21 May 2010

တစ်ဘက်သတ်အချစ်...

Posted by blackroze at Friday, May 21, 2010
ကျွန်မအလုပ်လုပ်တဲ့section မှာ...အသက်အငယ်ဆုံးကောင်မလေးတယောက်ရှိပါတယ်..
အသက်က၁၈နှစ်ကျော်ကျော်ဘဲရှိဦးမှာပါ...အသားဖြူဖြူလေးနဲ့ပိန်ပိန်လေးပါ.....
မျက်မှန်လေးလဲပါပါတယ်..အသားဖြူတာ..ပိန်တာပြသာနာမရှိပေမဲ့...မျက်မှန်လေးကလဲ
လှတာလေးတပ်လိုက်ရင်..အိုကေသွားမှာပါ...ခက်တာက..ကောင်မလေးကရုပ်ဆိုးတယ်..
ဒီနိုင်ငံသူစစ်စစ်ပါ...သူလဲငယ်သေးတဲ့ကလေးအရွယ်ကျော်ကျော်လေးဆိုတော့
စိတ်ကစားမိမှာပေါ့...ကျွန်မတို့section ကဘဲ..Repair Machine လို့ခေါ်တဲ့RMsectionက
ကောင်လေးတယောက်ကိုစိတ်ဝင်စားနေတယ်ဆိုပါတော့....အလုပ်ကလဲတူနေတာကိုး
ကျွန်မတို့Testing လုပ်တဲ့ စက်တွေပျက်ရင်Jamဖြစ်နေရင်..RMကောင်လေးတွေဘဲလာလာ
ပြင်ရတာပါ..မြင်ဖန်များတော့ငြိတယ်ထင်တာဘဲ...ကောင်လေးကသူ့ထက်နဲနဲကြီးပါတယ်..
မျက်လုံးပြူးပြူးလေးနဲ့ချောပါတယ်..နှာတံပေါ်ပေါ်နဲ့ပါ..လူချောလေးဆိုပါတော့..
အဲကောင်လေးကို...ကောင်မလေးကစိတ်ဝင်စားပါလေရော...ထမင်းစား၇င်RMတွေနဲ့တူတူ
သွားစားနေကြပါ...နောက်တော့ကောင်လေးကမကြိုက်ဘူးထင်ပါရဲ့..ရှောင်တယ်...အစကတော့
မသိမသာရှောင်နေရာကနေ....သိသိသာသာကြီးရှောင်တော့တာပါဘဲ...နောက်ဆုံး..ကောင်လေးက
ထမင်းတောင်လာမစားတော့ပါဘူး...ကောင်မလေးကြေကွဲတာပေါ့လေ...ကောင်လေးကိုလဲအပြစ်တင်လို့
မရပါဘူး..သူလဲလောကီသားပေမို့ချောတာလေးတော့လိုချင်မှာပေါ့...ကောင်မလေးကလဲရုပ်ဆိုးတော့ခက်တယ်
ကျွန်မတို့ကတော့ပွဲကြည့်ပရိတ်သတ်ပေါ့လေ...ထမင်းစားချိန်ဆို..ကောင်လေးလာမလားဆိုပြီးလိုက်ရှာတတ်တဲ့
ကောင်မလေးရဲ့အကြည့်တွေကိုကျွန်မသနားလိုက်တာလေ....ထမင်းစားပြီးလို့အလုပ်ထဲပြန်ဝင်တော့လဲ
ကောင်လေးဘယ်မှာရှိနေမလဲဆိုပြီးလိုက်လိုက်ရှာပြန်ရော...ကောင်လေးကလဲကြာတော့စိတ်ညစ်လာမှာပေါ့
ကောင်မလေးရှိတဲ့နေရာတောင်မလာတော့ဘူး..အဲလိုမလာလေကောင်မလေးကပိုအသည်းအသန်ဖြစ်လေပါဘဲ
ကျွန်မကောင်လေးကိုမေးဖူးတယ်ဘာလို့မကြိုက်တာလဲဆိုတော့....သူ့မှာရည်းစားရှိတယ်တဲ့...
ကဲ...ဘယ်လိုလုပ်ကြမလဲ..ခက်နေပြီ...ကျွန်မကရုပ်ဆိုးလို့မကြိုက်တာဆိုရင်..ရုပ်ရည်ကအရေးမကြီးဘဲ
စိတ်ဓါတ်ကပိုအရေးကြီးကြောင်းတရားဟောမလို့ပါ..ခုတော့ကျွန်မလဲပြင်ထားတဲ့ထိုးစစ်ကိုဘရိတ်အုပ်လိုက်ရပါတယ်..
သူတို့နှစ်ယောက်အကြောင်းက...ကြာတော့လူများအတင်းပြောစ၇ာဖြစ်လာပါတယ်...
အထူးသဖြင့်ကောင်မလေးကိုပေါ့...မိန်းကလေးဖြစ်နေပြီးတော့အရှက်နည်းလိုက်တာတို့...
ရည်းစားအရမ်းလိုချင်နေတာတို့..အစုံပါဘဲလေ...အလုပ်ဆိုတာကလဲသိတဲ့အတိုင်းဘဲလေ...
လူအမျိုးမျိုးလေ...နိုင်ငံမတူတဲ့..ဘာသာစကားမတူတဲ့လူတွေကြားမှာဒီအကြောင်းကသတင်းတပုဒ်
ဖြစ်နေတော့တာပါဘဲ..ဒီနေ့လဲကျွန်မကော်ဖီလာဖျော်ရင်းRestRoomထဲမှာပြောနေသံတွေကြားရပါတယ်..
ကောင်မလေးကကောင်လေးကိုချိန်းတယ်ဆိုလား..ဘာလား...သေချာလဲမမေးချင်တော့ပါဘူးကောင်မလေးကို
သနားလို့ပါ..သူ့ခမျာဘယ်လောက်ခံစားနေရမလဲ..ကိုယ်ချင်းစာမိလို့ပါ...ကျွန်မအဲဒီမှာစဉ်းစားမိတာက
တဘက်သတ်အချစ်....ဆိုတာကိုပါ.....လူမျိုးမတူ..နိုင်ငံမတူပေမဲ့လည်း..အချစ်နဲ့ပတ်သက်လာရင်.
မိန်းကလေးတိုင်းခံစားရပုံချင်းကတော့တူတူပါဘဲ...ကောင်မလေးခံစားနေရတာကိုကြည့်ပြီးကျွန်မလဲ
စိတ်မကောင်းဖြစ်ရုံကလွဲလို့....ဘာမှမတတ်နိုင်ပါဘူး...ကောင်လေးကမြန်မာပြည်အကြောင်း
ကျွန်မကိုလာလာမေးတတ်ပါတယ်..မြန်မာပြည်မှာဘာတွေရှိသလဲတို့...မြန်မာစားစရာတွေကဘာလဲ
ဆိုတာတို့...လမ်းပန်းဆက်သွယ်ရေးကဘယ်လိုလဲဆိုတာတို့..ဘုရားတွေအများကြီးရှိတယ်ကြားဖူးတယ်တဲ့
နောက်ပြီးသူအင်တာနက်ကနေ..တွေ့ထားတာတဲ့..ကျိုက်ထီးရိုးဘုရားကိုပြောတာထင်ပါတယ်...
အဲဒီဘုရားကကျောက်တုံးပေါ်မှာတင်နေတာတကယ်လားတဲ့.....သူသိချင်တာတွေလာလာမေးတာပါ
နောက်ပြီးမြန်မာဝတ်စုံပါ...ဘယ်လိုဝတ်ရတာလဲတဲ့...အစုံပါဘဲလေ..ကောင်လေးအဲလိုလာမေးတိုင်း
ကျွန်မမှာလေ...ပြောပြချင်လိုက်တာ..လျှာကိုယားနေတာပါဘဲ...ဘုရားတွေအကြောင်း..စားစရာတွေ
အကြောင်း...မြန်မာဝတ်စုံဘယ်လိုဆိုတာ...အရမ်းကိုပြောပြချင်ပါတယ်..ကိုယ့်နိုင်ငံအကြောင်း
စိတ်ဝင်တစားနဲ့လာမေးတဲ့သူကိုပြောပြချင်ပေမဲ့လည်း......ကောင်လေးကျွန်မအနားမှာဆုံလို့
စကားလာပြောတိုင်းကောင်မလေးရဲ့...ရန်လိုတဲ့အကြည့်တွေကိုကျွန်မအမြဲဘဲရင်ဆိုင်နေရတာပါ...
အဲတော့လဲ...ကျွန်မကအလိုက်တသိနဲ့ဘဲကောင်လေးနဲ့မဆုံအောင်ပြန်ရှောင်ရပါတယ်..
ကောင်လေးကိုပေးမယ်လို့ပြောထားဖူးတဲ့ကျိုက်ထီးရိုးဘုရားဓါတ်ပုံလဲခုထိမပေးဖြစ်သေးပါဘူး
ကဲ...အဲဒါလဲခက်နေတာဘဲနော်..
မိန်းကလေးတွေရဲ့တဘက်သတ်အချစ်ကလဲ..တကယ်တော့နာကျင်ကြေကွဲစရာပါ...
ကိုယ်ကပေးနေသော်လည်းလက်ခံရမဲ့သူကရှောင်နေတဲ့အတွက်..ရင်နာရတာရော..
ကိုယ်ကချစ်နေမိတဲ့အတွက်...ဘယ်သူနဲ့စကားပြောလဲဘယ်သူအနားရောက်နေလဲဆိုတာ
အမြဲတမ်းသဝန်တိုနေမိတာရော...ကိုယ့်ကိုမချစ်တဲ့သူကိုကိုယ်ကချစ်နေမိလို့အမြဲတမ်း
ခံစားနေတာရော...တကယ်တော့တဘက်သတ်အချစ်ဆိုတာမကောင်းပါဘူး...
မိန်းကလေးတိုင်းတဘက်သတ်မချစ်မိကြပါစေနဲ့လို့ဆုတောင်းပေးချင်ပါတယ်...





(21.5.2010 - AM 3:51 )

7 comments:

ညီဇံလှ on 21 May 2010 at 11:04 said...

တစ်ဖက်သတ် အချစ်ဆိုတာ အရမ်းကြေကွဲစရာကောင်းပါတယ် ဗျာ...

~ဏီလင်းညို~ on 21 May 2010 at 15:31 said...

ညီမရေ........
စာလေးဖတ်ရင်းစဉ်းစားမိတာလေ......

မချစ်မနှစ်သက်သူနဲ့ အတူနေရတာလည်း......ဒုက္ခ....
ချစ်သူနဲ့ ကွေကွင်းရတာလည်း.......ဒုက္ခတွေပါပဲလားလို့လေ.......။

အချစ်တွေထဲမှာ တစ်ဖက်သတ်အချစ်က ဆိုးတယ်.....။
(နှစ်ဖက်သတ် အချစ်မှကောင်းတာ..........း))

ခင်မင်တဲ့
ဏီလင်းညို

Cameron on 22 May 2010 at 13:17 said...

ဏီဏီပြောသလိုပဲ နှစ်ဘက်သတ်အချစ်ပဲကောင်းတယ်...အဲလိုပဲချစ်ကြပါလို့

ခင်မင်စွာဖြင့်
မိုးငွေ့

မြတ်မွန် on 23 May 2010 at 14:30 said...

အင်းးးးဟုတ်တယ်ရှင့်..တော်တော်လေး စိတ်ပင်ပန်းမှာပဲနော်..။

. on 23 May 2010 at 16:18 said...

တဘီး တည်းလိမ့်နေတော့ ...... ဘယ်အဆင်ပြေမလဲ

သော်ဇင်စိုး on 25 May 2010 at 08:40 said...

အေးဗျာ.. သူများတွေများဒီလိုကြုံတာတွေက ပေါလွန်းလို့ ကျွန်တော်မျိုးမှာတော့ ကြုံချင်လို့တောင်မကြုံရ... :P
တယ်ခက်တဲ့ လောကကြီးပါတကား... :D
လေးစားလျက်...

သဒ္ဓါလှိုင်း on 25 May 2010 at 17:38 said...

ဟုတ်တယ်... မိန်းခလေးတိုင်းတဘက်သတ်အချစ်နဲ့ မကြုံတွေ့ကြပါစေနဲ့
လို့ ဆုတောင်းတယ်။ဒုက္ခကြီးလွန်းလို့လေ..
ခင်တဲ့
မသဒ္ဓါ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei