12 October 2011

ဆန္ဒနဲ့အိမ်မက်

Posted by blackroze at Wednesday, October 12, 2011
ဒီနေ့ည ပျင်းနေတာနဲ့ ရှိသမျှ အကောင့်အကုန်ပြန်ဝင်ကြည့်မိတယ် ။ skype .. oovoo ..Vzo ... Gtalk Gmail ...။ လုပ်ထားသမျှ အကောင့်တွေပြန်ဝင်မိတယ် ။တချို့အကောင့်ဆို Password တောင်မေ့နေလို့ ပြန်စဉ်းစားနေရသေးတယ် ။အကုန်လုံးပြန်ဝင်ကြည့်မိတော့ လည်း အတိတ်ကိုတူးဆွလိုက်သလိုပါဘဲ ။အရင်ကပြောထားတာတွေ ပြန်ဖတ်မိပြန်တယ် ။အရိပ်တွေ အရိပ်တွေ ပုံရိပ်တွေ တွေ့နေရသလိုဘဲ ချစ်သူရဲ့ အပြုံးတွေ ချစ်သူရဲ့ရယ်သံတွေ ချစ်သူရဲ့ စကားသံတွေ နားထဲတစိမ့်စိမ့် ကြားယောင်လာတယ် မျက်စိထဲ တဖြည်းဖြည်း မြင်ယောင်လာတယ် ။

ဘာလိုလိုနဲ့မတွေ့ရတာတောင် နည်းနည်းကြာနေပြီဘဲ ။ချစ်သူရေ ဘယ်နေရာမှာဘာတွေလုပ်နေသလဲကွယ် ။ သတိရော ရဲ့လား ?? အဆင်ရောပြေရဲ့လား ?? နေရောကောင်းရဲ့လား ?? တခါတလေ ပစ်ပစ် ဆိုပြီး အနားကပ်ပြီးခေါ်လိုက်သလို ကြားယောင်မိတယ် ။ ဖုန်းက message alan မြည်သံကြားလိုက်ရင် စိတ်ထဲဆွေးဆွေးမြည့်မြည့် ကိုခံစားမိတယ် ။အရင်ကဆို အလုပ်မှာ ဘယ်လောက်ဘဲ busy နေပါစေ ... message alan သံကြားတာနဲ့ ချက်ချင်းကြည့်ပြီး reply ပြန်နေကြပါ ။ခုတော့ message လာတဲ့ အသံတွေဟာ ရင်ကိုစူးစူးရှရှ ဖြစ်စေတဲ့ အသံတွေပါဘဲ ။

Mesage ကိုလည်း ကြည့်မနေမိတော့ပါဘူး ။လာတဲ့ Message တွေကလည်း ဖုန်းကြော်ငြာတွေ နေရာပေါင်းစုံကကြော်ငြာတွေ အလှပြင်ဆိုင်တွေက ပို့တဲ့ message တွေပါဘဲ ... ကြည့်ပြီးရင်တခါတည်း Delete ပါဘဲ ။သူငယ်ချင်းတွေကလည်း အလိုက်တသိနဲ့ meaage မပို့တာကြာပေါ့ ။ဟိုတနေ့ သူငယ်ချင်းတယောက် မေးရှာပါတယ် ။ နင်နေကောင်းပါတယ်နော်တဲ့ ။အဆက်သွယ်ရောရပြီလားတဲ့ ။ သူမေးခါမှပိုငိုချင်သွားတယ် ။အရင်ကဆိုကျမအရာရာကို စိတ်ရှည်သလောက် အခုဆို ကျမစိတ်တွေက ကြွတ်ဆပ်နေသလိုဘဲ တခုခုဆို ကျမစိတ်မရှည်ချင်ပါဘူး ။ အရင်ကဆို ကျမ မျက်၇ည်ခိုင်သလောက် အခုဆို မျက်ရည်ကလွယ်လိုက်တာ ။ တခုခုဆိုမျက်၇ည်က အရင်ဝဲချင်လာတာပါ ။

ညညဆိုလည်း မအိပ်ခင်အတွေးပေါင်းစုံက နှိပ်စက်လိုက်တာလေ ။ တခါတလေ မမြင်ရတဲ့ မသေချာသေးတဲ့ အနာဂတ်တခုကို စိတ်ကူးပုံဖော်လို့ ကြည်နူးမိပါရဲ့ ။ တခါတလေတော့လည်း မသေချာခြင်းတွေကိုသာဆုပ်ကိုင်လို့ ဝေဝေဝါးဝါး နဲ့ မျက်ရည်တွေသာကျမိတယ် ။ အော်..အချစ်ဟာ လူတယောက်ကို ငိုလိုက် ရယ်လိုက်နဲ့ အရူးတယောက်လို ပြောင်းလဲသွားစေနိုင်တယ် ဆိုတာလက်ခံသွားပါပြီ ။

စိတ်ကူးယဉ်အိမ်မက်တွေထဲမှာလေ ကျမတည်ဆောက်ထားတဲ့ အိမ်လေးက လှလိုက်တာ ။
အေးချမ်းတဲ့ နေရာလေးတခုမှာ ချစ်သူရယ်ကျမရယ် တူတူနေဖို့အိမ်လေးတလုံးဆောက်မယ် ။ အဲဒီအိမ်လေးမှာ ပြတင်းပေါက် တွေကို ရှည်ရှည်လေးလုပ်ထားမယ် ။ခန်းဆီးတွေ ကျမကြိုက်တဲ့ အဖြူရောင်လို အရောင်ဖျော့ဖျော့လေးတွေတပ်မယ် ။ စာကြည့်ခန်းလေးတခန်းလုပ်ထားမယ် ။
အဲဒီအခန်းထဲမှာ ကျမစိတ်ကူးပေါက်ရာဆွဲထားတဲ့ပုံလေးတွေ ရှိမယ် ။ ကျမစိတ်ကူးပေါက်ရာ လျှောက်ရိုက်ထားတဲ့ ပုံတွေရှိမယ် ။ ကျမနဲ့ချစ်သူနှစ်ယောက်တူတူ
ရိုက်ထားတဲ့ပုံတွေရှိမယ် ။အိမ်ခေါင်မိုးပေါ်ထိတက်လို့ရတဲ့ တံခါးပေါက်လေးလည်း လုပ်ထားမယ် ။
လသာတဲ့ ညတွေမှာ လမင်းကြီးနဲ့ ကြယ်တွေကို ဘောင်ခတ်ထားတဲ့ ပြတင်းပေါက်နေမကြည့်ချင်ဘူး ။ ဘာအကာအရံ မှ မရှိတဲ့ နေရာတခုကနေ ကောင်းကင်ကြီးကိုကြည့်ချင်တာလေ ။ ညလေပြေတွေထဲမှာ သီချင်းသံလေးတွေနဲ့ အေးချမ်းမဲ့ဘဝတခုကို တောင့်တမိတာပါ ။အများကြီးမချမ်းသာရင်နေပါစေ ။ကျမစိတ်ကိုအေးချမ်းမှု့ပေးနိုင်မဲ့ နေရာလေးတခုဘဲလိုတာပါ ။ အဲလိုနေရာလေးထိေ၇ာက်အောင် ဘယ်လောက်များစောင့်ရဦးမှာလဲနော် ။ဘယ်လောက်ကြာအောင် ဆက်လျှောက်ရဦးမလဲမသိဘူး ။

ငယ်ငယ်ကဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ အဝေးဆုံးနေရာမှာ ကျမအခုနေနေရတာပါ ။အခုကျမရင်ဆိုင်နေရတဲ့ ဘဝဆိုတာ ကျမမျှော်လင့်ထားတဲ့ ဘဝ ကျမဖြစ်ချင်တဲ့ဘဝ မဟုတ်ပါဘူး.....။ ကျမလိုချင်တဲ့ဘဝလေးက
ပုံစံတမျိုး ...လက်တွေ့ဖြစ်လာတဲ့ ဘဝလေးကပုံစံတမျိုး ...။ကျမလိုချင်တာက စိတ်လွတ်လပ်မှု့တွေ ရှိတဲ့နေရာမျိုးမှာနေချင်ခဲ့တာ ။ ကျမနေနေရတာက စိတ်ဖိစီးမှု့တွေများလွန်းတဲ့ နေရာ လို့တော့ထင်တာဘဲ ။

အိမ်မက်တွေထဲမှာလို ချစ်သူလက်ကို ဆွဲပြီး တိမ်တွေနဲ့ အတူတူ လွင့်မျောလိုက်ချင်ပါရဲ့ .....

အချစ်ရယ်..
ရက်တွေကြွေ
လတွေခြွေလို့
အချိန်တွေ
ကြာညောင်းသွားပါစေ...
နှစ်ယောက်အတူတူ
မျှော်လင့်ခဲ့ဖူးတဲ့
အိမ်မက်လေး
အမြဲတမ်း
မက်နေပါရစေ..
မင်နီနဲ့ကြက်ခြေမခတ်လိုက်ပါနဲ့နော်....။။


Blackroze

12.10.2011 AM 4:05

12 comments:

Anonymous said...

မ..
ဆန္နနဲ့ အိပ်မက်တွေတထပ်တည်းကျနိုင်ရင်တော့အကောင်းဆုံးပါပဲ
မ..အိပ်မက်တွေအကောင်ထည်ဖေါ်နိုင်ပါစေ..
အတူတူခံစားသွားတယ်

ချစ်တဲ့ မွန်

ကိုရင် on 12 October 2011 at 06:05 said...

သီတင်းကျွတ်ပြီဆိုတော့ အပြတ်ကို လွမ်းနေတော့တာကိုး..
အဲဒါကြောင့် ရှေးလူကြီးတွေက ပြောတာ..
“လူလည်း လူ့အင်္ကြနဲ့လူ၊၀က်လည်း ၀က်အကြံနဲ့ဝက်”ဆိုတာ
ဟုတ်မယ်...:D

ကဲ..မြန်မြန်နီးကြပါစေဗျာ..နောက်နှစ်သီတင်းကျွတ်ရင် ကလေးနဲ့ မြေးနဲ့ ဖြစ်ပါစေ..:)

မဒမ်ကိုး on 12 October 2011 at 08:49 said...

အိုးး ညီမကလေးရယ် တောင့်ထားပါ နော်
ဒီလိုမျိုး အမလဲခံစားခဲ့ရပါတယ် ခုနှလုံးရောဂါရတဲ့အထိကို ဖြစ်ခဲ့ရတာပါ .
ဒါပေမယ့် အချိန်တွေက အဖြေပေးလာမှာမို့ ကိုယ်မလုပ်နိုင်တဲ့ အရာတစ်ခုကို အချိန် ကိုသာစောင့်ကြည့်လိုက်ရင် အကောင်းဆုံးဖြစ်လာမှာပါ ..........
သူလဲလွမ်းနေမှာပဲပေါ့ ...........
အဓိကကတော့ ဘုရားမှာသာဆုမွန်ကောင်းတောင်းပြီးဘေးကင်းပါစေကြောင်း ဆုတောင်းပါနော် ..

ချစ်တဲ့
အမဒိုးကန်

ညီရဲ on 12 October 2011 at 09:06 said...

ငါ့သူငယ်ချင်းလေး လွမ်းနေလိုက်တာများ သနားပါတယ်...
အားတင်းထားပါ သူငယ်ချင်း ပြန်ဆုံမဲ့ တစ်နေ့ က မဝေးနိုင်တော့ပါဘူး...
သူလဲ သူငယ်ချင်းကို လွမ်းနေမှာပါ...
ဆန္ဒနဲ့ အိပ်မက် တထပ်တည်းကျလို့ သူငယ်ချင်း မျှော်လင့်နေတဲ့ အိမ်လေး အမြန်ဆုံး ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ဟန်ကြည် said...

လွမ်းရက်ကယ်နှောင်းပေါ့ ပစ်ပစ်ရယ်...စိတ်ညစ်စရာတွေကလည်း ကုန်ပဲမကုန်နိုင်တော့ပါကလား...

စံပယ်ချို on 12 October 2011 at 14:58 said...

လွမ်းတာကိုနဲနဲတော့လျော့သင့်ပြီနော်...
ကိုယ်ချင်းမစာလို့ လုံးဝမဟုတ်ဘူးနော်...
ကိုယ့်ကိုကိုယ်ပဲထိတာလေ...အချစ်ဆိုတာဒီတစ်ယောက်နဲ့ပဲပြီးသင့်သလားတဲ့
လူမသေသေးရင်အချစ်လဲမသေပါဘူး....
နဲနဲတော့ခံရတာပေါ့...ကမ္ဘာပေါ်မှာကိုယ်တစ်ယောက်ထဲလွမ်းနေရတာလဲ
မဟုတ်ဘူးနော်....ပျော်တဲ့လူတွေလဲအများကြီး..ချစ်သူနဲ့ဝေးလို့
လွမ်းနေတဲ့သူတွေလဲ အများကြီးပါ...
ချစ်တဲ့ jasmine

ချော(အစိမ်းရောင်လွင်ပြင်) on 12 October 2011 at 15:26 said...

ညီမရဲ့ စိတ်ကူးထဲက အိမ်ကလေးကို ပုံဖော်ကြည့်မိတာ တော်တော်ချစ်ဖို့ကောင်းမယ်
အဲဒီအိမ်ကလေးမှာ ညီမနဲ့ ညီမချစ်သူတို့ အမြန်ဆုံး နေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်

ချယ်ရီမြေ on 13 October 2011 at 14:54 said...

ဆန္ဒနဲ့ အိမ်မက်၊ ဘ၀ တစ်ထပ်ထဲကျပါစေလို့ ဆုတောင်းပေးပါတယ် black roze ရေ... သိတင်းကျွတ်ဆုတောင်းပေါ့ဗျာ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မြစ်ကျိုးအင်း on 13 October 2011 at 19:07 said...

ကောင်းမွန်ပျော်ရွှင်တဲ့ ဆန္ဒတွေမို့လို့ ပြည့်ဝစေချင်ပါတယ်။
ဆုံဆည်းဖို့ ကံလည်းရှိမယ်။ ဆုံဆည်းဖို့ ၂ ဦးစလုံးမှာလည်း ဘာအခက်အခဲ မဆို ရင်ဆိုင်ကျော်လွှားမယ့် ပြင်းထန်တဲ့ စိတ်ခွန်အားလည်း ရှိမယ်ဆိုရင် ပေါင်းစပ်ရမှာပါ။
အားတင်းထားလေ။

မေသိမ့်သိမ့် ကျော် on 14 October 2011 at 01:01 said...

အိပ်မက်တွေ တကယ်ဖြစ်ပါစေ။ ဆန္ဒတွေ အမြန်ပြည့်ပါစေနော်။

ခင်တဲ့
မေသိမ့်

ကိုကိုမောင်(ပန်းရနံ့) said...

အော်...
ချစ်သူရှိသူတွေရဲ့ ဒုက်ခကလဲ မသေးပါလားနော်။
အချစ်က လူကို ဒီလောက် နှိပ်စက်တတ်တယ်ဆိုရင်တော့.. တော်ပါပြီ။ ဒီဘ၀...ဒီအတိုင်းဘဲ နေလိုက်တာ ကောင်းပါတယ်။ ဒီလို ဒုက်ခမျိုးကို ကြောက်မိတယ်။

သနားစရာ ပစ် ပစ်။း((

ခင်မင်လျှက်

...အလင်းစက်များ on 14 October 2011 at 21:46 said...

သူကြီးမင်း ပြောသလိုပဲ သံယောင် လိုက်ရမှာပဲ.... ဟီးဟီး

ကြောင်ဖြူများရှင် (ကိုကိုလတ်)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei