30 November 2010

အချစ်ခရေ..ရနံ

Posted by blackroze at Tuesday, November 30, 2010







ခရေ..ရနံ

ပွင့်ရယ်သေးပေမဲ့
မွှေးရနံကကြွယ်..
နေညိုချိန်..ရွှေအဆင်း
သက်တန့်ဖြာလင်း
ညနေခင်းမယ်...
ခရေရယ်..ရနံသင်းပါလို့
လေပြည်ရယ်...
ဆောင်ယူသွားပေသမို့
ခရေပွင့်လေးတွေ
ကြွေကာခုန်ဆင်း..
ဒီမြေတလင်းဝယ်...
လဲကာလျောင်းရပေမဲ့.....
ရနံရယ်....မပြယ်ရှာဘူး...
ကြိုင်ကာ...မွှေးနေဆဲ.......။။။










အချစ်ရနံ...

တွေ့ဆုံချိန်ရယ်...
နည်းပေမဲ့..
သံယောဇဉ်ရယ်...ကြွယ်
ညတွေထဲမယ်
ချစ်သူအဆင်းက...
လမင်းနဲ့မှားပါလို့
မေတ္တာရနံလေး
သင်းလှတယ်....
ချစ်သူခြွေချ...
အပြုံးလေးများ
်ကောက်ကာသိမ်းလို့
ခရေပမာ..
စီကာကုံးလိုက်ချင်ပါရဲ့...
ဒီအချစ်ခရေကုံး
သေချာသိမ်းလို့
မေ့တဘဝလုံး
ထုံမွှေးချင်ပါရဲ့လေ........။။။။

(30.11.2010 am 4:12 )

(ပုံလေးတွေကိုတော့ www.google.com ကနေရှာထားတာပါ)

15 comments:

Maung Myo on 30 November 2010 at 10:25 said...

အဲ့ ပုံလေး မ99 ပုံဖော်ထားတာထင်တယ် တစ်ခါတွေ့ဖူးသလားလို့ မမှတ်မိတော့ဘူး ။

ကဗျာလေးကတော့ အချစ်ရနံ့တွေ သင်းနေတာပဲး)

မေပယ်လ် on 30 November 2010 at 13:03 said...

အမယ်...မောင်တွေ ဘာတွေနဲ့ပါလား
တို့နက်နက်တော့ ရိုးတော့ဘူးဟေ့...
ကဗျာလေး ကောင်းလိုက်တာ ချစ်ရသူကို ခရေရနံ့လေးနဲ့ တင်စားသွားပုံများ

blackroze said...

ကျမလည်းသေချာမသိဘူးရယ်..
ပုံလေးတွေကတော့...ခရေဆိုတာကို...type ပြီး
Google ကနေရှာလိုက်တာဘဲ..မ99 တင်ဖူးတယ်ဆိုရင်လည်း
ဒီပုံလေးတွေကိုမ99 စီကတဆင့်ကျမ
ပြန်လည်မျှဝေပေးတယ်လို့..သဘောထားပေးပါနော်..

လသာည on 30 November 2010 at 13:35 said...

ညလေး..

ခရေရယ် မောင်ရယ် ကဗျာတစ်ပုဒ်ရယ်ပေါ့ ဟုတ်လားး))

အစစအဆင်ပြေ ပျော်ရွှင်ပါစေ

ချော(အစိမ်းရောင်လွင်ပြင်) on 1 December 2010 at 21:28 said...

အချစ်ရဲ့ ရနံ့ကို ခရေနဲ့တင်စားထားတယ် ထင်တယ်
ချစ်တဲ့ခါတော့ မွှေးတာပေါ့ညီမရယ်
မုန်းသွားရင်တော့ ခရေလိုလည်း မမွှေးနိုင် မလန်းနိုင်တော့ပါဘူး။။

သိင်္ဂါကျော် on 1 December 2010 at 21:56 said...

ခရေပန်းလေးတွေကို ချစ်တယ်..
ခရေအကြောင်း ရေးထားတဲ့ ကဗျာလေးလည်း ချစ်စရာလေး...

Cameron on 2 December 2010 at 12:15 said...

မွှေးရနံ့ထုံသင်းတဲ့ ချစ်ခရေကဗျာလေးကိုလာရောက်ရှူရှိုက်သွားပါတယ်..
ပုံလေးက နိုင်းနိုင်စနေရဲ့လက်ရာလေးပဲ...။

ခင်တဲ့
မိုးငွေ့

အဖြူရောင်နတ်သမီး on 3 December 2010 at 16:49 said...

ခရေ..ကဗျာလေး လာခံစားသွားပါတယ်...ညီမလေးရေ..။

သူကြီးမင်း (တုံးဖလား) on 3 December 2010 at 19:55 said...

ကဗျာဖတ်ရင်း ခရေရနံ့ အချစ်ရနံ့လေးတွေကို ထပ်တူ ခံစားသွားပါတယ်။ ကဗျာလေးက နုနုရွရွလေးဆိုတော့ ဖတ်ရတာ စိတ်ကို ကြည်နူးစေတယ်။ ဒီလို ကဗျာလေးတွေ များများရေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း on 4 December 2010 at 00:32 said...

ဒီကဗျာဟန်လေး မိုက်တယ်။
အချစ်ရနံ့တွေ အမြဲသင်းပျံ့နေရင်တော့ ဘဝက ချို မှာပဲ။

လင်းခေတ်ဒီနို on 6 December 2010 at 09:42 said...

အိုးးးမိုင် ဂေါ့းးးးးးး OMG

နက်နက်ရေ ကောင်းလွန်းလို့ ငါ ဘယ်စာကြောင်းကို ရွေးရမှန်းတောင်
မသိတော့ဘူး တပုဒ်လုံးကို ကောင်းလွန်းနေတာ

ဖတ်ရတာ အရမ်းကိုကောင်းတယ် ငါ ကော်ပီ မိတော့မယ် အဟင့် ကောင်းချက်း)

sosegado on 19 December 2010 at 19:42 said...

ကောင်းတဲ့ ခံစားချက်လေးပါပဲ
ညမှာ လမင်းနှင့်တောင်မှား…….

ပေါ့ဆိမ့် on 26 December 2010 at 22:06 said...

အနှစ်သာရလေးရှိလိုက်ပုံများ ချစ်သူအတွက် ခရေပန်း ကောက်ရလွယ်အောင် မြေတလင်းကို မြက်ရှင်းပေးခဲ့တာလေးတောင် သတိရသွားတယ်...

demonhalo on 21 January 2011 at 21:22 said...

အရမ်းမွေးမှာပဲနော် ..

ညလင်းအိမ် on 30 January 2011 at 15:27 said...

ဒီလို ကဗျာမျိုးတွေ သိပ်ကို နှစ်သက်မိတယ် ...း)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei