31 July 2011

ကျမရဲ့အဖြူရောင်နတ်သမီးလေး

Posted by blackroze at Sunday, July 31, 2011 5 comments
ကျမအခုတလော...သူငယ်ချင်းမိတ်ဆွေအပေါ်တာဝန်မကျေသလိုဖြစ်မိပါတယ် စိတ်ထဲမှာလည်း အလွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်ကာလတခုဖြစ်လို့နေပါတယ်။ ကျမကိုတက်ဂ်ပို့လေး ရေးခိုင်းထားပေမဲ့လည်း ခုချိန်ထိအောင် မရေးဖြစ်သေးပါဘူး.။ အဲဒီအတွက်ညီမတောင်းပန်ပါတယ်နော်..
အခုလည်းမရဲ့ ဘလော့လေးအတွက်ရေးဖို့လည်း နောက်ကျပြန်တယ် မရယ်.. ညီမကိုနားလည်ပေးပါလို့နော်.....

ကျမရဲ့နတ်သမီးလေးကတော့ တခြားသူမဟုတ်ပါဘူး။ အားလုံးကအဖြူရောင်နတ်သမီးလို့ သိကြတဲ့ အမနမ်းမဝပါဘဲ..ကျမနဲ့ နတ်သမီးလေးနဲ့ဘယ်လိုစသိခဲ့လဲလို့ သေချာမမှတ်မိတော့ပါဘူး...အမှန်ကန်ဆုံး
ပြောပြတာပါ.. ကျမနတ်သမီးလေးရဲ့ Blog ကိုစရောက်သွားချင်း.. သတိထားမိတာက မြန်မာဝတ်စုံလေးနဲ့ အ၇မ်းလှတဲ့ နတ်သမီးလေးပါလား ဆိုတာပါဘဲ ။ ကျမအဲဒီပုံလေးတွေအကြာကြီး ကြည့်နေခဲ့ပါတယ် ။ နောက်ပြီးတော့ မြန်မာဝတ်စုံလေးနဲ့ အရမ်းလှတယ်ဆိုတဲ့အကြောင်း ကောမက်လေးရေးပေးခဲ့ပါတယ်။နောက်ပိုင်းတော့ နတ်သမီးလေးစီကိုမကြာမကြာသွားဖြစ်ခဲ့ပါတယ် ။
ကျမစီကို နတ်သမီးလေးကလည်း ပြန်လာလည်ခဲ့ပါတယ် ။ ကျမကသူများတွေလို စာရေးမကောင်းပါဘူး။ နောက်ပြီး ကျမခံစားမိတာလေးတွေကိုဘဲ ရေးတဲ့သူမို့ ကျမရေးတဲ့စာတွေကို စိတ်ရှည်စွာနဲ့ လာဖတ်ပေးတဲ့ သူတွေထဲမှာကျမရဲ့နတ်သမီးလေးလည်း ပါဝင်ခဲ့ပါတယ် ။နတ်သမီးလေးက သူငယ်ချင်းတွေရဲ့ မွေးနေ့ပွဲတွေကိုလည်း အမြဲတမ်းတာဝန်ယူကျင်းပပေးတဲ့ သူပါ ။ကျမရဲ့မွေးနေ့လေး ကိုလည်းလုပ်ပေးရမယ်နော်လို့...ကျမနတ်သမီးလေးကိုပြောဖူးပါတယ် ။ နတ်သမီးလေးကချက်ချင်းဘဲ မွေးရက်နဲ့မွေးလ လေးသာပြောထား ။မွေးနေ့ရောက်ရင် မွေးနေ့ပွဲလေး ကိုလုပ်ပေးမယ်လို့ အကြောင်းပြန်လာပါတယ်။ကျမရဲ့နတ်သမီးလေးက အဲလိုမျိုးသူငယ်ချင်းတွေအပေါ်ကို တာဝန်ကျေပြီး
ချစ်တတ်တဲ့ နတ်သမီးလေးပါ....ကျမနဲ့နတ်သမီးလေးတခါမှ gtalk မှာစကားမပြောဖူးပါဘူး။ဒါပေမဲ့ ကျမစိတ်ထဲမှာခံစားပြီး ကြားယောင်လို့ရပါတယ်....နတ်သမီးလေးရဲ့ အသံချိုချိုလေးတွေကိုပေါ့....။။
ကျမနတ်သမီးလေးနဲ့ ခင်မင်မိတာမကြာသေးပါဘူး။ဒါပေမဲ့စိတ်ထဲမှာ ခန့်မှန်းလို့ရနေပါတယ် ။
နတ်သမီးလေးရဲ့ ဖြူစင်တဲ့စိတ်ဓါတ်လေးကိုပါ ။။အဖြူရောင်နတ်သမီး ဆိုတဲ့ နာမည်လေးနဲ့
လိုက်ဖက်လှပါတယ်။ တကယ်ကို အဖြူရောင်နတ်သမီးလေးပါဘဲ.....

ဖြူစင်မှုတွေလွမ်းခြုံ
အေးမြတဲ့အပြုံးလေးပိုင်ရှင်
ကျမရဲ့ နတ်သမီးလေးရေ... ကျမတို့နှစ်ယောက်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်
မတွေ့ဖူးကြသေးပေမဲ့ ကျမရဲ့ အဖြူရောင်နတ်သမီးလေးကို ကျမအမြဲတမ်းချစ်နေမယ်နော်..
အမှတ်မထင် ခင်မင်သိကျွမ်းခဲ့ရပေမဲ့ နတ်သမီးလေးက ကျမရဲ့ အမှတ်တရ ပုံရိပ်လေးတခုပါဘဲနော်...။


နတ်သမီးလေးကို ချစ်တဲ့ .... blackroze

25 July 2011

ကျမချစ်သူနှင့်ရန်ကုန်ကွန်နက်ရှင်

Posted by blackroze at Monday, July 25, 2011 10 comments
22.7.2011 (သောကြာနေ့)

အဲဒီနေ့ခါတိုင်းနေ့တွေလိုပါဘဲ...နေပူတယ်..ဘာမှထူးထူးခြားခြားမရှိပါဘူး....ဒါပေမဲ့..ကျမအတွက်တော့
ငိုခဲ့ရတဲ့နေ့လေးပါဘဲ..သူကျောင်းပြီးလို့မြန်မာပြည်ပြန်သွားတဲ့နေ့မို့လို့ပါ...သူများတွေအတွက်မထူးခြားတဲ့
7လပိုင်း22 ရက်နေ့ကကျမအတွက်တော့..ထူးခြားခဲ့ပါတယ်...အဲဒီ7လပိုင်း22ရက်နေ့ကို..ရင်ဆိုင်ဖို့အတွက်
်ကျမတော်တော်အားမွေးခဲ့ရပါတယ်...တော်တော်အချိန်ယူခဲ့ရပါတယ်..အဲဒီနေ့ကိုကျမခွင့်ယူလိုက်မယ်
ပြောတော့..သူခွင့်မယူခိုင်းပါဘူး....အလုပ်သွားနေတာကပိုအဆင်ပြေမယ်ထင်တယ်တဲ့...သူကလဲပစ္စည်းတွေ
သိမ်းရမှာနဲ့ကားလာကြိုမှာကိုအဆင်သင့်စောင့်နေရမှာဆိုတော့...နေ့ခင်းလောက်ကထဲကအကုန်ပြီးအောင်
လုပ်ထားရမှာ..သူကွန်ပြူတာကိုသိမ်းပြီဆိုတာနဲ့..ကျမနဲ့တွေ့ဖို့အဆင်မပြေတော့ပါဘူး...အလုပ်မှာဆိုရင်
အလုပ်လုပ်နေရတော့..စိတ်ကအဲလောက်ကြီး..စဉ်းစားမိနေမှာမဟုတ်ဘူး..အလုပ်ကနေခွင့်မယူနဲ့တော့
ဆိုတာနဲ့..ကျမအဲဒီနေ့ကိုအလုပ်သွားခဲ့ပါတယ်..သူအဆောင်ကနေထွက်တာကစပြီး..လေယာဉ်မထွက်ခင်
အထိကျမစီmessage.. တောက်လျှောက်ပို့ပေးခဲ့ပါတယ်..

လေယာဉ်ကွင်းရောက်နေပြီ....ပစ္စည်းချိန်နေတယ်....flight terminal ကိုသွားနေပြီ....လေယာဉ်ပေါ်တက်ဖို့
စောင့်နေတယ်...သူဘယ်ရောက်နေပြီ..ဘာလုပ်နေတယ်..ဆိုတာမက်ဆေ့ခ်ျနဲ့ပြောပြခဲ့ပါတယ်...
သူပို့ပေးတဲ့မက်ဆေ့ခ်ျတွေထဲမှာကျမကိုကျန်းမာရေးဂရုစိုက်ဖို့..ငိုမနေဖို့..အစားမှန်မှန်စားဖို့..
အကုန်မှာခဲ့ပါတယ်....သူလေယာဉ်ထဲဝင်ခါနီးမှာကျမစီဖုန်းဆက်ခဲ့ပါတယ်...သူအခုflight ထဲဝင်တော့မယ်...သူရန်ကုန်ရောက်တဲ့ညအွန်လိုင်းရအောင်လာခဲ့မယ်...ဆိုပြီး..ပြောပါတယ်..
ကိုဖုန်းချလိုက်တော့မယ်ဆိုပြီး...သူဖုန်းပိတ်လိုက်တဲ့အချိန်...ကျမမျက်ရည်တွေဘယ်လိုမှထိန်းလို့မရတော့
ပါဘူး..ဘေးနားကသူငယ်ချင်းက..နင်ဘာဖြစ်နေတာလဲဆိုပြီး..အတင်းလာမေးပါတယ်...
ကျမနေသိပ်မကောင်းလို့ဆိုပြီး..ညာပြောလိုက်ပါတယ်...အဲဒီည10း25 မှာလေယာဉ်ထွက်ပါတယ်..
ကျမအလုပ်ဆင်းခါနီးလေးပေါ့...ခါတိုင်းအလုပ်ကအပြန်ညတွေဟာကျမအတွက်အရမ်းအဓိပ္ပါယ်ရှိပါတယ်..
အခုတော့ကျမစိတ်ထဲ..သူ..ကျမနဲ့ဝေးတဲ့နေရာကိုသွားနေပြီ..ဆိုတဲ့အသိနဲ့..ဆောက်တည်ရာမရဖြစ်ခဲ့ရတယ်

အဲဒီညက...ကျမအတွက်ညတခုလုံးပျောက်နေသလိုပါဘဲ..ကျမဘာလုပ်ရမှန်းလည်းမသိပါဘူး....
ဘာတွေလုပ်နေမှန်းလည်းမသိတော့ပါဘူး...ကျမသိနေတာက..ကျမငိုနေတယ်ဆိုတာပါဘဲ...

သူက"မငိုရဘူးနော်..ပစ်ပစ်...သတိရတာကလွမ်းတာက..သပ်သပ်..စားစရာရှိတာစား..ဆေးလည်းသောက်ဖို့
မမေ့နဲ့နော်.."ဆိုပြီး..မှာသွားပေမဲ့...ကျမစိတ်ထဲမှာ..အရမ်းဝမ်းနည်းနေခဲ့တယ်..အရမ်းခံစားနေခဲ့ရတယ်...
ကျမဘယ်လိုမှနေလို့မရဘူး...ကျမစိတ်ထဲမှာသူနဲ့တွေ့ချင်တဲ့စိတ်တခုဘဲရှိနေခဲ့ပါတယ်...သူ့စကားသံ
တွေကိုဘဲနားထဲကြားယောင်နေတယ်...ကျမရူးမတတ်ပါဘဲ...သူငယ်ချင်းတယောက်ကအရင်ကပြောဖူးတယ်
သူ့ချစ်သူမာစတာတက်ပြီးလို့မြန်မာပြည်ပြန်သွားတုန်းက..သူ့အတွက်..အမေပျောက်သွားတဲ့ကလေးလို
ခံစားခဲ့ရတယ်တဲ့..ကျမအတွက်တော့..ကမ္ဘာတခုလုံးပျောက်သွားသလိုပါဘဲ...ကျမရင်ထဲဘယ်လိုခံစားရသလဲ
ဆိုတာ..ကျမမပြောပြတတ်ပါဘူး...ရင်ထဲဆို့နေတာတခုဘဲသိပါတယ်...အဲဒီညကိုကျမတယောက်ထဲရင်မဆိုင်
နိုင်ခဲ့ပါဘူး....နောက်ဆုံးတော့..အမေအိပ်လို့မရရင်သောက်ဖို့ဆရာဝန်ပေးထားတဲ့ဆေးကို..အမေမသိအောင်
ယူသောက်ပြီးအိပ်ခဲ့ရပါတယ်..ကျမအိပ်မပျော်ခင်အထိ..နားထဲကြားနေတာကတော့..သူ့စကားသံတွေပါဘဲ..

ညတိုင်းကျမ..မအိပ်ခင်သူမက်ဆေ့ခ်ျပို့ပေးနေကြပါ...ကျမဖုန်းထဲကMessage-inbox မှာ...message အစောင်151စောင်တိတိရှိပါတယ်...အားလုံးသူ့မက်ဆေ့ခ်ျတွေပါဘဲ..ကျမဖုန်းကလဲInboxမှာအစောင်
170လောက်ထက်ပိုလို့မရပါဘူး...အဲတော့ပိုလာရင်deleteလုပ်ပြစ်လိုက်ရပါတယ်..အကုန်လုံးသာ
သိမ်းထားလို့ရမယ်ဆိုရင်..ဘယ်လောက်တောင်ရှိမလဲမသိတော့ပါဘူး..သူပြန်သွားတဲ့ညမှာ..သူမက်ဆေ့ခ်ျ
ပို့မလာတော့ဘူးဆိုတာသိနေပေမဲ့...နားထဲမှာ..message alan လေးကိုကြားနေမိပါတယ်....ကျမငိုရင်းနဲ့ဘဲ
အိပ်ပျော်သွားပါတယ်...

နောက်နေ့..သူအွန်လိုင်းမလာပါဘူး...ကျမမှာတော့တညလုံးနီးပါးစောင့်နေလိုက်ရတာလေ..ခင်တဲ့ညီမလေး
တယောက်ကပြောပါတယ်...ရန်ကုန်ကဆိုင်တွေကည11နာရီဆိုပိတ်ပြီ..ရန်ကုန်11နာရီကျော်သွားရင်မစောင့်
နေနဲ့တော့တဲ့...စိတ်ထဲမှာတော့ဘာလို့မလာတာပါလိမ့်..ဆိုပြီး..စိတ်ပူတာရော..စိတ်မကောင်းတာရော
စုံနေတာပါဘဲလေ.....သူ့နစ်ထဲမှာလည်းသူနဲ့အတူတူပြန်သွားတဲ့..သူတွေထဲကတယောက်မှအွန်လိုင်း
တက်မလာပါဘူး..အဲတော့ဘာများဖြစ်နေလို့ပါလိမ့်ဆိုပြီး...စိတ်ပူနေရရော..ဘာတွေအဆင်မပြေဖြစ်နေလို့
ခုချိန်ထိအောင်..တည်းတဲ့နေရာမရောက်သေးတာပါလိမ့်ဆိုပြီး..ရင်ပူနေမိပြန်ရော...သူပြန်သွားတဲ့..နေ့ကစပြီး
ကျမရင်ထဲမောနေရတာအခုညထိပါဘဲ...

ဒီညအလုပ်ဆင်းတော့..အိမ်ကိုအပြေးပြန်လာ..ကွန်ပြူတာဖွင့်..Gmail ဖွင့်ကြည့်တော့..သူမရှိပါဘူး...
ရင်ထဲဟာသွားတာပါဘဲ...ခဏလောက်နေတော့..သူအွန်လိုင်းတက်လာပါတယ်..ကျမအလုပ်ဆင်းချိန်မှန်းပြီး
ဆိုင်ကိုလာတာတဲ့..ပျော်လိုက်တာလေ....အရင်နေ့တွေကငိုခဲ့ရသမျှ..အခုတော့..သူ့နစ်ကလေး
Busy sign လေးနဲ့နီနေတာတွေ့လိုက်ရတော့ဘယ်လိုပျော်သွားမှန်းတောင်မသိတော့ပါဘူး..သူအွန်လိုင်း
တက်တက်ချင်းကျမကိုရှိလားဘာလုပ်နေလဲမေးတယ်..


11:25 PM ကိုကို: ပစ်ပစ်
ရှိနေလား
ပြန်ရောက်လာပီလား
11:26 PM မနေ့က ကိုကို မလာလိုက်ရဘူး
11:27 PM တပ်ထဲမှလြုပ်စရာတွေကြာနေတာ
အပြန်တောင်နောက်ကျတယ်
ဒီနေ့ မှပဲလာရတော့တယ်
ကိုကိုလဲ ပစ်ပစိကို အရမ်းသတိရနေတာ
အရမ်ူလဲလွမ်းနေတာ
11:28 PM ဒီမှာ အရမ်းပူတာပဲ
မနေတက်ဘူး
ပစ်ပစ်ကော
နေကောင်းနေလား
11:29 PM me: ကို
ကိုကို: အင်း
me: အခုဘယ်မှာလဲ
မိုက်ခေါ်မယ်
ကိုကို: အခုမှပြန်ရောက်တာလား
me: အဆင်ပြေမလား
ကို
မဟုတ်ဘူး
11:30 PM ရေချိုါ်နေတာ
ကိုကို: ရန်ကုန်ရောက်နေပီ
အင်း
me: သိတယ်လေ

ကဲ..ကျမဘယ်လောက်ပျော်လိုက်မလဲ...စဉ်းသာစဉ်းစားကြည့်ပါတော့နော်...
အရင်နေ့တွေကငိုခဲ့ရသမျှ..အခုတော့ပျော်လိုက်တာလေ...အိုးးးကျမလေ..အရမ်းပျော်တယ်
သိလား...ပြောတောင်မပြတတ်ပါဘူးလေ...သူမနေ့ကဘာလို့မလာဖြစ်လဲဆိုတဲ့အကြောင်း
ပြောပြပါတယ်...ဒီနေ့ဘာတွေလုပ်ရတယ်..မနက်ဖန်ဘာတွေလုပ်ရမယ်ဆိုတဲ့အကြောင်းလည်း
ပြောပြပါတယ်...သူငယ်ချင်းအကိုအိမ်မှာခဏတည်းတယ်ဆိုတဲ့အကြောင်း..နယ်ပြန်ဖို့
ကားလက်မှတ်ဝယ်ပြီးပြီဆိုတဲ့အကြောင်း..(သူကနယ်ကပါ..ရန်ကုန်ကမဟုတ်ပါဘူး)
သူငယ်ချင်းအကိုကိုမေးပြီးအင်တာနက်ဆိုင်လာရတာတဲ့...ကျမကိုကျန်းမာရေးဂရုစိုက်ဖို့
အစားအသောက်မှန်မှန်စားဖို့...ဆေးမှန်မှန်သောက်ဖို့..မှာပါတယ်...


ကိုကို: ပြောထားရဲ့သားနဲ့ကွာ
အစားလေးပုံမှန်စားပါဆို
me: ဘာကိုလဲ
စားတာဘဲကိုရယ်..
စားလို့မှမဝင်တာ
ကိုကို: အုလိုမလုပ်ရင် ပစ်ပစ် ကို့ ကို ကို တကယ်မချစ်လို့ပဲ
me: ချစ်တယ်လေ..

အချစ်ဆိုတာကလည်းတမျိုးဘဲနော်...အခုလိုလေးကြတော့လည်း..စိတ်ထဲတမျိုးလေးဘဲ
နွေးတေးတေးလေးခံစားနေရသလိုဘဲ..ရန်ကုန်ကွန်နက်ရှင်ကလဲတော်တော်ဆိုးပါတယ်..
vzo ခေါ်တာကလဲ..ရလိုက်ကျလိုက်ပါဘဲ.....
အဲလိုကောင်းတဲ့ကွန်နက်ရှင်ပါ...


ကိုကို: လုပ်စိလုပ်စိလေးနဲ့
ဟဲဟဲ
11:50 PM me: ဘာလုပ်စိလဲ
ကို
ကိုကို: ၀က်ကမ်ကထစ်နေတယ်လေ
ရပ်နေရင်ကနေ
လုပ်စိလုပ်စိဖြစ်လာကိုလေ
me: ကို့ပုံကဆို..ရပ်နေရာကနေတချက်တချက်မှလှုပ်လာတာလေ
အခုကိုရီနေတယ်
11:51 PM ကိုကို: ပစ္ပစ္လဲလက္ကေလးကိုကာပီးောတ့
ရီနေတာလေ
တွေ့လိုက်ရတယ်
ကိုကို: အဲ
ချလိုက်ပီ
me: ကိုင်တယ်လေ
ကိုကို: ခေါ်နေတယ်နော်
me: ကိုခေးတကို
ဘယ်ကနေလဲ
ကိုကို: အကုန်လွမ်ားပေါ့
me: Vzo ကနေလား
gtalk ကနေလား
ကိုကို: အင်းပါ
12:05 AM me: အခုgtalk ကနေခေါ်နေတယ်
vzo မှာကမဲမဲကြီး
ဟလိုဆိုတာကြားရတယ်
နောက်ကကိုဆက်ပြောလားမပြောလားမသိဘူး
ကိုကို: ဘာကိုပြောတာလဲ
အင်း
ကိုကိုကတော့
တွေ့ရတယ်
ရပ်နေတယ်
12:06 AM me: အခုကျသွားပြိလေ



ကျမတို့နှစ်ယောက်တော်တော်ကြိုးစားပြီးတော့ကိုပြောလိုက်ရပါတယ်..
ကွန်နက်ရှင်ကြောင့်ပေါ့ရှင်...ဘာဘဲပြောပြောပါ..မတွေ့ရတာထက်စာရင်သူပြောတဲ့
လှုပ်စိလှုပ်စိလေး..တွေ့လိုက်ရလည်းအလွမ်းပြေပါတယ်နော်....ကျမကလည်းရန်ကုန်နဲ့
vzo ပြောနေကြမဟုတ်တော့..အထာမသိဘူး..သူကတော့သူ့အိမ်နဲ့vzo ပြောနေကြဆိုတော့
နဲနဲအထာသိတယ်..လိုင်းကျနေတာလားဘာလားဆိုတာ..ကျမကဘာမှမသိဘူး..
စွတ်ပြောတော့တာ..သူကဘာမှမကြားရဘူး..သူမကြားရလိုပြန်မပြောရင်ကျမကဘာလို့
ပြန်မပြောတာလည်းမေးရော..သူကအဲတော့မှကျမစကားပြောတယ်ဆိုတာသိတာ..
15မိနစ်လောက်ပြောပြီးတော့..ကျမလည်းနဲနဲအထာပေါက်သွားပါတယ်...vzo ကနေ..
ထစ်နေတာလေးကိုကြည့်ပြီးစာရိုက်ပါတယ်...အဲတော့မှဘဲအဆင်ပြေပါတယ်...ကျမလည်း
Vzoပြောရတဲ့နည်းလမ်းလည်းသိရော..ရန်ကုန်11နာရီထိုးနေပါပြီ..ဆိုင်ကပိတ်တော့မယ်တဲ့..
အဲတော့လည်းတာ့တာ့ဆိုပြီး..နှုတ်ဆက်လိုက်ရပါတယ်...

ကိုကို: စောစောဝင်အိပါ
ပြန်တဲံ ရက် ကဘယ်အချိန်အိပ်လဲ
ပု့မှန်ချိန်ပဲလား
me: 4နာရီလောက်တော့အိပ်ယာထဲဝင်တယ်..
အဲညကဆေးသောက်ပြီးအိပ်လိုက်တယ်
12:18 AM ကိုကို: အင်း
အဲထက်စောငအောင်ဝင်အိပ်
me: ပစ်ပစ်သိတယ်အဲလိုမလုပ်၇င်တညလုံးအိပ်ပျော်မှာမဟုတ်တော့ဘူး
ကိုကို: ၃ နာရီလောညက်ထ့ပဲနေတော့
me: 3နာရီလောက်အိပ်မယ်လေ..
နော်
ကိုကို: အင်း
၃ နာရီထံပဲနေ
me: ကို..ဘုရားလည်းရှိခိုးဦးနော်..
ကိုကို: ကိုကို့ ကိုပေးရမဲ့ အချိန်တွေမရှိတော့
စောစောအိပ်တော့


သူက3နာရီအိပ်လို့်ပြောသွားပေမဲ့....အခု3နာရီတော့ကျော်နေပြီ...Blog မှာတင်ချင်လို့လုပ်နေတာလေ......ကျမအခုလေ..အရမ်းပျော်နေတယ်
ကျမရေးထားတာတွေကိုဖတ်ပြီးရင်..မရီနဲ့နော်....ကျမစိတ်ထဲခံစားမိတာကိုကျမရေးနေမိတာ...
ကျမအတွက်ဒီနေ့..အမှတ်တရဖြစ်နေလို့ပါ.....ဒီရက်ကလေးတွေဟာကျမဘဝရဲ့နေ့တွေထဲက
အမှတ်တရနေ့လေးပါဘဲလေ..


blackroze

25.7.2011---- AM 4:28






26 June 2011

ကျမရဲ့ခံစားမှု့သံစဉ်....

Posted by blackroze at Sunday, June 26, 2011 10 comments
ကျမကိုဒီဘလော့လေးဖြစ်အောင်စပြီးကူညီပေးခဲ့တဲ့သူကတော့ သူငယ်ချင်းတွေအားလုံးက
CAS လို့ခေါ်ကြတဲ့...နေညှိ..ဆိုတဲ့ဘလော့ဂါသူငယ်ချင်းပါ...ချော့ကလက်ဆိုတဲ့ social-site တခုကနေ
သူနဲ့ခင်ခဲ့ပါတယ်....နောက်တော့သူကကျမကဗျာတွေဝါသနာပါတယ်ဆိုတာသိလို့..သူ့ရဲ့Bloglink လေး
ပေးခဲ့ပါတယ်....အဲလိုလုပ်ချင်တယ်..ကူညီပေးပါဆိုပြီး..ကျမသူ့ကိုအကူအညီတောင်းခဲ့ပါတယ်...
အဲအချိန်တုန်းကသူကရန်ကုန်မှာပါ...ရန်ကုန်Connectionကလည်းအားလုံးသိကြတဲ့အတိုင်းဘဲလေ...
တက်လိုက်ကျလိုက်နဲ့..အဲလိုဆိုးဝါးလှတဲ့connection ဆိုတာကြီးနဲ့ရန်ဖြစ်ပြီး...ကျမတို့နှစ်ယောက်
ခံစားမှု့သံစဉ်ဆိုတဲ့..ဒီဘလော့လေးကို..တည်ဆောက်ခဲ့ကြပါတယ်.. အရင်ဆုံးပြသနာတက်တာကတော့
template ရွေးတာပါဘဲ..ကျမကြိုက်တဲ့တန်းပလိတ်မှန်သမျှအဆင်မပြေပါဘူး...သူ့ရန်ကုန်ကွန်နက်ရှင်
မကောင်းလို့ဒေါင်းလုပ်အဆင်မပြေတာလည်းပါ..ပါတယ်...နောက်တော့သူဒေါင်းလုပ်..လုပ်လို့အဆင်ပြေတဲ့
တန်းပလိတ်ကိုဘဲရွေးပြီးထားလိုက်ပါတယ်..အဲဒီတန်းပလိတ်လေးကတော့...ခံစားမှု့သံစဉ်ရဲ့..
ပထမဆုံးနောက်ခံBackground အညိုရောင်..တန်းပလိတ်လေးပါဘဲ...နောက်တော့ဘလော့တခုမှာရှိရမဲ့
C-box ..နောက်တခြားလိုတာလေးတွေ..သူကူညီပြီးလုပ်ပေးခဲ့ပါတယ်...သူလည်းတတ်နိုင်သလောက်
ကျမကိုကူညီပြီး..သူမသိတာတွေကိုတခြားသူတွေစီမေးပြီးကူညီပေးခဲ့ပါတယ်...
အဲဒါနဲ့ဘဲတလကျော်ကျော်လောက်အချိန်ယူပြီးတဲ့အခါမှာတော့..ခံစားမှု့သံစဉ် ....ဆိုတာဖြစ်လာခဲ့ပါတယ်....အဲဒီအတွက်...ကျမဒီနေရာကနေကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါရစေ..
Cas ရေ...ကျေးဇူးအများကြီးတင်ပါတယ်..Thank u xoxo much ...း)

နောက်ထပ်ကျမပြောချင်တာကတော့..ကျမရဲ့ခံစားမှု့သံစဉ်..ကိုလာကြတဲ့သူမရှိပါဘူး...
လုံးဝကိုမရှိတာပါ..အခုလည်းအများကြီးမရှိပါဘူး...ဒါပေမဲ့အခုအနေအထားကကျမကိုခံစားမှု့သံစဉ်ဆိုတာနဲ့
တွဲစပ်ပြီး...blackroze..ဆိုပြီးခင်ကြတဲ့သူငယ်ချင်းတွေရှိနေပါပြီ..အရင်ကလုံးဝကိုမရှိတာပါ...
အဲဒီအချိန်တုန်းကကျမအရမ်းကိုအားငယ်ခဲ့ပါတယ်...သူများဘလော့တွေသွားကြည့်ရင် C-box ထဲမှာ
နှုတ်ဆက်သွားတာတွေ..ကော်မက်လေးတွေတွေ့တဲ့အခါကျမအရမ်းအားကျခဲ့ပါတယ်....
သူများတွေအတွက်လွယ်ကူတာတွေကကျမအတွက်အမြဲတမ်းခက်ခဲပါတယ်...အဲဒါကငယ်ငယ်ကထဲကနေ
အခုထိပါဘဲ..ကျမလိုချင်တာကိုဘယ်တော့မှအလွယ်တကူရခဲ့တယ်ဆိုတာမရှိသလောက်ပါဘဲ...
ကျမစိတ်ဓါတ်မကျဘဲအချိန်ကိုစောင့်ခဲ့ပေမဲ့လည်း...ဒီအတိုင်းကဒီအတိုင်းပါဘဲ..ကျမဘလော့လေး
တိတ်ဆိတ်နေဆဲပါဘဲ....နောက်ဆုံးမှာကျမတခုခုကိုဆုံးဖြတ်ခဲ့ပါတယ်...ကျမအဖေကျမကိုငယ်ငယ်တုန်းက
ပြောခဲ့ဖူးပါတယ်...သမီး..အရာတခုကိုမရနိုင်တော့ဘူးဆိုရင်အဲဒါကိုစွန့်လွှတ်လိုက်ဖို့ဝန်မလေးရဘူး...
ဆိုတဲ့စကားပါ..အဲစကားအတိုင်း...ရယူဖို့မဖြစ်နိုင်တော့ဘူးလို့သတ်မှတ်ပြီး...
စွန့်လွှတ်လိုက်ဖို့ကြိုးစားလိုက်ပါတယ်....ကျမတနေ့cas နဲ့အွန်လိုင်းမှာတွေ့တော့ပြောပြလိုက်ပါတယ်..
ကျမဒီဘလော့လုပ်ထားတဲ့..blackroze.flower..ဆိုတဲ့အကောင့်ကိုဘန်းလိုက်တော့မယ်ဆိုပြီးတော့ပါ..
သူကမလုပ်ပါနဲ့လို့တားပါတယ်..လုပ်ပြီးတဲ့အရာတခုကိုမဖျက်ဆီးဘဲ..ဆက်ကြိုးစားဖို့ပါ..ကျမအဲအချိန်မှာ
တော်တော်လည်းစိတ်ပျက်..အားငယ်နေမိတာပါ...

နောက်တော့ကျမစဉ်းစားမိပါတယ်...ကျမဘာအတွက်ဒီဘလော့လုပ်ဖြစ်တာလဲဆိုတာကိုတွေးမိပါတယ်..
ကျမရင်ထဲမှာခံစားမိတာတွေကိုကျမဖွင့်ဟချင်လို့စာမျက်နှာတစ်ခုတည်ဆောက်ခဲ့တာပါ..
ကျမအလုပ်မှာမွန်းကြပ်လာတဲ့အခါ...မိသားစုကိစ္စတွေနဲ့စိတ်ညစ်လာတဲ့အခါ..
ကျမအတွက်ခံစားမိတာတွေကိုရင်ဖွင့်လို့ရတဲ့..နေရာလေးတခုလိုချင်မိတာပါ...
ပြောရရင်တော့ခံစားမှု့သံစဉ်ဆိုတာ..ကျမဘဝရဲ့ပုံရိပ်တွေကိုသိမ်းထားပေးတဲ့နေရာလေးတခုလို့
ဆိုလိုချင်ပါတယ်..ဒီဘလော့လေးထဲမှာ..ကျမဘဝထဲကတချို့သောသူတွေကိုရည်ရွယ်ပြီး..
ရေးထားတဲ့ကဗျာတွေရှိတယ်..ကျမသတိရမိတဲ့ငယ်ငယ်ကနေခဲ့တဲ့မြို့လေးကိုရည်ရွယ်ပြီး
ရေးထားတာရှိတယ်..ကျမစိတ်ထဲခံစားမိတာလေးတွေ...ကျမတွေးမိတာလေးတွေ..ကျမရဲ့ခံစားချက်တွေ
အများကြီးပါ...ဒီအထဲမှာကျမသိမ်းထားပါတယ်..ကျမဘလော့သာရေးနေတာပါ..တကယ်တော့တန်ဖိုး
ရှိတဲ့စာတွေကိုဖန်တီးပြီးရေးနေမိတာမဟုတ်ပါဘူး....ကျမရိုးသားစွာဝန်ခံပါရစေ...
ကျမရဲ့ခံစားမှု့သံစဉ်ထဲမှာ....ကျမရဲ့ခံစားချက်တွေကလွဲလို့တန်ဖိုးရှိတာတွေမရှိပါဘူး....
ကျမရဲ့ခံစားချက်လေးတွေကိုဘဲလာဖတ်ပေးကြတဲ့..ကျမခင်မင်ရတဲ့မိတ်ဆွေတွေ..သူငယ်ချင်းတွေ
အကိုတွေအမတွေ..အားလုံးကို..ကျေးဇူးပါလို့.....။။။။

ကျမရဲ့ဘလော့လေးကိုပထမဦးဆုံးလာတဲ့သူကတော့...မကြီးချောပါ....
ကျမဘလော့ကိုdeleteလိုက်ဖို့စဉ်းစားနေတုန်းမှာဘဲ...ကိုဏီကခင်တတ်ပါတယ်ဆိုတဲ့
နှုတ်ဆက်စကားလေးနဲ့ရောက်လာခဲ့တဲ့..အကိုဏီလင်းညို..ကိုဗညား...အမမိုးငွေ့..
နောက်တော့အားလုံးကမမကွန်လို့ခေါ်ကြတဲ့..အမခင်ဦးမေ.............။။။

ကျမအလုပ်ကပြန်လို့ဘလော့လေးထဲဝင်ကြည့်လိုက်တဲ့အခါမှာ..ကျမရဲ့C-boxလေးထဲမှာ..
နှုတ်ဆက်စကားလေးတွေတွေ့လိုက်ရတော့...ပျော်သွားတဲ့အပျော်ဟာမျက်ရည်ကျမိတဲ့အထိပါဘဲ...
နောက်တော့ကျမရဲ့ခံစားချက်တွေကိုရေးရင်းနဲ့ကျမစီကိုလာလည်ကြတဲ့သူတွေရှိလာပါတယ်..
ကျမဘလော့လေးစီကိုလာလည်ကြဖူးတဲ့သူအားလုံးကိုကျမကျေးဇူးတင်ပါတယ်.....
(ဘယ်သူဘယ်ဝါဆိုပြီးနာမည်တပ်ပြီးတယောက်ချင်းမပြောတော့ဘူးနော်...)
အားလုံးကို XOXO THANK U ပါ

နောက်ထပ်ပြောချင်တာကတော့..ကျမကိုဘလော့နဲ့ပတ်သက်ပြီးကျမမသိတာတွေကို..သင်ပေးခဲ့တဲ့
စိုးဧပြီရယ်မွန်..သီချင်းဆိုက်ရဲ့ပိုင်ရှင်ကိုစိုးပါဘဲ...ကျမမသိတာတွေကိုသူအများကြီးပြောပြသင်ပေးခဲ့ပါတယ်...
ကျမအစကတန်းပလိတ်တောင်ကိုယ့်ဘာသာမပြောင်းတတ်ပါဘူး...သူသင်ပေးလို့သာပြောင်းတတ်သွား
တာပါ...ကျမကလည်းတော်တော်ဒုံးဝေးပါတယ်..တခါတလေ..Left-clickနှိပ်ရမှာလား..
right-clickနှိပ်ရမှာလား..မသိပါဘူး...အဲလိုဖြစ်ပါများတော့...leftclick ဆိုရင်..လက်ညှိုး..rightclickဆိုရင်
လက်ခလယ်လို့သတ်မှတ်ထားလိုက်ပါတယ်..leftclickနှိပ်ရမဲ့ဟာဆို..လက်ညှိုးကိုနှိပ်နော်...
rightclickဆိုရင်လက်ခလယ်ကိုနှိပ်နော်အမ..ဆိုပြီးသူအမြဲပြောလေ့ရှိပါတယ်..
ကျမဒီနေရာကနေပြောလိုက်ပါရစေ...ကျမ...ကျေးဇူး....အရမ်းတင်ပါတယ်ကိုစိုး....၊။။



ကျမရဲ့ခံစားမှု့သံစဉ်ကို...ကျမဘယ်အချိန်ထိရေးဖြစ်နေမလဲကျမမသိပါဘူး...
လူဆိုတာကအချိန်နှင့်အမျှပြောင်းလဲသွားတတ်ကြပါတယ်...ဘဝအနေအထားတွေလည်း
တသတ်မတ်တည်းမဟုတ်ဘဲနိမ့်လိုက်မြင့်လိုက်နဲ့...ပြောင်းလဲသွားတတ်ပါတယ်..
ကျမကတော့ကျမဘဝထဲကခံစားချက်တွေကိုကျမအချိန်ပေးနိုင်သလောက်အနေအထားအထိ
ရေးဖြစ်နေမယ်ထင်ပါတယ်..ကျမဒီဘလော့လေးကိုဆက်မရေးဖြစ်တော့တဲ့အချိန်မှာလည်း
တချိန်ကကျမရေးခဲ့ဖူးတဲ့ကျမရဲ့ခံစားချက်လေးတွေ..ကျမရဲ့ကဗျာလေးတွေ...ကျမရဲ့သူငယ်ချင်းတွေ
အားလုံးကိုကျမမေ့မသွားပါဘူး...အမြဲတမ်းရင်ထဲမှာအမှတ်တရရှိနေမှာပါ....
ကျမအရင်ကရေးခဲ့ဖူးပါတယ်...တနေ့သောအိမ်ပြန်ချိန်ဆိုတာလေး..
အဲအထဲကအတိုင်းပါဘဲ..ကျမကိုနှုတ်ဆက်ပြီးအိမ်ပြန်သွားကြတဲ့သူတွေ...
မနှုတ်ဆက်ဘဲအိမ်ပြန်သွားကြတဲ့သူတွေ...ကျမနဲ့ခင်ခဲ့ဖူးတဲ့သူတွေအားလုံးကို
ခံစားချက်လေးတွေနဲ့အတူတူသိမ်းထားမှာပါ.......

တကယ်တော့ခံစားမှု့သံစဉ်ဆိုတာ...ကျမရဲ့ခံစားချက်တွေကိုဘဲကျမရေးနေမိတဲ့
နေရာလေးတခုပါ..ကျမရဲ့ရင်ဖွင့်ရာနေရာလေးပါ...အပြင်မှာတကယ်လက်တွေ့မပြောဖြစ်ခဲ့တဲ့
ကိစ္စတွေ..ကျမဖွင့်ဟပေါက်ကွဲခွင့်မရှိတဲ့အလုပ်မှာဖြစ်ခဲ့ရတဲ့ဒေါသတွေ..ကျမရဲ့ရင်ခုန်သံတွေ...
ကျမရဲ့မျှော်လင့်ချက်လေးတွေ...ကျမနာကျင်ခံစားခဲ့ဖူးတာတွေ..ကျမရဲ့ရင်ထဲကနေဖန်တီးလိုက်တဲ့
ကဗျာလေးတွေ......အားလုံးဟာကျမနှလုံးသားရဲ့အစိတ်အပိုင်းလေးတွေပါ....။။။
နောက်ထပ်လည်းခံစားချက်ပါတဲ့ကဗျာတွေ..စာတွေအများကြီးရေးချင်ပါသေးတယ်လေ...။။။

Blackroze ....(26.6.2011---- AM4:20)

28 May 2011

Today..

Posted by blackroze at Saturday, May 28, 2011 5 comments
ဒီနေ့မနက်....
အိပ်ယာကမနိုးခင်ဖုန်းလာပါတယ်...အဲဖုန်းအသံကြောင့်ဘဲနိုးသွားတာပါ...
မိုးတွေရွာနေပါတယ်...စောင်ပြန်ခြုံပြီးဆက်အိပ်ပါတယ်...

ဒီနေ့နေ့လည်
မိုးတွေရွာနေဆဲပါ...အလုပ်ကိုထီးဆောင်းပြီးသွားရတယ်..
အလုပ်မှာ coffee ... နှစ်ခွက်သောက်တယ်...
ထမင်းစားတော့သတ်သတ်လွတ်ဟင်းနဲ့စားတယ်...

ဒီနေ့..ညနေ

အလုပ်ကသူငယ်ချင်းကသူ3နှစ်တိတိတွဲလာတဲ့ချစ်သူကို ဖုန်းကနေ message တကြောင်းဘဲ
ပို့ပြီးဖြတ်လိုက်တဲ့အကြောင်းသေချာပြောပြတယ်...ဘာကြောင့်သူအဲလိုဖြတ်လိုက်ရတာလဲ
ဆိုတဲ့အကြောင်းရင်းကိုလဲ..သေချာပြောပြတယ်...တကယ်တော့မိန်းမတွေအကြောက်ဆုံးအရာက
အလိမ်ညာခံနေရမှာကိုပါဘဲ...မိန်းမတွေခွင့်မလွှတ်နိုင်ဆုံးကလဲ...ကိုယ့်ကိုအရေးမထားတာပါဘဲ..
ကျမသူငယ်ချင်းဆုံးဖြတ်တာမှန်ပါတယ်...ကျမသူ့ကိုအားပေးနှစ်သိမ့်ပေးခဲ့ပါတယ်...

ဒီနေ့..ည

အိမ်ပြန်တဲ့အထိမိုးရွာနေတုန်းပါဘဲ..မိုးရွာထဲအိမ်ပြန်လာရင်း..ဟိုရက်ပိုင်းလေးကမှ
အလုပ်ထွက်သွားတဲ့ကျမသူငယ်ချင်းကိုသတိရမိပါတယ်..သူရန်ကုန်မှာအဆင်ပြေရဲ့လား..
ပျော်နမလားဆိုပြီးတော့ပါ...ကျမကြိုက်တဲ့မုန့်တွေကိုကျမအစား..စားခဲ့ပါလို့မှာလိုက်ပါတယ်...
အဆင်ပြေရင်အွန်လိုင်းလာခဲ့ပါလို့မှာလိုက်ပါတယ်...သူထိုင်ဝမ်ကို..ပြန်လာဖြစ်ခဲ့မယ်ဆိုရင်လည်း
ကျမစီပထမဆုံးဖုန်းဆက်ဖို့လည်း..မှာလိုက်ပါတယ်.....သူတကယ်လုပ်မလုပ်တော့မသိပါဘူး...
ကျမတော့သူ့ကိုသတိရနေမိပါတယ်....ဟိုအကြောင်းဒီအကြောင်းတွေတွေးရင်းနဲ့အိမ်ပြန်ရောက်ပါတယ်..
အိမ်ရောက်တော့လား.....ထုံးစံအတိုင်းပေါ့နော်....အရင်နေ့တွေကအတိုင်းပါဘဲ....သိပ်မထူးခြားပါဘူး
ဒီလိုပါဘဲ..ဒီလိုပါဘဲ...ဒီလိုပါဘဲ..............
လောကကြီးမှာအရာရာကိုစိတ်တိုင်းမကျတဲ့သူ...ဘယ်သူပါလဲဆိုရင်...ကျမဖြစ်လိမ့်မယ်ထင်ပါတယ်..
ကျမဒီညဘာကိုမှစိတ်တိုင်းမကျဘူး....ကျမတခုခုကိုပေါက်ကွဲပလိုက်ချင်တယ်....ကျမရင်ထဲအရမ်းမွန်းကျပ်
နေတယ်...ဟိုးအရင်က...ရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့....ကျမဟာ...နူးညံတဲ့သူတယောက်လား...
ဒါမှမဟုတ်....အရမ်းကိုနာကျင်မာကျောခဲ့သူလား...ကျမကိုယ်တိုင်တောင်မသိတော့ပါဘူး...

အခုလား.....

သီချင်းနားထောင်နေတယ်လေ...စာရေးနေတယ်လေ...ဘာသီချင်းလဲဆိုတော့...
L saize ရဲ့....တိတ်တိတ်လေးဘဲချစ်သွားမယ်...တဲ့..ကျမကတော့တိတ်တိတ်လေးမချစ်ချင်ပါဘူး
တလောကလုံးသိသွားအောင်..ဒါကျမအရမ်းချစ်ရတဲ့သူပါဆိုပြီး...ကြော်ငြာလိုက်မှာ... :P

မနက်ဖန်အတွက်...
ဘာအစီအစဉ်မှမရှိပါဘူး...အဲ..ဒါပေမဲ့အလုပ်တော့သွားရမှာပါ..ကျမအလုပ်ကsat..sun မနားပါဘူး..
ကြားရက်နားရတာပါ..တနှစ်မှာနှစ်ကြိမ်တော့sat..sun ..နားရက်နဲ့ဆုံပါတယ်...

အခုလောလောဆယ်ဖြစ်ချင်နေတာလေး....
ကျမဂစ်တာတီးပြီးသီချင်းတပုဒ်လောက်ခပ်တိုးတိုးဆိုချင်ပါတယ်...ရန်ကုန်မှာထားခဲ့တဲ့
ကျမအခန်းထဲကဂစ်တာလေးကိုအရမ်းလွမ်းမိပါတယ်...အဲဒီဂစ်တာလေးကိုကျမ10တန်းဖြေပြီးတဲ့
နှစ်မှာမုန့်ဖိုးစုပြီးဝယ်ခဲ့တာပါ...ကျမဘဝရဲ့သက်မဲ့ပစ္စည်းတွေထဲမှာကျမအမြတ်နိုးဆုံးပါ.....

အခုလက်ရှိအလုပ်သင့်ဆုံးအရာ...
အိပ်ယာထဲသွားသင့်နေပါပြီ...မနက်5း07 ရှိနေပါပြီ...ဆန္ဒရှိလို့သာစာရေးနေတာ
တကယ်တော့မျက်လုံးတွေကအရမ်းအိပ်ချင်နေပါပြီ...
မအိပ်ခင်တော့သီချင်းလေးတပုဒ်လောက်တော့နားထောင်ပါရစေနော်..
Lလွန်းဝါရဲ့....နှစ်ယောက်တစ်အိမ်မက်......တဲ့ (@-@)

17 April 2011

ဆုံဆည်းပါရစေ....

Posted by blackroze at Sunday, April 17, 2011 8 comments
နှစ်ဆန်းတစ်ရက်နေ့မှာ...ကုသိုလ်ကောင်းမှုအတူတူလုပ်ခဲ့ကြပါတယ်...
မနက်စောစောထပြီး(သူ့စီကတော့မနက်5နာရီပေါ့..ကျမစီမှာတော့မနက်9နာရီ)
ဆွမ်းချက်..သစ်သီးပွဲပြင်...သောက်တော်ရေလဲ...ဘုရားဆွမ်းတူတူကပ်ခဲ့တယ်..
ပရိတ်တူတူရွတ်ခဲ့ပါတယ်..ဘုရားစီမှာဆု....အတူတူတောင်းခဲ့တယ်.....
ဒီနေ့မှာတောင်းခဲ့တဲ့ဆုတွေအားလုံးပြည့်ချင်ပါတယ်...

သူ့ဘုရားစင်လေးပါ....




ကျမအိမ်ကဘုရားစင်လေးပါ...

4နာရီလောက်အချိန်ကွာနေတဲ့နေရာဒေသနှစ်ခုဖြစ်ပေမဲ့
ဘုရားတူတူရှိခိုးနိုင်ဖို့ကြိုးစားခဲ့ပါတယ်...
ဘုရားရှိခိုးပေမဲ့ဆုမတောင်းဖြစ်ခဲ့တာတော်တော်ကြာပါပြီ....
ဒီနေ့ဆုတောင်းခဲ့တယ်..
တောင်းတဲ့ဆုလည်းပြည့်ချင်ပါတယ်....

မင်္ဂလာရှိတဲ့နှစ်သစ်ကူးလေးမှာအားလုံးဘဲပျော်ရွှင်ချမ်းမြေ့ကြပါစေ....။။။။

17.4.2011 Pm 11:50

03 April 2011

林義傑 (သို့မဟုတ်) ကျော်ထူး

Posted by blackroze at Sunday, April 03, 2011 4 comments
林義傑 ဆိုတာကျမတို့ အလုပ်ကကွန်ပြူတာပြင်တဲ့ section ကပါ...သူ့ကိုကျမတို့တွေက မြန်မာလို
ကျော်ထူးဆိုပြီး...နာမည်ပြောင်ပေးထားပါတယ်... တကယ်လည်း ဟာသသရုပ်ဆောင်ကျော်ထူးနဲ့
ခပ်ဆင်ဆင်တူပါတယ်...အသက်40ကျော်ပတ်ဝန်းကျင်ရှိပါလိမ့်မယ်...သူကကွန်ပြူတာပြင်တဲ့section
ကလို့သာပြောတာပါ...တကယ်တော့ကွန်ပြူတာဘာမှမကျွမ်းပါဘူး...ကျမတို့အလုပ်ကIC တွေကို စက်တွေ
ကွန်ပြူတာတွေနဲ့ testing လုပ်ပေးရတာပါ..တခါတလေ..IC Test တွေမှာ.error တွေခဏခဏပြတတ်ပါတယ်....အဲဒါဆိုရင်ကျမတို့က..No bin 1 ဆိုပြီး complain တင်ပေး၇ပါတယ်...
သူတို့ကွန်ပြူတာsec ကလူတွေကကွန်ပလိန်းတက်လာရင်....ဘယ်ကွန်ပြူတာနံပါတ်က..error တက်နေတာလဲဆိုပြီး..လာပြင်ပေးရတာပါ..တခါတလေ..ကွန်ပြူတာထဲမှာတင်သူတို့လုပ်ပေးလို့ရသွား
တာလဲရှိသလို...ကွန်ပြူတာနဲ့စက်နဲ့Join ပေးတဲ့နေရာမှာ..box ကိုဖွင့်ပြီးပြင်ရတာလဲရှိပါတယ်...
အဲလိုအခါမျိုးဆိုရင်ကျော်ထူးတို့တိုင်ပတ်တော့တာပါဘဲ...သူကမကျွမ်းကျင်ဘူးလေ...ကွန်ပြူတာလာပြင်ရင်
သူလုပ်တာကသုံးမျိုးဘဲရှိပါတယ်..

ပထမတခုကစက်ရဲ့ socket ကိုဖွင့်ချလိုက်ပြီး...IC လေးကိုsocket ထဲမှာ
ထည့်ပြီး...ကွန်ပြူတာကနေ..အချက်အလက်တွေကိုအသေးစိတ်ကြည့်ပြီးဘာလုပ်၇မယ်ဆိုတာဆုံးဖြတ်တာပါ
(အဲလိုလုပ်တာကိုကျမတို့စက်ကြည့်ပေးရတဲ့..သူတွေကမကြိုက်ကြပါဘူး..အဲလိုsocket ဖွင့်လိုက်ရင်
အဲဒီIC တွေက..စာရင်းအရေအတွက်မကိုက်တော့ပါဘူး...ဒါဆိုရင်..ကျမတို့အလုပ်ထဲမှာကတော့
အဲလိုဖြစ်တာကိုSPC fail တယ်လို့သတ်မှတ်ပါတယ်...section မန်နေဂျာကိုလက်မှတ်ထိုးခိုင်းရပါတယ်
မန်နေဂျာကလဲအဲလိုဖြစ်တာကိုမကြိုက်ပါဘူး....ဘာကြောင့်ဆိုပြီးလက်မှတ်သွားထိုးခိုင်းတဲ့သူကိုရစ်ပါတယ်..)

သူပြင်တတ်တဲ့ဒုတိယနည်းကတော့...ကွန်ပြူတာကိုKal တာပါ...ကွန်ပြူတာကိုReflesh ပေးသလိုပါဘဲ
နာရီဝက်လောက်ကြာပါတယ်...အဲနည်းကလဲ..သိပ်မစွံပါဘူး...kal ပြီးပေမဲ့..ကောင်းချင်မှကောင်းတာပါ..

တတိယနည်းကတော့ကွန်ပြူတာနဲ့စက်နဲ့ Join ထားတဲ့နေရာကBox ကိုဖွင့်ပြီး...DIB ကိုလဲပေးတာပါ...
IC ကိုအဲဒီ DIB ကဘဲစစ်ပေးတာပါ..သူကအဓိကအစိတ်အပိုင်းပါ...အဲဒါကိုလဲလိုက်ရင်တခါတလေ..
ကောင်းသွားတတ်ပေမဲ့..တခါတလေကျရင်..ဒီဟာကောင်းသွားပေမဲ့..နောက်တမျိုးကError ပြတတ်ပါတယ်..

သူကလဲအဲနည်းသုံးမျိုးအောက်ကနေပြင်လို့ရရင်ရ..မရရင်...ဒါကIC ပရိုဂရမ်ရဲ့ပြသနာဆိုပြီး..IC ပရိုဂရမ်အင်ဂျင်နီယာကိုလွှဲချလိုက်ပါတယ်...

ကျမတို့စက်ကြည့်ပေးရတဲ့သူတွေကလည်း..တခုခုဆိုရင်...ပြင်လို့ကောင်းသွားတာဘဲလိုချင်ကြပါတယ်..
သူကလဲဘာမှကျွမ်းကျွမ်းကျင်ကျင်မရှိတော့....ကျမတို့MA section ကလူတွေတိုင်တာကိုခဏခဏခံရပါတယ်...တချို့ကတော့လည်း...အတိုင်အတောမထူပေမဲ့..တချို့ကျတော့
လည်းနဲနဲလေးမှအမှားမခံပါဘူး..တခုခုဆို...တိုင်ပြစ်လိုက်တာများပါတယ်...ပြောရရင်..သူ့ဆိုဘယ်သူမှ
အထင်မကြီးမလေးစားကြပါဘူး....သူ့ပုံကလဲနဲနဲလေးမှအထင်ကြီးစရာမရှိပါဘူး...လူပုံကကုတ်ချောင်းချောင်း..
အဝတ်အစားကလဲမသပ်မရပ်...အဆိုးဆုံးကကိုယ့်ကိုကိုယ်ယုံကြည်မှု့မရှိတာပါ....သူကသူ့ကိုယ်သူမယုံ
မှတော့သူများကရော..သူ့ကိုယုံကြည့်ပါတော့မလား...ကွန်ပြူတာsectionကတခြား လူတွေဆိုရင်...ကျမတို့
ကွန်ပလိန်းတင်လိုက်ရင်...လာတာနဲ့ဘာမှတောင်မေးမနေဘူး..သူတို့ဘာသာသူတို့ ENG menu အောက်ကနေပြင်သွားတာများပါတယ်...သူတို့ကလုပ်ရင်းနဲ့တခုခု Fail တယ်ဆိုရင်လည်းကျမတို့MA ကလူတွေကဘာမှမပြောရဲပါဘူး...မန်နေဂျာကိုလက်မှတ်ပြေးထိုးခိုင်းလိုက်ရတာပါ....ဒါပေမဲ့
ကျော်ထူးလာပြင်ရင်တော့..MA ကလူတွေကဘေးနားကနေကြည့်ပြီး..ပွစိပွစိလုပ်လိုက်...တခုခုfail တယ်ဆိုရင်..သူ့ကိုအပြစ်ပြောလို့မဆုံးတော့ပါဘူး...သူကလဲဟိုနည်းသုံးမျိုးကနေလွဲလို့..တခြားနည်းနဲ့
ပြင်တယ်ဆိုတာမရှိသလောက်ပါဘဲ....သူကိုယ်တိုင်ကလဲမကျွမ်းကျင်တောာ့...သူများပြောစရာကိုဖြစ်နေ
တော့တာပါဘဲလေ...သူ့ကိုယ်သူလဲသိတယ်ထင်ပါရဲ့..အမြဲတမ်းကြည့်လိုက်ရင်ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့
ဘယ်တော့မှမော်မော်ကြွားကြွားဆိုတာမရှိပါဘူး..သနားစရာလည်းကောင်းပါရဲ့လေ.....

ကျမတို့သူငယ်ချင်း5ယောက်ကတော့သူ့ကိုသနားလို့ဘယ်တော့မှမတိုင်ပါဘူး....ကိုယ်တိုင်စရာ
မလိုအောင်လည်းသူများတွေကတိုင်ထားတာပွနေတာဘဲလေ...ဟိုနေ့ကသူ..ကျမကြည့်ပေးရတဲ့
ကွန်ပြူတာကိုလာပြင်ပါတယ်....ထုံးစံအတိုင်းပေါ့...သူ့ရဲ့နည်းသုံးခုထဲကပထမနည်းကိုသုံးမယ်တဲ့
socket ဖွင့်မယ်တဲ့...ကျမအချိန်ကိုကြည့်လိုက်တော့..ည7နာရီကျော်နေပါပြီ...အလုပ်ဆင်းဖို့
2နာရီကျော်လောက်ဘဲလိုတော့တာပါ...သူလုပ်လို့ကောင်းသွားရင်ကိစ္စမရှိပါဘူး...မကောင်းခဲ့ရင်
တိုင်ပတ်သွားမဲ့သူကကျမပါဘဲ..အလုပ်ဆင်းခါနီးမှမန်နေဂျာကိုလက်မှတ်သွားထိုင်းခိုင်းရင်...ကျမကို
ရစ်လိုက်မယ့်ဖြစ်ခြင်း...ကျမလဲအလုပ်ဆင်းခါနီးစိတ်ရှုပ်မခံချင်ပါဘူး...ဒါနဲ့ socket မဖွင့်ဘဲတခြားနည်းနဲ့
ကြိုးစားကြည့်ပါလားဆိုတော့..သူကလဲဘာမှမသိတော့...ဟိုလိုလိုဒီလိုလိုလုပ်နေတော့တာပါဘဲလေ..

ကျမလဲစိတ်တိုလာတာနဲ့ပြင်မနေပါနဲ့တော့...ထားလိုက်တော့လို့ပြောလိုက်ပါတယ်..ကျမဘာသာ
ညပိုင်းသမားကိုသူတို့ညပိုင်းsection ကကွန်ပြူတာပြင်တဲ့သူကိုလာကြည့်ခိုင်းဖို့ပြောလိုက်မယ်လို့...
ဆိုပြီးပြောလွတ်လိုက်ပါတယ်...အဲတော့လည်းခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့ထွက်သွားပါတယ်...

ရင်ထဲမှာစိတ်တိုင်းမကျလို့စိတ်မော၇တာရော...သူ့ကိုကြည့်ပြီးအားနာမိတာရောနဲ့အဲနေ့အလုပ်က
ပြန်တော့စိတ်တော့မကောင်းဖြစ်မိပါတယ်..ကျမစဉ်းစားမိတာက..လူတယောက်ကတနေရာမှာအခြေအနေ
တကျရပ်တည်ဖို့ဆိုတာ...အရည်အချင်းဆိုတဲ့စွမ်းအားတခုပြည့်စုံမှဖြစ်မယ်ဆိုတာပါဘဲ....ကျော်ထူးက
နေရာတခုတော့ရထားပါရဲ့...အဲနေရာမှသူနေဖို့အရည်အချင်းမပြည့်စုံတော့..သူ့မှာအမြဲတမ်း...အနှိမ်ခံ
လိုဖြစ်နေတော့တာပါဘဲ....သူလဲသူ့ကိုအဲလိုဆက်ဆံကြတာကိုစိတ်မကောင်းဖြစ်မိမှာသေချာပါတယ်...

ဒါပေမဲ့..ကျမတို့ MA section ကလူတွေအနေနဲ့ကျတော့လည်း...ဘယ်သူမှပြင်တဲ့သူမခေါ်ချင်ကြပါဘူး
မလွှဲသာလို့သာခေါ်ပြင်ခိုင်းရတာပါ..ပြင်တာကောင်းသွားတာဘဲလိုချင်ကြတာပေါ့...မကောင်းတဲ့အပြင်
ကိုယ်ကဟိုနေရာမှာလက်မှတ်လိုက်ထိုးခိုင်း..ဒီနေရာမှာလူလိုက်ရှာ..လက်မှတ်ထိုးခိုင်းနဲ့ဆိုတော့..
ဘယ်သူမှမလုပ်ချင်ကြပါဘူး...သူကလဲလာပြီဆိုရင်..အဲလိုဘဲဖြစ်သွားတာပါ..ကြာတော့လည်း
လူတွေကကွန်ပလိန်းတင်လိုက်ရင်..သူလာပြင်မှာကိုကြောက်ကြပါတယ်..သူကပြင်တာမကောင်းတဲ့
အပြင်..ကိုယ်ပါ..ပြသနာတက်သွားတတ်လို့ပါ......

အဲတော့သူလာရင်...လူတွေက...........း(..
သူလဲအဲလိုမျိုးသူ့ကိုဆက်ဆံတာစိတ်မကောင်းဖြစ်မိမှာပါ...

တကယ်တော့..လူတယောက်အတွက်နေရာတခုဆိုတာ...ကလည်း..မဖြစ်မနေလိုအပ်ပါတယ်..
နေရာတခုမှာရပ်တည်ဖို့အတွက်ဆိုတာကလည်းအရည်အချင်းတရပ်ကမဖြစ်မနေရှိနေဖို့လိုပြန်ပါတယ်...
လူ့ဘဝကြီးကလဲလိုအပ်ချက်တွေများသားနော်.....
လူဖြစ်ရတဲ့ဒုက္ခကလဲမသေးဘူးဆိုပါတော့.........။။။။

3.4.2011 AM 4:17

ထုံးစံအတိုင်းပေါ့နော်...စာလုံးတွေကတော့တောင်ေ၇ာက်လိုက်မြောက်ရောက်လိုက်ပါဘဲ...
ဟင်းးး (သက်ပြင်းချလိုက်သောအသံ)...


30 March 2011

.........

Posted by blackroze at Wednesday, March 30, 2011 4 comments
တိမ်မဲမှောင်
ကြယ်ရောင်တွေဖျောက်ထားပါလို့
ရောင်စဉ်ဖြာ
ကြယ်အရောင်လှလေးတွေ
ဘယ်ဆီရောက်နေ.....

ညစဉ်ညစဉ်...
လနဲ့ကြယ်
အလှချင်းပြိုင်
အရောင်ချင်းဆိုင်လို့
အလင်းဖြာထွန်းခဲ့ပေမဲ့.....

ခုညမတော့
တိမ်မဲညိုဖျက်လှတယ်....

အာရုံမိုးသောက်
မလင်းခင်လေး....

ကြယ်စဉ်ညထဲ...
အတိတ်ခရီးထွက်ချင်လို့
တိမ်မဲညိုရယ်...
ဖယ်လှည့်ပါကွယ်.......။။။


ကျမစိတ်ထဲရှိတာတွေလျှောက်ရေးမိနေတာပါ
ဖတ်ပြီးရင်ကောမက်မပေးခဲ့ပါနဲ့...
ကျမရေးတာတွေက
ကဗျာမပီတော့ပါဘူး..

30.3.2011 AM 5:18
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei