30 March 2011

.........

Posted by blackroze at Wednesday, March 30, 2011
တိမ်မဲမှောင်
ကြယ်ရောင်တွေဖျောက်ထားပါလို့
ရောင်စဉ်ဖြာ
ကြယ်အရောင်လှလေးတွေ
ဘယ်ဆီရောက်နေ.....

ညစဉ်ညစဉ်...
လနဲ့ကြယ်
အလှချင်းပြိုင်
အရောင်ချင်းဆိုင်လို့
အလင်းဖြာထွန်းခဲ့ပေမဲ့.....

ခုညမတော့
တိမ်မဲညိုဖျက်လှတယ်....

အာရုံမိုးသောက်
မလင်းခင်လေး....

ကြယ်စဉ်ညထဲ...
အတိတ်ခရီးထွက်ချင်လို့
တိမ်မဲညိုရယ်...
ဖယ်လှည့်ပါကွယ်.......။။။


ကျမစိတ်ထဲရှိတာတွေလျှောက်ရေးမိနေတာပါ
ဖတ်ပြီးရင်ကောမက်မပေးခဲ့ပါနဲ့...
ကျမရေးတာတွေက
ကဗျာမပီတော့ပါဘူး..

30.3.2011 AM 5:18

4 comments:

တောက်ပကြယ်စင် on 30 March 2011 at 14:56 said...

ကော်မန့် မရေးနဲ့ဆိုတော့လည်း မရေးပါဘူးဗျာ။ ကျန်းမာပျော်ရွှင်ပါစေနော်...

အဖြူရောင်နတ်သမီး said...

သူငယ်ချင်းလေး...
စိတ်မကောင်းစရာတွေ တွေးနေတယ် ထင်တယ်..
ကိုယ်တယောက်ထဲ စိတ်ညစ်နေတယ်လို့ မထင်နဲ့ သူငယ်ချင်းလေးရေ..။
လူသားမှန်ရင် နှလုံးသားရှိတယ်.. ခံစားချက်ရှိတယ်..
သောကတွေ ရှိတယ်ကွဲ့..။
သူငယ်ချင်းလေးရဲ့ဘေးမှာ ကိုယ်ရှိနေပေးမယ်နော်...XXX

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမလေး
ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲ
စိတ်ညစ်သည်ဖြစ်စေ ပျော်ရွှင်သည်ဖြစ်စေ
ခံစားချက်လေးတွေ ဝေမျှလို့ရတယ်လေ
တစ်ယောက်တည်းကျိတ်ခံစားမနေနဲ့။
စာတွေ ဘာတွေ ပြန်ရေးဦးနော်။
စိတ်ညစ်တာ ဖြစ်ဖြစ် ပျော်ရွှ့င်တာဖြစ်ဖြစ်
ဘယ်အရာမှ မတည်မြဲဘူး ။
နေသားတကျ ဖြစ်ဖို့ ကြိုးစားရင်းနဲ့ ပုံမှန်ဖြစ်သွားမှာပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ ညီမလေးရေ


သတိရနေတဲ့
မချော

ညီဇံလှ on 31 March 2011 at 14:37 said...

မရောက်ဖြစ်တာတောင်ကြာသွားပြီ ကျွန်တော့်ကို မှတ်မိပါ့မလား...း)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei