03 August 2011

ကျမကြိုက်၏ မကြိုက်၏

Posted by blackroze at Wednesday, August 03, 2011
ကျမရဲ့အကြိုက်တွေကတော့ စားစရာကနေစပြောမယ်နော်...မြန်မာစားစရာတွေအကုန်ကြိုက်တယ် ။
ယိုးဒယားစားစရာတွေလည်းကြိုက်တယ် ။။ကျမကချဉ်ချဉ်စပ်စပ်တွေ ကြိုက်တဲ့သူမို့လို့ပါ ။
ကြေးအိုး နဲ့ရခိုင်မုန့်တီအရမ်းကြိုက်တယ် ။ ကျောင်းတက်တုန်းက အမြဲစားဖြစ်တဲ့ဆိုင်ကတော့ Ykko လို့ ခေါ်တဲ့ ရန်ကင်းကြေးအိုးပါဘဲ ။ကျမအထင်ပေါ့နော်.. အဲဒီ YKKO ကတခြားဆိုင်တွေထက်ဈေးနဲနဲလေးပိုပါတယ် ။ ဒါပေမဲ့စားရတဲ့အရသာလည်းကွာပါတယ်။
တခြားဆိုင်တွေထက် ပိုကောင်းတယ်လို့ထင်ပါတယ် ။

အဝတ်အစားဆိုရင်တော့ လွတ်လပ်ပေါ့ပါးတဲ့ Free style ကိုအကြိုက်ဆုံးပါဘဲ...
ချည်သားအဖြူရောင်လွင့်လွင့်လေး ဆိုရင်အရမ်းသဘောကျပေါ့ ။ Jean ကိုအရမ်းကြိုက်တယ် ။
Jean ဘောင်းဘီတွေက ဟောင်းသွားပေမဲ့လည်း ဒီဇိုင်းတမျိုးနဲ့လန်းတယ် ထင်လို့ပါ ။
တခြားချည်ဘောင်းဘီအပွလေးတွေလည်း သဘောကျပါတယ်..ဒါပေမဲ့ Jean ကတော့ အကြိုက်ဆုံးပါဘဲ ။။

အရောင်ထဲမှာလည်း အဖြူရောင်ကိုအကြိုက်ဆုံးပါဘဲ ။။အဖြူနဲ့ဆန့်ကျင်ဘက်အနက်ရောင်ကိုလည်း
ကြိုက်တယ် ။သူငယ်ချင်းတယောက်ကတော့ပြောဖူးတယ် ။အဝတ်အစားဝယ်ရင် အဖြူနဲ့အနက်ယူတာ
များလို့ နင်ကcolour blind တဲ့ လေ ။စိတ်ဆိုးရအခက် မဆိုးရအခက် ။။အောင့်သက်သက်နဲ့ဘဲ
ရီနေလိုက်ရတာပေါ့ ။

လက်ဝတ်ရတနာတွေထဲမှာတော့ အကြိုက်ဆုံးကတော့ diamond လို့ခေါ်တဲ့ စိန် ဆိုတဲ့ ရတနာ ပါဘဲ ။
(ဟဲဟဲ ..Blackroze တို့အကောင်းမကြိုက်ဘူးနော်...)
ပုလဲလေးကိုစိန်လေးကွပ်ထားတဲ့ လက်ဝတ်ရတနာပစ္စည်းလေးများ တွေ့လို့ကတော့ မျက်လုံးကျွတ်မတတ်
ငေးမိတော့တာပါဘဲ....ကျမမျက်စိထဲမှာတော့ ပုလဲရဲ့နို့နှစ်ရောင်လေးကို စိန်ရဲ့တောက်ပမှု့လေးနဲ့
ရံလိုက်တဲ့အခါမှာ သိပ်ကိုလှပတဲ့ ရောင်စဉ်လေးတွေလို့ထင်မိတယ် ။ကဗျာဆန်ဆန်လေးနဲ့ကို
လှနေတဲ့ တွဲဖက်ညီတဲ့ ရတနာစုံတွဲလို့ သတ်မှတ်ထားပါတယ် ။။

ဖိနပ်ကတော့ သိပ်မရွေးပါဘူး ။။ဆောင်းတွင်းဆိုရင်တော့ အအေးလုံမဲ့ ဝေါ့ကင်းရူးပေါ့ ။။
နွေဘက်ဆိုရင်တော့ ခြေညှပ်အပါးလေးတွေဘဲစီးလိုက်တာပါဘဲ ။။

ခရီးသွားရင်းနဲ့စာအုပ်ဖတ်ရတာအရမ်းကြိုက်တယ် ။ ကားနဲ့ဘဲခရီးသွားသွား ။လေယာဉ်နဲ့ဘဲသွားသွား
ကျမအမြဲယူသွားတာကတော့ စာအုပ်တွေပါဘဲ ။ရန်ကုန်မှာတုန်းက ညဘက် Express ကားတွေစီးပြီးခရီးသွားရင် ကားပေါ်မှာတညလုံး စာအုပ်ဖတ်သွားတာပါ ..အဲလိုကားအကြီးကြီးတွေစီးပြီး
ခရီးသွားရတာလည်းသဘောကျတယ် ။အဲ...ဒါပေမဲ့ ခရီးသွားတဲ့အချိန် ကိုယ့်ထိုင်ခုံဘေးမှာ
ကလေးဆိုးလေးတွေရှိနေတာမျိုး ကိုတော့လုံးဝမကြိုက်ပါဘူး ။တော်ကြာကလေးကရူးပေါက်ချင်လို့ ခဏခဏထပေးရတာနဲ့ ကလေးကဂျီကျလို့ အော်နေတာမျိုး ကျမစိတ်မရှည်ပါဘူး ။ ပိုဆိုးတာက
ကိုယ့်ထိုင်ခုံနောက်ဘက်ကခုံမှာ ဂဂျီဂဂျောင်လေး များပါလာလို့ကတော့ သွားပြီဘဲ....တချို့ကလေးတွေက
အရမ်းဆိုးပါတယ်.. မိဘအလိုလိုက်ထားတာလဲပါမှာပါ ။။ သူတို့လိုချင်တာမရရင် ရှေ့ခုံကိုခြေထောက်နဲ့
ကန်ပြီး သောင်းကျန်းတော့တာပါဘဲ ။ရှေ့မှာထိုင်နေရတဲ့ သူအဖို့ကတော့ ငလျှင်ကြောပေါ် ရောက်နေသလိုပါဘဲ ..ထပြောလို့လဲမရ... မချိပြုံးလေးပြုံးလို့ ။

မိုးရွာထဲထီးမပါဘဲလမ်းလျှောက်ရတာသဘောကျတယ် ။မိုးရွာနေတုန်းမိုးကြိုးပစ်တာ မိုးခြိမ်းတာ မကြိုက်ပါဘူး ။အလုပ်သွားတဲ့အချိန်မိုးရွာတာတော့မကြိုက်ဘူး ။

ရုပ်ရှင်ကြည့်ရင်ငိုရတဲ့ဇာတ်လမ်းတွေမကြိုက်ဘူး ။

ဘောလုံးအရမ်းဝါသနာတယ် ။ချယ်ဆီးအသင်းအရမ်းကြိုက်တယ် ။ နိုင်ငံအသင်းထဲမှာဆိုရင် အီတလီ ။
ဘောလုံးသမားထဲမှာဆိုရင် ရှက်ဗ်ချန်ကို ..ဂျွန်တယ်ရီ ...မာလ်ဒီနီ ...တော့တီ ..ရော်နယ်ဒင်ဟို ...
(ကျမကြိုက်တဲ့ player တွေက နဲနဲတော့ အန်းတိတ်ဖြစ်နေမလားမသိဘူး .ကျမအခုဘောလုံးပွဲ
တွေလည်းမကြည့်ဖြစ်တော့ဘူးလေ ..အခုနောက်တက်player လေးတွေကိုလည်းမသိတော့ဘူး)


ကျမနာရီမကြိုက်ပါဘူး.... ဘယ်တော့မှနာရီမပတ်ပါဘူး.. အချိန်သိချင်ရင်ဖုန်းထုတ်ကြည့်လိုက်တာပါဘဲ ။။
ဒါပေမဲ့ တချို့ယောက်ကျားလေးတွေ နာရီသားရေကြိုးအမဲလေးတွေ ပတ်ထားရင်
အရမ်းသဘောကျတယ် ။။ဘာလို့မှန်းဆိုတာတော့ သေချာမပြောတတ်ဘူး ။စိတ်ထဲမှာတော့
တန်ဘိုးကြီးတဲ့ ရွှေရောင်နာရီလေးတွေ နာမည်ကြီးကုမ္ပဏီတွေက ထုတ်တဲ့ နာရီတွေထက် အဲလိုလက်ပတ်ကြိုး အမည်းရောင်နဲ့နာရီလေးတွေကို ပိုသဘောကျတယ်...။။
တချိန်မှာ..ချစ်သူနဲ့တွေ့တဲ့အခါ ကျမနာရီလေးတလုံး သူ့အတွက်လက်ဆောင်ပေးမှာပါ ။
အဲဒီနာရီလေးကလည်း လက်ပတ်ကြိုးအမည်းရောင်လေးနဲ့ဆိုတာ မေးဖို့လိုမယ်မထင်ဘူးနော် ^^

ကျမဆံပင်အရှည်ကိုအရမ်းသဘောကျတယ် ။။ဒါပေမဲ့ဆံပင်စည်းတာကိုတော့ မကြိုက်ဘူး ။။
စိတ်ထဲမှာ..ချုပ်နှောင်ခံထားရတယ်ထင်လို့ပါ ....ဆံပင်ကိုအရောင်ဆိုးတာမကြိုက်ဘူး...

အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာမကြိုက်ဘူး....

ကွယ်ရာမှာအတင်းပြောတာမကြိုက်ဘူး...

သူတပါးကိုနှိမ်ပြီးပြောဆိုတာမကြိုက်ဘူး...

ူသတ္တိမရှိတဲ့သူတွေကိုမကြိုက်ဘူး...အရာရာကိုရင်မဆိုင်ရဲတဲ့သူတွေကိုမကြိုက်ဘူး...

မုသားကိုတခါတရံမှာသုံးပေမဲ့ သူတစ်ပါးထိခိုက်နစ်နာအောင်လိမ်တာမျိုး မကြိုက်ပါဘူး..

ကဲ...ဒီလောက်ဆိုတော်တော်လေးပြည့်စုံပြီထင်တယ်နော် ..။။

Blackroze

8 comments:

စံပယ်ချို on 3 August 2011 at 03:38 said...

အကြိုက်ချင်းတော်တော်တူနေလို့ပိုပြီးချစ်နေပါပြီနော်......
jean...စိန်......နာရီမကြိုက်.....
အဲနောက်ပြီးတော့....ကိုယ်က စားကောင်းတာအကုန်ကြိုက်တယ်....

တောက်ပကြယ်စင် on 3 August 2011 at 14:32 said...

အကြိုက်တွေ တူနေပြန်ပြီကွာ။ ရခိုင်မုန့်တီရယ်၊ ချဉ်စပ်ရယ်၊ ကြွေအိုး အဲဟုတ်ဖူး ကြေးအိုးနော်။ ကြေးအိုးဆိုရင် ဆီချက်က ပိုကြိုက်တယ်။ နာရီတွေဆို ရွှေရောင်နာရီတွေ၊ ကြိုးက အဖြူရောင်တွေဆို အရမ်းအမြင်ကပ်တယ်။ ရတနာတော့ ကွဲသွားပီ။ အကြိုက်မတူတော့ဘူး။ ဘုန်းဘုန်းက ကျောက်စိမ်းကို ပိုပြီး သဘောကျတယ်။ ကျန်းမာပျော်ရွှင်ပါစေနော့...

Cameron on 3 August 2011 at 16:34 said...

ဂျင်းနဲ့ အဖြူရောင်ချည်သားကြိုက်တာချင်းတူတယ်....း)

သူကြီးမင်း (တုံးဖလား) on 3 August 2011 at 19:12 said...

သူကြီးမင်းက မန်ယူနော်။ ချယ်လ်ဆီးရဲ့ ရန်ဘက်။ ဟာ ဟ။

မိမိကြိုက်ရာကို ကြိုက်သလောက် ကြိုက်နိုင်တယ် မဟုတ်လား။
ကြိုက်သလိုလို မကြိုက်သလိုလိုဆိုရင် မကြိုက်ချင်ဘူး။
ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူးပေါ့။
ကြိက်မိလို့ ကြိုက်သွားတာကို ကြိုက်တဲ့သူကို မကြိုက်ဘူးလို့ မကြိုက်တဲ့ အကြောင်းပြောရင် သိပ်မကြိုက်ချင်ဘူး။ ဟာ ဟ။

ဆုံးနိုင်တော့မှာ မဟုတ်ဘူး။

ခင်မင်လျက်

စိတ်၏ဖြေရာ on 4 August 2011 at 03:29 said...

ကြိုးနက်နဲ့နာရီလေးအမြန်ဆုံးလက်ဆောင်ပေးနိုင်ပါစေကွယ်)း
ခင်မင်စွာဖြင့်
အမစိတ်၏ဖြေရာ

နေ၀သန် on 4 August 2011 at 10:10 said...

ှခပ်ရှင်းရှင်း ခပ်ဘွင်းဘွင်းနဲ့ လိုရင်းကို တိုတိုတုတ်တုတ်လေး ရေးသွားနိုင်ပါ့... :D...

ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) on 9 August 2011 at 02:19 said...

ညီမလေးရဲ့ အကြိုက်နဲ့ မကြိုက်တာလေးတွေ လာဖတ်ပါတယ်
ဖတ်ရင်းနဲ့ ပုံဖော်ကြည့်မိတယ်
ချစ်စရာကောင်းတဲ့ ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေနော်..

မင်းဧရာ on 10 August 2011 at 00:18 said...

ဟင်းဟင်း........
သူကြီးမင်း ပြောခဲ့သလိုပဲ
ရန်သူတော် ချယ်ဆီး ဘက်ကကိုး ဟိုးဟိုးဟိုးးးးးးးးးးးးးး
တို့ကတော့ မန်ယူမှ မန်ယူပဲ။
အမရေ...
ခင်လို့စတာပါ အကြိုက်ခြင်းတော့ အားလုံးက
ဘယ်တူနိုင်ပါ့မလည်းနော်။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei