31 July 2011

ကျမရဲ့အဖြူရောင်နတ်သမီးလေး

Posted by blackroze at Sunday, July 31, 2011
ကျမအခုတလော...သူငယ်ချင်းမိတ်ဆွေအပေါ်တာဝန်မကျေသလိုဖြစ်မိပါတယ် စိတ်ထဲမှာလည်း အလွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်ကာလတခုဖြစ်လို့နေပါတယ်။ ကျမကိုတက်ဂ်ပို့လေး ရေးခိုင်းထားပေမဲ့လည်း ခုချိန်ထိအောင် မရေးဖြစ်သေးပါဘူး.။ အဲဒီအတွက်ညီမတောင်းပန်ပါတယ်နော်..
အခုလည်းမရဲ့ ဘလော့လေးအတွက်ရေးဖို့လည်း နောက်ကျပြန်တယ် မရယ်.. ညီမကိုနားလည်ပေးပါလို့နော်.....

ကျမရဲ့နတ်သမီးလေးကတော့ တခြားသူမဟုတ်ပါဘူး။ အားလုံးကအဖြူရောင်နတ်သမီးလို့ သိကြတဲ့ အမနမ်းမဝပါဘဲ..ကျမနဲ့ နတ်သမီးလေးနဲ့ဘယ်လိုစသိခဲ့လဲလို့ သေချာမမှတ်မိတော့ပါဘူး...အမှန်ကန်ဆုံး
ပြောပြတာပါ.. ကျမနတ်သမီးလေးရဲ့ Blog ကိုစရောက်သွားချင်း.. သတိထားမိတာက မြန်မာဝတ်စုံလေးနဲ့ အ၇မ်းလှတဲ့ နတ်သမီးလေးပါလား ဆိုတာပါဘဲ ။ ကျမအဲဒီပုံလေးတွေအကြာကြီး ကြည့်နေခဲ့ပါတယ် ။ နောက်ပြီးတော့ မြန်မာဝတ်စုံလေးနဲ့ အရမ်းလှတယ်ဆိုတဲ့အကြောင်း ကောမက်လေးရေးပေးခဲ့ပါတယ်။နောက်ပိုင်းတော့ နတ်သမီးလေးစီကိုမကြာမကြာသွားဖြစ်ခဲ့ပါတယ် ။
ကျမစီကို နတ်သမီးလေးကလည်း ပြန်လာလည်ခဲ့ပါတယ် ။ ကျမကသူများတွေလို စာရေးမကောင်းပါဘူး။ နောက်ပြီး ကျမခံစားမိတာလေးတွေကိုဘဲ ရေးတဲ့သူမို့ ကျမရေးတဲ့စာတွေကို စိတ်ရှည်စွာနဲ့ လာဖတ်ပေးတဲ့ သူတွေထဲမှာကျမရဲ့နတ်သမီးလေးလည်း ပါဝင်ခဲ့ပါတယ် ။နတ်သမီးလေးက သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲတွေကိုလည်း အမြဲတမ်းတာဝန်ယူကျင်းပပေးတဲ့ သူပါ ။ကျမရဲ့မွေးနေ့လေး ကိုလည်းလုပ်ပေးရမယ်နော်လို့...ကျမနတ်သမီးလေးကိုပြောဖူးပါတယ် ။ နတ်သမီးလေးကချက်ချင်းဘဲ မွေးရက်နဲ့မွေးလ လေးသာပြောထား ။မွေးနေ့ရောက်ရင် မွေးနေ့ပွဲလေး ကိုလုပ်ပေးမယ်လို့ အကြောင်းပြန်လာပါတယ်။ကျမရဲ့နတ်သမီးလေးက အဲလိုမျိုးသူငယ်ချင်းတွေအပေါ်ကို တာဝန်ကျေပြီး
ချစ်တတ်တဲ့ နတ်သမီးလေးပါ....ကျမနဲ့နတ်သမီးလေးတခါမှ gtalk မှာစကားမပြောဖူးပါဘူး။ဒါပေမဲ့ ကျမစိတ်ထဲမှာခံစားပြီး ကြားယောင်လို့ရပါတယ်....နတ်သမီးလေးရဲ့ အသံချိုချိုလေးတွေကိုပေါ့....။။
ကျမနတ်သမီးလေးနဲ့ ခင်မင်မိတာမကြာသေးပါဘူး။ဒါပေမဲ့စိတ်ထဲမှာ ခန့်မှန်းလို့ရနေပါတယ် ။
နတ်သမီးလေးရဲ့ ဖြူစင်တဲ့စိတ်ဓါတ်လေးကိုပါ ။။အဖြူရောင်နတ်သမီး ဆိုတဲ့ နာမည်လေးနဲ့
လိုက်ဖက်လှပါတယ်။ တကယ်ကို အဖြူရောင်နတ်သမီးလေးပါဘဲ.....

ဖြူစင်မှုတွေလွမ်းခြုံ
အေးမြတဲ့အပြုံးလေးပိုင်ရှင်
ကျမရဲ့ နတ်သမီးလေးရေ... ကျမတို့နှစ်ယောက်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်
မတွေ့ဖူးကြသေးပေမဲ့ ကျမရဲ့ အဖြူရောင်နတ်သမီးလေးကို ကျမအမြဲတမ်းချစ်နေမယ်နော်..
အမှတ်မထင် ခင်မင်သိကျွမ်းခဲ့ရပေမဲ့ နတ်သမီးလေးက ကျမရဲ့ အမှတ်တရ ပုံရိပ်လေးတခုပါဘဲနော်...။


နတ်သမီးလေးကို ချစ်တဲ့ .... blackroze

5 comments:

စံပယ်ချို on 31 July 2011 at 03:47 said...

နတ်သမီးလေးကိုချစ်တဲ့ .....blackroze
blackroze .....ကိုချစ်တဲ့ jasmine လာရောက်ဖတ်နေပါတယ်ရှင်။

blackroze on 31 July 2011 at 03:48 said...

jasmine ကိုလည်း blackroze ကချစ်ပါတယ်နော်..

သူကြီးမင်း (တုံးဖလား) on 31 July 2011 at 04:13 said...

တစ်ယောက်က တစ်ယောက်ကိုချစ် နောက်တစ်ယောက်ကလဲ အဲဒီတစ်ယောက်ကို ပြန်ချစ်... အင်း...အဲဒီလို ချစ်နေကြတော့.. ဒီက သူကြီးမင်းက ဘယ်သူ့ကို သွားချစ်ရတော့မှာလဲ။ ဟာ ဟ။

အားလုံးအဆင်ပြေကြပါစေ။

ခင်မင်လျက်

အဖြူရောင်နတ်သမီး on 31 July 2011 at 06:22 said...

အမှတ်တရ.. တကူးတက အလေးနက်ထားပြီး ရေးပေးတဲ့ Roze လေးကိုလည်း အမနတ်သမီးက အရမ်းချစ်ပါသတဲ့ကွယ်..။
ကျေးဇူးလည်း အရမ်းကို တင်မိပါတယ်..။
ကြည်နူးတယ်ဆိုရင် ပိုမှန်မလားပဲ...
Rozeလေးရဲ့ မွေးနေ့လေးပြောထားအုံးလေ... လုပ်ပေးရအောင်လို့ပါ...။

တောက်ပကြယ်စင် on 31 July 2011 at 19:05 said...

ဟုတ်တယ် ဟုတ်တယ် မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လှနေပြီး နာမည်နဲ့လိုက်အောင် စိတ်ဓာတ်တွေ၊ အပြောအဆိုတွေ၊ အနေအထိုင်တွေလည်း ဖြူစင်လှပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ Roze လေးရေ။ အရောက်နောက်ကျသွားတယ်။ အဲဒီအတွက် ခွင့်လွှတ်ပါလို့...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei