16 May 2010

နွေရောက်မှာကြောက်တယ်..

Posted by blackroze at Sunday, May 16, 2010



ရာသီတွေပြောင်း..
သက္ကရာဇ်တွေဟောင်းပေမဲ့
ရော်ရွက်ကြွေ..မြေခလို့
ရွေဥသြအသံကြားလေသောအခါ
စိတ်အလျဉ်ဘဝင်...
ရင်တွင်ဘလောင်ဆူလို့
လေရူးတချက်ဝေ့လေတိုင်း
ဝေဒနာအဟောင်းတွေ..
ဒီရင်ခွင်သို့...တိုးဝေ့ဆဲမို့
သြော်....
နွေရောက်မှာကြောက်တယ်လေ.....။။။။။

(15.5.2010-------AM 1:03 )

4 comments:

Cameron on 17 May 2010 at 11:06 said...

နှင်းဆီနက်ရေ...ဝေဒနာဟောင်းကိုတူးဆွသလို
ဒီနွေရဲ့ ပူပြင်းပုံကလည်း စာဖွဲ့လို့မဆုံးဖြစ်နေကြပြီ...။
ဒါကြောင့် လူတိုင်းရင်မှာ နွေရောက်မှာကြောက်နေကြတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

ကေသရီ on 18 May 2010 at 17:35 said...

ကိုယ်တော့ မိုးရာသီရောက်မှာကြောက်တယ် နှင်းဆီနက်ရေ။ မိုးစက်ဖွဲဖွဲလေးတွေကို မြင်ရင် စိတ်ထဲမှာတစ်မျိုးပဲ။

အနှိုင်းမဲ့ on 19 May 2010 at 10:33 said...

အားလုံးကြောက်ကြတယ်....ဒီနွေရောက်မှာကို
နှင်းဆီနက်ရဲ့ ကဗျာလေးတွေကိုလဲ နှစ်သက်မိတယ်...
များများရေးနော်... :)

သူကြီးမင်း (တုံးဖလား) on 23 May 2010 at 02:29 said...

ဟုတ်တယ် ညီမရေ.. နွေရောက်မှာတော့ ကြောက်စရာပါဘဲ။ ဒါပေမဲ့ ကြောက်ရတဲ့အကြောင်းနှင့်ခံစားမှုခြင်းတော့ တူချင်မှ တူမှာပေါ့လေ။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei