25 July 2011

ကျမချစ်သူနှင့်ရန်ကုန်ကွန်နက်ရှင်

Posted by blackroze at Monday, July 25, 2011
22.7.2011 (သောကြာနေ့)

အဲဒီနေ့ခါတိုင်းနေ့တွေလိုပါဘဲ...နေပူတယ်..ဘာမှထူးထူးခြားခြားမရှိပါဘူး....ဒါပေမဲ့..ကျမအတွက်တော့
ငိုခဲ့ရတဲ့နေ့လေးပါဘဲ..သူကျောင်းပြီးလို့မြန်မာပြည်ပြန်သွားတဲ့နေ့မို့လို့ပါ...သူများတွေအတွက်မထူးခြားတဲ့
7လပိုင်း22 ရက်နေ့ကကျမအတွက်တော့..ထူးခြားခဲ့ပါတယ်...အဲဒီ7လပိုင်း22ရက်နေ့ကို..ရင်ဆိုင်ဖို့အတွက်
်ကျမတော်တော်အားမွေးခဲ့ရပါတယ်...တော်တော်အချိန်ယူခဲ့ရပါတယ်..အဲဒီနေ့ကိုကျမခွင့်ယူလိုက်မယ်
ပြောတော့..သူခွင့်မယူခိုင်းပါဘူး....အလုပ်သွားနေတာကပိုအဆင်ပြေမယ်ထင်တယ်တဲ့...သူကလဲပစ္စည်းတွေ
သိမ်းရမှာနဲ့ကားလာကြိုမှာကိုအဆင်သင့်စောင့်နေရမှာဆိုတော့...နေ့ခင်းလောက်ကထဲကအကုန်ပြီးအောင်
လုပ်ထားရမှာ..သူကွန်ပြူတာကိုသိမ်းပြီဆိုတာနဲ့..ကျမနဲ့တွေ့ဖို့အဆင်မပြေတော့ပါဘူး...အလုပ်မှာဆိုရင်
အလုပ်လုပ်နေရတော့..စိတ်ကအဲလောက်ကြီး..စဉ်းစားမိနေမှာမဟုတ်ဘူး..အလုပ်ကနေခွင့်မယူနဲ့တော့
ဆိုတာနဲ့..ကျမအဲဒီနေ့ကိုအလုပ်သွားခဲ့ပါတယ်..သူအဆောင်ကနေထွက်တာကစပြီး..လေယာဉ်မထွက်ခင်
အထိကျမစီmessage.. တောက်လျှောက်ပို့ပေးခဲ့ပါတယ်..

လေယာဉ်ကွင်းရောက်နေပြီ....ပစ္စည်းချိန်နေတယ်....flight terminal ကိုသွားနေပြီ....လေယာဉ်ပေါ်တက်ဖို့
စောင့်နေတယ်...သူဘယ်ရောက်နေပြီ..ဘာလုပ်နေတယ်..ဆိုတာမက်ဆေ့ခ်ျနဲ့ပြောပြခဲ့ပါတယ်...
သူပို့ပေးတဲ့မက်ဆေ့ခ်ျတွေထဲမှာကျမကိုကျန်းမာရေးဂရုစိုက်ဖို့..ငိုမနေဖို့..အစားမှန်မှန်စားဖို့..
အကုန်မှာခဲ့ပါတယ်....သူလေယာဉ်ထဲဝင်ခါနီးမှာကျမစီဖုန်းဆက်ခဲ့ပါတယ်...သူအခုflight ထဲဝင်တော့မယ်...သူရန်ကုန်ရောက်တဲ့ညအွန်လိုင်းရအောင်လာခဲ့မယ်...ဆိုပြီး..ပြောပါတယ်..
ကိုဖုန်းချလိုက်တော့မယ်ဆိုပြီး...သူဖုန်းပိတ်လိုက်တဲ့အချိန်...ကျမမျက်ရည်တွေဘယ်လိုမှထိန်းလို့မရတော့
ပါဘူး..ဘေးနားကသူငယ်ချင်းက..နင်ဘာဖြစ်နေတာလဲဆိုပြီး..အတင်းလာမေးပါတယ်...
ကျမနေသိပ်မကောင်းလို့ဆိုပြီး..ညာပြောလိုက်ပါတယ်...အဲဒီည10း25 မှာလေယာဉ်ထွက်ပါတယ်..
ကျမအလုပ်ဆင်းခါနီးလေးပေါ့...ခါတိုင်းအလုပ်ကအပြန်ညတွေဟာကျမအတွက်အရမ်းအဓိပ္ပါယ်ရှိပါတယ်..
အခုတော့ကျမစိတ်ထဲ..သူ..ကျမနဲ့ဝေးတဲ့နေရာကိုသွားနေပြီ..ဆိုတဲ့အသိနဲ့..ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်

အဲဒီညက...ကျမအတွက်ညတခုလုံးပျောက်နေသလိုပါဘဲ..ကျမဘာလုပ်ရမှန်းလည်းမသိပါဘူး....
ဘာတွေလုပ်နေမှန်းလည်းမသိတော့ပါဘူး...ကျမသိနေတာက..ကျမငိုနေတယ်ဆိုတာပါဘဲ...

သူက"မငိုရဘူးနော်..ပစ်ပစ်...သတိရတာကလွမ်းတာက..သပ်သပ်..စားစရာရှိတာစား..ဆေးလည်းသောက်ဖို့
မမေ့နဲ့နော်.."ဆိုပြီး..မှာသွားပေမဲ့...ကျမစိတ်ထဲမှာ..အရမ်းဝမ်းနည်းနေခဲ့တယ်..အရမ်းခံစားနေခဲ့ရတယ်...
ကျမဘယ်လိုမှနေလို့မရဘူး...ကျမစိတ်ထဲမှာသူနဲ့တွေ့ချင်တဲ့စိတ်တခုဘဲရှိနေခဲ့ပါတယ်...သူ့စကားသံ
တွေကိုဘဲနားထဲကြားယောင်နေတယ်...ကျမရူးမတတ်ပါဘဲ...သူငယ်ချင်းတယောက်ကအရင်ကပြောဖူးတယ်
သူ့ချစ်သူမာစတာတက်ပြီးလို့မြန်မာပြည်ပြန်သွားတုန်းက..သူ့အတွက်..အမေပျောက်သွားတဲ့ကလေးလို
ခံစားခဲ့ရတယ်တဲ့..ကျမအတွက်တော့..ကမ္ဘာတခုလုံးပျောက်သွားသလိုပါဘဲ...ကျမရင်ထဲဘယ်လိုခံစားရသလဲ
ဆိုတာ..ကျမမပြောပြတတ်ပါဘူး...ရင်ထဲဆို့နေတာတခုဘဲသိပါတယ်...အဲဒီညကိုကျမတယောက်ထဲရင်မဆိုင်
နိုင်ခဲ့ပါဘူး....နောက်ဆုံးတော့..အမေအိပ်လို့မရရင်သောက်ဖို့ဆရာဝန်ပေးထားတဲ့ဆေးကို..အမေမသိအောင်
ယူသောက်ပြီးအိပ်ခဲ့ရပါတယ်..ကျမအိပ်မပျော်ခင်အထိ..နားထဲကြားနေတာကတော့..သူ့စကားသံတွေပါဘဲ..

ညတိုင်းကျမ..မအိပ်ခင်သူမက်ဆေ့ခ်ျပို့ပေးနေကြပါ...ကျမဖုန်းထဲကMessage-inbox မှာ...message အစောင်151စောင်တိတိရှိပါတယ်...အားလုံးသူ့မက်ဆေ့ခ်ျတွေပါဘဲ..ကျမဖုန်းကလဲInboxမှာအစောင်
170လောက်ထက်ပိုလို့မရပါဘူး...အဲတော့ပိုလာရင်deleteလုပ်ပြစ်လိုက်ရပါတယ်..အကုန်လုံးသာ
သိမ်းထားလို့ရမယ်ဆိုရင်..ဘယ်လောက်တောင်ရှိမလဲမသိတော့ပါဘူး..သူပြန်သွားတဲ့ညမှာ..သူမက်ဆေ့ခ်ျ
ပို့မလာတော့ဘူးဆိုတာသိနေပေမဲ့...နားထဲမှာ..message alan လေးကိုကြားနေမိပါတယ်....ကျမငိုရင်းနဲ့ဘဲ
အိပ်ပျော်သွားပါတယ်...

နောက်နေ့..သူအွန်လိုင်းမလာပါဘူး...ကျမမှာတော့တညလုံးနီးပါးစောင့်နေလိုက်ရတာလေ..ခင်တဲ့ညီမလေး
တယောက်ကပြောပါတယ်...ရန်ကုန်ကဆိုင်တွေကည11နာရီဆိုပိတ်ပြီ..ရန်ကုန်11နာရီကျော်သွားရင်မစောင့်
နေနဲ့တော့တဲ့...စိတ်ထဲမှာတော့ဘာလို့မလာတာပါလိမ့်..ဆိုပြီး..စိတ်ပူတာရော..စိတ်မကောင်းတာရော
စုံနေတာပါဘဲလေ.....သူ့နစ်ထဲမှာလည်းသူနဲ့အတူတူပြန်သွားတဲ့..သူတွေထဲကတယောက်မှအွန်လိုင်း
တက်မလာပါဘူး..အဲတော့ဘာများဖြစ်နေလို့ပါလိမ့်ဆိုပြီး...စိတ်ပူနေရရော..ဘာတွေအဆင်မပြေဖြစ်နေလို့
ခုချိန်ထိအောင်..တည်းတဲ့နေရာမရောက်သေးတာပါလိမ့်ဆိုပြီး..ရင်ပူနေမိပြန်ရော...သူပြန်သွားတဲ့..နေ့ကစပြီး
ကျမရင်ထဲမောနေရတာအခုညထိပါဘဲ...

ဒီညအလုပ်ဆင်းတော့..အိမ်ကိုအပြေးပြန်လာ..ကွန်ပြူတာဖွင့်..Gmail ဖွင့်ကြည့်တော့..သူမရှိပါဘူး...
ရင်ထဲဟာသွားတာပါဘဲ...ခဏလောက်နေတော့..သူအွန်လိုင်းတက်လာပါတယ်..ကျမအလုပ်ဆင်းချိန်မှန်းပြီး
ဆိုင်ကိုလာတာတဲ့..ပျော်လိုက်တာလေ....အရင်နေ့တွေကငိုခဲ့ရသမျှ..အခုတော့..သူ့နစ်ကလေး
Busy sign လေးနဲ့နီနေတာတွေ့လိုက်ရတော့ဘယ်လိုပျော်သွားမှန်းတောင်မသိတော့ပါဘူး..သူအွန်လိုင်း
တက်တက်ချင်းကျမကိုရှိလားဘာလုပ်နေလဲမေးတယ်..


11:25 PM ကိုကို: ပစ်ပစ်
ရှိနေလား
ပြန်ရောက်လာပီလား
11:26 PM မနေ့က ကိုကို မလာလိုက်ရဘူး
11:27 PM တပ်ထဲမှလြုပ်စရာတွေကြာနေတာ
အပြန်တောင်နောက်ကျတယ်
ဒီနေ့ မှပဲလာရတော့တယ်
ကိုကိုလဲ ပစ်ပစိကို အရမ်းသတိရနေတာ
အရမ်ူလဲလွမ်းနေတာ
11:28 PM ဒီမှာ အရမ်းပူတာပဲ
မနေတက်ဘူး
ပစ်ပစ်ကော
နေကောင်းနေလား
11:29 PM me: ကို
ကိုကို: အင်း
me: အခုဘယ်မှာလဲ
မိုက်ခေါ်မယ်
ကိုကို: အခုမှပြန်ရောက်တာလား
me: အဆင်ပြေမလား
ကို
မဟုတ်ဘူး
11:30 PM ရေချိုါ်နေတာ
ကိုကို: ရန်ကုန်ရောက်နေပီ
အင်း
me: သိတယ်လေ

ကဲ..ကျမဘယ်လောက်ပျော်လိုက်မလဲ...စဉ်းသာစဉ်းစားကြည့်ပါတော့နော်...
အရင်နေ့တွေကငိုခဲ့ရသမျှ..အခုတော့ပျော်လိုက်တာလေ...အိုးးးကျမလေ..အရမ်းပျော်တယ်
သိလား...ပြောတောင်မပြတတ်ပါဘူးလေ...သူမနေ့ကဘာလို့မလာဖြစ်လဲဆိုတဲ့အကြောင်း
ပြောပြပါတယ်...ဒီနေ့ဘာတွေလုပ်ရတယ်..မနက်ဖန်ဘာတွေလုပ်ရမယ်ဆိုတဲ့အကြောင်းလည်း
ပြောပြပါတယ်...သူငယ်ချင်းအကိုအိမ်မှာခဏတည်းတယ်ဆိုတဲ့အကြောင်း..နယ်ပြန်ဖို့
ကားလက်မှတ်ဝယ်ပြီးပြီဆိုတဲ့အကြောင်း..(သူကနယ်ကပါ..ရန်ကုန်ကမဟုတ်ပါဘူး)
သူငယ်ချင်းအကိုကိုမေးပြီးအင်တာနက်ဆိုင်လာရတာတဲ့...ကျမကိုကျန်းမာရေးဂရုစိုက်ဖို့
အစားအသောက်မှန်မှန်စားဖို့...ဆေးမှန်မှန်သောက်ဖို့..မှာပါတယ်...


ကိုကို: ပြောထားရဲ့သားနဲ့ကွာ
အစားလေးပုံမှန်စားပါဆို
me: ဘာကိုလဲ
စားတာဘဲကိုရယ်..
စားလို့မှမဝင်တာ
ကိုကို: အုလိုမလုပ်ရင် ပစ်ပစ် ကို့ ကို ကို တကယ်မချစ်လို့ပဲ
me: ချစ်တယ်လေ..

အချစ်ဆိုတာကလည်းတမျိုးဘဲနော်...အခုလိုလေးကြတော့လည်း..စိတ်ထဲတမျိုးလေးဘဲ
နွေးတေးတေးလေးခံစားနေရသလိုဘဲ..ရန်ကုန်ကွန်နက်ရှင်ကလဲတော်တော်ဆိုးပါတယ်..
vzo ခေါ်တာကလဲ..ရလိုက်ကျလိုက်ပါဘဲ.....
အဲလိုကောင်းတဲ့ကွန်နက်ရှင်ပါ...


ကိုကို: လုပ်စိလုပ်စိလေးနဲ့
ဟဲဟဲ
11:50 PM me: ဘာလုပ်စိလဲ
ကို
ကိုကို: ၀က်ကမ်ကထစ်နေတယ်လေ
ရပ်နေရင်ကနေ
လုပ်စိလုပ်စိဖြစ်လာကိုလေ
me: ကို့ပုံကဆို..ရပ်နေရာကနေတချက်တချက်မှလှုပ်လာတာလေ
အခုကိုရီနေတယ်
11:51 PM ကိုကို: ပစ္ပစ္လဲလက္ကေလးကိုကာပီးောတ့
ရီနေတာလေ
တွေ့လိုက်ရတယ်
ကိုကို: အဲ
ချလိုက်ပီ
me: ကိုင်တယ်လေ
ကိုကို: ခေါ်နေတယ်နော်
me: ကိုခေးတကို
ဘယ်ကနေလဲ
ကိုကို: အကုန်လွမ်ားပေါ့
me: Vzo ကနေလား
gtalk ကနေလား
ကိုကို: အင်းပါ
12:05 AM me: အခုgtalk ကနေခေါ်နေတယ်
vzo မှာကမဲမဲကြီး
ဟလိုဆိုတာကြားရတယ်
နောက်ကကိုဆက်ပြောလားမပြောလားမသိဘူး
ကိုကို: ဘာကိုပြောတာလဲ
အင်း
ကိုကိုကတော့
တွေ့ရတယ်
ရပ်နေတယ်
12:06 AM me: အခုကျသွားပြိလေ



ကျမတို့နှစ်ယောက်တော်တော်ကြိုးစားပြီးတော့ကိုပြောလိုက်ရပါတယ်..
ကွန်နက်ရှင်ကြောင့်ပေါ့ရှင်...ဘာဘဲပြောပြောပါ..မတွေ့ရတာထက်စာရင်သူပြောတဲ့
လှုပ်စိလှုပ်စိလေး..တွေ့လိုက်ရလည်းအလွမ်းပြေပါတယ်နော်....ကျမကလည်းရန်ကုန်နဲ့
vzo ပြောနေကြမဟုတ်တော့..အထာမသိဘူး..သူကတော့သူ့အိမ်နဲ့vzo ပြောနေကြဆိုတော့
နဲနဲအထာသိတယ်..လိုင်းကျနေတာလားဘာလားဆိုတာ..ကျမကဘာမှမသိဘူး..
စွတ်ပြောတော့တာ..သူကဘာမှမကြားရဘူး..သူမကြားရလိုပြန်မပြောရင်ကျမကဘာလို့
ပြန်မပြောတာလည်းမေးရော..သူကအဲတော့မှကျမစကားပြောတယ်ဆိုတာသိတာ..
15မိနစ်လောက်ပြောပြီးတော့..ကျမလည်းနဲနဲအထာပေါက်သွားပါတယ်...vzo ကနေ..
ထစ်နေတာလေးကိုကြည့်ပြီးစာရိုက်ပါတယ်...အဲတော့မှဘဲအဆင်ပြေပါတယ်...ကျမလည်း
Vzoပြောရတဲ့နည်းလမ်းလည်းသိရော..ရန်ကုန်11နာရီထိုးနေပါပြီ..ဆိုင်ကပိတ်တော့မယ်တဲ့..
အဲတော့လည်းတာ့တာ့ဆိုပြီး..နှုတ်ဆက်လိုက်ရပါတယ်...

ကိုကို: စောစောဝင်အိပါ
ပြန်တဲံ ရက် ကဘယ်အချိန်အိပ်လဲ
ပု့မှန်ချိန်ပဲလား
me: 4နာရီလောက်တော့အိပ်ယာထဲဝင်တယ်..
အဲညကဆေးသောက်ပြီးအိပ်လိုက်တယ်
12:18 AM ကိုကို: အင်း
အဲထက်စောငအောင်ဝင်အိပ်
me: ပစ်ပစ်သိတယ်အဲလိုမလုပ်၇င်တညလုံးအိပ်ပျော်မှာမဟုတ်တော့ဘူး
ကိုကို: ၃ နာရီလောညက်ထ့ပဲနေတော့
me: 3နာရီလောက်အိပ်မယ်လေ..
နော်
ကိုကို: အင်း
၃ နာရီထံပဲနေ
me: ကို..ဘုရားလည်းရှိခိုးဦးနော်..
ကိုကို: ကိုကို့ ကိုပေးရမဲ့ အချိန်တွေမရှိတော့
စောစောအိပ်တော့


သူက3နာရီအိပ်လို့်ပြောသွားပေမဲ့....အခု3နာရီတော့ကျော်နေပြီ...Blog မှာတင်ချင်လို့လုပ်နေတာလေ......ကျမအခုလေ..အရမ်းပျော်နေတယ်
ကျမရေးထားတာတွေကိုဖတ်ပြီးရင်..မရီနဲ့နော်....ကျမစိတ်ထဲခံစားမိတာကိုကျမရေးနေမိတာ...
ကျမအတွက်ဒီနေ့..အမှတ်တရဖြစ်နေလို့ပါ.....ဒီရက်ကလေးတွေဟာကျမဘဝရဲ့နေ့တွေထဲက
အမှတ်တရနေ့လေးပါဘဲလေ..


blackroze

25.7.2011---- AM 4:28






10 comments:

ဖိုးကြယ် on 25 July 2011 at 10:43 said...

အို...ရီစရာလားလို့အေ...ဒီလောက်ကိုးနတ်ရှင်နဲ့ စစ်ခင်းနေရတာကို :)
ချစ်သူတိုင်းလည်းညားကြပါစေဗျား..... :)

ခင်တဲ့(ဖိုးကြယ်)

စံပယ်ချို on 25 July 2011 at 16:27 said...

ချစ်တယ်ဆိုတာကောင်းသောလုပ်ရပ်တခုပါပဲ
ဘာဖြစ်လို့ရယ်ရမှာလဲ
ချစ်သူနဲ့အတူတွဲလက်မြဲပါစေ

Anonymous said...

မ ..သက်ဆုံးတိုင်အောင်လက်တွဲနိုင်ပါစေလို့ မွန်ဆုတောင်းပေးပါတယ်
အလွမ်းတွေပြေစေသတည်းနော်
မ ပျော်နေတာသိတော့မွန်လည်းခံစားနားလည်ပေးပါတယ်..။။

စံပယ် said...

ကိုယ်ချင်းစာတယ်.. တို့ချစ်သူလဲ ပြန်သွားတာ ၂ပတ်ပြည့်တော့မယ်.. စနေ တနင်္ဂနွေ ၂ရက်ပဲ တွေ့လိုက်ပီးး.. ခု မတွေ့တာ ၈ ရက်ရှိပီရယ်.. တပ်က ခေါင်တော့ ခွင့်ရပီလား တပ်မှာပဲလားတောင် မသိဘူး
တကယ် ကမ္ဘာပျက်သလိုပဲး(

တောက်ပကြယ်စင် on 27 July 2011 at 02:11 said...

ဟုတ်ပါ့၊ ချစ်တာ ရယ်စရာမှ မဟုတ်တာ။
ပျော်နိုင်ကြစေ ပျော်ကြစေ တောင်းဆုခြွေလိုက်သည်။ (ချစ်တဲ့သူနဲ့ပဲ တစ်သက်လုံး ပေါင်းစည်းနိုင်ပါစေသား)
ကျန်းမာပျော်ရွှင်ပါစေနော့

mstint on 27 July 2011 at 20:24 said...

ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနိုင်ပါစေကွယ်။
အချစ်ကို သတ္တိရှိရှိဖော်ကျူးနိုင်တာ ဂုဏ်ယူပါတယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဘလက်နှင်းဆီလေး ပျောက်နေတယ်လို့ တွေးနေတာ..။
အခုလို ချစ်စရာအကြောင်းအရာလေးတွေ ရှိနေတာတွေ့ရလို့ တော်သေးတာပေါ့လို့ မှတ်ချက်ချ ပြုံးသွားပါတယ်။
ညီမလေး အစစအဆင်ပြေပါစေ (ချစ်ချစ်နဲ့ရော တသက်တာ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့)

သူကြီးမင်း (တုံးဖလား) on 29 July 2011 at 09:09 said...

သူတို့ဘဲချစ် သူတို့ဘဲ လွမ်း။း)))

သူကြီးမင်းတို့ကတော့ ဒီအတိုင်းဘဲ။ ဟာ ဟ။

ချစ်သူနှစ်ဦး ဖြောင့်ဖြူးသောလမ်းမှာ စိတ်တူကိုယ်တူ လျောက်လှမ်းနိုင်ကြပါစေ။

ခင်မင်လျက်

သဒ္ဓါလှိုင်း on 30 July 2011 at 11:25 said...

အလွမ်းတွေဝေးပြီး ချစ်ရတဲ့ချစ်သူနှစ်ဦး နားလည်မှုများနဲ့ အမြန်ဆုံး လက်တွဲနိုင်ပါစေ။
ခင်မင်လျက်
သဒ္ဓါ

jksaing on 31 July 2011 at 07:51 said...

အကို ပြန်သွားလို. တာကိုရေးနေတာ မဟုတ်လာ :P ကောင်းတယ် လာဖတ်သွားပါတယ် .. ဂျေကေ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei