14 October 2011

jerry pigpig 野柳 သို့အလည်တခေါက်

Posted by blackroze at Friday, October 14, 2011
ဒီတစ်ပါတ်မှာ အလုပ်ကနေနားရက်နှစ်ရက် ယူထားပါတယ် ။14ရက်နဲ့ 15ရက်ဆိုပါတော့ ။ 15ရက်ကတော့ကျမနားရက်ပါ ။14ရက်ကတော့ ခွင့်ရက်ကျန်နေတာကို ကုန်အောင်သုံးပေးတဲ့သဘောပါ ။နားရက်နှစ်ရက် ယူပေးရတာခြင်းတူတဲ့ သူငယ်ချင်းတယောက်နဲ့ ခရီးတိုလေးသွားဖြစ်ခဲ့ပါတယ် ။ ထိုင်ဝမ်ရဲ့ ဘုရင်မဦးခေါင်းလို့ တင်စားတဲ့နေရာလေးကိုသွားဖြစ်ခဲ့ပါတယ် ။လက်စွမ်းပြရိုက်လာတဲ့ ပုံလေးတွေပါတင်ပေးလိုက်ပါတယ် ။ပုံတွေက jerry pigpig ရဲ့ ရိုက်ချက်တွေပါ ။ကြည့်လို့မကောင်းရင်လည်း ရိုက်တဲ့သူညံလို့မဟုတ်ဘဲ ကင်မရာမကောင်းလို့ဆိုပြီးသည်းခံပေးလိုက်ကြပါ ဟီးးဟီးးး ။

ဒါကတော့ ကားပေါ်ကနေလှမ်းမြင်နေရတဲ့ ပင်လယ်ပါဘဲ ။
ဲ ဒါကတော့ အဝင်ဝလေးပါ ။
ဒါကတော့ Queen Head II ပါ ..ဝင်ဝင်ချင်းတွေ့ရတဲ့ ဘုရင်မခေါင်းပါ ။


ဒီပုံလေးတွေကတော့ ပင်လယ်ရှု့ခင်းတွေပါဘဲ ။။



အပေါ်ကပုံမှာမြင်နေရတဲ့ အနီရောင်လိုင်းလေးက အဲနေရာကနေ ကျော်မသွားရဘူးလို့ သတိပေးထားတာပါ ။
ကျော်ရင်အန္တရယ်ရှိတယ်ပေါ့ ။။ကမ်းခြေတခုလုံးကို အနီေ၇ာင်လိုင်းဆွဲပေးထားပါတယ် ။အောက်ကပုံလေးမှာ တံတားအောက်တည့်တည့်နေရာလေးက ရေကစိမ်းနေတာဘဲ ။အောက်ကကျောက်အေ၇ာင်ကဘဲစိမ်းနေလို့လားမသိဘူး ။


ဒါကတော့အပေါ့်တည့်တည့်ကနေကိုရိုက်ထားတာပါ ။


ဂျပုအုန်းပင်နှစ်ပင်...။ ဘာအပင်လဲတော့သေချာမသိပါဘူး ။ သူကလည်းနာမည်တွေဘာတွေမေ၇းထားဘူးလေ ။
လှေကားထစ်ပုံစံဖြစ်နေတဲ့ ကျောက်ထပ် ။

အပေါ်ကပုံထဲမှာ နောက်ဘက်ကကျောက်ဆောင်ပေါ်မှာ သူ့သဘာဝအတိုင်းဖြစ်နေတဲ့ ဖိနပ် ပုံစံရယ်
မြေပဲပုံစံရယ် နောက်ပြီးဆင်ခေါင်းပုံစံရယ်

အခုပုံကတော့ ပဲပြားနဲ့ပုံစံတူတဲ့ ကျောက်ဆောင်ပါတဲ့ ...ကျောက်ပြားပေါ်မှာပဲပြားတုံးတွေလို
လေးထောင့်ပုံစံတွေဖြစ်နေလို့တဲ့ ။ဘေးဘက်ကကျောက်ဆောင်အမြင့်ပေါ်ကနေ အောက်ကိုကြည့်ရင်
ပဲပြားပုံစံဆိုတာသေချာပိုထင်ရှားတယ်တဲ့ ။ကျမတော့မတက်နိုင်တော့လို့ ကျောက်ဆောင်ပေါ်တက်မကြည့်ခဲ့ပါဘူး ။မနက်သွားတုန်းးကမိုးတွေကလည်းရွာနေတာလေ ။မိုးတတ်သွားပေမဲ့ မိုးကအုံနေတုန်းရယ် ။နောက်ပြီး အဲကျောက်ဆောင်ပေါ်ကျတော့ တက်တဲ့သူတွေလည်းသိပ်မရှိဘူး ....။
သဘာဝအတိုင်းဖြစ်နေတဲ့ကျောက်တွေကလည်းထူးဆန်းသား ....လူတွေတမင်တကာလုပ်ထားတဲ့အတိုင်းဘဲ။


အပေါ်ကပုံမှာကျတော့ နောက်ကမြင်နေတဲ့ ကျောက်ဆင်ခြေလျှောလေးက သေချာကြည့်ရင် ခွေးခေါင်းလိုပုံစံမျိုး ။

ကဲ..ဒါကတော့ Queen Head ပါဘဲ ...ဘုရင်မခေါင်းပုံစံနဲ့ တူနေလို့ပါတဲ့ ။
အခုဆိုရင်လည်ပင်းနေရာက လေတိုက်စားပါများပြီး တဖြည်းဖြည်းသေးလာတယ်တဲ့ ။
နောက်ဆိုရင် ပြတ်ကျသွားနိုင်တယ်တဲ့ ။

ပုလင်းတလုံးမျောလာတာတွေ့တယ် ။စာတွေဘာတွေများထည့်မျှောလာတာလားလို့ ..။

jerry pigpig မကောက်ရသေးခင်မှာဘဲ သူများတွေလက်ဦးသွားတယ် ...ဘာပုလင်းမှမဟုတ်ပါဘူး
သဘောင်္ပေါ်ကနေပြစ်ချလိုက်တဲ့ သောက်ပြီးသားအရက်ပုလင်းလွတ်ပါ ... :p
အင်းးး ဘာတွေများငုံကြည့်နေတာလဲမသိဘူးနော် ။။သူငယ်ချင်းကင်မရာ ဝူးမန်းရဲ့ လျှပ်တပြက်ရိုက်ချက်ပါ :D


ခရုခွံလေးရောကျောက်တုံးရော က အောက်ကမြေပြင်ကကျောက်ခဲလေးတွေနဲ့အရောင်တခုထဲဘဲ ...။


ရဲလျိုကဒေသထွက်စားစရာတွေ လက်ဆောင်တွေရောင်းတဲ့ဈေးတန်းလေးပါ ...


ကျမတော့အဲလိုအရသာတွေမကြိုက်ဘူး .....ဒါကြောင့်ကြည့်ဘဲကြည့်ခဲ့တယ် ဘာမှမဝယ်ခဲ့ဘူး...



ကျိုက်ခမီရေလည် ဘုရားကိုတောင်ပြန်သတိရမိသေးတယ်......။။
အားလုံးဘဲသီတင်းကျွတ်မှာပျော်ရွှင်ချမ်းမြေ့ပါစေရှင်... ...။။။။
(ပုံတွေကဝါးနေတယ် ...။click လုပ်ပြီးကြည့်ရင်သေချာတွေ့ရမယ်ထင်တယ် )

blackroze
15.10.2011 AM 1:45

14 comments:

ချစ်သူမောင် on 15 October 2011 at 08:30 said...

လာလည်သွားပါတယ် အရမ်းလည်းခံစါးမနေနဲ့ဦးကျန်းမာရေးထိခိုက်နေဦးမယ်
လည်လည်သွားပြီးပျော်စရာကောင်းမှာပါ.....

ခင်တဲ့

ညီရဲ on 15 October 2011 at 09:30 said...

ဓာတ်ပုံတွေ တော်တော် ရိုက်ခဲ့တာဘဲ...
အုန်းပင်ပုလေးတွေ ချစ်စရာလေးတွေနော်...
ဓာတ်ပုံလေးတွေ ကြည့်ရင်း ကိုယ်တိုင်ရောက်သွားသလို ခံစားလိုက်ရတယ် သူငယ်ချင်းရေ...

မဒမ်ကိုး on 15 October 2011 at 09:30 said...

အင်း ပစ်ကလေးရေ လည်သာလည်ကွယ် သွားသာသွား စိတ်ပြေလက်ပျောက်ပေါ့ ကောင်းတယ် .နောက်တစ်ခါတော့မ၀ါးစေနဲ့း)

Cameron on 15 October 2011 at 11:55 said...

ပစ်ပစ်ခုလိုပျော်ပျော်ရွှင်ရွှင်လျှောက်လည်တာမြင်ရတော့ ၀မ်းသာတယ်...။

ညိမ်းနိုင် on 15 October 2011 at 16:12 said...

အင်း..ဘုရင်မခေါင်း pig နင်းသပေါ့လေ.....:)))
စတာပါ ပစ်ပစ်ရေ....၊ဘာပဲပြောပြော ပစ်ပစ်ခုလိုလျှောက်လည်ပြီး ပို့စ်တွေ
တင်တော့ ကိုယ်တွေအပြင်မှာမရောက်ဖူးပေမယ့် ရောက်ဖူးသလို တွေ့ရမြင်ရ
သပေါ့..ကောင်းပါ့ဗျား....။

စံပယ်ချို on 15 October 2011 at 18:35 said...

ပစ်ပစ်ရေ
ကျေးဇူးနော်..ဂျက်ကပင်လယ်တွေ တောင်တန်းတွေကိုချစ်တာ
ကြည့်ရတာလဲ ကြိုက်တယ်...ကမ်းခြေကိုလဲကြိုက်တယ်
ဂျက်လဲ ကျိုက်ခမီရေလည် ကို ၂ ခါရောက်ဖူးတယ်
ခရုတွေကောက်လို့လဲရတယ်ဝယ်ရတာလဲပေါတယ်နော်...
လွမ်းမိတယ်....ရေမြင်ရတာနဲ့ အင်းလေးကိုပါရောပြီးလွမ်းလိုက်တယ်

မြစ်ကျိုးအင်း on 15 October 2011 at 19:23 said...

လွန်ခဲ့တဲ့ လ ကတော့ အဲဒီဘက် တောက်လျှောက် ရောက်ဖြစ်တယ်။ ဘုရင်မခေါင်း ဆိုတာလည်း ထိုင်ဝမ်ရဲ့ အထင်ကရ အထိမ်းအမှတ် တစ်ခုပါပဲ။ ခရီးသွားတွေ အဆင်ပြေအောင် နိင်ငံက လုပ်ပေးထားတာ မြင်တော့ ကိုယ့်နိင်ငံရဲ့ နာမည်ကျော် နေရာတွေကို သတိရမိသေးတယ်။

ခရီးတွေထွက်တာ ကောင်းတယ်။ စိတ်ညစ်ခြင်းကနေ တဒင်္ဂဖြစ်ဖြစ်တော့ လွတ်မြောက်နိင်တာပဲ မဟုတ်လား။

မေသိမ့်သိမ့် ကျော် on 15 October 2011 at 22:37 said...

ပုံလေးတွေကြည့်ပြီး သွားလည်ချင်စိတ်ကတော့ အတော်ပြင်းထန်သွားတယ်။
ပျော်ခဲ့မှာပေါ့.... ဟုတ်တယ်မို့လား...း)။


ခင်တဲ့
မေသိမ့်

ဖိုးကြယ် on 16 October 2011 at 09:47 said...

ပုံလေးတွေကြည့်ရင်း မရောက်ဖူးသေးတဲ့ဒေသ လေးတစ်ခုကို ခံစားသွားတယ် black ရေ.... :)

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

မ..နဲ့ အတူတူပင်လယ်သွားရသလိုပဲ
ခရီးသွားတယ်ဆိုတာစိတ်အပမ်းဖြေခြင်းတစ်မျိုးပဲ

မွန်

ချော(အစိမ်းရောင်လွင်ပြင်) on 17 October 2011 at 16:28 said...

ညီမရေ..
သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်ဆောင်ကြီးတွေက ထူးဆန်းလှပနေတယ်နော်
ဒါကြောင့်ပြောတာ သဘာဝက ဖန်တီးတဲ့ အလှတရားက လူတွေ ဖန်တီထားတာထက် ပိုပြီးထူးဆန်းတယ်ဆိုတာလေ။
ခရီးထွက်လိုက်တော့ စိတ်အပန်းပြေသွားပြီမဟုတ်လား။
ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ ညီမလေးရေ။

Angelhlaing(May everybody be happy and healthy! on 17 October 2011 at 19:57 said...

အားကျမိတယ် မမရေ..ကိုယ်တိုင်ရောက်သွားသလိုပါပဲလား...လှလိုက်တာ...ရောက်ဖူးချင်ပါဘိ....:)

mstint on 18 October 2011 at 15:02 said...

ပစ်ပစ်နဲ့အတူ အလည်ရောက်သွားသလိုပါပဲလား။ အသေအချာကို ရိုက်ကူးရှင်းပြထားတာလေးတွေအတွက် ကျေးဇူးပါနော်။ အဲဒီဖက်ကို တစ်နေ့တော့ ရောက်အောင်အလည်သွားချင်ပါသေးတယ် ပစ်ပစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

တော်တော် ပျော်ခဲ့မှာပေါ့။
ခရီးထွက်တာ ကောင်းပါတယ်။ လွမ်းစရာလေးလဲ နဲနဲ သက်သာတာပေါ့။
ပိုများ လွမ်းလာမလားတော့ မပြောတတ်။း)

ခင်မင်လျှက်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei