29 November 2011

ချစ်သူလာတဲ့ည

Posted by blackroze at Tuesday, November 29, 2011
ဒီနေ့ အမှတ်တရနေ့လေးတနေ့ပါ..
မမျှော်လင့်ဘဲသူနဲ့ဒီနေ့တွေ့လိုက်ရတယ်...


(၁)
နေ့ရယ်ညရယ်..စဉ်ဆက်မပြတ်
တမ်းတခဲ့တဲ့..
ချစ်သူရုပ်လွှာ..ဒီမျက်နှာကို
တွေ့ရအခိုက်..
ရင်ထဲလှိုက်ဖို..မျက်ရည်စို၏

(၂)
ချစ်သူသံကြား..
သူ့စကား
ကြားစဉ်ခဏ..
ကြည်နူးမျက်၇ည်ကျမိ၏

(၃)
အချိန်ရယ်ကုန်ဆုံး
သူပြန်တော့မည်
ပြန်ဖို့ဟန်ပြင် နှုတ်ဆက်စဉ်..
ဝမ်းနည်းမျက်ရည်..ကျမိုးစွေ၏..

(၄)
သြော်....အချစ်..အချစ်...
ဒီအချစ်သည်...
ကြည်နူးပူဆွေး
ငိုကြွေးရခြင်းမည်ပေတကား...။။။


သူဒီနေ့ကျမကိုလာတွေ့တယ်... ဖုန်းဆက်လိုက်တဲ့အချိန်..ကိုကိုလာခဲ့မယ်...ဆိုပြီး ခဏလောက်နေတော့
ကျမအရမ်းမျှော်လင့်ခဲ့ရတဲ့ ကျမကိုယ်တိုင်သူ့နစ်ကလေးကိုဖွင့်ကြည့်တာ မဟုတ်ဘဲ သူကိုယ်တိုင်ဖွင့်
ပြီးခေါ်လာပါတယ်...

9:23 PM ကိုကို: ကိုကိုရောက်ပီ
ရှိနေလား

တဲ့လေ...ချက်ချင်းပြန်မဖြေမိဘူး.....သူနောက်တခါထပ်ခေါ်မှ


me: အင်းးကို
ုမိုက်ခေါ်လိုက်မယ်
ကြားရလား ။

ပြန်ထူးမိတယ်.....စကားတွေအများကြီးဘဲပြောကြတယ် ။။ဖုန်းဆက်တိုင်းလည်းပြောနေကြ
စကားတွေပါဘဲ ။။အင်တာနက်မှာဆိုတော့ VZO ကနေ လူကိုပါကြည့်လို့ရတာ တခုပိုကောင်း တာပေါ့လေ။။။သူပိန်သွားတယ်...အသားတွေမည်းသွားတယ်...
မနက်ဖန်ကလောသွားရမယ်လို့ပြောတယ် ။။သူအခုအုံးလွဲနေတယ်လို့ပြောသွားတယ်..
ကျမကိုဆေးမှန်မှန်သောက်လားမေးတယ်..


me: အသားမည်းတဲ့ကုလားလေးဖြစ်နေပါရောလားကွယ်..
အသားဖြူတဲ့ရှမ်းလေးမဟုတ်တော့ဘူးနော်..
9:52 PM ကိုကို: အင်း
ဟုတ်တယ်
အသားတွေတော်တော်မဲပီး
ပိန်နေပီအလုပ်ကောအဆင်ပြေနေလားပစ်ပစ်
ကိုကို: ဆေးကောပုံမှန်သောက်လား
me:အလုပ်ကအဆင်ပြေပါတယ်ကို..
ကိုကို: အေးနေပီဆိုတော့ စောင်ထူထူ ခြုံအိပ်နော်
9:55 PM me: ဆေးကတော့ကိုမရှိတော့သေချာတိုက်မဲ့သူမရှိတော့လို့
သောက်တလှည့်မသောက်တလှည့်ဘဲ
ကိုကို: အဲ
me: ပစ်ပစ်ကျောင်းလည်းမတက်ဖြစ်တော့ဘူးသိလား
ကိုကို: ကိုကို မှာထားတာကို
ကိုကို့ ကိုချစ်ရင်ဆေးပုံမှန်သောက်ပါလို့လေ
me: သောက်ပါတယ်ကိုရဲ့
စိတ်ချနော်..
ကိုကို: ကျောင်းတက်ဖို့အချိန်မပေးနိုင်တော့လို့လားပစ်ပစ်
9:56 PM me: မဟုတ်ဘူးကို
မတက်ချင်တော့တာ
ကိုကို: အင်း
အလုပ်ကတဖက်နဲ့ဆိုတော့
အဆင်ပြေသလိုလုပ်ပါပစ်ပစ်
me: ကို့ ကိုကြည့်ရတာ..တအားပင်ပန်းနေသလိုဘဲကိုရယ်..

သူ့ကိုကြည့်ပြီးကျမစိတ်မကောင်းဘူး...အရင်ကကျမတွေ့ခဲ့တဲ့ သူဆိုတာနဲ့ အခုကျမတွေ့
နေရတဲ့ သူ ဆိုတာ တယောက်ထဲမဟုတ်တော့သလိုဘဲလေ ...။။
အရင်ကကျမသူ့မျက်ဝန်းတွေထဲမှာ..တက်ကြွခြင်းတွေ..မျှော်လင့်ခြင်းတွေ
အများကြီးနဲ့လက်လက်တောက်နေတာကို တွေ့မြင်နေကြ....

အခုတော့ကျမသူ့မျက်နှာကိုသေချာကြည့်တာ..သူရီလိုက်ရင်ပါးချိုင့်ပေါ်လာတာကလွဲလို့
အရင်ကသူဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့ တွေးနေရတယ် ...
ကျမအခုတွေ့နေရတာက..နွမ်းဖတ်ဖတ် ညှိုးရော်ရော်နဲ့ ချောင်ကျကျမျက်နှာတခုနဲ့
လူတယောက်...လေးလဆိုတဲ့အချိန်အတွင်းမှာ တအားပြောင်းလဲသွားတယ်...
မနက်ဖန်အစောကြီးခရီးသွားရမယ်တဲ့...ဆိုင်ကယ်သေချာမောင်းဖို့
ဂရုတစိုက်နဲ့သွားဖို့မှာလိုက်တယ် ။။

အတူတူမနေနိုင်သေးတော့ စိတ်ပူလည်း ဘယ်လိုနေပါဆိုပြီး မှာတာကလွဲလို့ကျမလည်းကျန်တာလုပ်
မပေးနိုင်ဘူးလေ...ကျမသူတာဝန်ကျတဲ့နေရာမသွားခင် တွေ့လိုက်ရသေးတယ်..အဲနောက်ပိုင်း လုံးဝမတွေ့ရတော့ဘူး သူလည်းလုံးဝလာမတွေ့ဘူး....ဖုန်းလေးဆက်ရုံလောက်ကလွဲလို့ အခုလိုတွေ့
ကိုမတွေ့ဖြစ်တာ 4လနီးပါးဘဲ....အခုသူလာတွေ့တော့ ကျမအရမ်းအံသြမိတယ်...တအားပြောင်းလဲသွားတယ် ....အရင်ကနဲ့အခုဆိုတာ တယောက်စီသပ်သပ်ဖြစ်သွားသလိုဘဲ ...။။အစကတော့ သူလာရင် ကျမရန်လုပ်မလို့ပါ..ဘာတွေများ
မအားမလပ်ဖြစ်နေရတာလဲဆိုပြီးတော့ပါ.....အခုတော့ကျမရန်တွေ့မယ်လို စိတ်ကူးထားတဲ့စကားလုံးတွေက
အငွေ့ပျံပြီးပျောက်သွားလေရဲ့လေ ..။။ရန်မတွေ့ရက်တော့ဘူး....။။အခုနေခါ ကျမသူ့ကိုဘာမဆို အရာရာ
နားလည်ပေးလိုက်ဖို့အဆင်သင့်ပါဘဲ.....။။

သူလာတွေ့တယ်
စကားတွေပြောကြတယ်..
သူပြန်သွားတယ်
ကျမရင်ထဲ
စိတ်မကောင်းခြင်းများစွာ
ကျန်နေခဲ့တယ်.....

ပစ်ပစ်
29.11.2011 AM 2:40

19 comments:

စံပယ်ချို on 29 November 2011 at 03:48 said...

ကိုကို: ဆေးကောပုံမှန်သောက်လား

ဘာရောဂါတွေလဲကွယ် ရင်ထိပ်လိုက်တာဟယ်
ချစ်တဲ့ jasmine

မဒမ်ကိုး on 29 November 2011 at 08:54 said...

ချစ်သူလာသော.. ညက ဇလားလျှံပါတယ် ..
ချစ်သူမလာသောညက မီးကင်းရုံမှာ အိပ်နေဆဲကွယ် .း)

ကဲ ကဲ ခလေးမ ဒီလိုနားလည်မှု့တွေနဲ့ပဲမြင်ချင်တယ်
လူဘ၀ကြီးက တိုတောင်းလာပြီး
အသက်ရှင်နေတုန်း ချစ်ချစ်ခင်ခင်နေကြ .
ကျောင်းတော့ပုံမှန်တက်ပါ ..ဟင်းး ဟင်းး လွဲမချပါနဲ့း)

Anonymous said...

စိတ်ချမ်းသာစရာပဲကွယ်..
ချမ်းမြေ့ပျော်ရွှင်ကြပါစေး))
ဆေးလည်းပုံမှန်သောက်
ကျောင်းလည်း.ပြန်တက်နော်..
ကလေးးP

ချစ်ခင်စွာဖြင့်
မိစံ

ကိုကိုမောင်(ပန်းရနံ့) said...

သူ့ပို့စ်တွေ ဖတ်ရတာလဲ ကိုရီးယားဒရမ်မာ ကြည့်နေရသလိုဘဲ။ ငိုရမလို ရယ်ရမလို ကြည်နူးရမလို ကြေကွဲရမလို ဒေါသထွက်ရမလိုလိုနဲ့...
နောက်ဘယ်လိုတွေ ထပ်ဖတ်ပြန်ရဦးမလဲ မသိ။
အဲဒီကောင်လေးနဲ့ ဝေးနေသရွေ့တော့ ပိတ်သတ်ကြီးရေ....မျက်နှာသုတ်ပ၀ါ ယူလာပြီးမှ လာဖတ်လှည့်။း(
ပျော်လဲငို ပျင်းလဲငို ၀မ်းသာလဲငို ၀မ်းနည်းလဲငို သူလာလဲငို သူပြန်သွားလဲငို ကြေကွဲလဲငို ကြည်နူးလဲငို...
အော်..အချစ်အချစ်.. စိတ်ညစ်စရာကြီးပါလားနော်....

ဟန်ကြည် said...

ဟ...ရာသီဥတု မျှတပြီး မိုးလေ၀သတွေ ကောင်းမွန်နေပါကလား ပစ်ပစ်ရေ...ကိုင်း ဒီသတင်းကြားရတာ အဟောဝတ ချမ်းသာစွပါဗျား...

ချော(အစိမ်းရောင်လွင်ပြင်) on 30 November 2011 at 02:05 said...

ပစ်ပစ်.. ပျော်ရွှင်တယ်ဆိုလို့ ဝမ်းသာပါတယ်. မျက်နှာငွေလ ရွှန်းပပကို တွေ့လိုက်ရပြီပေါ့နော်... စိတ်ကျေနပ် ပျော်ရွှင်ကြည်နူးနိုင်ပါစေ ညီမလေး....

မောင်မောင် on 30 November 2011 at 03:03 said...

လုံးဝကို ရသခံစားမှု အပြည်.ရတယ်။ သူလာတွေ့တယ်
စကားတွေပြောကြတယ်..
သူပြန်သွားတယ်
ကျမရင်ထဲ
စိတ်မကောင်းခြင်းများစွာ
ကျန်နေခဲ့တယ်.....
စာပိုဒ်လေးကတော. တော်တော်လေးကို အဓိပ္ပာယ်ရှိတယ်နော်။

ကြောင်ဖြူများရှင် on 30 November 2011 at 05:48 said...

စီအိုင်ဒီ က ဇီးရိုးဇီးရိုး ဆဲဗင်း ပစ်ပစ်နော် ကြိုပြောထားပီးသား ဖောလ်အင်လက်ဘ် လို့ ကတော့ အလုပ်ထုတ်ပြစ်မှာ ဟွန်း။

နောက်ထှာနော်။

လူ့ ဘ၀ ဆိုတာ ရုန်းကန် နေရတာပါပဲဗျာ။ စိတ်ကို အတတ်နိုင်ဆုံး ရှည်ရှည်ထားပြီး ရုန်းကန်ကြရင် ကြာရှည် တွဲလက် ခိုင်မြဲကြမှာပါ။

ကိုတူး on 1 December 2011 at 01:02 said...

အော်..ရယ် .. တနေ့တော့ဆုံဆည်းကြရမှာပါ အခက်အခဲဆိုတာ ဘ၀အတွက် အချစ်အတွက် အနှစ်တွေပါ။

ကိုရင် on 1 December 2011 at 02:37 said...

ဟဲလို..ကြားရလား ကိုကို
ဒီဘက်က လိုင်းအပြည့်ရှိတယ်..အဲ့ဘက်ကရော

အာ..ဒီဘက်က တစ်တုန်းပဲ ရှိတယ်.. မကြားတစ်ချက် ကြားတစ်ချက်ပဲ..

ကိုကို့ပုံကြီးက ရပ်နေတယ် ကိုကိုရဲ့..ကွန်မကောင်းဘူး..

အာ မဟုတ်ဘူး..အဲဒါ တော်တော် ကြာကြာက ပြောခဲ့တဲ့ စကားတွေလေ..

အဲလိုတွေကျတော့ ထည့်မရေးဘူး.... :D

mstint on 1 December 2011 at 15:21 said...

ဟိုတစ်နေ့က တီတင့်က 'ပစ်ပစ်ဘာလုပ်နေလဲ' လို့ မေးလိုက်တော့-
ပစ်ပစ်က 'သူအွန်လိုင်းတက်နေတယ် တီတင့် အခုသူနဲ့ပြောနေတာ' ဆိုတဲ့ အကြောင်းလေးကို ပြန်သတိရသွားတယ် ပစ်ပစ်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ on 7 December 2011 at 14:21 said...

ချစ်သူဆိုတာ ဒီလိုပါဘဲ...။
မျှဝေ ခံစား နားလည်မှုတွေ အပြန်အလှန်ပေးရတာကိုက ချစ်သူဘ၀ရဲ့ အရသာ။

ညီလင်းသစ် on 7 December 2011 at 19:39 said...

ဝေးနေရချိန်တွေမှာတော့ ဒီလိုပါပဲဗျာ..၊ တစ်ခုမဟုတ် တစ်ခုနဲ့ ဝမ်းသာ၊ ဝမ်းနည်း၊ ဖြစ်နေရတာ မဟုတ်လား..၊ ဒီလိုနဲ့ပဲ လျှောက်ရဦးမယ့် နေ့ရက်တွေကို အားတင်းပြီး ဖြတ်ရတာပါပဲ..၊ ညီမ balckroze ပျော်ရွှင်၊ အဆင်ပြေပါစေ..။

ဘိုဖြူ on 10 December 2011 at 21:39 said...

ချစ်တတ်ကြသူတွေအမြန်ဆုံပါစေလို့

ချယ်ရီမြေ on 11 December 2011 at 03:13 said...

သြော်....အချစ်..အချစ်...
ဒီအချစ်သည်...
ကြည်နူးပူဆွေး
ငိုကြွေးရခြင်းမည်ပေတကား.... မှန်ကန်ကြောင်း ထောက်ခံအပ်ပါသတည်း..

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

Anonymous said...

သူလာတွေ့တယ်
စကားတွေပြောကြတယ်..
သူပြန်သွားတယ်
ကျမရင်ထဲ
စိတ်မကောင်းခြင်းများစွာ
ကျန်နေခဲ့တယ်.....

ဟုတ်တယ်..
မ..

ညိမ်းနိုင် on 13 December 2011 at 22:03 said...

အေးကွယ်....ခုလိုလေး ဖတ်ရတော့လည်း ကြည်နူးစရာ...၊ချစ်သူခင်သူတွေ
အမြန်ဆုံး နီးနိုင်ကြပါစေဗျား.....။

ချစ်သူမောင် on 14 December 2011 at 00:10 said...

ချစ်ကြသူတွေ
မြန်ညားစေဖို့ (အမှန်တော့နီးစေဖို့လို့ရေးတာပဲ)
တောင်းဆုချွေသည်
မိုးနတ်မင်းပါ
သိစေသတည်း~~~~

ခင်တဲ့

အဖြူရောင်နတ်သမီး on 14 December 2011 at 12:16 said...

ဝမ်းသာစရာလေး...း)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei