02 October 2010

အပျိုကြီးမမ....

Posted by blackroze at Saturday, October 02, 2010
အပျိုကြီးသုံးယောက်ရှိပါသည်...ကျမအခုလုပ်နေတဲ့အလုပ်မှာ..အပျိုကြီးမမ...သုံးယောက်ရှိတယ်ဆိုပါတော့
ပထမတယောက်က...ကျမရဲ့seniorမမပါ..ကျမအလုပ်စဝင်တုန်းကကျမကိုသင်ပေးခဲ့တဲ့ကျမရဲ့ဆရာမပါ..
ဒုတိယတယောက်ကတော့...ကျမနဲ့ဟိုတခါကွိုင်နဲနဲပူသွားတဲ့...မမကြီးပါဘဲ
တရုတ်လိုဆိုရင်တော့(領班)ပေါ့လေ...
အဲ...အင်္ဂလိပ်လိုတော့ပြောရမယ်ဆိုရင်..စူပါဗိုက်ဆာလို့ဘဲဘာသာပြန်ရမှာပေါ့လေ...သူပါဘဲ...........
နောက်ဆုံးတယောက်ကတော့...ကျမအခုပြောချင်တဲ့...မမကြီးပါဘဲ..သူသိသူတတ်သူသာလျှင်အတော်ဆုံး
ဆိုတဲ့မူကို...သူ့ဘာသာကိုင်စွဲထားတဲ့...အပျိုကြီးပါဘဲ...
.
သူ့စီမှာတပည့်ခံရတဲ့....ကျမသူငယ်ချင်းလဲမစားသာပါဘူး..သူပြောသမျှခေါင်းညိတ်...ပုတ်သင်ညိုဘဝကို
နေ့ချင်းပြောင်းခံလိုက်ရသလိုပါဘဲတဲ့လေ...ထမင်းစားရင်လည်းသူဝတ်တဲ့အကျီကအမေရိကားက
ဝယ်လာတာတွေ.... သူ့အကိုတွေယောင်းမတွေက အမေရိကားမှာ အများကြီးရှိတာ.... အသီးစားရင်အသားအရေလှတယ်....သူ့အသားအရေလှတာ သူအသီးများများစားလို့ပေါ့ အစရှိသဖြင့်....သူ့အသားအရည်ကဘယ်လိုလှပဆိုပြည်တာ.....အစရှိသဖြင့်ပါ...
(အသီးစားရင်အသားအရေလှတယ်လို့ပြောတာကိုလက်ခံပါတယ် နောက်ဆက်တွဲပါလာတာတွေကိုတော့ တမျိုးပေါ့လေ)

အဆိုးဆုံးကတော့သူ့ဘာသာကိုယ်ရည်သွေးပြောတာကိုအားးနာပါးနာနဲ့လက်ခံပေးလို့ရပါတယ်....
သူတပါးကိုဝေဖန်ရေးလုပ်တာကိုတော့ ကျမတို့သူငယ်ချင်းတွေလက်မခံချင်ပါဘူး အထူးသဖြင့် ဟိုလူကဘယ်လို ဒီလူကဘယ်လိုဆိုပြီးစပြောရာကနေ နောက်ဆုံးမှာတော့ သူသာလျှင်အတော်ဆုံး သူသာလျှင်အသိဆုံး ဆိုတာနဲ့ပြီးသွားတာများတယ်ဆိုပါတော့ ...

မြန်မာစကားပုံကြားဖူးကြမှာပေါ့...မချစ်သော်လည်းအောင့်ခါနမ်း ဆိုတာလေ ကျမတို့ကတော့
အောင့်ပြီးနမ်းရတာများလွန်းလို့ အင်မတိအင်မတန်မှကို စိတ်ညစ်နေမိကြောင်းပါ....

တခါတခါ ဟိုဘဲလေးကအမိုက်စား ဒီဘဲလေးကအမိုက်စား...ဆိုတာလေးတွေကလည်း ညဘက်ကြားကားဆွဲသလိုကြားဖြတ်အစီအစဉ်အနေနဲ့ ပါလာသေးတာသိတယ်မှတ်လား...
(ဟင်းးဟင်းးးးဟင်းးး) အဲလိုအခါမျိုးများဆိုရင်လေ..........ကျမကတော့မရီမိအောင်နှုတ်ခမ်းကိုက် လျှာတွေကိုက်ယုံတင်မကဘူး ဘေးနားကသူငယ်ချင်းတွေလိုအပ်တယ်ဆိုရင်
ခုံအောက်ကနေ ပေါင်ကိုဆွဲဆိတ်ပေးရပါတယ်...အင်းးးးးးးး Jeanဘောင်းဘီတွေဝတ်တာများတော့ ဆွဲဆိတ်ပေးရတဲ့လူလဲမသက်သာဘူးရှင်...လက်တော်တော်နာတာ...တခါတခါ မရီမိအောင်
ထိန်းနေရင်းကနေ.....ခွီးးးးးးးခနဲအသံထွက်မိလို့ထမင်းသီးသလိုလို ဘာလိုလိုလုပ်လိုက်ရတာလဲ ရှိပါ့တော်...

တခါတခါတော့လည်းသူပြောပြတဲ့.....အကြောင်းတွေကနားထောင်လို့ကောင်းပါတယ်....ကျမတို့အလုပ်က အရာရှိတွေက....အရင်ကဘယ်သူကဘယ်လို....ဆိုတာမျိုးပေါ့....အဲဒါလည်းပြောရရင်တော့အတင်းပါဘဲလေ ....ဒါပေမဲ့ဒီအတင်းကတော့ကျမတို့အားလုံးသိချင်တဲ့ သတင်းဟောင်းလေး
တွေပါဘဲ ..လူတွေကသူ့ကိုဘယ်လိုမြင်လဲ.... သူသိလားမသိလားတော့မသိပါဘူး..သူ့အတွေးထဲမှာ
သူကတော့ဆရာမကြီးပါဘဲလေ....အပြင်မှာလည်းစကပ်ကြီးတကားကားနဲ့ဆိုပါတော
့ ရတာမလို...လိုတာမရလို့တကိုယ်တည်းအပျိုကြီးဖြစ်နေတဲ့သူလို့တော့မြင်တာဘဲရှင်...
သူကတော့ငါသိငါတတ်ဆိုတဲ့မူဝါဒကြီးကိုတွင်တွင်စွဲကိုင်လို့..နေ့ရက်တွေကိုဖြတ်သန်းရင်း..
ထမင်းစားချိန်တွေမှာ ကျမတို့သူငယ်ချင်း4လေးယောက်ကိုနှိပ်စက်ရင်း...ဟီးးဟီးးးဟီးးး..
အင်းးးးးးးးးးးးးး ဒီလိုနဲ့ဘဲတနေ့ပြီးတနေ့ကျော်ဖြတ်လာတာအခုဆိုရင်ဒီအလုပ်မှာကျမတနှစ်တောင်ပြည့်တော့မယ်....
သူနဲ့ထမင်းတူတူစားရင်းမကြီးချောရေးဖူးတဲ့ဒီပိုစ့်လေးကိုအမြဲသွားသွားသတိရမိတတ်ပါတယ်...
မုသားမပါလင်္ကာမချောလို့ဘဲသဘောထားပြီးဆက်ဆံပြောဆိုနေရတာပါဘဲ.....
နောက်အပျိုကြီးအကြောင်းကတော့နောက်တခေါက်ပေါ့နော်..ခုတော့အိပ်ချင်နေပြီလေ.........၊။။။။။။။

(စာရိုက်ရင်ခုထိ space bar ခြားလို့မရတာကလည်းဆိုးပါ့နော် ..ကျမကဘဲအသုံးမကျလွန်းတာလားမသိပါဘူး)

(2.10.2010 AM-3:41 )

15 comments:

ညိမ်းနိုင် on 2 October 2010 at 10:33 said...

အဲဒီ အပျိုကြီးကို ရှာဖွေစပ်ဟပ်ပေးလိုက်ပေါ့ဗျာ...။ခမဲလိုနေတာဗျ...း)
စပေ့ဘားက တချို့နေရာမှာ ကျွန်တော်လည်းခြားမရဘူး..။ပြန်ပြန်စေ့
သွားရော..။ဒါပေမယ့် ယေဘုယျအားဖြင့်တော့ရပါတယ်..။ဘာလို့လဲတော့
ပြောတတ်ဘူးဗျ..ဟီး။

လင်းခေတ်ဒီနို on 2 October 2010 at 11:56 said...

ဟုတ်ပ နက်နက်ရာ တခါတည်းကို ယောက်ကျား ပေးစားလိုက်း))))

သဒ္ဓါလှိုင်း on 2 October 2010 at 12:07 said...

အပျိုကြီးတွေကိုများပြောလိုက်တာနော်..။
တော်တော်ဆက်ဆံရခက်မဲ့အပျိုကြီးတွေပဲ..

Anonymous said...

ဟုတ်ပါ့ အပျိုကြီးတွေဆိုတာ အဲ့လို ပစိပစပ်များမှား) အဲ့တော့ အစ်မရေ ကိုယ်လည်းတစ်ချိန်ကျ အဲ့လိုအပြောမခံရလေအောင် ...... ဟဟား စတာနော် နီးရင် အဲ့ အပျိုကြီးမမ ကိုလာရှိုးပါတယ်ဗျာ ။


မောင်မျိုး

မေပယ်လ် on 2 October 2010 at 13:10 said...

တခါတခါ ဟိုဘဲလေးကအမိုက်စား ဒီဘဲလေးကအမိုက်စား...ဆိုတာလေးတွေကလည်း ညဘက်ကြားကားဆွဲသလိုကြားဖြတ်အစီအစဉ်အနေနဲ့ ပါလာသေးတာသိတယ်မှတ်လား.../
ဟိဟိ..အဲဒါ အဒူ့ကို ပြောတာလဲဟင်..
အေးပေါ့လေ..လူ့အကြောင်းလေးတွေ သိရတာပေါ့
ဒါနဲ့ ရေစီးကြောင်းလဲ...ဟုတ်ဘူးနော်..:(

ဆွေလေးမွန် on 2 October 2010 at 14:46 said...

ဒါလေးများ...သယ်ရင်းနဲ့ ခင်တဲ့မင်တဲ့ .
ဘလော့ မောင်နှမတွေထဲက လွတ်တဲ့ တစ်ယောက်ယောက်နဲ့ စပ်ဟပ်ပေးလိုက်..

ဘယ်လောက်ကောင်းလဲ ..ဟီး..
နားအေးပါအေး ထမင်းစားနိုင်ပြီး..ဘလော့အစ်ကိုတွေက ကျေးဇူးတင်စကား
လဲ အပြောခံရအုန်းမယ်..

ဟေးဟေး တစ်ချက်ခုတ် နှစ်ချက်ပြတ်..
ယူပြီးသွားလို့ သူတို့နာငြီးတာတော့ သူတို့အပိုင်းပေါ့လေ ..ကိုယ်နဲ့ ဆိုင်တာမှ မဟုတ်တာ..ဟုတ်တယ်မဟုတ်လား..

ခင်မင်စွာဖြင့်

မြစ်ကျိုးအင်း on 2 October 2010 at 16:38 said...

ဒါမျိုးက ကြာလေ ပိုဆိုးလေ ဖြစ်မှာပဲ။

တတ်သလောက်မှတ်သလောက် အားပေး တာပါ။

ချော(အစိမ်းရောင်လွင်ပြင်) on 3 October 2010 at 05:23 said...

ဟင်းဟင်း
စောင်းပြောနေတာများလား မသိဘူး
ကျုပ်ကတော့ အပျိုကြီးတွေကို ထိလို့ အပျိုကြီးဘက်က နာသွားတယ်..
အပျိုကြီးဒုက္ခဆိုတာ အပျိုကြီးလုပ်ဖူးမှ သိမှာ.. မယုံရင် အပျိုကြီးလုပ်ကြည့်ပါလား ... (မထင်)
း))

သူကြီးမင်း (တုံးဖလား) on 3 October 2010 at 07:58 said...

အပျိုကြီးတိုင်း အဲဒီလိုမျိုးတွေဘဲလား မသိဘူးနော်။ ကြောက်တယ်။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ညလင်းအိမ် on 3 October 2010 at 09:00 said...

အဟင်း အပျိုကြီးတွေများ ဆိုးပါတယ် ..း)

ဒါနဲ့ စပေ့ဘားက ဘာလို့ ရိုက်မရတာလဲ ???

စိတ်၏ဖြေရာ on 4 October 2010 at 03:18 said...

အဲဒီလိုလူမျိုးတွေအများကြီးတွေ့ဖူးပါတယ်။အပျိုကြီးဆိုတော့
ပိုဆိုးသွားတာပေါ့လေ။

ချိုကျ on 8 October 2010 at 11:13 said...

အပျိုကြီးဖြစ်လို့တော့ဟုတ်လောက်ဘူးနဲ့တူတယ် :) အများအားဖြင့်တော့ ဟုတ်လောက်တယ်ထင်တယ် တချို့ အနေအေးတဲ့ အပျိုကြီးတွေမြင်ဖူးတယ်။ ဗီဇ လို့တော့ထင်တာပဲ :)

ခင်တဲ့ ( ချိုကျ )

blackcoffee on 14 October 2010 at 10:44 said...

အပျိုကြီးတွေတော်တော်များများကတော့ဒီလိုပါပဲသူငယ်ချင်းရေ... သတိထားပေါင်းပေါ့။မချစ်သော်လဲအောင့်ကာနမ်းပေါ့...

သော်ဇင်စိုး on 11 November 2010 at 12:09 said...

ဟိဟိ.. အပျိုကြီးမမတွေက ဒီလိုပါပဲ.. တစ်လောကလုံးကို မကြေိမနပ်ဖြစ်နေကြတာ..
ဒါနဲ့ အမ Blackrze ကတော့ အပျိုကြီးမဖြစ်သေးပါဘူးနော်.. :P

Anonymous said...

Aaaaaaaa

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei