11 May 2010

မိန်းကလေးဘဝ.......

Posted by blackroze at Tuesday, May 11, 2010
ကျွန်မဒီအကြောင်းရေးမယ်လို့စဉ်းစားနေတာကြာပြီ.....မရေးဖြစ်သေးတာ.....ပြောချင်တာတွေ
အရမ်းများနေတော့...စာအရမ်းရှည်သွားမှာလဲကြောက်တယ်လေ...ဟိုတနေ့ကသူငယ်ချင်းတယောက်နဲ့
အွန်လိုင်းမှာGtalk...ပြောဖြစ်တယ်...ကျွန်မသူငယ်ချင်းကL.C.C.IကိုLevel(3)အထိအောင်ပြီးတော့..
Guideပြန်လုပ်နေတာပါ....သူနဲ့စကားပြောရင်းနဲ့...ကျွန်မအလုပ်ကအကြောင်း...ကျွန်မသူငယ်ချင်းတွေ
အကြောင်း...သူလဲသူ့အလုပ်အကြောင်း...ရန်ကုန်ကကုန်ဈေးနှုံးတွေအကြောင်း....ကားတွေတနေ့တခြား
ကျပ်ကျပ်လာတယ်ဆိုတဲ့အကြောင်း...ကြေးအိုးတွေဒန်ပေါက်တွေ....ဈေးတက်တယ်ဆိုတဲ့အကြောင်းတွေ
ပြောနေရာကနေ....သူ့တပည့်တွေအကြောင်းစီရောက်သွားရော....ကျွန်မလဲ...နင်တပည့်တွေကရော...
နင့်ကိုရိုသေကြရဲ့လားလို့မေးတော့.....ငါတို့ငယ်ငယ်တုန်းကလိုတော့မဟုတ်ကြဘူးပေါ့ဟာ...တဲ့..ဒါပေမဲ့
တချို့တပည့်လေးတွေလဲလိမ်မာကြပါတယ်တဲ့...ဒါပေမဲ့ငါတော့လေ..သူတို့တွေကိုကြည့်ရတာ...
စိတ်မချမ်းသာဘူးတဲ့....ကျွန်မလဲ..ဘာဖြစ်လို့တုန်း..ပြောစမ်းပါဦးဆိုတော့...ခုခေတ်ကောင်မလေးတွေက
နင်တို့ငါတို့....ငယ်ငယ်တုန်းကလိုမဟုတ်တော့ဘူးတဲ့...ကျွန်မလဲ..အော်ဒါကတော့ငါတို့ငယ်ငယ်ကနဲ့တော့
ဘယ်တူမလဲ...ခေတ်ရေစီးကြောင်းလေဟာ..ဆိုတော့...အဲဒါမဟုတ်ဘူးတဲ့..ကျွန်မတောင်ကြောင်တောင်တောင်
ဖြစ်သွားပါတယ်..သေချာပြောပါဟ...ဆိုတော့မှ...မမကအကြောင်းစုံကိုပြောတော်မူပါတယ်...သူ့တပည့်တွေထဲမှာ
ကောင်လေ3းယောက်ပါတယ်တဲ့....အဲဒီကောင်လေးသုံးယောက်စလုံးရဲ့..ရည်းစားတွေက...ကောင်လေးတွေ
ကျူရှင်မှန်သမျှကိုအကြိုအပို့လိုက်လုပ်ပေးတာတဲ့လေ...သူ့အိမ်မှာစာခေါ်သင်ရင်လဲ...စာသင်ပြီးမဲ့အချိန်လောက်
မှန်းပြီးလာစောင့်နေတာတဲ့...သူကသူ့တပည့်တွေကိုမေးကြည့်တယ်...နင့်တို့ကောင်မလေးတွေကို..
လာကြိုခိုင်းတာလားဆိုတော့...မကြိုခိုင်းဘူးတဲ့..သူတို့ဘာသာစိတ်မချလို့ဆိုပြီးလာစောင့်နေတာတဲ့...

ကျွန်မလဲ..ဖြစ်မှဖြစ်ရလေဟယ်..ဆိုပြီးတော်တော်အံသြသွားပါတယ်...နောက်ပြီးတော့ကျူရှင်ကဆင်းရင်လဲ
ကောင်လေးတွေဘာစားချင်လဲတူတူသွားစားတယ်..နောက်ပြီးတော့အဲဒီတပည့်3ယောက်ထဲက...
တယောက်ရဲ့...ကောင်မလေးဆိုရင်...ကျွန်မသူငယ်ချင်းကိုလာမိတ်ဆက်တယ်တဲ့....မမရေ....သမီးကတော့
ဘယ်သူရဲ့ကောင်မလေးပါပေါ့နော်....သူ့ကိုခင်သလိုဘဲသမီးကိုလဲခင်ပါပေါ့....ပြောရရင်တော့...
အဲဒီကောင်လေးရဲ့....ပိုင်ရှင်ဆိုတဲ့ပုံစံမျိုးလေးနဲ့.....ယဉ်ယဉ်ကျေးကျေးလေးလာမိတ်ဆက်သွားတာတဲ့
ကျွန်မသူငယ်ချင်းကလဲချောတာကိုး...ကြည့်ရတာကောင်မလေးက..သူ့ကောင်လေးရဲ့Guideမမ...ကလှလှလေး
ဆိုတော့...စိတ်မချဖြစ်နေပါလိမ့်မယ်..အစကထဲကမိတ်ဆက်ထားတော့...ထိန်းပြီးသားဖြစ်တယ်လို့ထင်နေတယ်နဲ့တူပါတယ်..
ကျွန်မလေ..သူဆက်ပြောပြတဲ့အကြောင်းတွေနားထောင်ပြီး...တော်တော်လေးစိတ်မကောင်းလဲဖြစ်မိပါတယ်...
ကောင်လေးတွေကိုကောင်မလေးတွေကဘဲလက်ဆောင်တွေဝယ်ပေးတယ်ဆိုတဲ့အကြောင်း....ကောင်မလေးက
စပြီးရည်းစားစကားပြောလို့....သူ့တပည့်လေးကပြန်ကြိုက်လိုက်တယ်ဆိုတဲ့အကြောင်း...အစုံပါဘဲရှင်...

ကျွန်မသိရသလောက်တော့....မိန်ကလေးဆိုတာ....ကိုယ်ကစပြီးဖွင့်ပြောတယ်ဆိုတာမရှိပါဘူး............
ကိုယ့်ကိုလာပြီးချစ်စကားကြိုက်စကားပြောတဲ့သူတွေထဲကမှ....ကိုယ်ချစ်တဲ့သူတယောက်ကိုရွေးတာပါ..
ခုတော့ဘယ်လိုများဖြစ်သွားတာပါလိမ့်ဆိုပြီးတော့...မစဉ်းစားတတ်အောင်ပါဘဲ....ကျွန်မတို့ငယ်ငယ်ကရည်းစား
ထားရင်....ကျူရှင်ဆင်းချိန်ဆို..ကောင်လေးတွေကအချိန်မှန်လာကြိုပေးတာပါ...နေ့ခင်းဘက်အတန်းလွှတ်ရင်လဲ
ကြေးအိုးလား...ဆီချက်လား.....ညနေဘက်ကျောင်းဆင်းချိန်မှာဆိုရင်လဲ...ဖာလူဒါလား....ဒိန်ချဉ်လား...ဆိုပြီး
ချစ်သူစားချင်တာတူတူစားပြီးမှ....အိမ်ပြန်လိုက်ပို့ပေးတာပါ..ကိုယ့်ချစ်သူကောင်မလေးကို...တခြားကောင်လေးတွေ
လိုက်မလားဆိုပြီးတော့လဲ...သဝန်တွေတို...စိတ်မချဖြစ်တာတွေလဲ..ကောင်လေးတွေပါဘဲလေ...မိန်းကလေးတွေ
အတွက်ကတော့...ချစ်သူတယောက်ထားလိုက်တာဟာ...ကိုယ့်ကိုကာကွယ်ပေးမဲ့သူတယောက်ရလိုက်သလိုပါဘဲ.......
ခုကျွန်မကြားနေရတာတွေက...ကောင်လေးတွေအဖို့ကာကွယ်ပေးရမဲ့တာဝန်တွေမရှိတော့ဘဲ...သူတို့က..အကာကွယ်ခံ
တွေဖြစ်နေတာပါဘဲ...မိန်းကလေးတွေဘဝကဘာလို့ဒီလိုပြောင်းလဲသွားတာပါလိမ့်ဆိုပြီးတော့လဲ..မတွေးတတ်အောင်ပါဘဲ..

ကျွန်မကျောင်းတက်တုန်းကဆိုရင်..အတန်းလွှတ်ချိန်ဆိုရင်အတန်းရှေ့မှာဆိုင်ရာပိုင်ရာလေးတွေက...ကိုယ်စီ..ကိုယ်စီ
လာစောင့်လို့...ထီးတချောင်းထဲတူတူဆောင်းလို့(ကောင်လေးကထီးမိုးပေးထားတာလေ..)အိမ်ပြန်လိုက်ပို့ပေးတာတွေ....
ကျူရှင်ဆင်းချိန်ဆိုရင်လဲ...စာသင်တဲ့ကျူရှင်အိမ်အောက်မှာလာစောင့်နေတာတွေ...ကျူရှင်ကဆင်းရင်..ဘာမုန့်စားမလဲဆိုပြီး...
မိန်းကလေးရဲ့ဆန္ဒကိုဦးစားပေးလို့.....အလျှော့ပေးတာလေးတွေ.....ယောကျာ်းလေးဘက်ကဘဲ..မိန်းကလေးဘက်ကို
ဦးစားပေးကာကွယ်ပေးခဲ့တာတွေဘဲ..မြင်ခဲ့ကြားခဲ့..ခံစားခဲ့ဖူးတာပါ....ကျွန်မထားခဲ့ဖူးတဲ့ရည်းစားလဲဒီအတိုင်းပါဘဲ...
ကျွန်မတို့ပြတ်မဲ့သာပြတ်သွားတာပါ...သူကကြီးဘဲကျွန်မကိုအလိုလိုက်ပေးခဲ့တာပါ...ကျွန်မတခါမှ..သူ့ကျူရှင်အောက်မှာ
သွားစောင်ခဲ့ရတာမရှိပါဘူး....(အဟဲ...ကြုံတုန်းလေးကြောငြာဝင်တာလေ..)ချစ်သူတွေပေါင်းဆုံတယ်..မဆုံဘူး..ဆိုတာတော့
ကံကြမ္မာနဲ့လဲသက်ဆိုင်ပါလိမ့်မယ်နော်....အခုခေတ်မိန်းကလေးတွေကအဲလို..ချစ်သူရဲ့အကြင်နာတွေ...
အလျှော့ပေးတာတွေကိုမလိုချင်တော့တာလား...ဒါမှမဟုတ်..ကောင်လေးတွေကဘဲ....
အဲလိုမကြင်နာတတ်တော့တာလား.....ကျွန်မလဲမဝေခွဲတတ်တော့ပါဘူး....
ကျွန်မနဲ့..ကျွန်မသူငယ်ချင်းကတော့ပြောရင်း..ပြောရင်းကနေ....
ကိုယ်ငယ်ငယ်ကအကြောင်းတွေပြန်သတိရသွားတာ...ပြန်လွမ်းမိတာဘဲ....အဖတ်တင်ပါတယ်...
အော်...အဟောင်းတွေကိုလဲပြန်မသစ်ချင်တော့ပါဘူးလေ...
ကြာလဲကြာခဲ့ပါပြီလေ...ဇော်ဝင်းထွဋ်..သီချင်းထဲကလိုပေါ့...
" သူဘယ်မှာလဲ..သတိရနေတယ်..တခါတလေတော့လဲလွမ်းမိပါတယ်...
ပြီးဆုံးခဲ့အဖြစ်အပျက်တို့အသစ်ဖြစ်ဖို့မလွယ်ကူတာမှန်ပေမဲ့...
..............................................
စဉ်းစားတိုင်း..နှမြောတမ်းတလွမ်းဆွတ်လို့...သတိရနေတယ်..."" ပေါ့နော်...

ခုထက်တိုင်...သတိရနေမိတတ်နေပါသေးတယ်...တခါတလေငယ်ငယ်ကအကြောင်းလေးတွေ..ပြန်စဉ်းစားမိတိုင်း.....
ဆယ်ကျော်သက်အရွယ်ပေါ့နော်....10တန်းတုန်းက..ဗိုလ်ဆွန်ပက်လမ်းကဆရာဒိုးစီမှာမြန်မာစာကျူရှင်တက်ခဲ့တာတွေ..
လဝစ္စလမ်းအပေါ်ဘလောက်က..ဆရာဦးသိန်းလွင်စီမှာအင်္ဂလိပ်စာကျူရှင်တက်ခဲ့တာတွေ...
ဆရာကံချွန်စီမှာအီကိုကျူရှင်တက်ခဲ့တာတွေ.၃၉လမ်းထဲကဆရာဦးမင်းဇော်စီမှာသချာင်္ကျူရှင်တက်ခဲ့တာတွေ...
အော်....အမှတ်တရတွေ...အမှတ်တရတွေ...အများကြီးပါဘဲလေ...
ဘာဘဲပြောပြောပါ..တချိန်ကကျွန်မရဲ့..အနားမှာ...ကျွန်မကိုအလိုလိုက်ပြီး......ချစ်သူတယောက်အနေနဲ့
ကျွန်မဘေးမှာနေခဲ့ပေးဖူးတဲ့......သချာင်္ကျူရှင်ကဆင်းပြီးအီကိုကျူရှင်မတက်ခင်...အားတဲ့အချိန်တနာရီလောက်လေးမှာ
ကျွန်မကျက်ထားသမျှစာတွေအလွတ်ဆိုတာကို....စာအုပ်ကိုင်ကြည့်ပေးနေကြ...ကျွန်မနားမလည်တဲ့သချာင်္ပုစ္ဆာတွေကို
ရှင်းပြပေးနေကြ.....chemistry equation တွေကိုဝိုင်းတွက်ပေးနေကြ....
ကျွန်မစားချင်တဲ့J'donutမုန့်ဝယ်ပြီး..ကျူရှင်အောက်မှာလာစောင့်ပေးနေကြ.....
ညဘက်ကျူရှင်နောက်ကျတဲ့နေ့တွေဆို...အိမ်အပြန်လမ်းထိပ်ထိလိုက်ပို့ပေးနေကြ....
ကျွန်မကိုချစ်ခဲ့တဲ့...ကျွန်မကလဲချစ်ခဲ့ရတဲ့...တချိန်ကချစ်သူဟောင်းလေးကို...ပြန်သတိရမိတတ်ပါတယ်...........
သူဘယ်ရောက်ပြီးဘာတွေလုပ်နေလဲကျွန်မမသိတော့ပါဘူး.......ဒါပေမဲ့သူ့အကြောင်းကိုတိုက်ဆိုင်လို့ပြန်စဉ်းစားမိတိုင်း
သူအဆင်ပြေနေပါစေလို့.....ကျွန်မဆုတောင်းပေးမိတတ်ပါတယ်.....တခါတလေတော့လဲပြန်တွေ့ချင်မိသား.....
သူဘယ်လိုပုံစံပြောင်းလဲသွားသလဲလို့တော့သိချင်သားလေ.......
အော်....ဒါလဲမိန်းကလေးဘဝရဲ့ခံစားချက်တွေဘဲထင်ပါရဲ့နော်...။။။။။။။


တချိန်ကချစ်သူရှိခဲ့သူများပြန်သတိရသွားရင်တာဝန်မယူပါ...
ကိုယ်တောင်ပြန်သတိရနေတာနော်း)

(11.5.2010-------AM 2:50 )

7 comments:

ညီဇံလှ on 11 May 2010 at 13:18 said...

ဖတ်ပြီး အတိတ်ကို ပြန်မြင်ယောင် သွားတယ်...မြစ်ရေခါးခါးထဲ ပြန်ခုန်ချ
လိုက်ရသလိုပဲ...အချစ်တုတွေချည်းပဲ...ကျွန်တော်ခုမှ အလင်းရောင်ရတာ
ခုမှ အချစ်စစ်တွေ့ တာ...

ကေသရီ on 11 May 2010 at 21:47 said...

အင်း-ခေတ်ကြီးကပဲပြောင်းလဲသွားတာလား။ ကိုယ်ပဲလိုက်မမှီတော့တာလား မသိပါဘူး နှင်းဆီနက်ရေ။ ကိုရီးယားကားတွေကြည့်ပြီး မိန်းကလေးတွေစိတ်ကူး ယဉ်နေကြပြီလား။ မိန်းကလေးက စပြီး ချစ်စကားကြိုက်စကားပြောတယ်ဆို တော့ စိတ်မကောင်းစရာပါပဲ။ မြန်မာမိန်းကလေးဆိုတဲ့ ဂုဏ်သိက္ခာကိုတော့ တန်ဖိုးထားစေချင်လိုက်တာနော်။

Cameron on 11 May 2010 at 23:31 said...

ဟုတ်တယ်....အဟောင်းတွေကိုပြန်သတိရသွားမိပြီ....
ခုခေတ်ကောင်မလေးတွေနဲ့ အမတို့က တော်တော်လေး gap ဖြစ်သွားပြီ
သူတို့တွေခေါင်းထဲမှာ တန်ဖိုးထားလို့ထားရမှန်းလဲမရှိတော့ဘူး... အတွေးအခေါ်တွေလည်းမရှိတော့ဘူး.... ဗလာသက်သက်အခွံတွေများနေပြီ။

ခင်မင်စွာဖြင့်
မိုးငွေ့

မြတ်မွန် on 12 May 2010 at 15:31 said...

ခေတ်တွေ ပြောင်းလဲ သွားတာပေါ့ နက်ရေ..
အားလုံးက ပွင့်လင်းကုန်တာ ထင်ပါရဲ့။..
အရင်က အိမ်ရှင်မ တစ်ယောက်က အိမ်မှုကိစ္စက လွဲရင် ..
ဘာမှ လုပ်ရတာ မဟုတ်ဘူးလေ..
ခုခေတ် အိမ်ရှင်မတွေတော့ စီးပွါးပါ ရှာနေရတာတာကြည့်တော့..
မိန်းမတွေ ခေတ်နဲ့ အညီ ယောင်္ကျားတွေနဲ့ ရင်ဘောင် တန်းကုန်တာပေါ့ နက်ရယ်..

Cameron on 12 May 2010 at 18:16 said...

တဂ်ပို့စ်လေးကို ပြန်တင်ထားတယ်...ညီမလေး...
မနေ့က လိုင်းမကောင်းတာနဲ့ တင်လိုက်တာ အောက်ဘက်ရောက်သွားတယ်..။


ခင်မင်စွာဖြင့်
မိုးငွေ့

ညလင်းအိမ် on 26 May 2010 at 14:48 said...

ရဘူး ... သတိရသွားပြီ .. ပြန်လျှော်ပေး ...း)

အတိတ်က အလွမ်းတွေလေ
မှုန်းတ၀ါးဝါးနဲ့ကို ကုန်မသွားပါလား ..
အချိန်ရထားကသာ သယ်ဆောင်သွားတယ်
သတိရခြင်းတွေက တိုးလိုးတန်းလန်းပေါ့ ..း)

ရင်ခွင်ရှိန်း on 29 May 2010 at 03:30 said...

တစ်ချိန်တုန်းကသာ ချစ်သူတစ်ယောက်ရှိခဲ့မယ်ဆိုရင် ...

အဲ့ဒီအတွေးနဲ့ သူ့ အတွက် အခုကဗျာလေးတစ်ပုဒ်ရေးနေတယ် ။

း)))

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei