29 June 2010

ဘဝ...ဆိုတာ

Posted by blackroze at Tuesday, June 29, 2010
ဘဝ...ဆိုတာ
အဓိပ္ပါယ်ဖွင့်ဆိုလို့
မရလောက်အောင်
အချိုးအကွေ့တွေ
အများကြီးနဲ့
ကြီးကျယ်ခမ်းနားလွန်းလှတယ်...
အရှိန်ပြင်းပြင်းနဲ့
တရဟော..ကျဆင်းနေတဲ့
ရေတံခွန်ပေါ်ကနေ
ရေနဲ့အတူ..
လိုက်ပါသွားသလို
လှစ်ခနဲ..
အေးခနဲ...
ဖြစ်သွားမဲ့
ခံစားချက်တွေပေးတတ်တာ....
ဘဝ......
လသာတဲ့
ညတွေအောက်မှာ
ကြယ်တွေကိုရေတွက်ရင်း
ဖြစ်တည်လာတဲ့
ခံစားချက်တွေကို
ချစ်သူအတွက်
ကဗျာတပုဒ်စပ်မိတာလည်း
ဘဝ........
လောကဓံလှိုင်းအပုတ်မှာ
မျှော်လင့်ချက်ေ၇လှိုင်းတွေ
ဒုက္ခကျောက်ဆောင်နဲ့
တိုက်မိလို့
အနာဂတ်အိမ်မက်တွေ
တစစီကျိုးပျက်
ငိုကြွေးခဲ့ရတာလဲ
ဘဝ...........
ပျော်ရွှင်တစ်ခါ
ငိုကြွေးတလှည့်
ဘဝဇာတ်ဆရာ
အလိုကျ
ကပြအသုံးတော်ခံလို့
ဟန်ဆောင်မျက်နှာဖုံး
ကိုယ်စီတပ်ထားတာလဲ
ဘဝထဲကလူတွေပါဘဲ......
မုသားစကားတွေ
တွင်တွင်ဆို
နှုတ်ခမ်းဖျားလေးချိုလို့
လူတကာကိုလှည့်ပတ်..
ကိုယ့်ဘဝရပ်တည်ရေး
အရေးပေးလို့
လိမ်...ညာ..ကြတာလဲ
ဘဝထဲက
လူတွေပါဘဲ...........
တကယ်တော့
ဘဝ...........ဆိုတာ
ငွေကြေးအဆိပ်တက်လို့
ပျက်တတ်တယ်.....
မျက်စိစုံမှိတ်
ချစ်မိရင်လဲ
အချစ်ဆိပ်တက်လို့
ပျက်တတ်တယ်
ဆင်းရဲခြင်း...
ချမ်းသာခြင်း
ညီမျှခြင်းမရှိတဲ့
လောကကြီးထဲမှာ
..........................
...................
တကယ်တော့.......
ဘဝ........ဆိုတာ
.........................
.........................
ဘဝထဲက......လူတွေဆိုတာ
..................
..................????????



(29.6.2010 -Tue...AM 2:01)

9 comments:

ချော(အစိမ်းရောင်လွင်ပြင်) on 29 June 2010 at 03:52 said...

ဘ၀ဆိုတာ စကားလေး ၂လုံးထဲပေမဲ့ လေးနက်ရှုပ်ထွေးလှတယ်နော်..
မျက်စိစုံမှိတ်ချစ်မိရင်လဲ ပျက်တတ်တယ်ဆိုတာလေး သဘောကျတယ်
ဘ၀မှာ အချစ်ဆိုတာကြီးကိုဘဲ ကိုးကွယ်နေလို့ မဖြစ်ဘူးဆိုတာပါဘဲ..
ဘ၀မှာကြုံလာတဲ့ ကိုယ့်အပေါ်မကောင်းတဲ့ အချစ်ဆိုရင်လည်း
စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမှာပါဘဲ..
ဘ၀မှာ ဘယ်အရာကမှ မတည်မြဲနိုင်ပါ..

မချော

ခိုင်နုငယ် on 29 June 2010 at 10:56 said...

ရိုစ့်ရေ..အထက်ကအပျိုကြီးမမချောပြောသလို
ပါပဲ "ဘ၀" ဆိုတာအက္ခရာလေးနှစ်လုံးတည်းပေါင်းစပ်
ထားပေမယ့်လည်း..ဘ၀ပင်လယ်ကအဆုံးမရှိသံသရာတွေထဲ
ဝေ့၀ဲကာရလာတဲ့တစ်ခဏကို သတိလက်လွတ်ငှက်တောင်ကျွတ်လို့
အပျော်ရမ္မက်တွေရှာကြအုံးမယ်ဆိုရင်ဖြင့်..အကျည်းမတန်လည်း
အထီးကျန်နေကြအုံးမှာပါပဲ။

သဒ္ဓါလှိုင်း on 29 June 2010 at 12:31 said...

ညီမနှင်းဆီရေ..
ဘ၀ဆိုတာကြီးကိုလျှောက်လှမ်းနေရတာကိုကအကွေ့အကောက်တွေနဲ့..
ညီမျှခြင်းတွေရှိလာအောင်တဦးချင်း.တဦးချင်းမှာအသိစိတ်နဲ့နေထိုင်
ကျင့်ကြံပြီးနေဖို့လိုတာပေါ့..။ ဒါမှဘ၀အဓိပ္ပါယ်ရှိလာမှာပါ..။
ခင်တဲ့
သဒ္ဓါ

Cameron on 29 June 2010 at 15:14 said...

ဘ၀ဆိုတာ လူတွေအတွက် ပညတ်ချက်တစ်ခုပါ.....
ဆိုးတာလုပ်ခဲ့တော့ ဘ၀ကဆိုးတယ်....
ကောင်းတာလုပ်တော့ ဘ၀ကကောင်းတယ်....
လူတွေနှုတ်ဖျားမှာပါပဲ.....

ခင်မင်စွာဖြင့်
မိုးငွေ့

နေ၀သန် on 29 June 2010 at 15:45 said...

ဘ၀ဆိုတာ ဘ+၀ တဲ့.. ။း)))))))


ခင်မင်တဲ့
နေ၀သန်

Maung Myo on 29 June 2010 at 18:02 said...

ဘ၀ကို ပ (ပဇောက်) လို အမြင့်ကိုတက်နိုင်ဖို့ အတွက်
င လို ဘေးဘီကိုကြည့်
၁ (တစ်) လို လူတစ်ကာကိုပြုံးပြ
အခုတော့ ဘ၀ က ခါးသက်လွန်းလို့ 
ဂ (ဂငယ်) ကွေ့ ပြန်ကွေ့ ချင်တယ်


အဲ့တာက ကျနော်လည်း ဘ၀နဲ့ပက်သက်တဲ့ ကဗျာလေးတစ်ပုဒ်ရေးဖူးတုန်းးက စာသားတစ်ချို့ပါ ဒီလိုပါပဲ ဘ၀ ဆိုတာ တိုက်ပွဲပေါ့ ......

ချိုကျ on 29 June 2010 at 21:38 said...

ကောင်းလိုက်တဲ့ကဗျာလေး ကွက်ကွက်ကွင်းကွင်း ပါပဲဗျာ။ နှစ်သက်ပါ၏

ခင်တဲ့(ချိုကျ)

မြစ်ကျိုးအင်း on 29 June 2010 at 23:17 said...

ဘဝ ဆိုတာ ဘယ်လောက်ပဲ ရေးရေး ပြီးပြည့်စုံအောင် ဖော်ပြနိင်မှာ မဟုတ်ဘူး။ ရေးနိင်တယ် ဆိုရင်တောင် တစ်ယောက်ကို တစ်ပုဒ် ဖြစ်နေမှာပါပဲ။
ကိုယ့် ဘဝ နဲ့ ကိုယ်...။

linkabyar on 30 June 2014 at 13:55 said...

လူတွေအကုန်လုံး က တစ်ယောက် နဲ့ တစ်ယောက် ဘဝ ဆိုတာ ကြီး က ပုံစွအမျိုးမျိုး နဲ့ ပုံဖော် ကြတယ် အဲလို တစ်ယေယက် တစ်မျိုး ပုံစံအမျိုးအမျိုး နဲ့ ပုံဖော် နေရင် ပြီးဆုံးမှာ မဟုတ်တော့ ပါဘူး ဘာပဲဖြစ် ဖြစ် လူတွေ ထဲ ကလူတစ်ယောက် အနေနဲ့ ကျွန်တော် ဘဝ ကတော့ လောကမှာကိုယ်ဖြစ်ချင်တိုင်းမဖြစ်နိုင်တာဟာနိယာမတခုဘဲ
မဖြစ်ရတာကိုတွေးပြီးတော့ စိတ်ဆင်းရဲနေမယ်ဆိုရင် ဘယ်တော့မှပျော်ရွှင်စရာ
ကောင်းတဲ့ ဘဝတခုတည်ဆောက်လို့ရမှာမဟုတ်ဘူး။
ကိုယ်ဖြစ်နေတဲ့ဘဝမှာ မော့ကြည့်ရင်ကိုယ့်ထက်သာတဲ့လူ အများကြီးရှိသလိုဘဲ
တဲ့တဲ့ နဲ့ အောက်ဖက်မှာလဲ လူတွေအများကြီးပါ။ စိတ်ဓာတ်မကျနဲ့ လူတိုင်းကိုယ့်
လိုပါဘဲ။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei