02 November 2011

အားလုံးOK ပါ၏

Posted by blackroze at Wednesday, November 02, 2011
မနေ့က ကျမ စိတ်ထဲတော်တော်လေးကို ဆိုးဆိုးဝါးဝါး ကိုခံစားနေရတယ်.. ။စိတ်ထဲဘယ်လိုမှ
သည်းမခံနိုင်တော့ဘူး အဲလိုအနေအထားကို ။အဲတာနဲ့ ကျမ အရမ်းကြောက်နေမိတယ် ဆိုပြီး
စာတပုဒ်ေ၇းလိုက်မိတယ် ။ ကျမအားလုံးကိုတောင်းပန်ပါတယ် ။ကျမအဲလိုရေးလိုက်တဲ့အတွက်
တော်တော်များများ ကျမကိုစိတ်ပူကုန်ကြတယ် ။

အထူးသဖြင့် ကိုယ်ဝန်လွယ်ထားရတဲ့ အမမဒိုးကန်..
အမရေ ..အမကို စိတ်ပူအောင်လုပ်မိသလိုဖြစ်သွားတယ် ။။ခွင့်လွှတ်ပါအမရယ်....။ အမစိတ်ထဲဘာကို
တွေးပြီးစိတ်ပူသွားတာလဲဆိုတာ ပစ်ပစ် သိတယ်အမ...း) အဲလိုမဟုတ်ပါဘူးအမရယ်
ဒါပေမဲ့ သူနဲ့တော့ပတ်သက်နေတယ် အဲတာကြောင့် ပစ်ပစ်လည်း ဆောက်တည်ရာမရ ဖြစ်သွားတာ ။
မနက်ကသူ့စီလည်း ဖုန်းဆက်ပြီးသွားပြီ ..အိုကေပါတယ် အမရယ် ။ သူဘာမှမဖြစ်ပါဘူး ။

ဆြာအကိုဦးဟန်ကြည်ကြီးရေ...ဖုန်းဆက်တဲ့အချိန် မှန်တော့မချထားမိဘူး...ဒါပေမဲ့ ပစ်ပစ်ဟာပစ်ပစ်ပါဘဲလို့
တော့တွေးထားတယ် အကိုရ ..

ကိုလတ်ရေ..မနက်ဖန်ကိုရင်ဆိုင်ပြီးသွားပါပြီ..ကျေးဇူးပါ

လှိုင်ရေ
ပေးတဲ့ဆုအတိုင်း ကျမတကယ်ကံကောင်းခဲ့ပါတယ်...

Black ရေ..
ပြေးပြီးတော့ရင်မဆိုင်လိုက်မိဘူး ဖုန်းဆက်ပြီးဘဲရင်ဆိုင်လိုက်တယ် သူငယ်ချင်း

နေဝသန်
ဖုန်းဆက်ပြီးသွားပြီ..ဟုတ်တယ် This too will pass ပါဘဲ..အခုတော့ပြီးသွားပါပြီကွယ် ..။

မောင်သန့်
တကယ်ကို Goodluck ဖြစ်ခဲ့ပါတယ်

jas ရေ
မကြောက်တော့ဘူး ဆက်ပြီးသွားပြီ..

မွန်ရေ
ရှဲ့ရှဲ့နီ ပါလို့ ..

မကြီးချောရေ
သတင်းကောင်းဘဲကြားခဲ့ပါတယ်မကြီးရယ်..ကျေးဇူးပါနော်..

အမမိုးငွေ့ရေ
အဆင်ပြေပါတယ် အမ..

ဇင်မျိုးရေ
အဆင်ပြေပါတယ်..ကျေးဇူးပါ

ဂရုတစိုက်နဲ့ အားပေးကြတဲ့ ဘလော့ဂါမောင် နှမတွေ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ ။။
..ပစ်ပစ်အားလုံးကိုကျေးဇူးပါလို့ ပြောပါရစေ ..

နောက်ဆိုအဲလိုစိတ်ပူအောင် မလုပ်တော့ဘူးနော် ... မွမွမွမွမွမွ


ဒါဆို ကျေနပ်တယ်မှတ်လား ...။။


C-box မှာ ကိုရင်က ရောက်တယ် ...ငါ့သမီး လို့ ရေးသွားတယ် ...။။ရင်ထဲမှာ အရမ်းကို ပီတိဖြစ်ရပါတယ်။
ငါ့သမီး ဆိုတဲ့ ခေါ်သံကိုမကြားရတာ အရမ်းကြာနေပါပြီ ...

အမနဲ့ ကိုရင်ရေ ...ထက်မြက်လိမ်မာတဲ့ အရမ်းချစ်စရာကောင်းပြီး အရမ်းစိတ်ကောက်တတ်တဲ့
သမီးလေးတယောက်ရရှိပိုင်ဆိုင်ပါစေလို့ ...အမြဲတမ်းဆုတောင်းပေးမယ်နော် ။။







jerry pigpig
2.11.2011 AM 2:53

15 comments:

ညီရဲ on 2 November 2011 at 08:03 said...

ဘယ်လို ရင်ဆိုင်ရင်ဆိုင် အစစ အရာရာ ok ဖို့ ပဲ လိုတယ် သူငယ်ချင်း...
သူငယ်ချင်း ပျော်နေတာကို မြင်တော့ မိတ်ဆွေအပေါင်းလဲ စိတ်ချမ်းသာရတာပေါ့...
နို့ မို့ လွမ်းချည်းနေတော့ ဘေးလူတွေပါ စိတ်မကောင်းဖြစ်ရတယ်...
ငါ့သူငယ်ချင်းလေး အမြဲ ပျော်ရွှင်နေဖို့ ဆုတောင်းပေးလိုက်ပါတယ်...

မဒမ်ကိုး on 2 November 2011 at 08:19 said...

အောင်မလေး ခုမှသက်ပြင်းချနိုင်တော့တယ် မမပစ်ပစ်ကလေးရယ်
တွေးမိပြီး ကိုယ်တောင် ရင်တုန်သလိုလို ငိုချင်သလိုလို .
တခုခုဆို တခုခုဆိုနဲ့
ခုမှပဲစိတ်အေးရတော့တယ်
(လောကမှာလေ အဲဒီအပူထက် ပိုပူတဲ့အပူမရှိနိုင်တော့ဘူး ညီမလေးရယ်း(

ချစ်တဲ့

အမ

မဒိုးကန်

Maung Myo on 2 November 2011 at 09:28 said...

အဲ့လိုပို့စ်တွေကြီးဖတ်နေရတာ စိတ်မချမ်းသာဘူး မောဒယ်း(

နေ၀သန် on 2 November 2011 at 10:16 said...

အဲ.. နောက်ဆက်တွဲ.. အဆင်ပြေတယ်ကြားတော့ ၀မ်းသာပါတယ်.. မပစ်ပစ်ရေ.. :D.. (ဘယ်သူခေါ်တယ်တော့မသိ... ပစ်ပစ်လို့တွေ့မိလို့.. ဟီး)

ခင်မင်လျက်
နေ၀သန်

TZH1985 on 2 November 2011 at 11:09 said...

Great... cheers

ဟန်ကြည် said...

အိမ်း...အိုခေမှာ စိုပြည်တယ်ဆိုတော့လည်း ကြားရတာ နားဝမှာ ဘ၀င်ငြိမ့်ပြီး ရင်သိမ့်တုန်ခံစားရတာ သက်သာသွားပေသပေါ့ ပစ်ပစ်ရေ...အတွေးဆိုတာ လက်တွေ့ဖြစ်လာဖို့ ရာနှုန်းအင်မတန် နည်းတာကလား...ဖြစ်မဖြစ် မသေချာတဲ့အတူတော့ ကောင်းတာပဲတွေးတတ်တဲ့ အကျင့်တစ်ခုတော့ လုပ်ထားပေတော့...တစ်ခါတစ်ခါ ပစ်ပစ်တို့တွေးလိုက်ရင် ဂိတ်ဆုံးရောက်ရောက်နေသလားလို့...

ကိုင်း အဆင်ပြေတယ်ဆိုလို့ ( ဘာပဲပြေပြေ ) ၀မ်းသာပါသတဲ့ဗျား...

ချယ်ရီမြေ on 2 November 2011 at 17:43 said...

အရင်ပို့စ်ကို ပြန်ဖတ်ပြီး ဇာတ်လမ်းကို ဆက်ယူရတယ်.. အင်တာနက်နဲ့ ဝေးနေတယ်လေ.. အဲလိုကြောင့် အဆင်မပြေဖြစ်ခဲ့တာပေါ့လေ။ အရာရာ တရားသဘောနဲ့ အစဉ်ချောပါစေကွယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အဖြူရောင်နတ်သမီး on 2 November 2011 at 21:16 said...

ညီမငယ်လေး အဆင်ပြေပါစေကွယ်..
အမလည်း အလုပ်တွေရော.. လူမှုရေးတွေရော ရှုပ်နေလို့ ငါ့ညီမလေးကို ပြစ်ထားသလိုဖြစ်သွားတယ်..

စံပယ်ချို on 2 November 2011 at 22:00 said...

အားလုံးok တယ်ဆိုရင်ဝမ်းသာပါတယ်
အစစ အရာရာအမြဲအဆင်ပြေပါစေနော်
ချစ်တဲ့ jasmine

မိကျောင်းဖမ်းမိထားသူ on 2 November 2011 at 22:56 said...

ဒါပေါ့ဗျာ။ ရင်တုန်တုန်း ခဏပါပဲ။ အဆင်ပြေမှာပါလို့  ဆို။ ဟွန်း။ မိကျောင်း ပါဆယ်ထုပ်ပြီးပြီ လိပ်စာပဲ ပေးတော့။ ပို့ မယ်။ :P

Anonymous said...

မ ..အိုခေ တယ်ဆို လို့  ထပ်တူပျော်ပါတယ်
မွန်

sosegado on 3 November 2011 at 12:21 said...

အိုကေပြီးရင် အဆင်ပြေပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) on 3 November 2011 at 13:48 said...

အဆင်ပြေ အိုကေတယ်ဆိုတဲ့အတွက် ဝမ်းသာပါတယ် ညီမလေး.. စိတ်ညစ်စရာဆိုတာ အမြဲတမ်းမလာနိုင်သလို ပျော်စရာဆိုတာလည်း ထာဝရ မတည်မြဲပါဘူး.. စိတ်ညစ်တလှည့် ပျော်စရာတလှည့်ပေါ့နော်.. ဒါပေမဲ့ ဘာဘဲလာလာ ခံနိုင်ရည်ရှိအောင်တော့ ကြိုးစားကြစို့လား..

Angelhlaing(May everybody be happy and healthy! on 3 November 2011 at 15:48 said...

ok ဆို ဝမ်းသာစရာပဲ မမရေ...
တစ်ခုခုဆို မိန်းမသားတွေမို့ ထင်ပါရဲ့ စိတ်ဓါတ်က ကျလွယ် တက်လွယ်တယ်လေ... ခုတော့ အားလုံး ok ပြီတော့ ဝမ်းသာ
ကျေနပ်စရာ အတိပြိးတဲ့ နေ့လေး တစ်ရက်ပေါ့လေ....
ကောင်းသောနေကရက်လေး တွေ ပိုင်ဆိုင်ပါစေမမ ..:):)

မောင်ဘကြိုင် (ချဉ်ပေါင်ခြံ) on 3 November 2011 at 23:11 said...

ဘာတွေဘယ်လိုဖြစ်သတုန်းဆိုတာ တွေးရင်းရင်ထဲထိတ်တလန့်ကွယ်
ဘာပြောပြော အိုကေစိုပြေတယ်ဆိုလို့ ဝမ်းမြောက်မိပါတယ်
အဆင်ပြေပါစေကွယ် ဘလော့ဂါများအရေး မောင်ဘကြိုင်အရေးပါပဲကွယ်
အဆင်ပြေပါစေ အစစအရာရာ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei