30 August 2011

သို့ ..ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း)

Posted by blackroze at Tuesday, August 30, 2011
ကျမအခုညစဉ်းစားပြီးသတိရမိသွားတဲ့ သူတယောက်ရှိပါတယ်..
တခြားသူမဟုတ်ပါဘူး...အားလုံးကချစ်စနိုးနဲ့ ဘကျောက် လို့ခေါ်တတ်ကြတဲ့
ကိုကြီးကျောက်(ရွှေရတုမှတ်တမ်း)ပါဘဲ...

သူကွယ်လွန်သွားပါပြီ...တကယ်လို့များ အခုနေခါ သူရှိနေဦးမယ် ဆိုရင်
သူဘာတွေရေးမလဲ သူဘာတွေပြောမလဲ ကျမစဉ်းစားနေမိပါတယ်....

သူဖြတ်သန်းခဲ့တဲ့ blog day အမှတ်တရတွေကဘာတွေလဲ...

သူအမှတ်တရရှိနေမဲ့ blogger တွေကဘယ်သူတွေလဲ...

ကျမသိချင်လိုက်တာလေ....ခုလို..ကျမတို့တွေတယောက်နဲ့တယောက်
အပြန်အလှန် တဂ်ပိုစ့်လေးတွေရေးခိုင်းကြ ....တယောက်ရေးပြီးတင်လိုက်တာကို ကျန်တဲ့သူတွေက
သွားဖတ်ပြီးကောမက်လေးတွေအမှတ်တရလေးရေးပေးကြနဲ့ ပျော်ရွှင်နေကြတာကို
ကိုကြီးကျောက်တနေရာကနေ တိတ်တိတ်လေး ကြည့်နေမယ်ထင်ပါတယ် ....
တမလွန်မှာပျော်ရွှင်ပါစေ လို့ကျမဆုတောင်းပေးပါတယ်....

Blackroze

30.8.2011 AM 1:42

11 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဘကျောက်က အဖြူမ ဗိုက်ထဲ ရောက်နေတာ လေးလလောက် ရှိရော့မယ်။ နောက် ဆယ်နှစ်လောက်ဆိုရင်တော့ သူ ဘလော့ဂင်းကောင်း ဂင်းနိုင်ပါတယ်။ အဲဒီ အချိန်ရောက်မှ အတိုးနဲ့ သွားတဂ်ပေါ့ မိမဲလေးရေ။ အခုတော့ သူ့ခမျာ ဘလော့ဒေးလေးကိုတောင် ချရေးခွင့် မရရှာတော့ဘူး။

ဒါပေမဲ့ အခုလဲ
သူ့ကို အမှတ်တရ ရှိသူတွေ များတဲ့အတွက် တမလွန်ကနေ သူလဲ ၀မ်းသာ ကြည်နူးဖြစ်နေမှာ သေချာပါတယ်။

ခင်မင်လျှက်

တောက်ပကြယ်စင် on 30 August 2011 at 03:11 said...

အင့် ပစ်ပစ်တို့ကတော့ တွေးမှ တွေးတတ်ပါဘိ။ ဟုတ်ပါ့ သူက တိတ်တိတ်ကလေး ကြည့်နေမလား မသိ။ (စာရိုက်နေရင်းနဲ့လည်း နောက်လေးဘာလေး လှည့်ကြည့်ဦးနော်) ကိုကြီးကျောက်လည်း ကောင်းရာလားပါစေ၊ ပစ်ပစ်လည်း ကျန်းမာပျော်ရွှင်ပါစေဗျာ...

လင်းခေတ်ဒီနို on 30 August 2011 at 06:56 said...

ဘကျောက်တော့ မိနက်ကို ကျေးဇူးတင်နေတော့မှာပဲ . . မိနက်ေ ရ နင့် အနား လာထိုင်နေရင် လာထိုင်နေဦးမှား) . .

ညိမ်းနိုင် on 30 August 2011 at 09:48 said...

အဲ....ကိုကြီးကျောက်ကိုတော့ အားလုံးကချစ်ခင်ကြ၊သတိရကြပါတယ်....၊
black လေးက သတိတရနဲ့ပို့စ်လေးတင်လိုက်တော့ပိုလို့တောင်သတိရမိသေး...၊
တဂျီးပြောသလို နောက်ဆယ်နှစ်ကျော်မှ တို့တွေ အမေကြီးကားကျောက် ဆိုတဲ့
ဘလော့ဂါပေါက်စလေးဆီ သွားလည်ကြမယ်နော်....။

SHWE ZIN U on 30 August 2011 at 12:34 said...

အမှတ်ရနေပါတယ်

Cameron on 30 August 2011 at 13:05 said...

ကိုကြီးကျောက်က ဘယ်ဘလော့ဂါရဲ့ ဘလော့ဒေးအမှတ်တရပို့စ်မှာမဆို မပါမဖြစ်ပါနေတဲ့ သူပဲလေ... ဒါဟာ သူ့ကိုအမြဲအမှတ်ရနေတယ် ဆိုတဲ့ သဘောဆောင်တာပဲ....။ ကိုကြီးကျောက်တစ်ယောက်ကျေနပ်ဝမ်းသာနေမှာပါ..။

sosegado said...

ကိုကြီးကျောက်က အားလုံးကို သတိတရဖြစ်စေခဲ့ပါသည်

မြစ်ကျိုးအင်း on 30 August 2011 at 21:33 said...

အားလုံးရဲ့ မေတ္တာ ဆုတောင်း ခင်မင်မှုတွေကြောင့် ကောင်းရာဘဝကို ရောက်ရှိနေမှာပါ။ ဟိုးအရင်ထဲက ရေးထားတဲ့ ပွဲဈေးတန်းပို့စ်လေး မနေ့ကဆက်ရေးတော့ ကိုကြီးကျောက်အတွက်ရေးထားတဲ့ ဇာတ်ကွက်လေး ဖြုတ်လိုက်ရတယ်။ စိတ်မကောင်း ဖြစ်သွားမိသေးတယ်။ ရေးထားတုန်းက သူမကွယ်လွန်သေးဘူးလေ။

ညီရဲ on 30 August 2011 at 23:10 said...

အခုလို သူ့ ကို မှတ်မှတ်ရရနဲ့ သတိရဖော်ရတဲ့ အတွက် သူငယ်ချင်းကို ကိုကြီးကျောက်က ရောက်ရာနေရာကနေ ကျေးဇူးတင်နေမှာပါ သူငယ်ချင်း...

ဟန်ကြည် on 31 August 2011 at 20:22 said...

ကိုကြီးကျောက်ကတော့ ဘလော့ဂါတွေရဲ့ ရင်ထဲအသည်းထဲမှာ ထာဝရ ရှိနေမယ့် ချစ်စရာ အစ်ကိုကြီးပါလေ...ဘလော့ဂ်ရေးနေတိုင်း အစ်ကိုကြီးကျောက်ရဲ့ ကွန်မန့်လေးတွေကို အခုထက်ထိ လွမ်းမိနေတုန်းပါ...သူများကို ပျော်စေချင်တဲ့ အစ်ကိုကြီးဖြစ်တာမို့ ကောင်းရာသုဂတိမှာ ပျော်ရွှင်ကြည်နူးစွာရှိနေမယ်လို့ ယုံကြည်မိပါရဲ့ ညီမရေ...

ညီလင်းသစ် on 5 September 2011 at 07:02 said...

ဟုတ်တယ်ဗျာ..၊ ကျနော်လည်း မကြာခဏ သတိရမိတယ်၊ အင်မတန် လူချစ်လူခင် ပေါတဲ့ ကိုကြီးကျောက်.. ကောင်းရာမွန်ရာမှာ ငြိမ်းချမ်း နေမှာပါ။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei