင်  ရပြီလေ...
တယောက်ချင်းစီပြောနေစရာတောင်မလိုတော့ပါဘူး...
facebook သုံးလို့ကြာလာတာနဲ့အမျှ  ကျမတော့ facebook ကို အခုလိုဘဲမြင်လာတယ်..

Facebook ဆိုတာ ဘာကိုမဆိုဟန်ဆောင်ဖုံးလွမ်းလိုက်လို့ရတဲ့  အရာကြီးတခု...
ကိုယ့်စီမှာတကယ်ရှိချင်မှ ရှိမယ်...ဒါပေမဲ့  ရှိသယောင်ယောင်ဆောင်လို့ရတဲ့နေရာ...ကိုယ်ကအရမ်းလှချင်မှ လှမယ်
ဒါပေမဲ့  ဓါတ်ပုံပညာနဲ့  လှအောင်ပြင်ထားတဲ့ ပုံတွေကြီးဘဲတင်လို့ရတယ်...
ကျမ မောင်လေး ပြောသလိုပေါ့  အမ...နင်ပဲစဉ်းစားလေ  ဘယ်သူမဆို ကိုယ့်ပုံကို လူများမြင်အောင်တင်ကထဲ  လှတာဘဲရွေးတင်မှာပေါ့
အလန်းဇယား ချထားတဲ့ အထာတွေဘဲတင်မှာပေါ့...အလုပ်ထဲမှာ ပန်းကန်ဆေးနေတဲ့ပုံတွေ...စိတ်ညစ်နေတဲ့ပုံတွေ
ကိုယ်တကယ်အလုပ်လုပ်နေရတဲ့ ပုံမျိုးတွေ အဲတာမျိုး အမှန်အကန် အနေအထားဘယ.်သူတင်မှာလည်းဟ..တဲ့
ဟုတ်သားဘဲ...ကျမဆိုလည်း ပုံတင်မယ်ဆိုရင် လှတာလေးအရင်ရွေးတာပဲလေ...အဲတော့ .. Edit လုပ်ပြီးသားတွေက
Original နဲ့တော့ မတူဘူးပေါ့လေ....

Facebook ဆိုတာက ကိုယ့်ခံစားရတာတွေကို လွတ်လပ်စွာ ပေါက်ကွဲခွင့်ရှိတဲ့နေရာတစ်ခု ...
ကိုယ်ခံစားမိတာ  ကိုယ့်စိတ်ထဲရှိတာကို ဖောက်ခွဲလိုက်လို့ရတယ်..

Facebook ထဲမှာ  တန်ဘိုးရှိတဲ့ စာတွေ ကဗျာတွေအများကြီးဖတ်လို့ရသလို.... Facebook ထဲမှာ  ရေးချင်ရာရေးနေတဲ့
စာတွေရှိတယ်..

Facebook ထဲမှာ တကယ်ခင်မင်မှု့နဲ့ဆက်ဆံနေတဲ့သူတွေရှိသလို   အပေါ်ယံမျက်နှာဖုံးလေးတွေနဲ့ ဟားဟား  ဟီးးဟီးး
လုပ်နေကြတဲ့သူတွေရှိတယ်...

Facebook ထဲမှာ  တကယ်စိတ်ရင်းမပါဘဲ...မမက အရမ်းလှတာဘဲနော်တို့  ညီမလေးချောလိုက်တာလို့ဆိုပြီး
ကောမက်ထဲမှာမြောက်ပင့်ရေး..ကွယ်ရာအတင်းပြောတဲ့ သူတွေရှိသလို  ..တကယ်စိတ်ထဲကနေ ပြောချင်တာကို ပွင့်ပွင့်လင်းလင်း ကောမက်ရေး  တတ်တဲ့သူတွေလည်းရှိတယ်..

Facebookထဲမှာ  ပြသနာတခုခုတက်လာရင်  ဟိုလိုလို  ဒီလိုလို  မြောက်ပေးတတ်ကြတဲ့သူတွေရှိသလို 
သူခိုးပြေးမှထိုးကွင်းထ   တဲ့ သူတွေလည်းရှိတယ်...

Facebook ထဲမှာ  ပေါချင်ရာပေါ ..ပြောချင်ရာပြောကြတဲ့  ပျော်ပျော်နေတတ်သူတွေရှိသလို...အကောင့်သုံးလေးခုလောက်
လုပ်ထားပြီး  လူမသိသူမသိ  ကြိတ် Q နေကြတဲ့ သူတွေလည်းရှိတယ်...

Facebook  ထဲမှာ  တိကျမှန်ကန်တဲ့သတင်းတွေဖတ်လို့ရသလို..  ကောလဟာလ ရမ်းဖြီးသတင်းတွေလည်း
အများကြီးရှိတယ်..

Facebook ထဲမှာ ဆရာတော် ဘုရားတွေရဲ့ ဆုံးမစာတွေ  ..တန်ဖိုးရှိတဲ့အဆိုအမိန့်တွေ... တရားတော်တွေ ကို
ဖတ်လို့ရနိုင်သလို .... စိတ်ပျက်စရာကောင်းတဲ့  တန်ဖိုးမရှိတဲ့စာတွေလည်း ဒုနဲ့ဒေးရှိတယ်...

Facebook မှာ နိုင်ငံရေးသမားတွေရှိသလို ...စစ်သားတွေလည်းတပုံကြီး ရှိတယ်..
တခါတလေ  သူတို့တွေ ရန်ဖြစ်ကြတဲ့ ကောမက် တိုက်ပွဲတွေလည်း ရှိတယ်..

Facebook ထဲမှာ Profile ပုံတောင်  ကိုယ့်ရဲ့ ပုံ ကိုမတင်ရဲပေမဲ့ သူများကိုဝင်ဆဲရဲတဲ့ သူတွေရှိတယ်...

Facebook ထဲမှာ  ယုံကြည်ရာတခုကို ဇွတ်စွဲကိုင်လို့အငြင်းအခုံတိုက်ပွဲဆင်နွဲတဲ့သူတွေလည်းရှိတယ်...

Facebook ထဲမှာ သရော်စာတွေရေးကြတဲ့သူတွေရှိသလို  ..ခံစားချက်လေးတွေ သီကျူးကြတဲ့ သူတွေလည်းရှိတယ်...

Facebook ထဲမှာ အချစ်တွေ့သွားတဲ့ သူတွေရှိသလို အချစ်မေ့သွားတဲ့ သူတွေလည်းရှိတယ်...

Facebook ထဲမှာ ဓါတ် ပုံတွေထဲကနေ အစုံစားလို့ရတယ်...

Facebook ထဲမှာ ..ဓါတ်ပုံတွေထဲကနေ  နေရာအစုံတကယ်ရောက်သွားသလို  ခံစားလို့ရတယ်....

Facebook ထဲမှာ..စိတ်မကောင်းစရာ...ဝမ်းနည်းစရာ .. ကြေကွဲစွာ  ခံစားလိုက်ရတဲ့
သတင်းတွေ status  တွေ ဖတ်လို့ရသလို...  အောင်မြင် ဂုဏ်ယူချင်စရာကောင်းတဲ့သတင်းတွေလည်း ဖတ်လို့ရတယ်...

Facebook ထဲမှာ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တွေရှိသလို
...တကယ်ထိုက်တန်တဲ့ အောင်မြင်မှု့ ရရှိနေသူတွေလည်းရှိတယ်..

ထိုကြောင့်...
ထိုကြောင့်...


Facebook ဆိုတာကြီးထဲကနေ  ခံစားချက်မျိုးစုံ.. ရရှိနိုင်ပါသည်...

(တခုကျန်သွားတယ်.....)
Facebook ထဲမှာ ကျမလို  အူကြောင်ကြောင် နဲ့ဟိုမရောက် ဒီမရောက် သူတွေလည်းအများကြီးဆိုတာပါဘဲ... ..။။။။။


ပစ်ပစ်
Am 3:34
18.2.2013

16 comments:

ညီလင်းသစ် on 18 February 2013 at 06:14 said...

Facebook ကို ဘက်ပေါင်းစုံက ကြည့်ပြီး သုံးသပ်ထားတဲ့ စာစုလေးကို ဘလော့ဂ်မှာ ဖတ်ရလို့ ကျေနပ်စွာနဲ့ ဖတ်သွားပါတယ် ညီမရေ...။း)

ချစ်စံအိမ် on 18 February 2013 at 06:41 said...

ငါရော ဘယ် အမျိုးအစားထဲပါလည်းမသိဘူး.........

Aunty Tint on 18 February 2013 at 10:32 said...

Facebook အကြောင်း သိကောင်းစရာလေးတွေ ဖတ်သွားတယ်း) Facebook ရဲ့ အားသာချက်တစ်ခုဟာ အထီးမကျန်ဘူး ပစ်ပစ်ရေ။ ရင်ထဲရှိခံစားချက်ကို ဖွင့်အံလိုက်ရင် အားပေးတဲ့သူတွေ ရောက်လာ တတ်တာမို့ ခံစားချက်ကို သက်သာစေတယ်လို့ မြင်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သေချာတာကတော့ FBပေါ်မှာဟိုမရောက်ဒီမရောက် အူကြောင်ကြားအသူဖြစ်နေပါသကော :P

@ Areal Thu

လရိပ်အိမ် on 18 February 2013 at 13:17 said...

ဖေ့ဘုတ်စွဲနေလို့ ၊ ဖြတ်မလို့ကြိုးစားတာ အကြိမ်ကြိမ်ရှိပြီ။ ဂိမ်းတွေကို စွဲတာဟုတ်ဘူး။ ကိုယ့်မိတ်ဆွေတွေနဲ့စကားပြောနေရတာနဲ့ဘဲပျော်နေတာ။ ဝင်မရေးလဲ သူတို့ရေးထားတာတွေကို ကြည့်ချင်တာ။ ရေးထားတာတွေကို သဘောကျနေတာ။

ကကလ on 18 February 2013 at 15:25 said...

ဟီးဟီး....... :D

ညိမ်းနိုင် on 18 February 2013 at 16:12 said...

ဟုတ်ပါ့.....ဖဘ မှာ အပေါ်ယံရွှေမှုန်ကြဲထားတဲ့ စကားလှလှလေးတွေကို ဗုံး
ပေါလအောသုံး....၊တကယ့်တကယ်တမ်းကျ ဟိုလိုလိုဒီလိုလိုနဲ့ ရူးချင်ယောင်
ဆောင်တတ်တဲ့သူတွေ၊ဖဘမှာစောင့်လိုက်ရတဲ့ ဥပုဉ်၊စိတ်လိုက်ရတဲ့ပုတီး၊
အပြင်မှာကျ အရက်ပုလင်းထောင်နေသူတွေ၊အို...ပြောမကုန်ပါပဲဟာ...။
အဲ.....အူကြောင်ကြောင်ထဲမှာတော့ ငါလည်းပါတယ်နဲ့တူတယ်...ခိခိခိ

Han Kyi on 18 February 2013 at 18:09 said...

စိန်ပစ်ပစ်ရေ...

ဖဘပေါ်က တောင်မရောက် မြောက်မရောက်ထဲမှာ ဆရာတို့လည်း ပါပါ့...ဘလော့နဲ့ပြိုင်တူလောက်နီးနီး ဖဘအကောင့်လုပ်ထားပေမယ့် အခုအထိကို ထဲထဲဝင်ဝင် မသုံးဖြစ်ပေါင်...ဘလော့ကိုပဲ အားရတယ်...ဖဘလည်တာကို ဘလော့ပတ်ရတာလောက် နှလုံးမတွေ့ပေါင်ဗျာ...

တစ်ခါတစ်ခါ သူများရေးတဲ့ မဟုတ်ကဟုတ်ကတွေ အကုန် ကိုယ့်ဆီလာတက်နေရင် အလိုလိုနေရင်း စိတ်တွေကိုရှုပ်ရော...ဘလော့လေးကမှ ကိုယ့်မိတ်ဆွေလေးတွေ သီးသီးသန့်သန့်ရှိသေး...

မိုးနတ်ကြယ်စင် on 18 February 2013 at 19:49 said...

မှန်တယ် မမပစ်...
ဦးဟန်ကြည်ပြောတမှန်တယ်လို့ မိုးနတ်တော့ယူဆမိတယ်...
မိုးနတ်လဲ ခေတ်လူငယ်တစ်ယောက်ပါ....သတင်းစုံသလို အတင်းလဲစုံတဲ့
အရာရာကို မိနစ်ပိုင်းအတွင်းမှာ သိနိုင်မျှဝေနိုင်တဲ့ ဖွဘုတ်ကို အစကတော့
ိသိပ်သဘောကျမိတယ်....ခု နောက်ပိုင်း ကြိုးစားပြီးဖြတ်နေတယ်...
မပြတ်ပြတ်အောင်....ဘာလို့ဆို ဘလော့ကမှ သီးသီးသန့်သန့်နဲ့
လူလဲသန့်တယ်...ဖွဘုတ်မှာတော့ အတော့်ကိုအရှုပ်ထုပ် အုတ်ရောရော
ကျောက်ရောရော တကယ်ကို အာရုံနောက်တယ်ဗျာ.....ဒါပေမဲ့လဲ
မြန်ဆန်လွယ်ကူ fb ဟုဆိုတော့ မစွန့်လွှတ်နိုင်သေးဘူးရှင့်...
အဝေးကသယ်ရင်းတွေလဲ အများကြီးဆိုတော့ အချက်အလက်တွေအတွက်
အဆက်အသွယ်မပြတ်ဖို့အတွက် အရာရာဟာ update ဖြစ်နေဖို့အတွက်
အတွက်...
အတွက်....စသဖြင့်
အတွက်ပေါင်းများစွာအတွက်...ဖဘကိုလက်လွှတ်ဖို့မဖြစ်သေးပါရှင်..

AH on 18 February 2013 at 22:14 said...

ဖဘ လမ်းညွှန်ဖတ်သွား၏.. :P

သူကြီးမင်း (တုံးဖလား) on 19 February 2013 at 08:30 said...

ဖေ့စ်ဘုတ် မသုံးဖြစ်သလောက်ပါဘဲ။ ၀ါသနာလဲ သိပ်မပါသလိုဘဲ။ မိတ်ဆွေကလဲ များများစားစားရှိတာ မဟုတ်တော့ အေးဆေးပါဘဲ။
ဝက်မလေးလဲ ဖဘပေါ်ချည်း တက်မနေနဲ့ဦး။ အချိန်တွေ နှမြောဖို့ ကောင်းတယ်။

နွေတေးရှင် (မင်းဧရာ) on 19 February 2013 at 20:40 said...

ဟုတ်ပါ့ ခင်ဗျားပြောသွားသလိုပါဘဲ
ကျုပ်လည်း ဟိုမရောက် ဒီမရောက်နဲ့း))။

သိပ်မသွားဖြစ်ဘူး အဲသည်ဘက်ကို
ဘယ်လိုသုံးရမှန်းလည်း သိပ်မသိဘူး
fb မှာ ၀တ်တရားဆိုတာတွေ များနေသလားလို့
ဆိုလိုတာ မကောင်းလ့ည်းကောင်း ကောင်းလည်းကောင်းပေါ့။

Angelhlaing(May everybody be happy and healthy! on 19 February 2013 at 23:27 said...

အခုတော့ ဖဘကနေ ထွက်မလားလို့ စဉ်းစားနေတုန်းမမရဲ့ ..:)

San San Htun on 21 February 2013 at 08:01 said...

ဖေ့ဘွတ်ကိုရောက်ရင် မထွက်နိုင်တော့လို့  သိပ်မရောက်ဖြစ်ဘူးရယ်..

ရွှေအိမ်စည် on 2 March 2013 at 20:42 said...

အခုတလော Facebook ကို ငြီးငွေ့နေတယ်..။
ဘလော့ဂ်တွေထဲ အလည်အပတ်ထွက်နေတယ်..။
ဖေ့ဘုတ်ကို ပျင်းလာသလိုလိုပဲ..။
ဒါပေမယ့် ပြန်တော့ ရောက်ဦးမှာပါ :D

Unknown on 8 October 2015 at 19:56 said...

ဆိုးဘူးဟ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei