01 September 2013

ပစ်ပစ်ရေးတဲ့ဘလော့ဒေး

Posted by blackroze at Sunday, September 01, 2013
ဘလော့ဒေး ..တဲ့
ကျမ ဘလော့ရေးတာ 2009  ကထဲကပါ.. အခုဆိုရင် ဘာဘဲပြောပြော သက်တမ်းလေးကတော့
4 နှစ်ရောက်လာပြီပေါ့  ..4နှစ်လို့သာ  ပြောတာပါ..
ရေးချင်တာ ရေးနေတာ..ဘာမှလည်း မယ်မယ်ရရ  မရှိလှပါဘူးလေ...
အစပိုင်းကတော့  ကိုယ့်ဘာကိုရေး  ကိုယ့်ဘာကို ဖတ်ပေါ့
နောက်တော့  ခင်မင်တဲ့ အကိုအမတွေ မောင်ငယ်ညီမငယ်  တွေက  လက်တွဲခေါ်ကြတယ်
ကျမရေးထားတာလေး  လာဖတ်ပေးကြတယ်..
အဲဒီအတွက်  အတိုင်းမသိ ဝမ်းသာမိပါတယ်..
စာတပုဒ်ရေး  လိုက်ပြီးတိုင်း  ကောမက်လေးတခုလောက်တွေ့လိုက်ရရင်ကို
ပျော်သွားတတ်ကြတာ...ဘလော့ဂါတိုင်းပါဘဲလေ..
ကျမဘလော့စ လုပ်ဖြစ်ပုံကိုတော့  အကျယ်တဝင့်  ပြောမနေတော့ပါဘူး..
စာရေးချင်လို့   ဘလော့လေးတခု စလုပ်ဖြစ်တယ်..
ကျမကိုလုပ်တတ်အောင်သူငယ်ချင်းက ကူညီပေးတယ်..
မသိတာတွေရှိတာကိုလည်း  ခင်မင်ရတဲ့  သူငယ်ချင်းတွေ  ကိုမေးမြန်းရင်းနဲ့  ဘဲ 
လျှောက်လှမ်းလာခဲ့တယ် ဆိုပါတော့...
(ကျမ ဘလော့လေး ဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့  ပတ်သက်ပြီး
ကျမစာတပုဒ် ရေးဘူးပါတယ်..ဖတ်ချင်ရင် ကွကို သာရှာဖတ်လိုက်ပါတော့နော်..အဟီးး
ကျမရှာ ပြီး Link ထည့်ရမှာ ပျင်းနေလို့   ပါ   :)  )

အခုဆိုရင်  4 နှစ် ... စိတ်ထဲဘာမှမကြာသေးသလိုဘဲ  ခံစားမိတယ်..  တကယ်တော့  မှတ်တိုင်လေး
4 တိုင်တောင်  ရှိခဲ့ပြီ... ဒီနှစ်ပိုင်းတွေမှာတော့  ဘလော့ဂါ  တွေတော်တော်များများ က ဘလော့ကို
သိပ်မရေး ဖြစ်ကြတော့ဘဲ  ..facebook ထဲ  နေကြတာ များလာပါတယ်...(ကျမ အပါအဝင်ပေါ့လေ)
ကျမဆို အလုပ်က ပြန်လာတာနဲ့  ကွန်ပြူတာ ဖွင့်ရင် အရင်ဆုံးဝင်ကြည့်ဖြစ်တာက 
facebook ပါဘဲ...  ဘယ်သူက ဘာပြောထားလည်း  ဘာစတေးတပ်တင်ထားလည်း.. ဘာတွေ share
ထားလည်း  ..ဘာပုံတွေတင်ထားလည်း   အပြေးအလွှား ကြည့်မိတာပါ..

ဟိုးအရင်ကတော့  ညဘက် အလုပ်က ပြန်လာရင် ဘလော့ဝင်ကြည့်တာပေါ့လေ...
အရင်ကပြောပါတယ်..အခုမဟုတ်ဘူး..    :P
အခုကတော့  facebook စောင့်မယ်တော်  ကို ဖြစ်နေပါပြီ
ဒီရာထူးကို  စွန့်မယ်  စွန့်မယ်   နဲ့  အခုထက်ထိ  In service ဖြစ်နေတာတော့  မတတ်နိုင်ဘူးရှင်..
ဟိုတလောကတော့   facebook မှာ  ဘလော့ကို ပြန်တော့မယ်လို့  စတေးတပ်  တင်လိုက်ပါသေးတယ်..
ဒီလိုဘဲ  ဖြည်းဖြည်းချင်းကြိုးစား  ပြီးပြန်ရမှာပေါ့လေ...
 ကျမလိုဘဲ  ခင်မင်ရတဲ့   အကိုအမတွေ  မောင်လေးတွေ ညီမလေး တွေကိုလည်း
ဘလော့ထဲပြန်လာစေချင်ပါတယ်... အရင်လိုဘဲ  သိုက်သိုက်ဝန်းဝန်းလေး  နဲ့   စာတွေပြန်ရေး
ကြပါလို့လည်း  တိုက်တွန်းချင်ပါတယ်..  ..  ကျမလည်း  ဘလော့ထဲ အရင်လို  စာတွေပြန်ရေး နိုင်အောင်
ကြိုးစားမယ်...

ကမန်းကတန်း ရေးရလို့  ကျမရဲ့  ဘလော့ဒေး  အမှတ်တရ  ကတော့အဆီအငေါ် မတည့်ဘူးနော်..
အဆင်ပြေသလိုသာဖတ်သွားပါလို့....

ကဲ..ပစ်ပစ်ရေးတဲ့  ဘလော့ ဒေး ကတော့  ဒါပါဘဲ ရှင်...

ပစ်ပစ်
Am 1:37
31.8.2013



15 comments:

မဒမ်ကိုး on 1 September 2013 at 07:23 said...

စာတွေပြန်ရေးနိုင်ပါစေး)

ရွှေအိမ်စည်မေ on 1 September 2013 at 14:55 said...

အမယ်.. အပေါ်က ဒေါ်ကြီးက စာတွေပြန်ရေးနိုင်ပါစေဆိုပဲ ပစ်ပစ်ရဲ့
အာ့ သူ့ကိုအရင်ပြောချေ :P

ကမန်းကတမ်းဆိုပေမယ့် အမှတ်တရ ရေးဖြစ်တာဆိုတော့ ကြည်နူးစရာကောင်းနေတာပါပဲ ညီမရေ
ဟက်ပီးဘလော့ဂ်ဒေးးးပါကွယ် :) :)

Anonymous said...

facebook စောင့်မယ်တော် "ကြီး" မဖြစ်သေးပါဘူး။
ဟီးဟီး လရိပ်လဲ ပစ်ပစ်အတိုင်း ဖဘမှာတင်တာဘဲ ၊
နောက်ဆုံးတော့လဲ အဲဒီဖဘထဲဘဲ ရောက်နေတယ်။
ကိုယ့်အိမ်ကိုယ်ပြန်ကြစို့နော်။
စာတွေ အများကြီး ပြန်ရေးနိုင်ပါစေ။

လေးစားစွာဖြင့်
လရိပ်အိမ်

သူကြီးမင်း (တုံးဖလား) on 1 September 2013 at 17:30 said...

ရုပ်လှတဲ့သူတွေကတော့ ဖဘမှာ ပျော်မြူးကြပေမပေါ့။း)

Yan on 1 September 2013 at 19:14 said...

ပစ်ပစ်လေးရဲ့ ပို့စ်လေးကို အားပေးသွားပါတယ်. Myanmar Blogs Digest မှာ ရှဲဖို့ပါ ယူသွားတယ်နော်. :)

Yan.

ဆွေလေးမွန် on 1 September 2013 at 23:15 said...

ပစ်ပစ် ရေ HAPPY BLOG DAY ပါနော်.

Angelhlaing(May everybody be happy and healthy! on 2 September 2013 at 01:05 said...

Happy Blog Day ပါမမရေ...:) နောက်ဆို ဘလော့ကို ပစ်မထားနဲ့တော့နော် :P

ဟန်ကြည် said...

CIA ပစ်ပစ် ဘလော့ကို ပစ်ထားဖို့ စိတ်ကူးတယ်ထင်တယ် ဟုတ်စ..တဂ်ပို့စ်တောင် ပိစိလေးပဲ ရေးထားတယ်...

ဒါပေမယ့် ဖတ်လို့တော့ ကောင်းပါသဗျား...

Lorem Ipsum on 2 September 2013 at 11:28 said...

Happy Blog Day ပါ ပစ်ပစ်ရယ်..း) စာတွေဆက်ရေးနိုင်ပါစေနော် ။

Thu on 2 September 2013 at 16:13 said...

Happy Blog dayနော် မပစ်..
နောက်တောင်ကျနေပြီ..
ဘလော့ဂ်လေးသက်ကျော်ရာကျော်ရှည်ပါစေ..:P

မြသွေးနီ on 4 September 2013 at 12:33 said...

In serviceကနေ ရီတိုင်ရာ မယူခိုင်းပါဘူး။ သို့သော် ဘလော့ရေးတော့မည်ဆိုတော့ ကောင်းပါ၏ နှမရေ..။ ဘလော့တွေ ဆက်တိုက်ရေးနိုင်ပါစေကြောင်း တောင်းဆုချွေလျှက်....။

(မနေ့က မန့်မရလို့ ဒီနေ့ပြန်လာမန့်...)

လသာည on 4 September 2013 at 17:09 said...

ကမန်းကတမ်းရေးထားတာလေးကိုပဲ ဖတ်ကောင်းလွန်းလို့ပါကွာ။
စာတွေအများကြီး ရေးနိုင်ပါစေ။

San San Htun on 5 September 2013 at 01:58 said...

ကမန်းကတမ်း ရေးသွားပေမယ့် ဘလော့ဒေးအတွက် အမှတ်တရပါပဲ ဖေ့ဘွတ်စောင့်မယ်တော်ကြီး..း)
Happy Belated Blog Day !

ညီလင်းသစ် on 6 September 2013 at 06:02 said...

ဘာပဲဖြစ်ဖြစ်.. အခုလို ရေးဖြစ်သွားတာ၊ ဘလော့ဂ်အပေါ် သံယောဇဉ် မကုန်သေးတာကပဲ ဝမ်းသာစရာ မဟုတ်လား ညီမရေ...၊ အမှန်တော့ ဖေ့စ်စ်ဘွတ်ခ်ပဲ ဖြစ်ဖြစ်၊ ဘလော့ဂ်ပဲ ဖြစ်ဖြစ်ပါ..၊ ကိုယ့်ဟာကိုယ် ပျော်ရွှင်ကျေနပ်ပြီး နောက်ဆံငင်မနေဖို့ပဲ အရေးကြီးတာ ပါပဲလေ..၊ ဆုတောင်းတာ နောက်ကျပေမယ့် နောက်မကျသော ပျော်ရွှင်ခြင်းများနဲ့ ဘလော့ဂ်ဒေး ဖြစ်ပါစေ ညီမပစ်ပစ်ရေ...။

sosegado on 7 September 2013 at 12:12 said...

ပျော်ရွှင်ပါစေလို့

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei