20 October 2010

အမှတ်တရပုံရိပ်တစ်ခု

Posted by blackroze at Wednesday, October 20, 2010

ကျမ ဒီနိုင်ငံကို စရောက်စကပေါ့ မနက်အလုပ်ချိန် 8နာရီကနေညနေ 53း0ထိ အဲဒီအလုပ်မှာစလုပ်ပါတယ်
မနက်တိုင်6းနာရီ အိပ်ယာကထရပါတယ် 7နာရီဆို အိမ်ကထွက်ရပါတယ် အလုပ်က မနက်8နာရီတက်မှာ
ဆိုတော့ နောက်ကျလို့ မဖြစ်ပါဘူး အမြဲတမ်းကားမှတ်တိုင်မှာ ကျမနဲ့ ရွယ်တူ ကောင်မလေးတယောက်နဲ့
ဆုံနေကြပါ ကျမစိတ်ထင် သူ့ကိုလဲကျမလိုဘဲ မြန်မာပြည်ကလာတယ်လို့ ထင်ပါတယ် နေ့တိုင်းတွေ့ နေကြ
ဆိုတော့ မျက်မှန်းတန်းမိလာပါတယ် တွေ့ရင်ပြုံးပြ နှုတ်ဆက်နေကြပါ ကျမလဲသူ့ ကိုစကားသွားမပြောဖြစ်
သလို သူကလဲ လာမပြောပါဘူး ဒါပေမဲ့ ကျမရောက်ပြီးလို့ သူမရောက်သေးရင် သူ့ကိုမျှော်မိတတ်သလို
သူရောက်ပြီး ကျမ မရောက်သေးရင်လည်း သူကလည်း မျှော်နေမိတာတဲ့လေ (နောက်တော့ သူပြန်ပြောပြတာပါ)..။။ အဲလိုနဲ့လနဲနဲကြာလာတော့ ကျမကဘဲစခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် တစ်မနက် ကားဂိတ်မှာ တွေ့တာနဲ့ ကျမကဘဲစပြီး မြန်မာလို နှုတ်ဆက်လိုက်မိပါတယ် အဲမှာသူက နားမလည်ဘူး ဆိုပြီးခေါင်းခါပြတယ် တော်တော်အားနာ သွားမိတယ် ။

ကျမကသူ့ ကိုမြန်မာလို့ ထင်နေတာလေ အဲဒါနဲ့ တရုတ်လိုဘဲ ဘယ်ကလဲလို့ မေးလိုက်ပါတတ် သူကဗီယက်နမ်က လာတာတဲ့လေ ကျမကိုလည်း ဘယ်ကလာတာလဲလို့ ပြန်မေးပါတယ် ကျမက မြန်မာပြည်က လာတာလို့ ဖြေလိုက်ပါတယ် ။ ကျမနဲ့သူနဲ့ စတွေ့ပုံလေးက ရိုးစင်းပါတယ် နောက်တော့ဖုန်းနံပါတ် အပြန်အလှန်ပေးရင်းနဲ့ သူငယ်ချင်း အရင်းကြီးတွေ ဖြစ်သွားကြပါတယ်..။။(တိုက်ဆိုင်တာက သူကလဲအဲနေ့မှာ ကျမကိုစကားစပြောမယ်လို့ စဉ်းစားထားတာတဲ့လေ)။ သူကဗီယက်နမ် ဟနွိုင်းကလာတာပါ ကျမနဲ့သူတနေရာစီပါ ဒါပေမဲ့ ရေစက်ရှိတယ်ဘဲ ပြောမလားမသိပါဘူး မြန်မာသူငယ်ချင်းတွေ ထက်တောင် သူနဲ့ပိုခင်ပါတယ် နောက်တော့အလုပ်မတူပေမဲ့ သူအားတဲ့ရက် ကျမအားတဲ့ရက် အပြင်ထွက်လည်နဲ့ ကျမရဲ့ အခင်ဆုံး သူငယ်ချင်း တယောက် ဖြစ်လာခဲ့ပါတယ် တယောက်ခံစားချက် ကိုတယောက နားထောင်ပေးခဲ့ကြပါတယ် ကျမရဲ့အကြောင်းကို မိသားစုကလွဲရင်သူအသိဆုံးပါ (မိသားစုဝင်တွေမသိတဲ့ ဒိုင်လျှိုကိစ္စလေးတွေလည်း သူသိပါတယ် ဟီးးးး.. :P..) သူ့အကြောင်းလည်း သူပြီးရင် ကျမအသိဆုံးပါကျမတို့ နှစ်ယောက်ကြားမှာ ဖုံးကွယ်တာ ထိန်ချန်တာ မရှိပါဘူး ပွင့်လင်းစွာ ပြောနေတိုင်ပင်နေကြပါ ကျမသူ့ ကိုတကယ်ချစ်ပါတယ် တကယ်ခင်ပါတယ် တကယ်သံယောဇဉ် ရှိပါတယ် သူလဲကျမနဲ့ ထပ်တူနေမှာပါ..။။

ကျမစိတ်ညစ်စရာ ကိစ္စတိုင်း သူနားထောင်ပေးသလို သူ့ကိစ္စတိုင်းလည်း ကျမဝိုင်းခံစားပေးနေကြပါ သူရောကျမရော တနေ့မှာခွဲရမှာပါ သူလဲတချိန် သူ့ဗီယက်နမ်ပြန်မှာလေ ကျမလဲတချိန်မှာ ကျမအရမ်းပြန်ချင်တဲ့နေရာ တခုစီပြန်လာခဲ့မှာမို့လို့ပါ လူဆိုတာရေစက်ပါဘဲ သူအမြဲပြောနေကြပါါ""ငါတို့နှစ်ယောက်က မတူတဲ့ နေရာတခုစီက လာခဲ့ကြတယ် အခုဒီကျွန်းလေး သေးသေးလေးမှာ လာဆုံတယ်ဘယ်သူကကြိုသိမလဲ ဒီလိုဆုံမယ် ဒီလိုခင်သွားမယ်လို့ နောက်တော့လည်း မတူတဲ့နေရာနှစ်ခုစီကိုဘဲငါတို့ ပြန်ရမှာတဲ့ "" ဟုတ်ပါတယ်................
တနေ့သောအိမ်ပြန်ချိန်မှာ..ခွဲရမှာပါ အဲဒီအချိန်လေးကို ကြိုစဉ်းစားမိပြန်တော့လည်း ကျမစိတ်မကောင်း ဖြစ်မိတယ်။။

ဒီနိုင်ငံမှာရှိတြဲ့မန်မာ အချင်းချင်းက တယောက်ကိုတယောက် အဆင်းတွန်းနေကြပါ အလုပ်တူရင်ပိုဆိုးပါတယ်လေ ပြောရရင် မြန်မာပြည်ကလာတယ် ဆိုတိုင်းယုံလိုက်လို့မရပါဘူး ကျမကိုယ်တွေ့ နော်ကျမခံစားခဲ့ဖူးတယ်အဲကတည်းက မြန်မာပြည်က လာတယ်ဆိုရင် ယုံယုံကြည်ကြည် မပေါင်းရဲတာအမှန်ပါ ။ အခုပေါင်းနေတဲ့ မြန်မာသူငယ်ချင်း တွေလည်းရှိပါတယ် ခင်လဲခင်ပါတယ် ယုံကြည်ရတဲ့သူတွေရှိသလို ပါးပါးလေး ပေါင်းရတဲ့ သူတွေလည်းရှိတယ် ရောက်စကတော့ အသက်လည်း ငယ်သေးတော့ မြန်မာက လာတာဆိုတာနဲ့ အားကိုးတကြီးနဲ့ပေါ့လေ ကိုယ့်နိုင်ငံက လာတဲ့သူအချင်းချင်း ကူညီမှာဘဲ ဆိုတဲ့အတွေးတွေနဲ့ပါ
(တကယ်ကူညီတတ်တဲ့ သူများလည်းရှိမှာပါ ကျမအဲလို လူတွေနဲ့မဆုံမိတာနေမှာပါ) ခုတော့လည်းစာတတ်သွားပါပြီလေ တကယ်ပြောတာပါ စင်ကာပူတို့ USတို့ ဂျပန်တို့မှာတော့ ဘယ်လိုလဲမသိဘူး ထိုင်ဝမ်မှာတော့ မြန်မာအချင်းချင်းသိပ်မယုံရဘူး ကျမကတော့ Lesson ပေးတာခံလိုက်ရဖူးတဲ့ သူဆိုတော့ nowayပါဘဲ လူတိုင်းကိုမယုံရဲပါဘူး အဲလိုလူတွေထဲမှာ ကျမသူငယ်ချင်းက ဖြူစင်ပါတယ် သူကလည်းပြောပါတယ် သူလဲ ဗီယက်နမ် သူငယ်ချင်းတွေထက် ကျမကိုပိုခင်တယ်တဲ့..။

ကျမတို့ နှစ်ယောက်ကြားမှာ ဘာမှမရှိပါဘူး လွတ်လပ်ခြင်း ပွင့်လင်းခြင်းတွေဘဲ ရှိတာပါဒါပေမဲ့ မမြင်ရတဲ့ကြိုးလေးတစ်ချောင်း ရှိတယ်လို့ ကျမခံစားမိတယ် အဲဒီကြိုးလေးကပါးပါးလေး
မျှင်မျှင်လေး တကယ်ကို သေးသေးလေးပါ သေးငယ်လွန်းပေမဲ့.. ခိုင်ခံတယ်.. ဖြူစင်တယ်
အရောင်တွေဆိုး ထားတာမရှိဘူး ။ ကျမကိစ္စတစ်ခုကြောင့် အရမ်းစိတ်ညစ် ဝမ်းနည်းခဲ့ရတုန်းက
ကျမကိုနားလည်စွာနဲ့ သူ့ ရင်ခွင်မှာ ကျမကိုပေးငိုခဲ့ပါတယ် ။ကျမတရုတ်လို ဗလုံးဗထွေးပြောတဲ့စကားတွေ
သူနားလည်လား မလည်လား ကျမမသိပါဘူး ကျမရင်ထဲ ခံစားနေရတာတွေကိုဘဲ ဖွင့်ဟနေမိတာပါ
သူ့ရှေ့မှာ မျက်ရည်ပေါက်ပေါက်ကျနေတဲ့ ကျမကိုသူ့ ရင်ခွင်မှာပေးငိုခဲ့ပါတယ် အရမ်းဝမ်းနည်းနေတဲ့
အချိန်မှာခိုလှုံစရာရင်ခွင်တစ်ခု တကယ်ဘဲ လိုအပ်တယ်ဆိုတာ ကျမအဲဒီအချိန်မှာ သေချာသိလိုက်ပါတယ်။
သူစိတ်ညစ် ဝမ်းနည်းတဲ့အခါမှာလည်း ကျမသူ့အတွက် ရင်ဘတ်တစ်စုံငှားပေးခဲ့ပါတယ် သူ့ခံစားချက်တွေ
အခက်အခဲတွေကို အချိန်ပေးပြီးနားထောင်ပေး ခံစားပေးခဲ့ပါတယ် သူ့ကိုကျမရင်ခွင်မှာပေးငိုခဲ့ပါတယ်..။။။

ကျမမြန်မာလို ပြောနေရင် သူနားထောင်ပြီး လိုက်ပြောတတ်ပါတယ် (သူပြောတာပီသားဘဲ) ကျမကိုသူဗီယက်နမ် စကားသင်ပေးဖူးပါတယ် ကျမကတော့သင်ပေးပြီးတာနဲ့ မေ့ပစ်လိုက်တာပါဘဲ နောက်နေ့သူဗီယက်နမ်လို ပြောရင်ကျမက ဟင် ဘာလဲ မသိဘူး လုပ်နေကြပါ တကယ်လဲမေ့ပါတယ် အဲ ဒါပေမဲ့ ချစ်တယ်ဆိုတာကို ဗီယက်နမ်လိုဘယ်လို ပြောလဲဆိုတာတော့ မမေ့ပါဘူး မှတ်မိပါတယ်..:P သိချင်သူများ မေးလို့ရပါတယ်း) သူကအကျီဝယ်ရင် အရောင်တောက်တောက် လင်းနေမှကြိုက်တာ ကျမကတော့ အရောင်ဖျော့ဖျော့လေး ခပ်မှိန်မှိန်အရောင်လေးတွေ ပိုသဘောကျတတ်ပါတယ် ညဈေးတူတူသွားရင် သူကဟိုဟာလေးလှတယ် ဒီဟာလေးလှတယ်ဆိုပြီး ကျမကိုအတင်းဝယ်ခိုင်းနေကြ သူနဲ့ဆင်တူဝတ်ရအောင်ပါ ။ကျမကလဲသူဝယ်သမျှ မလှဘူးဆိုပြီး လိုက်ဖျက်နေကြပါ. ကျမက Jean ဘောင်းဘီကြိုက်ပါတယ် သူကjeanလုံးဝ မကြိုက်ပါဘူး ကျမကအကျီဆိုရင်နဲနဲပွပွ လွင့်လွင့်လေး ကြိုက်ပါတယ် သူက ဟိုပေါ်ဒီပေါ် ကြိုက်ပါတယ် ဖိနပ်ဆိုရင် ကျမကအပါးလေးတွေ စီးရတာကြိုက်တယ် သူကနဲနဲလေး မြင့်မှစီးတာပါ ကျမတို့နှစ်ယောက် လမ်းတူတူထွက်ရင် ကျမကခပ်ရိုးရိုး ပုံစံပေါက်နေပြီး သူကတော့ ခေတ်ဆန်ဆန် ပုံစံပေါက်ပါတယ် ကျမက နင်ကအမိုက်စား ပုံစံဖြစ်နေပြီး ငါကပုံတုံးနေတယ်လို့ ပြောရင် သူကနင်သေချာမှတ်ထား ယောက်ကျားလေးတွေက တချို့ကဟိုပေါ်ဒီပေါ် ဝတ်တာကို သဘောကျတဲ့သူရှိသလို တချို့ကဘာမှမပေါ်ဘဲ လုံလုံခြုံခြုံဝတ်တာကို သဘောကျတဲ့ သူတွေလည်းရှိတယ်ဟ နင်ရောငါရော50%စီပါဟာ လို့ ပြန်ပြောတတ် ပါတယ် (ကဲ..ဒီPost လေးဖတ်မိတဲ့ အမျိုးသားများ ဖြေပေးခဲ့ကြပါ သူပြောတာဟုတ်လားလို့..:P)..၊။

အစားအသောက်နဲ့ ပတ်သက်ရင်တော့ ကြိုက်တာခြင်းတူပါတယ် သူရောကျမရော. Pizza မကြိုက်ဘူး
MCdonalds kfc မကြိုက်ပါဘူး hotpot ကြိုက်တာခြင်းတူပါတယ် hotpot စားရင်သူကပုဇွန်မစားဘဲ
ကျမကိုဘဲပေးပါတယ် ကျမကြိုက်မှန်းသိလို့ပါ (ချစ်စရာကောင်းတဲ့သူငယ်ချင်းပါ) ကျမကသူ့ အတွက်
ကော်ဖီစပ်ပေးနေကြပါ ကျမဘာသာ စိတ်ကူးတည့်ရာ လျှောက်ထည့်ထားတဲ့ ကော်ဖီကိုသူကြိုက်ပါတယ်
အကြိုက်ချင်းတွေ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ ကျမတို့နှစ်ယောက် သူငယ်ချင်းတွေပါ ကျမဒီနိုင်ငံ
ရောက်ပြီး ပထမဆုံးသူငယ်ချင်း ကသူပါဘဲ အရင်းနှီးဆုံး သူငယ်ချင်းကလဲ သူပါဘဲ......။။။။

ကျမတနေ့ မြန်မာပြည်ပြန်တဲ့အခါ တော်တော်စိတ်မကောင်း ဖြစ်ရပါလိမ့်မယ် ကျမဘဝမှာသူ့ လိုသူငယ်ချင်း
နောက်ထပ် တယောက်ရဖို့ ဆိုတာမသေချာပါဘူး သူအရင်ကျမကိုထားခဲ့မလား ကျမကဘဲသူ့ ကိုခွဲခဲ့ရမလား
မသေချာလှတဲ့ အနာဂတ်ကို မမှန်းဆချင်ပါဘူး ကျမဘယ်နေရာဘဲ ရောက်နေနေ သူဘယ်နေရာဘဲ
ရောက်နေနေ သူဟာကျမအတွက်တော့ အကောင်းဆုံးသူငယ်ချင်းပါ ။သူ့အတွက်လည်း ကျမအကောင်းဆုံး
သူငယ်ချင်းဖြစ်အောင် နေမှာပါ တကယ်လို့များ ကျမတို့နှစ်ယောက် အချိန်တန် အိမ်ပြန်လို့ ခွဲကြတဲ့အခါမှာ
သူ့ရင်ထဲမှာ ကျမပုံရိပ်လေး ရှိနေမယ်ထင်ပါတယ် ကျမရင်ထဲမှာလည်း သူ့ပုံရိပ်လေး ထင်ကျန်နေမှာပါ..။။
(မှန်ကန်သော စကားပါ အဲဒီပုံရိပ်လေးက တသက်လုံး အတွက်ပါ...) ။။။။။

ကျမရဲ့သူငယ်ချင်းလေး 氏辛သို့အမှတ်တရဖြစ်ပါစေ...။။

(19.10.2010 AM 3:37)

13 comments:

အရိပ်လေး on 20 October 2010 at 00:35 said...

ကျမကိုနားလည်စွာနဲ့သူ့ ရင်ခွင်မှာကျမကိုပေးငိုခဲ့ပါတယ် ကျမတရုတ်လို ဗလုံးဗထွေးပြောတဲ့စကားတွေ
သူနားလည်လား မလည်လာ...။
အဲဒီနေရာလေးရောက်တော့ ဆို့သွားတယ် ဆက်ဖတ်လို့မရတော့ဘူး.။
နောက်တစ်ခေါက်ပြန်ဖတ်တယ်..အရိပ်လဲ အဲလိုသူငယ်ချင်းလေးတော့လိုချင်သား..ဖြစ်လဲဖြစ်ချင်သားပေါ့..။
ဗီယက်နမ်လိုများ အရိပ်လဲ ပြောတတ်ပါတယ်နော်.. anh yeu em nhieu lam..။ အဲဒါ i love u ပဲ..။ ဟုတ်တယ်ဟုတ်..။
သူငယ်ချင်းလေး၂ယောက် ထာဝရမခွဲပဲဆုပေးချင်ပေမယ့်...လည်းလေ။

Anonymous said...

လွတ်လပ်ခြင်း ပွင့်လင်းခြင်းတွေ...ဒီကြိုးတွေနဲ့ 
ကျွန်တော်တို့ လည်ပတ်နေကြတာပါ ...

(ကြိုက်တဲ့သူတွေက ကြံဖန်ကိုကြိုက်တာပါ ညီမရေ ..
ကိုယ်တွေ့ ပါဗျာ ..) :P

ခင်မင်လျှက်
အုပ်ကြီး

မြတ်မွန် on 20 October 2010 at 05:22 said...

သူငယ်ချင်းကောင်းလေးတွေနဲ့များများတွေ့ပါစေ နက်ရေ..။

Anonymous said...

မိတ်ဆွေစစ်/မှန် သူငယ်ချင်းကောင်းများနှင့်သာ ဘ၀တစ်သက်လုံးဆုံတွေပါစေလို့
ဆုတောင်းပေးပါတယ် သူငယ်ချင်းရေ

ခင်မင်စွာဖြင့်
ညအလင်္ကာ

မြစ်ကျိုးအင်း on 20 October 2010 at 09:33 said...

ကျနော်လည်း မြန်မာပြည်က လာတာပါပဲ
သိပ်မပါတ်သတ်ချင်လို့ အလုပ်ချိန်ပြင်ပမှာ အိမ်ပြင်ကို ထွက်ခဲပါတယ်။

မိတ်ဆွေစစ်ရဖို့ဆိုတာ ၂ ယောက်လုံး ပေးတာ မှန်နေဖို့ လိုမယ်ထင်ပါတယ်။ တယောက်က မှန်ပြီး တစ်ယောက်က မှားနေလဲ ရေရှည် မိတ်ဆွေ ဖြစ်လာမယ် မထင်ပါဘူး။

သဒ္ဓါလှိုင်း on 20 October 2010 at 15:12 said...

နယ်မြေမတူတဲ့ဒေသတွေကလူတွေလည်း တကယ်စစ်မှန်တဲ့
စိတ်ထားကောင်းလေးသာရှိခဲ့မယ်ဆိုရင် ပွင့်လင်းဖေါ်ရွေတဲ့
ရင်းနှီးမှုမျိုးနဲ့ ချစ်ခင်စရာကောင်းတဲ့..သံယောဇဉ်တွေရစ်ပတ်
လို့ ခိုင်မြဲတဲ့ခင်မင်မှုကိုရမှာပါနော်..။ အင်းးးးးးးး ဘယ်သူ
မဆို တနေ့နေ့တချိန်ချိန်မှာတော့ ခွဲခွါရအုံးမှာပဲ..။
ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) on 20 October 2010 at 16:50 said...

မြန်မာပြည်က လာတဲ့ သူငယ်ချင်းကောင်းလေးတွေနဲ့ မဆုံဖြစ်သေးလို့ဖြစ်မှာပါ ညီမလေးရယ်။
တစ်နေ့နေ့တော့ ဆုံဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။
မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းဆိုတာ လူတိုင်းအတွက် တကယ်ကို လိုအပ်ပါတယ်.. အဲဒီလို မရှိတဲ့သူတွေအဖို့ အထီးကျန်လွန်းပြီး ပျင်းရိဖွယ်ကောင်းလှပါတယ်..

ဖိုးကြယ် on 20 October 2010 at 19:53 said...

သူငယ်ချင်းသံယောဇဉ်အဖွဲ့လေးကိုခံစားသွားပါတယ်။ ဘယ်တတ်နိုင်မလဲနော် တစ်နေ့နေ့တော့ ခွဲခွာရမယ်ပေါ့။ အတူရှိနေစဉ်မှာ နှစ်ဦးနှစ်ဖက် နားလည်စာနာ ထောက်ထားကြပြီး ခင်သွားဖို့ပဲရှိတာပေါ့နော် ။

ခင်တဲ့( ဖိုးကြယ် )

ချစ်သူမောင် on 21 October 2010 at 02:47 said...

ဒီနိုင်ငံမှာရှိတြဲ့မန်မာ အချင်းချင်းက တယောက်ကိုတယောက် အဆင်းတွန်းနေကြပါ အလုပ်တူရင်ပိုဆိုးပါတယ်လေ ပြောရရင် မြန်မာပြည်ကလာတယ် ဆိုတိုင်းယုံလိုက်လို့မရပါဘူး ကျမကိုယ်တွေ့ နော်ကျမခံစားခဲ့ဖူးတယ်အဲကတည်းက မြန်မာပြည်က လာတယ်ဆိုရင် ယုံယုံကြည်ကြည် မပေါင်းရဲတာအမှန်ပါ

USတို့ ဂျပန်တို့မှာလည်းလွန်ခဲ့တဲ့၁၈ နှစ်လောက်တည်းကတူတူပါပဲအဒေါ်ရေ

blackcoffee on 24 October 2010 at 14:26 said...

သူငယ်ချင်းကောင်းလေးရထားတာပဲ။ ကျွန်တော့်မှာလဲ အဒီလို သူငယ်ချင်း တစ်ယောက်ရှိတယ်။ အခုတော့ သူက ကျွန်တော့်ကို အရင်ခွဲသွားပြီလေ။ ကျွန်တော်လဲဘလက်ကို အားကျပြီး သူ့ အကြောင်းလေး ပိုစ့်ရေးဦးမယ်။

အဖြူရောင်နတ်သမီး on 25 October 2010 at 18:29 said...

သူငယ်ချင်းကောင်း ရဖို့ ဒီခေတ်မှာ သိပ်မလွယ်တော့သလိုပဲ...
လောလောဆယ် သူငယ်ချင်းကောင်းလို့ သတ်မှတ်ယုံကြည်ထားရတဲ့ မိန်းခလေးတယောက်ရဲ့ စော်ကားတာကို ခံနေရလို့ စိတ်မကောင်းဖြစ်နေရတဲ့အချိန်...ဒီပို့စ်လေးကို ဖတ်မိသွားတယ်..

လသာည on 27 October 2010 at 16:36 said...

တို့မှာလည်း ရိုစ်လိုမျိုးပဲ ခင်မိသွားတဲ့ ထိုင်းကောင်မလေး သူငယ်ချင်း ရှိတယ်.. ။ (မြန်မာသူငယ်ချင်းတွေလည်း ရှိပါတယ်)

ရှေးရေစက်လို့ ဆိုရမလား တအားခင်သွားတယ်..။
ရိုစ်လေးလည်း သူလေးလို သူငယ်ချင်းရတာ တကယ်တော့ ကံတအားကောင်းတယ်နော်။ ရှေ့ဆက်ပြီးလည်း ကံကောင်းပါစေ...

(ဟိုရက်ကလာတော့ ဒီပိုစ်ကို ဖွင့်မရလို့ အခုမှ တွေ့တယ်) ကွန်ပျူတာကြောင့် ထင်ပါရဲ့..

ူKoSoe on 30 June 2011 at 06:36 said...

19.10.2010 က ဒီပို့စ်လေးကိုတင်ထားခဲ့တာပဲ
တော်တော် ကြာသွားခဲ့ပြီနော် အချိန်တွေက ဘာမှ မကြာလိုက်သလိုပဲ အစ်မ နဲ့ ခင်ခဲ့တာတောင် တစ်နှစ်ပြည့်တော့မယ် ဒီပို့စ် ရဲ့ ခေါင်းစဉ်လေးကလည်း “အမှတ်တရပုံရိပ်တစ်ခု” တဲ့ ကျွန်တော့်အတွက်လည်း အမှတ်ရ ပုံရိပ်တစ်ခုဖြစ်ခဲ့ပါတယ်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei