25 May 2010

ခေါင်းစဉ်မဲ့တဲ့..ကဗျာ..

Posted by blackroze at Tuesday, May 25, 2010



ရေစီးတခါ..ရေသာတလှည့်
စကားပုံအဖြစ်သာကြားဖူးခဲ့တာပါ
ငါ့ဘဝမှာတော့
ရေသာတလှည့်ဆိုတာ
ဘယ်ခါမှမကြုံဖူးခဲ့...

စီးမြဲတိုင်းစီးနေတဲ့ရေအလျဉ်မှာ
တလူးလူး..တလိမ့်လိမ့်..
မျောပါလို့
ဘဝပင်လယ်မှာ...
တက်ကုန်ရွက်စုံဖွင့်ပါသော်လည်း
အားမတန်မာန်လျှော့
အရှုံးပေးခဲ့ရပေါင်းများပေါ့

ဖြစ်ချင်သမျှဆန္ဒ..ပစ်ကာချလို့
ထုံဆေးပေးခံလိုက်ရတဲ့
အိမ်မက်ပျောက်သူအဖြစ်
အသက်ရှင်နေတာလေ...

အဆင်မပြေမှု့တွေနဲ့
ဆုံလိုက်မိတိုင်း..
အိမ်...ကို...လွမ်း...တယ်

လိုချင်တဲ့အရာတစ်ခုကို
စွန့်လွှတ်လိုက်ရတိုင်း
ဘဝကို....
စိတ်...နာ...မိ...တယ်

လောကကြီးကိုခပ်မဲ့မဲ့ပြုံးလို့
ရင်ခုန်သံပျောက်နေတဲ့
လူသားတစ်ယောက်
ဖြစ်...နေ..ပြီ....လား

မဟုတ်သေးပါဘူး
ကဗျာတွေရေးနေမိသရွေ့တော့
ငါ့ရင်ဘတ်ထဲမှာ...နှလုံးသား
ရှိ...နေ...ပါ...သေး...တယ်

အဖြစ်ချင်ဆုံးဆန္ဒတခုကတော့
ဘဝရဲ့နေညိုချိန်တွေကို
အေးချမ်းဖြူစင်မှု့တွေနဲ့ဘဲ
အ..ဆုံး...သတ်...လိုက်..ချင်...တယ်.....။။။။။။

(25.5.2010 Pm 2:51 )

9 comments:

သဒ္ဓါလှိုင်း on 25 May 2010 at 17:09 said...

ညီမနှင်းဆီနက်ရဲ့ကဗျာလေးကသပ်ရပ်လှပတာပဲ.။ကိုယ်ချင်းစာတရားနဲ့ ပြည့်ဝတဲ့ ညီမရဲ့ ဘ၀နေညိုချိန်မှာအေးချမ်းဖြူစင်မှုတွေနဲ့ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ကျန်းမာပျော်၇ွှင်ပါစေနော်..။

ခင်တဲ့
မသဒ္ဓါ

သော်ဇင်စိုး on 25 May 2010 at 18:52 said...

ရေသာတလှည့်လည်းမကြုံ အရှုံးပေးခဲ့ရတာကလည်းများနေပြီ ဒါတောင် ဖြူစင်ရိုးသားချင်တုန်းလား ထူးအိမ်သင်လိုပေါ့ 'မိုက်မိုက်မဲမဲရိုးသားနေဆဲ' ဆိုတာလေ နှလုံးသားရှိလို့ဖြစ်မှာပေါ့....
လေးစားလျက်........

Anonymous said...

သပ်ရပ်တယ် .... ကဗျာလေးက . . .


ဝေဒနာ အရိပ်တွေ ထင်ပာပ်နေတယ်

မြတ်မွန် on 26 May 2010 at 12:41 said...

အင်း စိတ်ညစ်နေမသိဘူး..
ကဗျာလေးတွေက ဖတ်လို့ကောင်းတယ်။
နှစ်သက်မိပါ၏..
ကဗျာတွေရေးနေမိသရွေ့တော့
ငါ့ရင်ဘတ်ထဲမှာ...နှလုံးသား
ရှိ...နေ...ပါ...သေး...တယ်..
ဂွတ်တယ်..

ညလင်းအိမ် on 26 May 2010 at 14:33 said...

ကဗျာတွေရေးနေမိသရွေ့တော့
ငါ့ရင်ဘတ်ထဲမှာ...နှလုံးသား
ရှိ...နေ...ပါ...သေး...တယ်..

ဒါပေါ့ဗျာ ...
ရေးသာရေး အားပေးနေမယ် ...
ကဗျာလေးက ကောင်းလှဧ။် ..

သူကြီးမင်း (တုံးဖလား) on 26 May 2010 at 23:25 said...

ခေါင်းစဉ်မဲ့ကဗျာက ခေါင်းစဉ်ရှိကဗျာထက် ပိုအဓိပ္ပါယ်ရှိသလိုပါဘဲ။ ဘ၀နေ၀င်ချိန်မှာတော့ လူတိုင်း ဖြူစင်မှုလေးတွေ ပိုက်ထွေးသင့်တယ်လို့ ကျနော်လဲ ယူဆပါတယ်။ ဒါမှ လမ်းကြောင်း ဖြောင့်မှာလေ။

Maung Myo on 31 May 2010 at 21:02 said...

အဆင်မပြေမှုနဲ့ ကြုံလိုက်တိုင်း အိမ်ကိုလွမ်းတယ်

အဲ့အချက် ကျနော်နဲ့ တူတယ်ဗျို့ 
နောက်လည်း လာလာဖတ်မှာမို့ လင့်ယူသွားပါတယ် ။

လင်းခေတ်ဒီနို on 1 June 2010 at 08:07 said...

စီးမြဲတိုင်းစီးနေတဲ့ရေအလျဉ်မှာ
တလူးလူး..တလိမ့်လိမ့်..
မျောပါလို့
ဘဝပင်လယ်မှာ...
တက်ကုန်ရွက်စုံဖွင့်ပါသော်လည်း
အားမတန်မာန်လျှော့
အရှုံးပေးခဲ့ရပေါင်းများပေါ့

မဟုတ်သေးပါဘူး
ကဗျာတွေရေးနေမိသရွေ့တော့
ငါ့ရင်ဘတ်ထဲမှာ...နှလုံးသား
ရှိ...နေ...ပါ...သေး...တယ်

:)

အားတင်းထားပါ အချိန်လေးပဲ သည်းခံရမှာပေါ့ ဘ၀ဆိုတာ မှောက်တခါ လှန်တလှည့်ပဲ ..း))) ခံစားချက်နဲ့ ရေးလို့ထင်တယ် ရင်ထဲ နက်နက်
နဲနဲ့ ခံစားလိုက်ရတယ်း)) သိပ်ကောင်းတယ်

မြစ်ကျိုးအင်း on 3 June 2010 at 00:53 said...

ဖိအားများတဲ့ အလုပ်ခွင် ရှိတဲ့ နိင်ငံတွေမှာ ဘဝရဲ့ နေညိုချိန် မဟုတ်ရင်တောင် သာမန်နေ့တစ်နေ့ရဲ့ ညနေခင်းမှာ အေးအေး လူလူ ရှိချင်မိတယ်။ ဒါပေမယ့် ဆိုင်ကယ်တွေ ပြည့်ကျပ်နေတဲ့ လမ်းမှာ သတိလေးနဲ့ မောင်းပြီး မီးခိုးငွေ့တွေ ရှူနေရတာပါပဲ။
မနက်ခင်းမှာလည်း အလုအယက် ပြန်လာတော့လည်း ကျော်တက်နဲ့ အိမ်ရောက်မှပဲ စက်ရုပ်လည်း သံပါတ်ကုန် တော့တယ်။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei