11 November 2010

သီချင်းညအိမ်မက်...

Posted by blackroze at Thursday, November 11, 2010
သီချင်းသံတွေနဲ့

အဓိပ္ပါယ်ရှိတဲ့ည..

အိမ်မက်မမက်ချင်လို့

မအိပ်မိအောင်

ကြိုးစားနေရင်းနဲ့

ဒီသီချင်းသံတွေကြားမှာ..

အိပ်ချင်လာမိတယ်.

အိမ်မက်တွေရယ်..

အဝေးဆုံးမှာသာနေပေးပါ....

မနိုးထချင်တဲ့

အိမ်မက်လေးမို့...

တရေးနိုးဆိုတာတောင်...

မခံစားချင်လို့...

အိမ်မက်လေးရယ်..

အစကထဲက

မမက်ပါရစေနဲ့..........၊၊၊၊၊


(11.11.2010 AM 1:57 )



19 comments:

စိတ်၏ဖြေရာ on 11 November 2010 at 06:03 said...

ကဗျာလေးလာဖတ်ပါတယ်။internetမကောင်းလို့ခုမှဘဲ
အလည်ထွက်နိုင်တော့တယ်။
နေကောင်းတယ်နောညီမလေး..

လင်းခေတ်ဒီနို on 11 November 2010 at 09:43 said...

မက်ပါဟ နက်နက်ရ . . . အိပ်မက်ဆိုတာ ရှိမှ အကိုတို့တွေ လက်တွေ့ကို အကောင်အထည်ဖော်နိင်မှာပေါ့ . . . မက်လိုက်ပါ ပြီးရင် အဲဒီအိပ်မက်ကို ဖြစ်အောင် လုပ်ကြည့်ပါး) ညီမပျော်ရွင်နိင်မှာပါး)

ခင်မင်သော
အကို ဗညားရှိန်

ဆွေလေးမွန် said...

အိမ်မက်လေးက စပြီး မက်မိပြီဆိုရင်တော့ သယ်ရင်းရေ
နှစ်သက်ချင်းကြီးစွာနဲ့ ဆက်ပြီးမက်နေလိုက်ပါ။

:) :)

blackroze said...

အကိုဗညား...အဲဒီအိမ်မက်ကိုအကိုပြောသလိုဘဲ..
တကယ်မက်လိုက်ချင်တယ်..ဒါပေမဲ့...အကိုရာ...အိမ်မက်လေးကို
လက်တွေ့အကောင်အထည်ဖေါ်ဖို့ဆိုတာက..ညီမစီမှာကြိုးတွေအများကြီးနဲ့
ချည်နှောင်တာခံထားရတယ်..အကိုရာ...အိမ်မက်လေးပြီးသွားမဲ့
တနေ့ကျရင်တော့.........??????
ညီမလေ...ကိုယ့်ဘဝကိုကိုယ်စိတ်နာတယ်..အကိုရာ...

သော်ဇင်စိုး on 11 November 2010 at 12:29 said...

ဟုတ်တယ်.. အဲဒီအိပ်မက်မျိုးက တော်တော်ဆိုးတာ..

ညိမ်းနိုင် on 11 November 2010 at 18:58 said...

ခံစားချက်တွေထပ်တူညီတော့....ကဗျာလေးဖတ်ပြီး...အတော်ခံစားရတယ်...။
မမက်ချင်ပါဘူး....တကယ်ပါ....။
အင်း...ခုတော့လည်း...အိပ်မက်ကမ္ဘာက နိုးထဖို့ကြိုးစားတုန်း...။
ဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ပါစေ မနက်ရေ....။
ကျွန်တော်တို့မတတ်နိုင်တဲ့အရာတွေအပေါ် တတ်နိုင်သမျှ အသင့်အတင့်
နှလုံးသွင်းကြည့်နော်...။

ဖိုးကြယ် on 11 November 2010 at 19:05 said...

အင်း....ကိုယ့်ဘဝကို စိတ်မနာပါနဲ့ roze ရေ.... ပြီးပြည့်စုံမှုဆိုတာ ဘယ်တော့မှမရှိနိုင်တဲ့ ဒီလောကကြီးထဲမှာ ကိုယ်ရတာနဲ့ ကိုလှအောင်နေ နေကြရတော့တာပေါ့ :)

ခင်တဲ့(ဖိုးကြယ်)

လသာည on 11 November 2010 at 20:12 said...

အိပ်မက်ကိုနိုးအောင် နိုးကြပါဦး..။ ကျွန်တော့်/ ကျွန်မ ကို နိုးအောင် နိုးကြပါဦး ♪♪

ဒီလိုပါပဲ ရိုစ်ရယ်..။ အိပ်မက်ဆိုတာက မရှိချင်လည်းမဖြစ်ဘူးရယ်။ ရှိလာတိုင်းလည်း ကောင်းချင်မှ ကောင်းတတ်တာမျိုး..နော် စိတ်မလျှော့နဲ့။

မြစ်ကျိုးအင်း said...

လွမ်းရမယ့် အိမ်မက်တော့ မမက်ချင်တော့ဘူးနဲ့တူတယ်။
တခါတလေတော့လည်း အငွေ့လေးဆိုပေမယ့် အရသာ တစ်မျိုးရှိတာပဲ
မဟုတ်လား။

blackroze said...

အလွမ်းလဲမလိုချင်တော့ဘူး..
အချစ်လဲမလိုချင်တော့ဘူး...
အငွေ့တွေလည်းမလိုချင်တော့ဘူး...
တတ်နိုင်ရင်..အချစ်တွေအမုန်းတွေနာကျင်ခြင်း
ခံစားခြင်းတွေမရှိတဲ့ကမ္ဘာမှာဘဲနေချင်တယ်..အကိုရာ..

နေ၀သန် on 12 November 2010 at 11:14 said...

မတွေ့တာတောင်ကြာပြီ..း))... ဟုတ်ပ..အိပ်မက်တွေကိုမတွေ့ချင်ဘူး.. ဟိုနေ့ညက အိပ်မက်ထဲမှာ သရဲခြောက်ခံရလို့လေ.. တညလုံးကျောချမ်းနေတာ... ဟဲ.. မနက်အိပ်ရာထမှ ဖြစ်ရလေလို့.. ဟဲဟဲ... (သူများရဲ့ ခံစားချက်ကဗျာလေးကို ကပျက်ကချော်လုပ်တာဟုတ်ဝူးနော်... မတွေ့တာကြာလို့ လှမ်းစတာ..ဟဲ)

ခင်မင်တဲ့
နေ၀သန်

Anonymous said...

စာမေးပွဲဖြေနေလို့မမရေ
အိပ်မက်ပဲ မမရယ်
အိပ်မှတော့ မက်မှာပေါ့နော်...။
မက်စမ်းပါစေ...ဘာဖြစ်လဲ..အရိပ်ကတော့ အိပ်မက်လေးတွေကို ချစ်တယ်

ချော(အစိမ်းရောင်လွင်ပြင်) on 15 November 2010 at 00:33 said...

တစ်ခါတစ်လေတော့ အိပ်မက်ဆိုတာ ကိုယ်တိုင်က မလိုချင်ပေမဲ့ မက်မိတတ်ပြန်တယ်..
ရုန်းမထွက်နိုင်တဲ့ အိပ်မက်တွေကြားမှာ လွင့်မျောနေမိပြန်ရော
မမက်ချင်ဘူးလို့ ပြောနေမိတာ အကြိမ်ကြိမ်ပေါ့
နေကောင်းတယ် ဟုတ်လား
ပျောက်နေတယ်
ကျန်းမာရေးဂရုစိုက် ညီမလေးရေ....

Cameron on 15 November 2010 at 11:28 said...

လူဆိုတာ စိတ်ကူးယဉ်ရဲရတယ် အိပ်မက်မက်ရဲရတယ်ညီမလေးရဲ့...ခပ်ရဲရဲသာမက်လိုက်စမ်းပါ

Maung Myo on 16 November 2010 at 23:04 said...

ဘာတွေများ အိပ်မက်လို့တုန်းဗျ မဟုတ်မှလွဲရောာာာာာာာာာာာာာာာာာ မသိဘူးလို့ ဟဲဟဲ

အဖြူရောင်နတ်သမီး on 17 November 2010 at 20:47 said...

မနိုးပါစေနဲ့ အိပ်မက်လေးရယ်...

မိုးစက်အိမ် on 19 November 2010 at 17:31 said...

ပျော်ရွှင်စရာကောင်းတဲ့ အိပ်မက်လှလှလေးတွေဆိုရင်ရော ?
ခဏခဏ မက်ပရစေလို့ ဆုမတောင်းမိချင်ဘူးလား :)
ခင်မင်လျက် . . .

blackcoffee on 22 November 2010 at 20:04 said...

ကဗျာလေးကောင်းတယ်သူငယ်ချင်း... ဒီလိုပါဘဲ ကျွန်တော်လဲ တခါတခါ အိပ်မက်တွေကြောင့် မောရတယ်...

ညလင်းအိမ် on 30 January 2011 at 15:33 said...

တခါတလေ အပြစ်မှာ မဖြစ်နိုင်တာတွေ အိပ်မက် မက်လိုက်ရတဲ့ အခါ ပျော်စရာ ကောင်းပါတယ်ဗျ ...

မက်ပါ .. မက်ပါ ... မက်တာမက် .. :)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei