18 February 2011

ဒီနေ့..ဒါတွေလုပ်တယ်..

Posted by blackroze at Friday, February 18, 2011
စာမရေးဖြစ်တာတော်တော်ကြာပြီ...
သူငယ်ချင်းတွေစီလည်အိမ်လည်မထွက်ဖြစ်တာတော်တော်လေးကြာနေပါပြီ..
ဒါပေမဲ့အားလုံးကိုတော့..xo xo miss ပါနော်..

ဒီနေ့ကျမအလုပ်နားရက်ပါ..နှစ်ပတ်မှာတခါသာရတဲ့ရှားရှားပါးပါး...
နားရက်လေးတရက်ပါ..အလုပ်ကတပါတ်မှာတရက်နားပါတယ်...ဒါပေမဲ့ကျားပန်းလို့ခေါ်တဲ့
အိုဗာတိုင်..ဆိုတာကြီးနဲ့များမိသွားလို့နှစ်ပါတ်တရက်ဘဲနားရတာပါ....

ဒီနေ့9နာရီခွဲထမယ်လို့ဆုံးဖြတ်ထားပေမဲ့...တကယ်တမ်းနိုးတော့..113း0ကျော်နေပီ..
ကျမအလုပ်ဖွင့်ရက်ဆိုအိပ်ရေးဝပါတယ်...အလုပ်ပိတ်ရက်ဆိုအိပ်ရေးပျက်ပါတယ်...
အလုပ်ဖွင့်ရက်ဆို..အလုပ်ကလွဲပီးကျန်တာဘာမှမလုပ်ချင်ပါဘူး..
အလုပ်ဖွင့်ရက်မှာ..အိပ်ခြင်း..စားခြင်းနဲ့..အလုပ်သွားခြင်းဆိုတဲ့..အဓိကသုံးခုကိုဘဲ
လုပ်ပါတယ်..အလုပ်ပိတ်ရက်မှာတော့...ဖြစ်ချင်သမျှဆန္ဒတွေစုပြီးလုပ်ရတဲ့အတွက်
အိပ်ယာစောစောထပါတယ်..ဒါကြောင့်ပါအိပ်ေ၇းမဝပါဘူး....

မနက်နိုးတာနဲ့ဈေးသွားပါတယ်...ဒီနေ့သတ်သတ်လွတ်စားပါတယ်...ကျမမွေးနေ့မို့လို့ပါ....
ကျမတပါတ်မှာနှစ်ရက်သတ်သတ်လွတ်စားနေကြပါ....ဈေးကပြန်လာတာနဲ့...ကွန်ပြူတာဖွင့်ပါတယ်..
အရှေ့တပါတ်ကကျောင်းကသင်လိုက်တဲ့စာတွေလည်း..ပြန်ဖတ်ရဦးမှာမို့လို့..အိပ်ခန်းထဲကရှိသမျှ
စာအုပ်တွေပါကွန်ပြူတာရှေ့ကိုယူထားလိုက်ပါတယ်...ကွန်ပြူတာမှာဖွင့်ချင်သမျှsiteတွေ
အကုန်ဖွင့်ပါတယ်....gmail... facebook....bloger...နောက်ပြီး...အရင်တပါတ်ကဖတ်မပြီးသေးတဲ့
ဂျူးရဲ့...လရောင်အောက်ဖက်မိုင်အဝေးမှာ.....ဆိုတဲ့ဝတ္တုပါဆက်ဖတ်ဖို့ဖွင့်ထားပါတယ်...
နောက်ပြီး...သီချင်း...အခုတလောကျမနေ့တိုင်းနားထောင်ဖြစ်နေတာကတော့...My girl ဆိုတဲ့
korea ကားထဲက never say goodbye ..ဆိုတဲ့သီချင်းလေးပါဘဲ..နဲနဲမြူးမြူးကြွကြွလေးပါ...
အစကတော့နေ့လည်ဘက်ခဏလောက် ပြန်အိပ်မယ်စဉ်းစားထားပေမဲ့...လုပ်ချင်တာတွေများနေတော့
မအိပ်ဖြစ်တော့ပါဘူး ။။ အခန်း၇ှင်းပါတယ် မီးပူတိုက်ပါတယ် အဝတ်လျှော်ပါတယ် ....အဲလိုနဲ့ဘဲ
ညနေဘက်ရောက်လာပါတယ် အချိန်တွေကလည်းကုန်မြန်လိုက်တာများ bullet train နဲ့များ
သွားနေရသလားပါဘဲလေ ။။facebook က city ville မှာလည်းနှစ်ယောက်အတွက်ကစားပေးနေရတာဆိုတော့
gold coin တွေသိမ်းလိုက်..ကုန်ပစ္စည်းတွေ supply လုပ်ပေးလိုက်နဲ့ Mouse ကို click clik လုပ်ရတာ
လက်တောင်ညောင်းပါတယ်...အင်းပေါ့လေ..သူအားတဲ့အချိန် သူဝင်ဆော့ပေးထားတော့ ကိုယ်အားတဲ့
အချိန်ကိုယ်ပြန်ပြီးဝင်ဆော့ပေးရတာပေါ့ .. မျှတပါတယ်...ပြသနာမရှိပါဘူး

အခုနေခါအရှုပ်ပွဆုံးကတော့ ကျမရဲ့ကွန်ပြူတာစားပွဲပါဘဲလေ....စားပွဲပေါ်မှာစာအုပ်ကအပုံလိုက်
ဘောပင်တွေကပြန့်ကျဲလို့...click click လုပ်လိုက်..ဘောပင်ကိုင်လိုက်...keyboard ကိုင်လိုက်နဲ့
ကျမအခုအလုပ်4ခုလောက်ကိုတပြိုင်ထဲ လုပ် နေပါတယ်...တခါတလေ..လူရောစိတ်ရောအနားမပေးဘဲ
အဲလိုလုပ်ခိုင်းထားရလည်းကောင်းသားဘဲ ကျမအရာအားလုံးကိုမေ့နေပီး လတ်တလောလုပ်နေတဲ့
အလုပ်ကိုဘဲအာရုံရောက်နေလို့ စိတ်ညစ်စရာတွေကိုမစဉ်းစားမိပါဘူး.. အဲလိုနေတာဘဲကျမအတွက်
အကောင်းဆုံးဖြစ်မှာပါ ။။။ကျမအရာအားလုံးကိုမေ့ပစ်လိုက်ချင်တယ် မဖြစ်လာသေးတာတွေရော
ဖြစ်ခဲ့ပြီးသားတွေရော ဖြစ်နေတဲ့ဟာတွေရော တခါတလေ အတိတ်မေ့လိုက်ချင်မိပါရဲ့
ပြီးခဲ့တာတွေကိုလည်းပြန်မစဉ်းစားချင်ဘူး ။။ ဖြစ်မလာသေးတာကိုလည်းရင်မဆိုင်ချင်တော့ဘူး...
ဖြစ်နေတဲ့ဟာတွေကိုလည်း စိတ်ပျက်လာတယ် ...မလိုချင်တော့ဘူး....
လောလောဆယ်တော့ ဒီနေ့အတွက်ဘဲစဉ်းစားပြီးဒီနေ့ကိုဘဲ ဖြတ်သန်းနေပါတယ်...
မနက်ဖန်ရဲ့တံခါးကိုလည်းပိတ်ထားပါတယ်...မနေ့ကဆိုတဲ့တံခါးကိုပြန်မဖွင့်တော့ပါဘူး
ဒီနေ့ဆိုတဲ့တံခါးလေးကိုအသာအယာဖွင့်လို့ရင်ဆိုင်နေပါတယ်...

PM 5:30 (19.2.2011 )

စိတ်ကူးပေါက်ရာရေးလိုက်တာပါ...စာလုံးပေါင်းလဲပြန်မစစ်ချင်တော့ဘူး
သည်းခံပြီးသာဖတ်ပေးကြပါတော့ ...

(သူများတွေကဝဲ..ဝဲ..နဲ့ကျမဘာမှန်းတောင်မသိလိုက်ပါဘူး...
ဒါနဲ့ဘဲသူငယ်ချင်းတွေစီပြေးပြောရတယ်...ကျမမှာရောဝဲရှိနေလားလို့
စစ်ပေးကြပါဦးလို့ ....တော်သေးတယ်မရှိဘူးလို့ပြန်လာပြောသွားကြပါတယ်. .ဟူးးးးးးးးးး )

9 comments:

တောက်ပကြယ်စင် on 18 February 2011 at 18:19 said...

မွေးနေ့နော် ယခုချိန်မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီး ဖြစ်ချင်တာနဲ့ ဖြစ်လာတာ တစ်ထပ်တည်းကျပါစေခင်ဗျာ...

အဖြူရောင်နတ်သမီး on 18 February 2011 at 20:07 said...

ကြိုပြောရောပေါ့ ရို့စ်ရယ်..
မွေးနေ့ဆိုတာ အခုမှသိတာ..

Happy Birthday ပါ ရို့စ်ရေ..

Anonymous said...

မမနက်
မွေးနေ့လား..
ဟက်ပီးဘက်ဒေးနော်..
အ၀တ်တွေလျှော်လက်စနဲ့ အရိပ်အ၀တ်အစားတွေပါ ကူလျှော်ပေးအုံး:P
စိတ်ပျက်လာတယ်ဆိုတာ လက်ရှိဘ၀ကိုလားမမ..။
အားတင်းထား...ဘာမှအားမငယ်နဲ့နော် ဘ၀ဆိုတာ ငှက်ခါးပဲ..။
အာဂျား....အာဂျား....
(အရိပ်လေး)

Maung Myo on 19 February 2011 at 01:05 said...

နေကောင်းတယ်ဟုတ် သတိတောင်ရနေတာ ပျောက်နေတာတော်တော်ကြာပေါ့ အဆင်ပြေပျော်ရွှင်ပါစေဗျာ ။

Anonymous said...

ပျော်စရာကြည်နူးစရာမွေးနေ့ဖြစ်ပါစေညီမရေ
စိတ်ဆန္ဒအားလုံးပြည့်ပါစေနော်
စာမရေးတော့ဘူးလား
ပစ်မထားပါနဲ့ ရေးပါဦး
အစစ အဆင်ပြေ ပျော်ရွှင်ပါစေနော်

မချော(အစိမ်းရောင်လွင်ပြင်)

ဖိုးကြယ် on 19 February 2011 at 17:27 said...

အင်...မွေးနေ့က ဘာမှလည်းကျွေးဘူးရယ်.... :) ဝဲကတော့ရှိဘူးပြောတာပဲ :) happy birthday ကိုနောက်ကျမှ လာအော်သွားပါတယ် နက်နက်ရေ.... :)

ခင်တဲ့(ဖိုးကြယ်)

blackroze said...

ဟုတ်ဘူး...မှားနေကြပါပီလေ...
ကျမမွေးနေ့မဟုတ်ပါဘူး..
စာထဲမှာမွေးနေ့လို့ေ၇းလိုက်တာကတပါတ်မှာကျမကကျမရဲ့မွေးရက်ဖြစ်တဲ့
သောကြာနေ့မို့လို့သတ်သတ်လွတ်စားတယ်..လို့ပြောတာပါ..
တကယ်မွေးတဲ့ရက်က december 14 ပါ..အဟီးးးး
ကျမရေးတာနဲနဲမရှင်းမလင်းဖြစ်သွားလို့ပါ..
အားလုံးကိုဆော်ရီးပါနော်...

သူကြီးမင်း (တုံးဖလား) on 21 February 2011 at 04:04 said...

တစ်နှစ်တစ်ခါ ကြုံတဲ့ မွေးနေ့လား။ တစ်ပတ်မှာ တစ်ခါ ကြုံတဲ့ မွေးနေ့လား။ ဆုတောင်းပေးလိုက်ပါတယ်။
မွေးနေ့မှာ ပျော်ရွှင်ပါစေလို့။ ပစ္စပ္ပုန်တံခါးကို အကျယ်ကြီး ဖွင့်နိုင်ပါစေလို့။ ကုသိုလ်တွေ များများ ၀င်လာအောင်လို့ပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း on 22 February 2011 at 01:08 said...

ကျားပန်းတွေဆင်းနေရတယ်ဆိုတော့ အလုပ်ကောင်းနေတာပေါ့
ကြုံမှ မုန့်ဝယ်ကျွေးခိုင်းရမယ်း)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei