12 November 2013

အေမီံဟောင်

Posted by blackroze at Tuesday, November 12, 2013
အေမီဟောင်....
နာမည်လေးက  ဘိုဆန်သလိုလို  တရုတ်နာမည်လိုလိုနဲ့     ...
အဲဒီနာမည် ပိုင်ရှင်က မြန်မာ မိန်းကလေးတဦးပါပဲ
ကျမမှာညီမလေး တယောက်ရှိပါတယ်... သူ့ကို ကျမက ချစ်စနိုးနဲ့   ဂျမိန်လီမောက်လို့
ခေါ်တတ်ပါတယ်... တခါတလေ တော့လည်း နာမည်အရင်း ကိုဘဲခေါ်ပါတယ်...တခါတလေ တော့လည်း
နာမည်ပြောင်ပေါ့ ...အခုတလောသူရသွားတဲ့ နာမည်အသစ်လေးကတော့ အေမီဟောင် ဆိုတာလေးပါဘဲ
အေမီဟောင်  ဆိုတာ ဘယ်လိုဖြစ်သွားတယ် ဆိုတာ အကျယ်တဝင့်မပြောတော့ပါဘူး..
တခါတလေ မရှင်းပြဘဲနေလိုက်တာလေးက  ပိုစိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ပါ..
အမှန်ကတော့ ကျမ စာရှည်ရှည် မရိုက်ချင်တော့လို့ပါ ...

ဒီလထဲမှာ ကျမရဲ့ အေမီဟောင်လေးရဲ့  မွေးနေ့  ရှိပါတယ်..
နိုဝင်ဘာ 19 က အေမီဟောင်လေးရဲ့  မွေးနေ့ပါ...
ကျမညီမလေးက ဒီနှစ်ထဲထူးထူးဆန်းဆန်း လာပြောတယ်...သူ့မွေး နေ့အတွက် ပိုစ့် တပုဒ်ရေးပေးပါတဲ့
တခါမှ သူအဲလို မပြောဖူးပါဘူး...ကျမဘလော့ကိုဝင်ကြည့်တာကလွဲလို့  စာရေးခြင်းနဲ့ပတ်သက်လို့
သူဘာမှမပြောဖူးပါဘူး...
..ကျမစာမရေးတာတော်တော်ကြာပါပြီ..
ကျန်းမာရေးကြောင့်လည်း ပါသလို တချို့သော ကိုယ်ရေး
ကိုယ်တာ ကိစ္စလေးတွေ ကြောင့်လည်းပါတယ်ဆိုပါတော့...
ဒီနေ့  တော့အလုပ်နားရက်လည်းဖြစ် စိတ်ထဲလည်းငယ်က အကြောင်းတွေ ပြန်သတိရမိနေတာနဲ့
သူ့အတွက် အမှတ်တရ လည်းဖြစ်အောင် ငယ်ငယ်ကသူ့ အကြောင်းလေး တွေ
ရေး လိုက်ပါတယ်...

ငယ်ငယ်တုန်းက ကျမက သူ့ကို အနိုင်ကျင့်တယ်လို့  အေမီဟောင်က  အမြဲပြောတတ်ပါတယ်....
အမှန်က ကျမက သူ့ကို ဆုံးမတာပါ...အနိုင်ကျင့်တာမဟုတ်ပါဘူး..
တခါတလေ မှာ ကျမက သူ့ကို ကာကွယ်တာတွေဟာ  သူ့အတွက် ပိတ်ပင်သလိုဖြစ်သွားတာတွေလည်း ရှိကောင်းရှိခဲ့ပါလိမ့်မယ်.. တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး..

အခုဆိုရင် သူရော ကျမရော လူလတ်ပိုင်း အရွယ်ထဲရောက်နေပြီ ဆိုပါတော့.. ကလေးတွေ
မဟုတ်ကြတော့ပါဘူး.. သူရော ကျမရော  ကိုယ့်ဘဝလမ်း ကိုယ့်ဘာသာကိုယ်
လျှောက်လှမ်းနေကြပါပြီ..ဒါပေမဲ့ကျမစိတ်ထဲမှာ သူနဲ့ကျမ က ဟိုးးးးးးးးးးးးးး အရင်ကလေးဘဝ
ကလိုပါဘဲ... ရင့်ကျက်လာတဲ့ အရွယ်လို့ လည်း  မထင်မိပါဘူး..
အမေ အကျီတထည်ဝယ်လာရင် လုနေတုန်းပါဘဲ...မုန့်တခုဝယ်လာရင်လည်း သူ့ အတွက်လား
ငါ့ အတွက်လားဆိုပြီး  ရန်ုဖြစ်နေကြတုန်းပါဘဲ....အမေ ဝယ်လာတဲ့ ပစ္စည်းကိုသာ လုတာပါ
သူဝယ်လာတဲ့  ပစ္စည်းဆိုရင် ကျမလိုချင်တယ်ဆိုရင်  သူအမြဲပေးပါတယ်... သူလိုချင်တယ်ဆိုရင်လည်း
ကျမ အမြဲဝယ်ပေးနေကြပါ..( မှတ်ချက် ..ကြောင်မွေးမည့် ကိစ္စမပါဝင်ပါ )..

အေမီဟောင်က မနက်စောစော အလုပ်သွားရသူမို့ အိမ်မှာ အစော ဆုံးအိပ်ယာထရသူပါ
သူနိုးတာနဲ့ တပြိုင်နက်..ကျမအခန်းကို လာချောင်းတတ်ပါတယ်...ကျမကလည်းညနက်မှ အလုပ်ပြန်
တဲ့သူဆိုတော့ အိပ်ယာဝင်တာနောက်ကျတတ်ပါတယ်.. တခါတလေ ကျမ မအိပ်သေး..သူနိုးလာတာနဲ့
ဆုံရင် ညီအမနှစ်ယောက် အိပ်ယာထဲ စကားပြောတတ်သလို.. ကျမအိပ်ပျော်နေရင်လည်း သူက
အမြဲလာလာ ချောင်းပါတယ်..ကျမဖုန်းအား သွင်းထားတာတွေ ..မဖြုတ်ရသေးရင် သူဖြုတ်ပေးသွားတယ်
ကျမ Table light လေး မီး မပိတ်ဘဲအိပ်ပျော်သွားရင် သူပိတ်သွားပေးတယ်....
ကျမအလုပ်ပိတ်ရက်ဆို သူ့အလုပ် ကနေ ခွင့်ယူယူ ပြီး စောပြန်လာတတ်ပါတယ်...
ကျမအလုပ်ပိတ်ရက်က တလ နဲ့တလ နားရတဲ့ ရက်မတူပါဘူး..ကျမနားတဲ့ ရက်ကို သူအမြဲမှတ်ထားပြီး...
သူအမြဲ ခွင့်ယူ ပြီးပြန်လာနေကြပါ...အဲလိုမိသားစုအတွက်အချိန်ပေးတဲ့သူပါ...

အလုပ်တက်ရတဲ့ရက်တွေ ဆိုလည်း..အလုပ်ချိန် မတူတော့ စကားမပြောဖြစ်ကြပါဘူး..
သူက အလုပ် ဆင်းလို့ အိမ်ေ၇ာက်နေပြီ..အဲဒီအချိန်ဆို ကျမ က အလုပ်မှာဘဲရှိတုန်းပါ..
 Line  ကနေ အမြဲလာပြီး.. နပစ် မ  ..နပစ် မ   ...နဲ့ စကားလာလာပြောနေကြ ဆိုပါတော့.
သူသိထားတဲ့ သတင်း... အတင်း  အစုံပါဘဲ  ..ကျမကို အမြဲ ပြန်ဖောက်သည်ချနေကြပါ...
ကျမ ကျန်းမာရေးကြောင့် ကွန်ပြူတာကို အရင်လိုမသုံးဘဲဆင်ခြင်လိုက်ရတဲ့  နောက်ပိုင်းမှာ
အေမီဟောင်က ကျမရဲ့ သတင်းဌာနပါဘဲ..ဘာသိချင်သိချင် သူ့ ပြန်မေးရပါတယ်....







အေမီဟောင်က ကျမ ချစ်တဲ့ ပစ္စည်း  ကျမ အမှတ် တရ တန်ဖိုး ထားတဲ့ ပစ္စည်းတွေကို သူက
သိပ်မနာလိုဖြစ်တတ် ပါတယ်... ဆိုပါတော့  ကျမစီမှာ အရုပ်သေးသေးလေး တရုပ်ရှိတယ်..
အဲဒီအရုပ်ကိုကျမက တယုတယနဲ့ ကိုင်တယ်ဆိုရင်  သူမကျေနပ်တော့ပါဘူး..ကျမ မရှိတုန်းအရုပ်ကိုလာဖွက်ထားတာမျိုး...  ကျမစီကနေ အတင်းလာလာဆွဲ လုတတ်တာမျိုး လုပ်နေကြ
ဆိုပါတော့... ကျမက နင်လိုချင်ရင်ရော့ ဆိုပြီး ပေးလိုက်ရင်လည်း သူလိုချင်တာ မဟုတ်ပါဘူး..
ကျမအနားမှာ အဲတာလေး ရှိနေတာကို သူမလိုချင်တာပါ.. အေမီဟောင်က အဲလိုမျိုး ညီမလေးပါ..
.
သူက အငယ်ဆိုပေမဲ့ အကြီးတယောက်လို ယောက်ကျားလေးတယောက်လိုလည်း  တာဝန်ယူတတ်တဲ့သူပါ
မိသားစုအပေါ်ချစ်တဲ့စိတ်ကြီးမားသူပါ...ကျမက အကြီးဆိုပေမဲ့  တခါတလေမှာ အငယ်လိုပြန်ဖြစ်နေပြီး
သူကတော့ အငယ်ဖြစ်ပေမဲ့ အကြီးတယောက်လိုလည်း တာဝန်ယူတတ်သူပါ....
 ကျမဆေးရုံသွားပြရမဲ့ရက်တွေဆိုလည်း တကူးတက ခွင့်ယူပြီး လိုက်ပို့ပေးတတ်ပါတယ်..
ကျမကသာ နင့်ဘာနင် အလုပ်တက်..ငါ့ဘာငါ သွားမယ်..ငါလည်းသွားတတ်တယ်ဟဲ့ ..ဆိုပြီး
အတင်းအလုပ်သွားတက်ခိုင်းရပါတယ်...ကိစ္စ ရှိလို့ ကျမတယောက်ထဲ ရုံးကိစ္စတွေဘာတွေ
သွားရတဲ့ အခါဆိုလည်း  ဖုန်းတဂွမ်ဂွမ် ဆက်ပြီး  နင်ဘယ်ရောက်နေပြီလည်း..ခုဘယ်မှာလဲ....
ဆိုပြီးလှမ်းလှမ်းမေးတတ်ပါတယ်.. ကျမကစိတ်တိုလို့ နင်ဘာလို့ ခဏခဏ ဖုန်းဆက်နေရတာလည်း
ငါမြေပုံကြည့်နေရတာ အဆင်မပြေဘူး..နင့်ဖုန်းက လာနေတာဆိုပြီး  အော်လိုက်မှ ဖုန်းဆက်တာငြိမ်
ပါတော့တယ်...နင်က တခါမှလည်းမသွားဖူးဘူး အဲဒီနေရာကို ဖုန်းကနေ လမ်းကြောင်းကြည့်ပြီး
သွားတော့ နင်ပျောက်သွားမှာဆိုးလို့   ငါဖုန်းခဏခဏ ဆက်နေတာတဲ့...
အေမီဟောင်က အဲလို ညီမလေးမျိုးပါ...ကျမက ဒီအသက်ဒီအရွယ် လမ်းမှာ ပျောက်ပါ့မလားရှင်..
အိမ်ရောက်အောင်တော့ ပြန်တတ်တာပေါ့...

အေမီဟောင်က ကြောင်ချစ်တတ်တဲ့သူပါ..ငယ်ငယ်ကဆို သူ ကအိမ်မှာကြောင်မွေးနေကြပါ..
သူ့သူငယ်ချင်းတို့ သူ့ကျောင်းက ဆရာမ တို့ ..ကျူရှင်အိမ်က ကြောင်တွေကို တောင်းတောင်းလာတတ်
ပါတယ်.. ..အိမ်မှာသူယူလာတဲ့ ကြောင်တကောင်မဟုတ် တကောင်တော့  အမြဲရှိတတ်ပါတယ်..
တခါတလေ ကြောင်တွေ ပျောက်သွားရင် တအိမ်တက်ဆင်း
သူ့ ကြောင်လေးတွေ့မိလားဆိုပြီးလည်း  လိုက်လိုက်မေးရတာအမောပါပဲ.... နောက်တခုက ကျမတို့ငယ်ငယ်က
တပါတ်မုန့်ဖိုး ဘယ်လောာက်ဆိုပြီး  အိမ်ကတွက်ချက်ပြီး ပေးပါတယ်..
.စနေတနင်္ဂနွေ ဆိုမုန့်ဖိုးမပေးပါဘူး..ကျောင်းတက်ရတဲ့ ရက်ဘဲ
မုန့် ဖိုးရတာပါ ..အေမီဟောင်က သူ့မုန့်  ဘိုးကို ကြိုထုတ်တတ်ပါတယ်... : D

တပါတ်စာအတွက် မုန့်ဖိုး ပေးထားပြီ ရင် ..သူက တပါတ်မကုန်သေးဘူး..နောက်တပါတ်အတွက် ရမဲ့
မုန့်  ဖိုး ကို ကြို တောင်း တတ်တဲ့သူ.....သူကြိုထုတ်ရတဲ့ အကြောင်းရင်းက သူ့ကြောင်တွေကို
ဆေးခန်းသွားပြပေးတာပါ..ကြောင်က အစာ မစားတာတို့    အန်တာတို့  ဖြစ်ရင်
အေမီဟောင်က ကြောင်ကို ခြင်းတောင်းလေးထဲ ထည့် ခြင်းတောင်းကို ကျွတ်ကျွတ်ကြိုးနဲ့
ထိပ်ပိုင်းလေးတွေကို ချည်...ပြီးရင် အိမ်မှာ အိမ်အလုပ်ဝိုင်းလုပ်ဖို့ အတူလာနေတဲ့ အမ ကိုခေါ်ပြီး
ဆေးခန်းသွားပြတာပါ..ကျမရဲ့  အေမီဟောင်  လေးက အဲလို မျိုးပါ...
သူ့ မုန့် ဖိုးက  သူမုန့် စားတာက တဝက်  ကြောင်အတွက်က တဝက်ကုန်တာပါ..

.ကြောင်တွေကိုလည်း  ..နာမည်ပေးထားပါတယ်...သူ့ ကြောင် တွေရဲ့ နာ မည်
အကုန်လုံးကိုတော့ ကျမ မမှတ်မိတော့ပါဘူး.. နောက်ဆုံး ကြောင်လေးကတော့  မိုက်ကယ်  လို့
နာမည်ပေးထားတာလေးတော့ မှတ်မိပါတယ်..  ရွှေဝါရောင်နဲ့ အဖြူ စပ်ကြားလေးပါ..အဲကြောင်လေး
ပျောက်သွားပြီးတဲ့  နောက်ပိုင်း  ..အေမီဟောင်  လည်းကြောင်ထပ်မမွေးဖြစ်တော့ပါဘူး...
အဲကြောင်လေးက အေမီဟောင်ရဲ့  အချစ်ဆုံး အသည်းတုံးလေးပါ...
ကြောင်လေး မိုက်ကယ် ပျောက်သွားပြီးကထဲက အေမီဟောင်လည်း မစားနိုင်မအိပ်နိုင်နဲ့
တော်တော်လေး ခံစားလိုက်ရပါတယ်..အိမ်ကလည်း သူ့  ကို ကြောင်တွေမယူလာခိုင်းတော့ပါဘူး..
အဲတာနဲ့  အေမီဟောင်  နဲ့  ကြောင်နဲ့  အဆက်ပြတ်သွားတယ် ဆိုပါတော့...



ကျမက တခါမှ ဆံပင် မကောက်ဖူးပါဘူး..
ဆံပင်ကောက်ကောက်ကိုလည်း မကြိုက်ပါဘူး.. အေမီဟောင်က ဆံပင်ကောက်ကောက်လေးတွေကို သိပ်ကြိုက်ပါတယ်.. ငယ်ငယ်က ခဏခဏ ဆံပင်ကောက်ပါတယ်..
အမေနဲ့  အပြင်လိုက်သွားရင် ပြန်လာရင် သူဆံပင်ကောက်လာတတ်ပါတယ်...
အမေ့ ကိုတော့ သူဘယ်လိုပူဆာလည်းတော့ ကျမလည်းမသိပါဘူး..
 ကျမရဲ့  အေမီဟောင်  လေးက အဲလို မျိုးပါ...

 
ငယ်ငယ်က ဆံပင်ကောက်ကောက်နဲ့  ဂါဝန်အပြာလေးနဲ့  ကြောင် ထည့်ထားတဲ့ ခြင်တောင်းလေး ဆွဲပြီး
ဆေးခန်းသွားသွားပြတဲ့ အေမီဟောင်လေး ကို အခုချိန်ထိ  မျက်စိထဲမြင်ယောင်မိသေးတယ်...

ငယ်ငယ်က အေမီဟောင်ရဲ့  ပုံစံကို အနီးစပ်ဆုံးပြရရင်တော့ အောက်ကပုံထဲက ကောင်မလေး
ဆံပင်ပုံစံ အတိုင်းပါဘဲ


ငယ်ငယ်တုန်းကဆို အေမီဟောင် ကာတွန်းသိပ်ကြိုက်ပါတယ်...ကျမနဲ့ အတူ စာအုပ်ငှားဆိုင်ကို
သူလိုက်လိုက်လာပြီး  သူကြိုက်တဲ့  ကာတွန်းစာအုပ် လိုက်လိုက်ငှားပါတယ်..သူက သူငယ်တန်း
တစ်တန်းလောက်ဘဲ  ရှိသေးတော့ ကာတွန်း သေချာမဖတ်တတ်သေးဘူး..
သူယူလာတဲ့စာအုပ်ကို အမေက ဖတ်ပြရတယ်... သူကဘေးနားကနေ နားထောင်တယ်..
အမေ မအားရင် ကျမကို  "" ပစ်ပစ် ..ငါ့ ကိုကာတွန်းဖတ်ပြ  "" ဆိုပြီး  ..အမြဲ လာလာဖတ်ခိုင်းတတ်တယ်...

အေမီဟောင် ငယ်ငယ်က  ဒီလုံး..မောင်စူပါ..သမိန်ပေါသွပ်..ဇီးတော်ပွင့် ..အဲစာအုပ်တွေကို
အရမ်းကြိုက်ပါတယ်....ကျမရဲ့ ညီမလေးက ငယ်ငယ်က ကာတွန်းသိပ်ကြိုက်သူလေးပါ...

ခုချိန်မှာတော့ အသက်ရွယ်တွေကြီးလာလို့  သူ့ ဘဝနဲ့ သူ...ကိုယ့်ဘဝ နဲ့  ကိုယ်...လျှောက်လှမ်းနေကြပေမဲ့
ကျမစိတ်ထဲမှာတော့  ကျမညီမလေး က အရွယ်မရောက် သေးတဲ့ကလေးလေး လိုပါဘဲ..
အမှန်ကတော့ သူ က ကျမထက်ပိုပြီး ရင့်ကျက်တည်ငြိမ်နေတဲ့သူပါ...
ကျမမှတ်မိသလောက် သူငယ်ငယ်က အကြောင်းလေးတွေ ဆိုပါတော့...

အေမီဟောင် ....
 မွေးနေ့  တိုင်းပျော်ရွှင်ချမ်းမြေ့ပါစေ
ဘဝတလျှောက် သောကမှန်သမျှ ကင်းဝေးပါစေ..
လိုရာ ဆန္ဒ မှန်သမျှပြည့်ဝပါစေ ..(  ကြောင်မွေးခြင်းမှလွဲ​၍ )

ချစ်တဲ့..ပစ်ပစ်
12.11.2013
Pm 7:27


6 comments:

စံပယ်ချို on 13 November 2013 at 09:31 said...

အေမီဟောင်တဲ့ ချစ်စရာကောင်းပြိးစိတ်ဝင်စားစရာလဲကောင်းတယ်......
ကျန်းမာရေးကိုဂရုစိုက်နော်-------

San San Htun on 13 November 2013 at 12:52 said...

ခုရော အေမီဟောင်လေးက ဆံပင်ကောက်ကြိုက်၊ ကာတွန်းကြိုက်၊ ကြောင်ချစ်တုန်းလား...အငယ်သာဆိုတယ် အကြီးလိုပဲနော်..ဒီကလည်း ကြောင်၊ ခွေး မွေးချင်တာ...လူတောင် ဘယ်တော့ ဘယ်ကို ပြောင်းရမှန်းမသိ...အေမီဟောင်လေး မွေးနေ့ မှသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့  မွေးနေ့ ပေါင်းများစွာကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ...ကြောင်မွေးချင်တဲ့ ဆန္ဒလည်း ပြည့်ပါစေ...အဲ ပစ်ပစ် သိရင် ဗုံးနဲ့ လာထုမလားမသိ...မြန်မြန်ပြေးပြီး ပုန်းနေမှ...း)

Anonymous said...

ကြောင်မွေးခြင်းကို အဆုံးထိကန့်ကွက်သွားပါလားး)))

မပစ်နဲ့ အန်တီတို့ရဲ့ ဟောင်ဟောင်လေး :D
ယနေ့မှစ အသက်တစ်ရာ အနာမရှိ
ချစ်သော မိသားစုနဲ့အတူ ပျော်ရွှင်စရာနေ့ပေါင်းများစွာ ပိုင်ဆိုင်ပါစေ..

ဟန်ကြည် said...

အေမီဟောင်လေးက ချစ်စရာလိုလို ထုစရာလိုလိုနဲ့ သူ့အစ်မလုပ်ရတာ ပြုံးလိုက်မဲ့လိုက်နဲ့ အရသာ အတော်ရှိမယ် ပစ်ပစ်ရေ...ကြောင်မွေးခြင်းကို ဦးဟန်ကြည်လည်း အင်တိုက်အားတိုက် ကန့်ကွက်ပါသဗျား...း)

ရွှေယွန်းဝါ on 17 November 2013 at 21:54 said...

ဒီလို ညီမလေးမျိုး တစ်ယောက်လောက်လိုချင်မိတယ်။
နာမည်ပေးထားတာ ချစ်စရာလေး။ အနောက်က ဟောင်က မိသားစုဝင်စာလုံးဖြစ်မယ်။
သိတဲ့သူတွေထဲမှာ နိုဝင်ဘာ ၁၉ မွေးတဲ့သူတွေတော်တော်များတယ်။
ကြောင်တော်တော်ချစ်တာဘဲနော်။ မွေးနေ့မှာ ကြောင်လေးတစ်ကောင်ရပါစေလို့ ဆုတောင်းပေးချင်သော်လည်း ပစ်ပစ်မှမကြိုက်တာ။
အေမီဟောင် ဒီမွေးနေ့မှစ၍ ဆန္ဒနဲ့ ဘဝ တထပ်တည်းကျပါစေ။ တောင်းတဲ့ဆုတိုင်းလဲ ပြည့်ပါစေ ညီမ။ ကြောင်တော့မပါစေနဲ့ပေါ့။ :P

Anonymous said...

ညီအမနှစ်ယောက် ချစ်ဖို့ အရမ်းကောင်းတယ်။ ဖတ်ပီး ပျော်သွားလို့ ကွန်မန့်ရေးတာပါ၊ ဒီလို အမြဲချစ်ချစ်ခင်စွာ နေရပါစေ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei