11 October 2010

ရိုးသားစွာ လိမ်ညာခြင်း...

Posted by blackroze at Monday, October 11, 2010
မေးခွန်းတခုလောက်မေးပါရစေ... လူတယောက်ကိုလိမ်ဖူးပါသလား. ညာဖူးပါသလား
ဒီမေးခွန်းကို ကိုယ့်ဘာသာပထမဦးဆုံး ဖြေပါရစေ....
လိမ်ဖူးပါတယ်...ညာဖူးပါတယ်...တခါမှမလိမ်ဖူးလို့ ပြောတဲ့သူဟာ..လူလိမ်ပါဘဲ............။။
ဒီလောကကြီးထဲမှာ..မလိမ်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါဘဲလေ...ကိုယ်ရဲ့လိမ်ညာမှု့ဟာ
သူတစ်ပါးကိုမထိခိုက်ဘူးဆိုရင် ဒါဟာဆိုးရွာနိမ့်ကျတဲ့ လိမ်ညာမှု့လို့ရောသတ်မှတ်သင့်ပါသလား?
ကျမအမြင်ပေါ့လေ မသတ်မှတ်သင့်ပါဘူး လူဆိုတာ လောကရဲ့အလိုကျ လှုပ်ရှားရုန်းကန်နေရတဲ့
အရုပ်လေးတွေပါ ဒါကြောင့်တခါတရံမှာ လိမ်ညာဖို့လိုအပ်နေတယ်ဆိုရင် မဖြစ်မနေလိမ်ညာရပါလိမ့်မယ်..။
ကျမကိုယ့်ဘာသာကိုယ်ဘဲဥပမာထားပြီးပြောပါရစေ...
ငယ်ငယ်တုန်းကလူကြီးတွေက သင်ပေးတယ် လူကြီးတွေကိုမလိမ်ရဘူးနော် ငရဲကြီးလိမ့်မယ်တဲ့
အဲတုန်းကတကယ်ကြောက်ခဲ့ပါတယ် ငရဲကြီးရင်စာအုပ်တွေမှာပါသလို ရေနွေးပူတွေထဲအနှစ်ခံရမယ်
ဆီပူအိုးထဲထည့်ကြော်ခံရမယ်.. တကယ်ကိုယုံခဲ့ပါတယ် လိမ်လိုက်မိတာနဲ့ချက်ချင်းဘဲ
ဆီပူအိုးထဲ အထည့်ခံရတော့မယ်ဆိုတဲ့အတွေးတွေနဲ့ပါ နည်းနည်းကြီးလာတော့ သိလာတယ်..။
ငရဲကြီးတယ်ဆိုဘာလဲ တကယ်တော့.....မကောင်းတာကိုလုပ်ရင် မကောင်းတာပြန်ဖြစ်လိမ့်မယ်
ဆိုတဲ့အဓိပ္ပါယ်ပါဘဲ မကောင်းတာလုပ်မိရင် မကောင်းတာပြန်ဖြစ်မယ်ဆိုတာမှန်ပေမဲ့
ကျမတို့လူသားတွေကတော့ ကောင်းတာတွေကြီးဘဲ....ရွေးလုပ်နေတာမဟုတ်ပါဘူးလေ..။
မရည်ရွယ်ဘဲ လိမ်ညာမိသွားတာတွေ....ရှိတတ်ပါတယ်..ဒါပေမဲ့ တခါတလေကျတော့လည်း....
ရည်ရွယ်ချက်ရှိရှိကို လိမ်ညာလိုက်ရတာတွေလဲ.....ရှိခဲ့ဖူးပါတယ် ..။
ကျမတို့အရွယ်မှာ လူတိုင်းမဖြူစင်နိုင်တော့ပါဘူးလေ ကိုယ်ကအေ၇ာင်ဆိုးတာမဟုတ်ပေမဲ့လည်း
သူများတွေက အရောင်လာဆိုးတာခံလိုက်ရလို့ ကာလာဝင်နေတဲ့  သူတွေအများကြီးပါ ...
လောကကြီးကလည်း တခါတရံမှာ မဖြစ်ချင်တာတွေကို အတင်းဖြစ်ခိုင်းပြီး အရောင်တွေ
စွန်းထင်းအောင်လုပ်တတ်ပါသေးတယ် ..။
ငယ်ငယ်ကတခုလောက်များ လိမ်ထားမိရင် စိတ်ထဲမလုံပါဘူး
အမေကတချက်လောက် စိုက်ကြည့်လိုက်ရင်ဘဲ အမေသိနေပြီလား မသိဘူးလေ ဆိုပြီး
ကြောက်လိုက်တာ ....
အခုအရွယ်မှာတော့ အင်မတန်မှကိုပိရိစွာ...သေသပ်စွာ ပါးပါးလေးဖြစ်အောင် ပညာတွေတတ်နေပါပြီ
ဒါလောကကြီးကသင်ပေးလိုက်တာတွေပါဘဲ ...မဖြစ်ချင်တာတွေဖြစ်ရတာလဲ ဘဝပါဘဲ
ဖြစ်ချင်တာတွေမဖြစ်ရတာလဲ ဘဝပါ ...ရည်ရွယ်ချက်လဲမရှိ မထင်မှတ်ဘဲ လိမ်လိုက်မိတယ်
ဆိုပါတော့ သူ့အတွက်လည်းထိခိုက်မှု့မရှိဘူး ကိုယ့်အတွက်လည်း ထိခိုက်မှု့မရှိတဲ့ လိမ်ညာမှု့ကို
အပြစ်ရှိတဲ့ လိမ်ညာမှု့လို့ပြောနိုင်ပါသလား ......
သိချင်နေတာတော့ကြာပါပြီ ကိုယ့်ဘာသာကိုလည်း အဖြေမထုတ်တတ်ဘူး......
တခါတလေမှာ လိမ်ညာတာမဟုတ်တော့ဘဲ.....ကာကွယ်တဲ့အနေနဲ့မုသားပြောလိုက်ရတဲ့ အခါတွေလည်း
ရှိတတ်ပါတယ်....ဘဝအခြေအနေပေါ်မူတည်ပြီး..အနေအထားအမျိုးမျိုးပြောင်းလဲသွားတာပါ....။။
ခုနေခါကျမကိုလိမ်ဖူးလား ? ညာဖူးလား မေးခဲ့ရင် လိမ်ဖူးတယ် ညာဖူးတယ်လို့
အမှန်အတိုင်းဖြေမှာပါ ....နောက်ထပ်ရောလိမ်ဦးမလား ..ညာဦးမလားမေးရင်...
အခြေအနေအရလို့ပြန်ပြောမှာပါ.......။။။
သူတပါးကိုထိခိုက်မှု့မရှိတဲ့......ရိုးသားစွာလိမ်ညာမိခြင်းကို အပြစ်တခုလို့ယူဆသင့်ပါသလား....?????
ဖတ်မိတဲ့သူများဖြေပေးခဲ့ကြပါဦး.....။။။။။။

(11.10.2010 AM- 2:57 )

space bar ခြားထားတယ်..ဘာလို့များစာလုံးတွေကပြန်ပြန်စေ့သွားလည်းမသိဘူး
ခြားလို့ရတဲ့နေရာတွေကမတရားကျယ်နေပြီး..မရတဲ့နေရာကျတော့လည်း မပြောလိုက်ချင်ပါဘူး
ကုသိုလ်ကံကလဲနော်...Blog ရေးတာချင်းတူတာတောင်ကျမအဖြစ်ကspace bar ခြားလို့မရတဲ့အဖြစ်
ကျမကိုသင်ပေးတဲ့ ဆရာလဲတော်တော်ကိုစိတ်ညစ်နေလောက်ပြီလေ :(

16 comments:

သူကြီးမင်း (တုံးဖလား) on 11 October 2010 at 03:19 said...

ရိုးသားစွာလိမ်ညာလိုက်တဲ့အတွက် ဘယ်သူ့ကိုမှ ထိခိုက်မှု မရှိဘူး၊ မရှိနိုင်ဘူးဆိုရင် မုသာဝါဒဖြစ်ပေမဲ့ အပါယ်ကျလောက်တဲ့အထိ အကုသိုလ်ကံမဖြစ်နိုင်ပါဘူး။ တစ်ချို့ လိမ်ညာမှုတွေမှာ တစ်ဘက်လူကို မထိခိုက်တဲ့အပြင် ကူညီရာတောင်ရောက်ပါသေးတယ်။ ဥပမာ၊ တောင်ဖီလာဆရာတော်နှင့်သူခိုးတစ်ယောက်ပုံပြင်လိုပေါ့။ လူတိုင်း သိပြီးသားဖြစ်တဲ့အတွက် မပြောတော့ပါဘူး။
နောက်ပြီး လုံးဝ မသက်သာနိုင်တော့တဲ့ လူနာတစ်ယောက်ကို သက်သာလာမှာပါလို့ သိသိကြီးနဲ့ လိမ်ညာပြောသလိုမျိုးပေါ့။ နောက်ပြီးတော့ မရည်ရွယ်ဘဲ လိမ်ညာမိတဲ့အခါလဲ ရှိတတ်သေးတယ်။ လူတစ်ယောက် ဒီအနားက ဖြတ်သွားတာ မြင်ရဲ့လားလို့ မေးတဲ့အခါမှာ မြင်လိုက်ရက်သားနဲ့ ယောင်ယမ်းပြီး မမြင်လိုက်ပါဘူးလို့ ပြောလိုက်သလိုပေါ့။
အများကြီးပါဘဲ။ သူများကို ပျက်စီးချင်တဲ့ စိတ်စေတနာမပါဘဲ ရိုးသားစွာ လိမ်ညာမှုအတွက်ကတော့ အပြစ်ကြီးကြီးမားမားမရှိဘူးလို့ဘဲ ကျနော့်အထင်ကို ရေးပေးလိုက်ပါတယ်။
ကျနော်ကိုယ်တိုင်လဲ ရိုးသားစွာ လိမ်ခဲ့၊ လိမ်နေ၊ လိမ်နေပါဦးမယ်။ ဒါက အမှန်တရားပါ။ ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ မထိခိုက်စေရပါဘူး။
ပျော်ရွှင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ပန်းနုနှင်းဆီ on 11 October 2010 at 03:22 said...

သူတစ်ပါးကို မထိခိုက်ဘဲ ညာတာကို တို့ကတော့ အပြစ်လို့ လုံးဝ မသတ်မှတ်ဘူး..
လောကမှာ နည်းပေါင်းစုံနဲ့ လူတွေက လိမ်ညာနေကြတာပါဘဲ
ကောင်းစေချင်လို့ လိမ်ညာသူတွေရှိသလို မကောင်းစိတ်နဲ့ ညာနေတာလဲ ရှိကြတာပါဘဲ
ဘယ်သူ့မှ မထိခိုက်စေချင်လို့ ညာတာမျိုးကိုတော့ အပြစ်လို့ လုံးဝ မယူဆပါဘူး

Kosoe on 11 October 2010 at 03:27 said...

ဘူးတစ်လုံးဆောင် အိုအောင်မဆင်းရဲတဲ့
ဟဲ ကျွန်ကတော့ ဘူးတွေ အများကြီးဆောင်ထားတယ်ဗျ

ဆွေလေးမွန် on 11 October 2010 at 11:30 said...

နက်နက်ေ၇ တွေးတော့တွေး ဒါပေမယ့် အစွန်းတော့မေ၇ာက်စေနဲ့ ဆိုသလိုပဲ။လူတိုင်း ဘဝဆိုတဲ့ ပင်လယ်မှာကူးနေကြတာပဲ။
ဒီတော့ တစ်ခါတစ်၇ံ၇ှိမှာပေါ့။ဒါပေမယ့် ကိုယ့်လိမ်ညာမှုက သူတစ်ပါးကို ထိခိုက်စေ၇င်တော့ မကောင်းဘူးပေါ့။
လူတိုင်းမှာတော့ အကြောင်းပြချက်တစ်ခုစီ ၇ှိနေကြတာပါပဲ။ဘဝ ဆိုတာကိုး။

မေပယ်လ် on 11 October 2010 at 12:22 said...

ကိုကိုမောင်ပြောတာ ပြည့်စုံတယ်:)

ချော(အစိမ်းရောင်လွင်ပြင်) on 11 October 2010 at 14:12 said...

ကိုယ်လိမ်တာ သူတစ်ပါးကို မထိခိုက်ဘူး
သူတစ်ပါးအတွက် ကောင်းရာကောင်းကျိုးကို ရည်မှန်းပြီးလိမ်တယ်ဆိုရင်
အပြစ်မဖြစ်ပါဘူး အဖြူရောင် မုသား ဆိုတာတောင် ရှိသေးတာ
လိုအပ်ရင်တော့ လိမ်ကြရမှာပါဘဲလေ။
ဘယ်သူ့မှ မထိခိုက်ဖို့သာ အရေးကြီးတယ် မဟုတ်လား

ဟန်နာ on 11 October 2010 at 14:33 said...

သူတစ်ပါးကို မထိမခိုက်ဘဲ အခြေအနေအရညာရတာဆိုရင် white lie ပေါ့နော်.. အပြစ်မရှိဘူးထင်ပါတယ်

ဒေါင်းမင်း on 11 October 2010 at 15:17 said...

ရိုးသားစွာလိမ်ညာမှုကတဖက်သားကိုထိခိုက်မှုမဖြစ်ရင်ပြသနာမရှိပါဘူး။
အဲကျွန်တော်လဲရိုးသားစွာပြောရရင်..ကျွနတော်လဲတစ်ဖက်သားကိုရိုးသားစွာ
လိမ်ဘူးခဲ့တာပဲ။ကျွန်တော်ကိုယ်ကျွန်တော်တော့လိပ်ပြာလုံပါတယ်။
သူ့အကျိုးထိခိုက်အောင်ကျွန်တော်လုပ်တာမှမဟုတ်ပဲ...ဟုတ်ဘူးလား..
ဒါပေမယ့်လူတိုင်းဟာအလိမ်ညာနဲ့မကင်းဘူးဆိုတာလက်ခံရမယ်လေ။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ညိမ်းနိုင် on 11 October 2010 at 18:16 said...

အင်းးးလိမ်တော့ လိမ်ဖြစ်နေတာပါပဲ...။တချို့ကိစ္စတွေက မလိမ်လို့မှ မဖြစ်
တော့လည်း လိမ်နေရတာပါပဲ...။

မြစ်ကျိုးအင်း on 12 October 2010 at 06:20 said...

လိုအပ်တဲ့အခါတော့ လိမ်ရညာရတာပါပဲ။ လိမ်ပြီးတဲ့အခါတိုင်း စိတ်မှာ တထင့်ထင့် မဖြစ်ဖို့အတွက် တပါးသူ မနစ်နာအောင်တော့ ဂရုစိုက်တယ်။
ကိုယ့်ရဲ့ရလိုမှု တခုထဲအတွက် တပါးသူ ထိခိုက်မယ်ဆို ခြောက်လန့်နေမယ့် စိတ်အတွေးတွေက မသေခင်ထဲက ငရဲကျ တာနဲ့ တူနေမှာပဲ။ ဒါကလည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ် လိပ်ပြာလုံစွာ နေထိုင်ချင်သူတွေ အတွက်ပေါ့။

Cameron on 12 October 2010 at 18:03 said...

ညီမလေးပြောတာမှန်တယ် မလိမ်ညာဖူးတဲ့သူဆိုတာ လောကမှာမရှိပါဘူး...။ လိုအပ်ရင်တော့ အကျိုးသင့်လေးနဲ့ လိမ်ညာကြရတာပါပဲ...။ အထက်က သူငယ်ချင်းတွေပြောသွားတာ တော်တော်ပြည့်စုံနေပါပြီ..။

ခင်မင်စွာဖြင့်
မိုးငွေ့

မြသွေးနီ on 12 October 2010 at 20:11 said...

မုသားကင်းတဲ့ ဖြူစင်တဲ့ လိမ်ညာမှုမျိုးနဲ့တော့ လိမ်ညာမိတယ်။ နှစ်ဦးနှစ်ဖက် ကောင်းမွန်ဖို့၊ မထိခိုက်ဖို့ပေါ့..။
အလိမ်အညာကင်းသူတော့ရှိမယ်မထင်ဘူးရယ်..။

မဟူရာမင်း on 13 October 2010 at 01:44 said...

တစ်ခါတရံ အမှန်တိုင်းပြောတာကို မယုံကြလို့ လိမ်ညာလိုက်ရတာမျိုးလည်းရှိပါ၏

blackcoffee on 14 October 2010 at 10:41 said...

လိမ်ဖူးတယ်။တစ်ယောက်မကသလိုနှစ်ယောက်လဲမကဘူး။အမှန်ပြောရရင်မမှတ်မိနိုင်လောက်အောင်ကိုလိမ်ဖူးတယ်။အဓိကကတော့မိဘနှစ်ပါးပေါ့။ဒါပေမယ့်သူများအကျိုးယုတ်အောင်တော့တစ်ခါမှမလိမ်ဖူးပါဘူး။ကိုယ့်ကြောင့်သူများကိုဒုက္ခမရောက်စေပါဘူး။လိမ်ခဲ့တယ်။

အုပ်ကြီး on 14 October 2010 at 23:16 said...

သူငယ်ချင်းတွေပြောတာ စုံနေပါပြီ ..ညီမရေ ..
ခုမှ လာဖြစ်လို့  ..
သူများရေးတာပဲ ဖတ်သွားပါတယ်ဗျာ..

flowerpoem on 19 October 2010 at 18:31 said...

လိမ်ဘူးတာပေါ့ တစ်ခါတည်းလားလို့တော့ မပြောပါနဲ့ အခါခါကို လိမ်ဘူးပါတယ် ဒါပေမယ့် ကျွန်မလိမ်မိတာကတော့ သူများကိုနစ်နာစေမှာ ဆိုးတဲ့အကြောင်းပြချက်တွေများပါတယ်. . . မတရားလောဘနဲ့ လိမ်မိတာတော့ နည်းပါတယ် လို့ ၀န်ခံပါတယ်...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei