11 November 2011

စောပါသေးတယ် ချစ်သူ

Posted by blackroze at Friday, November 11, 2011
ရာသီဥတုက
တဖြည်းဖြည်းအေးစက်လို့
ညတွေကချောက်ခြားဖို့ကောင်းလိုက်တာ

တချိန်တုန်းကတော့
ဒီလိုအေးစက်တဲ့ ညတွေကို
မေ့ထားလို့
နင့်စကားသံတွေနဲ့
ငါ့ရင်ထဲနွေးထွေးခဲ့ဖူးသားဘဲ

ခုတော့......
တရာသီမှ မပြောင်းသေးဘူး
နင်ပြောင်းလဲသွားပြီလား..
မယုံနိုင်လောက်အောင်
မြန်လွန်းလှတဲ့
ကံကြာမ္မာကို..
မယုံရဲပေမဲ့ ..
ငါ
လက်ခံလိုက်ဖို့
ဆုံး ဖြတ် ရ တော့ မ လား..

ရင်နာတယ်ဆိုတဲ့ ခံစားချက်
ခံစားလို့မကောင်းပေမဲ့
ငါ့ရင်ထဲမှာတော့အမြစ်တွယ်နေပြီ
ငါလေ..နင့်ကို ရင်ဘဲနာချင်တယ်
စိတ်မနာချင်ဘူး....ချစ်သူရယ်
အဲ တာ နင့် ကို သိ စေ ချင် တယ်

ငါ့သတိရခြင်းတွေကို
နင့်အသိအမှတ်မပြုရင်နေပါ
ဥပေက္ခာ ပြုဖို့မသင့်သေးပါဘူး
ငါ့ခံစားချက်တွေကို
နင့်နားမထောင်ချင်နေပါ
ကျော မ ခိုင်း သင့် သေး ပါ ဘူး..

ငါတို့နှစ်ယောက်
အရင်က
အတူတူပျော်ခဲ့ဖူးတယ်နော်
အတူတူရန်ဖြစ်ဖူးတယ်နော်...
အတူတူဂိမ်းဆော့ဖူးတယ်နော်
အတူတူထမင်းစားဖူးတယ်နော်
အတူတူသီချင်းဆိုခဲ့ဖူးတယ်နော်
နေ့တနေ့ကို အတူတူဖြတ်သန်းဖူးတယ်
ညတညကိုလည်း အတူတူဖြတ်သန်းဖူးတယ်..
ခုတော့....
မေ့သွားပြီလား ချစ်သူ
အတိတ်ကိုပြန်တူးဆွနေတာ
မဟုတ်ပါဘူး..
နင် မေ့ နေ မှာ စိုး လို့ ပါ

နင်မရှိတော့တဲ့
ငါ့ပတ်ဝန်းကျင် က
ဘာမှမပြောင်းလဲပါဘူး
နင်သိထားတဲ့ လှုပ်ရှားမှု့တွေအတိုင်းဘဲ
ငါဆက်လက်လှုပ်ရှားနေတာလေ

ငါပါဝင်ပတ်သက်ခွင့် မရှိတော့တဲ့
ပတ်ဝန်းကျင် အသစ်တခုမှာ
နင်..အဆင်ပြေရဲ့လား...
နေမှ ကောင်းရဲ့လား
တာဝန်တွေနဲ့များ
အရမ်းပင်ပန်းနေပြီလား..
ငါ .အမြဲတမ်းစိတ်ပူမိတယ်

ငါညစဉ်ဘုရားရှိခိုးတိုင်း
နင်အဆင်ပြေစေဖို့
နင်လုံခြုံစေဖို့
နင်အန္တရယ်ကင်းစေဖို့
အမြဲတမ်း ဆုတောင်းပေးမိတယ်...
င့ါ ဆုတောင်းတွေ နင်သိဖို့ မလိုပါဘူး..
ငါ့ဆုတောင်းတွေ နင့်အတွက်ပြည့်ဖို့ဘဲလိုတာပါ...

ငါတို့ နှစ်ယောက်အနာဂတ်တခုကို
အတူတူ ဖန်တီးဖို့
ဘဝနှစ်ခုကို ပေါင်းစပ်ဖို့
အတူတူကြိုးစားမယ်လို့
နှစ်ယောက်တူတူ ဆုံးဖြတ်ခဲ့ဖူးတယ်နော်...
အခုတော့
နင် ပြောင်း လဲ နေ ပြီ လား

နင်..အရင်ကပြောခဲ့ဖူးတဲ့စကားတွေ
နင် ..အရင်က ပေးခဲ့ဖူးတဲ့ကတိတွေ
ငါ မေ့ ပြစ် လိုက် ရ တော့ မ လား

သေချာခြင်း ဆိုတာ
နေရာတိုင်းမှာမရှိပါဘူး ချစ်သူ
မရေရာခြင်းဆိုတာလည်း
အချိန်တိုင်းမှာဖြစ်နိုင်ပါတယ်ချစ်သူ

ငါတို့နှစ်ယောက် ကြားမှာ
မရောရာတဲ့ သေချာခြင်း တခုဘဲ
ရှိတယ်ဆိုတာလည်း
ငါသဘောပါက် ပြီးသားပါ...

ဒါပေမဲ့...
အခုတော့လေ....
ငါ့..စိတ်ထဲမှာ...
နင်ထားခဲ့တာ
နည်း နည်း များ စော နေ သေး သ လား လို့ ......။။။။။



ပစ်ပစ်
11.11.2011 AM 2:50

15 comments:

စံပယ်ချို on 11 November 2011 at 03:16 said...

ပစ်ပစ်ရဲ့အလွမ်းလေးကဂျက်ဂျက်ကိုကူးစက်လို့နေပါပြီကွယ်
သူလဲသိမှာပါပစ်ရေ..............
ချစ်တဲ့ မုန်လာထုပ်

ကိုကိုမောင်(ပန်းရနံ့) said...

င့ါ ဆုတောင်းတွေ နင်သိဖို့ မလိုပါဘူး..
ငါ့ဆုတောင်းတွေ နင့်အတွက်ပြည့်ဖို့ဘဲလိုတာပါ...

သိလဲသိပါစေ။ ပြည့်လဲပြည့်ပါစေ။
ပစ်ပစ်လေးကိုလဲ နားလည်မှုအပြည့်နဲ့ ချစ်ခင်ကြင်နာစွာ ရာသက်ပန် ဘ၀ခရီး လက်တွဲနိုင်ပါစေ။ ခွဲသွားတယ် ကွဲသွားတယ်ဆိုတာ မကြားပါရစေနဲ့။

ခင်မင်လျှက်

Angelhlaing(May everybody be happy and healthy! on 11 November 2011 at 03:33 said...

မမရယ် တစ်ကယ်ကို သုံးသပ်ဖို့ စောပါသေးတယ်...
အကို(ကိုကိုမောင်) ဆုတောင်းသလိုပါပဲ... ညီမလေးလည်း ဆုတောင်းနေပါတယ်....

TZH1985 on 11 November 2011 at 05:51 said...

အဆင်ပြေ... ပျော်ရွှင်ပါစေလို့ပဲ...

ညီလင်းသစ် on 11 November 2011 at 08:24 said...

ကဗျာလေး ဖတ်သွားတယ် ညီမရေ..၊ ထားခဲ့တဲ့ အဖြစ်တွေ၊ အထားခံခဲ့ရတဲ့ အဖြစ်တွေက ဘယ်ဟာမှ မကောင်းပါဘူး၊ ချစ်သူကို လွမ်းရတဲ့ အလွမ်းဟာ တငွေ့ငွေ့နဲ့ လောင်မြိုက်တတ်တဲ့ ဖွဲမီးလိုပါပဲ..။

လွင်ပြင်လှိုင်းငယ် on 11 November 2011 at 12:21 said...
This comment has been removed by the author.
လွင်ပြင်လှိုင်းငယ် on 11 November 2011 at 12:22 said...

ကဗျာကောင်းလေးပါ
တနေ့ဆုံတွေ့ပါစေလို့ ဆုတောင်းလျက်နော်

Anonymous said...

စိတ်မကောင်းပါဘူး ... ပြန်လည်ဆုံတွေ့ ပါစေလို့  ... ဆုတောင်းခဲ့ပါတယ်

မောင်ဘုန်း

ညီရဲ on 11 November 2011 at 13:22 said...

ကဗျာလေးကို ဖတ်ရင်း စိတ်မကောင်း ဖြစ်မိတယ် သူငယ်ချင်းရေ...
တကယ်ပါ...
ဖြစ်နိုင်ရင် ငါ့သူငယ်ချင်းလေး ပျော်နေတာဘဲ မြင်ချင်ပါတယ်လေ...

...အလင်းစက်များ on 11 November 2011 at 13:49 said...

နဲနဲစောနေသေးသလားလို့  ဆိုလို့  ဟီးဟီး မနက် က ၁၁ ၁၁ ၁၁ မှာ ၇ နာရီမှာနိုးနေလို့  နဲနဲ စောနေသေးသလား လို့  ပြန်အိပ်လိုက်တာ နေ့ ခင်း ၁၂ မှ နိုးသဗျာ။ ဟီး။

အော်...... မိကျောင်းရော မြွေစိမ်းတွေပါ ဖမ်းထားတယ်နော်။ ဟီးဟီး

ချော(အစိမ်းရောင်လွင်ပြင်) on 12 November 2011 at 04:30 said...

ညီမလေး.. ဘာသတင်းတွေ ကြားလို့ ဒီလို ပြောစရာတွေ ဖြစ်နေတာလဲ.. သူတကယ် အလုပ်များလို့ ဖြစ်မှာပါ.. အခုလို သုံးသပ်ဖို့ စောနေသေးသလားမသိဘူး... ဘာဘဲဖြစ်ဖြစ် ရင်ဆိုင်နိုင်အောင်တော့ ကြိုတင် ပြင်ဆင်ထားပေါ့နော်.. ဘာကိုမှ အစိုးမရတဲ့ လောကကြီးမှာ ဘယ်အရာမှ မတည်မြဲတာမို့ မနက်ဖန်တိုင်းဟာ ပြောင်းလဲနိုင်ပါတယ်.. ဒါပေမဲ့ ပစ်ပစ်အတွက် ပျော်စရာနေ့ရက်တွေသာ ဖြစ်စေချင်မိပါတယ်..

မေသိမ့်သိမ့် ကျော် on 13 November 2011 at 20:32 said...

ချစ်သူကို သိပ်ချစ်တာပဲနော်။ သိပ်ကို ချစ်စရာကောင်းတဲ့ ကဗျာလေးကို ဖတ်မိသွားတယ်။ ကျေးဇူးပါနော်။

Anonymous said...

မ.. ထပ်တူခံစားသွားတယ် ..
မ သုံးသပ်တာလည်းစောနေသေး သလား လို့ 


မွန်

မဒမ်ကိုး on 14 November 2011 at 15:33 said...

ပစ်ပစ်လေးရေ အမသည်နေ့မှ ရုံးစတက်နိုင်ပါတယ်
ဘာတွေဘယ်လိုဖြစ်နေသလဲ ကလေးရယ်
တခါတလေ စိတ်တွေကိုလွှတ်ထားလိုက်ပါ ..
အများကြီးမတွေးနဲ့လေ နော်

ချစ်တဲ့ အမ

မဒိုးကန်

တောက်ပကြယ်စင် on 14 November 2011 at 23:33 said...

မဒိုးကန်ပြောသလိုပါပဲ ပစ်ပစ်ရေ။ တစ်ခါတစ်ခါ "သံသယ"ဆိုတဲ့ စကားလုံးက သုံးလုံးထဲဆိုပေမယ့် လူကို အရမ်းဒုက္ခပေးတတ်တယ်နော်။ သူက ပစ်ပစ်လေးကို ချစ်နေမှာပါနော်။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei