ဒီနေ့ ကျမအလုပ်နားတယ်လေ...
အဲတာနဲ့ လွယ်နေကျအိတ်လေး မှောက်ကြည့် ဖြစ်တယ်ဆိုပါတော့..
ထွက်လာတာတွေကတော့ သုံးနေကျပစ္စည်းလေးတွေနဲ့ ဘာလို့ထည့်ထားမိမှန်း မသိတာ
လေးတွေလည်းပါတယ်ဆိုပါတော့လေ...
ပိုက်ဆံအိတ် အညိုရောင်လေးကတော့ ကျမရဲ့ ပိုက်ဆံအိတ်လေးဆိုပါတော့..
အိတ်ထဲမှာတော့...ပိုက်ဆံ..ကဒ်ပေါင်းစုံ.. ပစ္စည်းဝယ်ထားတဲ့ ဖြတ်ပိုင်းလေးတွေ
..နောက်ပြီး ကျမချစ်မြတ်နိုးတဲ့သူတွေရဲ့ ပုံလေးတွေ ထည့်ထားတာဆိုပါတော့....
ဝန်ထမ်း ID card ..
တစ်ရူးထုပ်..
ဘယ်တုန်းကထည့်ထားမိမှန်းတောင်မသိတဲ့ ကော်ဖီထုပ်လေးတထုပ်လည်း ထွက်လာလေရဲ့
အစိမ်းရောင်tube တောင့်လေးက လက်လိမ်းတဲ့ အဆီဘူးလေ...ကျမက လက်သည်းခဏခဏကျိုးတတ်ပါတယ်...အဲဒီအဆီဘူးလေးက
မွှေးလည်းမွှေးတယ်..နောက်ပြီးလိမ်းလိုက်ရင် စေးကပ်ကပ်လည်းဖြစ်မနေဘူး..အဲတာလေး
လိမ်းတာကြာလှပေါ့..လိမ်းပြီးတဲ့ နောက်ပိုင်း လက်သည်းကျိုးတာလည်း သက်သာသွားတယ်..
(မှတ်ချက်--ကြော်ငြာဝင်ခြင်း မဟုတ်ပါ..)
ကောက်ညင်းထုပ်ပုံစံအိတ်သေးသေးလေးကတော့ အကြွေစေ့လေးတွေ ထည့်ထားတဲ့အိတ်ပါ
အဲဒီအိတ်လေးက သူငယ်ချင်းတယောက်အလည်ခရီးက ပြန်လာတော့ လက်ဆောင်
ပေးထားတဲ့အိတ်လေး..ကျမ သိပ်သဘောကျတယ်..အိတ်လေးက ချစ်စရာလေး..
ရေဘူးနဲ့ထီးမပါ နွေခါမှ သိလိမ့်မယ်တဲ့ ..
ကျမတော့ ထီးပါအောင် ယူတယ်... ရေဘူးကတော့ 7-11 ကနေ အဆင်ပြေသလိုဝယ်လိုက်တာဘဲ..
အိမ်ကနေ ထွက်ခါနီးတိုင်း သတိထားပြီး အမြဲကြည့်မိတာ..အိမ်သော့နဲ့ ပိုက်ဆံအိတ်ဘဲ
လှေကားတံခါးသော့... အိမ်တံခါးသော့..နောက်ဖေးဝရံတာ တံခါးသော့..
သော့ချောင်း5ချောင်းလောက် တွဲထားတဲ့ key change လေးက ကျမ သတိထား ရတဲ့ ပစ္စည်းလေးပါဘဲ။
နောက်ပြီး ကျမဆိုးနေကြ နှုတ်ခမ်းနီတောင့်လေး..နာမည်ကြီးတံဆိပ်တွေထဲကမဟုတ်ပါဘူး..
NIVEA ကထုတ်တဲ့ Lovely lips ..pink smoothie ပါ..အဲတာလေးဆိုးရတာ တော်တော်
အဆင်ပြေလို့ အဲဒီတံဆိပ်လေးဘဲ သုံးနေတာ 4နှစ်လောက် ရှိပါပြီ..
နောက်ပြီးတော့ ထွက်လာတာက ဖုန်းပေါ့.. ကျမနဲ့ Facebook ကမ္ဘာ ကို မပြတ်ဆက်သွယ်ပေးတဲ့
SAMSUNG ဖုန်းလေးပါဘဲ ....
ဘီးအကြည်လေး တချောင်းလည်း ထွက်လာတယ်ရှင်..တခါမှ တော့ ခေါင်းထုတ်မဖီးဘူးတာ
အသေအချာဘဲ..
နောက်တခုကတော့ မျှော်လင့်ချက် တပွေ့တပိုက်နဲ့ ထိုးထားတဲ့ ထီလက်မှတ်လေးပါဘဲ
စက္ကူအိတ်အနီလေး နဲ့က ထီလက်မှတ်လေးလေ...ကျမရဲ့ မျှော်လင့်ချက်အိတ်လေးလို့ တင်စားရမှာပေါ့
ထီမပေါက်ချင်တဲ့သူ ရှိမယ်မထင်ပါဘူးနော်.. :P
ကဲ...ပစ်ပစ်ရဲ့ အိတ်ကလေးထဲက ပစ္စည်းလေးတွေကတော့ အဲတာ အကုန်ပါဘဲ...
အော်မေ့လို့ မေ့လို့
ရန်ကုန်ကိုဆက်ထားတဲ့ ဖုန်းကဒ်အဟောင်းလေးတွေ ကိုတော့ မနက်ကဘဲ လွှင့်ပြစ်လိုက်မိတယ်..
နို့ မို့ ဆို အိတ်လေး မှောက်ချလိုက်ရင် အဲဒီကဒ်လေးတွေအများကြီးထွက်လာဦးမှာလေ...
ကျမဘယ်လောက် ဖုန်းဆက်တယ်ဆိုတာ အဲတာသာကြည့်တော့...
တခါတခါတော့လည်း လွယ်ရတဲ့ အိတ်က လေးတယ်လို့ ခံစားမိတယ်..
တခါတခါ ကျတော့လည်း ဒါက ဘဝကပေးတဲ့ ဝတ္တရားတွေ ထည့်ထားတဲ့ အိတ်လေး
လို့လည်း ခံစားမိပြန်တယ်...
အဲလိုနဲ့ ဘဲ တရက်ပြီး တရက် ခရီးဆက်လာခဲ့တယ်ဆိုပါတော့လေ...
ကဲ..မနက်ဖန် ကျမအလုပ်ပြန်တက်ရပြီ..အိတ်လေးလွယ်ပြီး အလုပ်သွားရဦးမယ်...
ပစ်ပစ်
28.8.2013
Pm 11:12
12 comments:
လရိပ်ကွန်မန့်မတက်ဘူးလား?
ပစ်ပစ်ရေ..
ပစ္စည်းလေးတွေက ချစ်စရာလေးတွေ...
အိတ်ကလေးကလဲ လှတယ်...
အိတ်နဲ့ပစ္စည်း နည်းနည်းတောင် ချောင်နေမလားမသိနော်...
တက်ဂ်ပို့စ်တွေလိုက်ဖတ်ကြည့်တာ မိန်းကလေးတိုင်း မဖြစ်မနေ ထည့်တတ်တဲ့ ပစ္စည်းတွေကတော့ အားလုံးတူညီနေကြတယ်နော်..။
ပြန်ရေးခိုင်းတာဖြစ်မယ် ဗြဲ။
ပစ်ပစ်အိတ်လေးထဲမှာ ရှိတဲ့ ပစ္စည်းက သော့တွဲအလေးဆုံးဖြစ်မယ်ထင်တယ်။
ထီထိုးတာ တူတယ်။ ဖုန်းကဒ်တွေ မတရားဝယ်တာလဲ တူတယ်။ သူငယ်ချင်းဆီဆက်တာ။ ဖုန်းကဒ်တော့အိတ်ထဲထည့်လေ့မရှိဘူး။ အစဖျောက်ပစ်တာများတယ်။ ဟီးဟီး။
ဘီးတော့တခါမှထည့်ဘူး။ လရိပ်အိတ်က ပိုလေးမယ်ထင်တယ် ၊ ရေဘူးထည့်တာကိုး။
သိပ်မများဘူးဆိုပေမယ့်မိန်ကလေးအိတ်တွေက လေးတာပဲမဟုတ်လား ပစ်ပစ်
ပစ်ပစ်... ကလေး အိတ်လေးနဲ့တူတယ်... <3
ဟုတ်ပ..ပစ်ပစ်အိတ်က ကလေးအိတ်လေးး) အိတ်ပေါ့တော့စိတ်ရှင်းတာပေါ့..။ ဆုမြတ်မှာတော့ အိတ်ထဲရှုပ်လွန်းလို့...လိုရင်ဘယ်တော့မှရှာမရဘူးရယ်
တဂ်ပို့စ်လေး ၀ိုင်းရေးကြတာ ချစ်ဖို့ကောင်းလိုက်ကြတာ။
ပစ်ပစ် အိတ်ကလေးက ချစ်စရာလေး
နောက်ပြီး ကြည့်ရတာ ပေါ့ပေါ့ပါးပါးလည်းရှိတယ်
သဘောကျစရာ :)
အကြွေစေ့ ထည့်တယ့် အိတ်ကလေးနဲ့  လွယ်အိတ်လေးက ချစ်စရာကောင်းသလို လှလည်းလှတယ်...း)
ပစ်ပစ်ရဲ့ အိတ်...ကျန်တဲ့ဘလော့ဂါတွေရဲ့ အိတ်...
ဒီတစ်ပတ်ကတော့ အိတ်သီတင်းပတ်ပဲ ဖြစ်လိမ့်မယ်...အိတ်တစ်လုံးချင်းစီဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဖော်ပြနေတယ်ဆိုတဲ့ အဆိုသစ်တောင် ထွက်လာတော့မယ်ထင်တယ်...
ဦးဟန်ကြည်လည်း အိတ်သွန်ရဦးတော့မှာပဲ...
အိတ်လေးတွေ အသုံးအဆောင်တွေရဲ့ ကာလာလေးတွေက ချစ်စရာလေးတွေကြိးပဲမမ ...... တစ်မျိုးလေး စွဲဆောင်မှုရှိတယ် ... ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်ကူမယ့် အိတ်မျိုး သဘောကျတယ် မမ ..:)
အိတ်ပေါ်က ပရင့်လေးတွေက ချစ်စရာလေးတွေ။ စိတ်ဝင်စားစွာ စပ်စုသွားခဲ့ပါတယ်နော်။ :D
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..